
![]() |
မိုးတွေနဲ့ ညနေTuesday, July 17, 2012 | 10:19 PM |
0 Dancing Queen and Prince Says
မိုးခပ်ဖွဲဖွဲ ကျနေတဲ့ ညနေစောင်းတစ်ခု....... နှင်းဆီဖြူ တစ်ယောက် အလုပ်က နောက်ကျမှ ပြန်လာဖြစ်တယ်.. ပင်ပန်းတာရော.. နေမကောင်းတာရော ပေါင်းပြီး စိတ်ပြေလက်ပျောက် အလုပ်ကိစ္စတွေ.. စိတ်ညစ်စရာတွေ.. ဆေးရုံတတ်နေရတဲ့ သူငယ်ချင်းကိစ္စတွေ.. ခေါင်းထဲက ဆွဲထုတ်.... ဘတ်စ်ကား ပြတင်းပေါက်ရဲ့ အပြင်ကို ခပ်ကြောင်ကြောင် ကြည့်နေမိတယ်.... မိုးစက်လေးတွေ မစိတ်မကြဲတင်နေတဲ့ မှန်ဘောင်...... နားထဲထည့်ပြီးနားထောင်နေတဲ့ သီချင်းသံခပ်ကြယ်ကြယ်..... ကားကြပ်လို့ တစ်လှိမ့်ခြင်းသွားနေတဲ့ ကားအကြီးအသေး တစ်ချို့.... မိုးရွာထဲ လမ်းကူးနေတဲ့ ကျောင်းအပြန် လူငယ်တစ်အုပ်..... ကလေးငယ်ကို ချီပြီးမိုးပေးထားတဲ့ အမေ..... ရွှဲရွှဲစိုနေတဲ့ မိုးထဲက.. ခြောက်ကပ်ကပ် တိုက်ခန်းတစ်ချို့...... လွမ်းဆွေးဆွေး ခံစားချက်တစ်ပိုင်းတစ်စ...... ရင်ခုန်သံ ခပ်တိုးတိုး..... ရုတ်တစ်ရက် မျက်ရည်ဆို့လာတဲ့ မျက်ဝန်းတစ်စုံ...... လွမ်းလိုက်တာနော်.... "လူတိုင်း လူတိုင်းရဲ့ ငယ်ဘ၀မှာ တစ်သက်စာ မမေ့နိုင်တဲ့ လွမ်းစရာ ပျော်ရွှင်မှုတစ်ချို့ မသိမသာ သိမ်းထားမိတတ်ကြတယ်...." နှင်းဆီဖြူ Labels: e-diary, နှင်းဆီအတွေး ဆူးFriday, July 13, 2012 | 12:29 AM |
0 Dancing Queen and Prince Says
ဆူးခနဲ နင့် သွားတဲ့ ခံစားချက်တစ်ခု....
သတိကောင်းကောင်း ရချိန်မှာ ...
သွေးတွေက ဗရပွ....
ထားလိုက်ပါတော့လေ...
နှင်းဆီတစ်ပွင့်ကို ခပ်ကျစ်ကျစ် ဆုပ်ကိုင်မိမှတော့.....
ဆူး ဆူးတာ မဆန်းပါဘူး.....
သိသိ ကြီးနဲ့ ဆူးတာတော့..
ငါ့အလွန်ပဲ ထားပါတော့....
ဆူးရှိတဲ့ နှင်းဆီမှာ...
အပြစ်မှ မရှိပဲ.......
နှင်းဆီဖြူ
Labels: ကဗျာ, နှင်းဆီအတွေး မင်္ဂလာပါ... | 12:21 AM |
0 Dancing Queen and Prince Says
ပစ်ထားတာ ကြာပြီဖြစ်တဲ့.. blog လေးကို ၀င်ကြည့်ရင်း.. လွမ်းသလိုလိုကြီးဖြစ်လာတာနဲ့.. blog ပြန်ရေးဖို့ စိတ်ကူးရှိပါတယ်.. ဘယ်သူဖတ်ဖတ် မဖတ်ဖတ်.. ဟိဟိ..အားပေးတဲ့ သူ များရင်တော့ ပိုရေးဖြစ်မှာပေါ့နော်...း) လူတိုင်း လူတိုင်း နှုတ်ခမ်းထက်မှာ အပြုံးလှလှ လေးတွေ ဆင်မြန်းနိုင်ပါစေ....
နှင်းဆီဖြူ
Labels: e-diary ဘာဖြစ်ချင်လဲThursday, July 12, 2012 | 11:21 PM |
0 Dancing Queen and Prince Says
အိန္ဒိယက ယူပီးသုံးတယ်
ကျုပ်တို့ က ခိုးပြီးသုံးတယ်
ထိုင်းက ဘတ်သုံးတယ်
ကျုပ်တို့ က ပေါ်တင်သုံးတယ် ဂျပန်က ယမ်းသုံးတယ် ကျုပ်တို့ က လျှောက်သုံးတယ် အင်္ဂလန်က ရှီလျှင်သုံးတယ် ကျုပ်တို့ က မရှိလည်းသုံးတယ် ဥရောပက ပေါင်သုံးတယ် ကျုပ်တို့ က အပြတ်ကို ရောင်းစားတယ် ၂၄နာရီလုံး ကမ္ဘာကြီးဟာ တခြမ်းမှောင်တယ် ကျုပ်တို့ က တနိုင်ငံလုံးမှောင်တယ် ... ကဲ ... ဘာဖြစ်ချင်လဲပြော ... :PP
(သူများရေးထားတာတွေ့လို့ ပြန်share ပါတယ်)း)
Labels: မျှဝေခံစားခြင်း နှင်းဆီရိုင်းWednesday, July 11, 2012 | 10:47 PM |
0 Dancing Queen and Prince Says
ရင်ခုန်သံရိုင်းရိုင်းတွေ...ငြိမ်ငြိမ်လေးကနေမိတယ်... စံပယ်တွေပွင့်ဖို့ မိုးရွာတာလား ??? မုန်တိုင်းတစ်ခုရဲ့ရောင်နီလား ??? မိုးခါးရေဆိုရင်တောင် နလုံးသွေးနဲ့ရောသောက်ဖို့ ဝန်လေးမှာမဟုတ်ဘူး.... မတရားတာ..မမျှတတာ...မဖြစ်သင့်တာမပြောနဲ့ ငါ့ရင်ခုန်သံကို တရားစီရင်ခွင့် အပြည့်င့ါမှာရှိပြီးသား အိမ်မက်ဆိုးဆိုးတွေထွေးပွေ့ပြီး မိုးခါးရေအောက်မှာကဖို့ မင့်ရဲ့သွေးစွန်းတဲ့လက်တစ်စုံကို ငါဆုပ်ကိုင်ထားတယ် ချစ်သူ... ကသစ် Labels: ကဗျာ, မျှဝေခံစားခြင်း နိုးထခြင်း...Thursday, June 16, 2011 | 10:37 PM |
4 Dancing Queen and Prince Saysလွတ်လပ်မှုဆိုတာ ဘာလဲ..... ရူးသွပ်တယ်ဆိုတာ ဘာလဲ..... ချစ်တယ်ဆိုတာ ဘာလဲ.... ပိုင်ဆိုင်မှုဆိုတာ ဘာလဲ.... ဂုဏ်သိက္ခာဆိုတာဘာလဲ.... တားမြစ်ချက်ဆိုတာ ဘာလဲ.... အသိုင်းအ၀ိုင်းဆိုတာ ဘာလဲ.... ရင်ခုန်တယ်ဆိုတာ ဘာလဲ.... နှလုံးသားက ရင်ခုန်သံသဲ့သဲ့လေးနဲ့ ပြောတဲ့စကား တစ်ခွန်းကို အသိုင်းအ၀ိုင်းနဲ့ ဂုဏ်သိက္ခာ ဆိုတဲ့ အုတ်တံတိုင်းခြားထားရုံနဲ့ မကြားချင်ယောင်ဆောင်ရမယ်တဲ့လား..... နှင်းဆီဖြူ (ကဗျာလို့ခေါ်လို့ မရတဲ့ ကာရံမပါ စာသားမလှတဲ့ ကဗျာတစ်ပုဒ်ပါ.. နှင်းဆီဖြူ အတွက်တော့ ရင်ထဲကစကားတိုင်း ကဗျာသံစဉ်တွေပါပဲ...) Labels: ကဗျာ X'mas DiarySaturday, December 25, 2010 | 10:43 AM |
မနက်နိုးလာထဲက ဆွေးဆွေး မြည့်မြည့်ကြီးခံစားနေရတယ်..... 3 Dancing Queen and Prince Saysခ၇စ်စမတ်နံနက်ခင်း ငါ့အတွက်တော့ ဘာမှမဟုတ်သလိုပဲ... ကော်ဖီတစ်ခွက် .. သီချင်းတစ်ပုဒ်.... Facebook ..... Gmail.... အရာအားလုံးက ဘာမှ မထူးခြားနေပဲ အရင်အတိုင်းပါပဲ..... ငယ်ငယ်တုန်းကတော့ ခေါင်းအုံးအောက်မှာ မေမေလာထည့်ပေးထားတဲ့ အစိမ်းရောင် ပေတံလှလှလေးကို ခုထိသတိရနေသေးတယ်.. အဲဒီအချိန်တုန်းကတော့ ခရစ်စမတ် ဘိုးဘိုးကြီးကပေးတယ်ထင်ပြီး ပျော်လိုက်ရတာ.... ဒီနေ့မနက်နိုးတော့ ခေါင်းအုံးအောက်ကို လက်နဲ့စမ်းကြည့်မိတယ်... အေးစက်စက်ခံစားချက်တစ်ခုကလွဲလို့ ဘာမှ မရှိပါလား.... ငါမရှိရင်ပျော်နေကြမယ့် လူတစ်စုနဲ့.... ခပ်မာမာ နှလုံးသားတစ်စုံ..... နှင်းဆီဖြူ Labels: e-diary အထီးကျန် ခရစ်စမတ်... | 10:31 AM |
ခရစ်စမတ်ရဲ့ သီချင်းလေးတွေဆိုရင်း 0 Dancing Queen and Prince Saysငါ့နှုတ်ခမ်းတစ်စုံက အလွမ်းတွေအန်ကျလာတယ်... နင်မရှိတဲ့ ခရစ်စမတ်မှာ နှင်းပွင့် ဖြူဖြူ လေးတွေလဲ ငါ့ကို ပြုံးအောင်မလုပ်နိုင်ကြတော့ဘူး.... ချုပ်ရိုးတွှေဗရပွနဲ့ ငါ့နှလုံးသားလဲ ခရစ်စမတ်ရဲ့ နှင်းတွေထဲမှာပဲ အေး.. ခဲ... လို့...... နှင်းဆီဖြူ Labels: ကဗျာ ဟောဒီက လူလတ်လတ် ဆက်ဆက်လေးတွေနော်......Saturday, November 13, 2010 | 11:05 AM |
:P title ကြီးကြည့်ပြီး ချစ်သယ်ရင်းကြီးတွေ လန့်ပြေးဦးမယ်... ဟိဟိ... facebook က friends for sale မှာ နှင်းဆီဖြူတစ်ယောက်လူကုန်ကူးနေပါတယ်... :P... စိတ်ဝင်စားရင်လာအားပေးကြပါ... ဒီမှာကြည့်ကြည့်လို့ရပါတယ်...း) ဟိဟိ.... ချစ်သယ်ရင်းကြီးတွေထဲမှာ HTML နဲ့ ရင်းနှီးကျွမ်းဝင်သူများရှိရင် ပြောကြပါဦး... about me လေး update လုပ်ချင်လို့... ကျေးဇူးအထူးတင်ရှိပါတယ် ရှန်..... 4 Dancing Queen and Prince Saysနှင်းဆီဖြူ Labels: အရည်မရ အဖတ်မရ တစ်ခါတစ်လေWednesday, November 10, 2010 | 10:30 PM |
မိုးတွေ ရွာတဲ့ အခါ.... 3 Dancing Queen and Prince Saysကော်ဖီသောက်တဲ့ အခါ..... ပင်လယ်ပြင်ကြီးရဲ့ အော်သံသဲ့သဲ့ ကို ကြားရတဲ့ အခါ.... လေပြေနုနုလေး ဖြတ်ပြေးသွားတဲ့ အခါ.... နင်ညည်းနေကြ သီချင်းလေး ကြားတဲ့ အခါ.... နင်မရှိတဲ့ အခါ... လွမ်း...တယ်....... နှင်းဆီဖြူ Labels: ကဗျာ, နှင်းဆီအတွေး ပိုးဟပ်ပုံပြင်Sunday, November 7, 2010 | 4:38 PM |
ဒီနေ့တော့ နှင်းဆီဖြူတို့ သူ့ blog လေးပေါ် မျက်စိလည် လမ်းမှားပြီး ဆိုက်ဆိုက်မြိုက်မြိုက် ရောက်လာပါတော့တယ်... 6 Dancing Queen and Prince Saysဟိဟိ.. blog ကလေးက ဖုန်တွေလဲတက်... ပင့်ကူမျှင်တွေလဲကပ်... ခြောက်တောက်တောက်နဲ့ အထီးကျန်နေပါတော့တယ်.... အကြောင်းကတော့ မအားရခြင်းကနေ စ ရတော့မှာပဲ... အလုပ်တွေက ရှုပ်ပါတယ် ဆိုမှ.. နှင်းဆီဖြူတို့ အရှုပ်တွေလုပ်... အရုပ်တွေချုပ်... အဲလေ... အလုပ်တွေ ပိုရှုပ်ပြီး... Singapore တစ်မြို့လုံး ပတ်နေတာက လွဲပြီး ဘယ်မှတောင် မသွားဖြစ်ဘူး... :P ဒီတော့ blog ကလေး ရောက်တုန်းရောက်ခိုက် နှင်းဆီဖြူ မနေ့က ဆင်နွှဲခဲ့တဲ့ ပိုးဟပ်တိုက်ပွဲလေး အကြောင်း ပြောပြချင်ပါတယ်... ဟိုးရှေးရှေးတုန်းကပေါ့ကွယ်..... စင်ကာပူလို့ခေါ်တဲ့ ဗာရာဏသီ ပိစိညောက်တောက်လေးမှာ လက်တောက်လောက်ကလေး ရှိတဲ့ နှင်းဆီဖြူ လေး ကျင်လည်ကျက်စားနေသတဲ့ကွယ်..... တစ်နေ့မှာတော့ အလုပ်တွေ ရှုပ်ပြီး မရှင်းနိုင်တဲ့ ဗီရိုကလေး ရှင်းမယ် အပြု.... နှုတ်ခမ်းမွေးတကားကား... ပြူးတူး ပြဲတဲ ပိုးဟပ်ကြီး တစ်ကောင်ဟာ ဗီရို ကြီး ထဲက မှာ သူအိမ်လုပ် သူနန်းစံပြီး အပိုင်စီးထားပါသတဲ့ကွယ်..... ရဲစွမ်းသတ္တိနဲ့ ပြည့်စုံတဲ့ နှင်းဆီဖြူလေးဟာ... သူ့ထက် အလွန်တရာမှ ကြီးမားတဲ့ ပိုးဟပ်ကြီးကို သတ္တိရှိရှိ နှင့် သူရဲ့ လက်စွဲတော် သတင်းစာ လိပ်ကြီး ကိုင်ဆောင်ကာ မောင်းထုတ်လေသတဲ့ကွယ်..... အဲဒီမှာ ပိုးဟပ်ကြီးလဲ မခံချိမခံသာ ထွက်ပြေးရပါတော့တယ် ကွယ်... ဒါပေမယ့် အဲဒီပိုးဟပ်ကြီး ဟာ ယုတ်မာပတ်စက်စွာ နှင်းဆီဖြူလေး အလစ်မှာ ဗီရိုကြီးထဲပြန်ဝင်ကာ ရွေးကောက်ပွဲလုပ်မယ် ကြံပါတော့တယ်..... သို့သော်....... သို့သော်....... လက်ရုံးရည်သာမက နှလုံးရည်ပါထက်မြက်သွက်လက်တဲ့ နှင်းဆီဖြူလေး ဟာ ဗီရို၏ အနားနှင့် တခါးဘောင်များကို ပိုးဟပ်ဆေးဖြန်းထားသောကြောင့် ပိုးဟပ်ကြီး ခမြာ ယက်ကန်ယက်ကန်နဲ့ ပက်လက်လန်နေပါတော့တယ်... ထိုအချိန်မှာတော့ နှင်းဆီဖြူလေးဟာ ဆိုင်းငံ့ မနေပဲ.. တံမြတ်စည်းနဲ့ ကော်ပြားယူကာ.. ပိုးဟပ်ကြီးကို နယ်နှင်ဒဏ်ပေးလိုက်ပါတော့တယ်ကွယ်....... ပုံပြင်လေးကတော့ ဒါပါပဲကွယ်... မောင်ငယ်ညီမလေးတို့လဲ.... သူများတိုင်းပြည်ကို မတရားသဖြင့် မလိုချင်ရဝူးနော်... :P နှင်းဆီဖြူ |