
အိမ်မြောင်နဲ့ နှင်းဆီ
အရည်မရ အဖတ်မရ အငွေ့လဲ မရ အနံ့တောင် မရတာလေးတွေ ပြောပြပါဦးမည်......
တစ်နေ့သောညနေခင်း.... ရာသီဥတု ကောင်းကောင်း ... နေလေးက အေးအေး... ရုံးပိတ်ရက်ကလေး ဆိုတော့.. အရာ အားလုံးက ပြီးပြည့်စုံနေတာပေါ့ကွယ်.... နှင်းဆီဖြူလဲ အပြင်သွားစရာမရှိတော့ အေးအေးဆေးဆေး အိမ်မှာပဲ နှပ်နေတာပေါ့.. ဒီလိုနဲ့ ရေထချိုး ဦးမှ ဆိုပြီး..ရေချိုးဖို့လုပ်ပါတယ်... (ဆင်ဆာဖြတ်ပါတယ်).... ဒီလိုနဲ့ ရေချိုးတယ် ဆိုပါတော့... အရသာ ရှိရှိ သီချင်းလေးဆိုပြီး ရေချိုးနေတုန်း....
ဗြုန်း ဆို....
ရေချိုးခန်းဒေါင့်လေးမှာ ... အိမ်မြောင် အမြီးပြတ်ကြီးတစ်ကောင်!!!!!!!!
ကံကောင်းချင်တော့ သူက ခပ်ဝေးဝေးနံရံပေါ်မှာ....
ကံဆိုးချင်တော့ သူခုန်ချလာရင် ဘယ်ကို ပြေးရပါ့...
ကံကောင်းချင်တော့ ရေချိုးခန်းအပြင်ထွက်ပြေးမယ်လို့ စဉ်းစားမိတယ်..
ကံဆိုးချင်တော့ ဒီတိုင်းကြီးပြေးလို့မှမရတာ... >__<
ကံကောင်းချင်တော့ အင်္ကျီလေး ရေချိုးခန်းထဲမှာ ချိတ်ထားတာ လှမ်းယူမယ်ပေါ့..
ကံဆိုးချင်တော့ အဲဒီနားလေးမှာ အိမ်မြောင်က ကပ်နေတာ...
ကံကောင်းချင်တော့ အိမ်မြောင်ပြုတ်ကျသွားတယ်..
ကံဆိုးချင်တော့ အိမ်မြောင်ကြီးက ရေချိုးခန်း အ၀မှာ ပိတ်ရပ်နေတယ်...
ဒီလိုတော့မဖြစ်ချေဘူး..ရေနဲ့ပတ်ပြီး မောင်းထုတ်မှပဲလို့ တွေးမိတယ်.. နောက်ဆုံးတော့ ရွှေဥာဏ်တော် စူးရောက်တဲ့ သူရဲကောင်းကြီး နှင်းဆီဖြူ တစ်ယောက်.. အိမ်သာ အိုးပေါ်ကို တက်... အိမ်မြောင်ကို ရေနဲ့ပတ်... အိမ်မြောင်ပြေးတာနဲ့ အကျီမြန်မြန်ဝတ်ပြီး.. ရေချိုးခန်းနဲ့ ဝေးရာကို တစ်ချိုးထဲ ပြေးပါတော့တယ် ရှင်.....
နှင်းဆီဖြူ
P.S: the fore mentioned story is based on the true story, miserably happened on one fine day in Singapore.. :)
Labels: e-diary, Humor, အရည်မရ အဖတ်မရ

ပိုးဟပ်ပုံပြင်
ဒီနေ့တော့ နှင်းဆီဖြူတို့ သူ့ blog လေးပေါ် မျက်စိလည် လမ်းမှားပြီး ဆိုက်ဆိုက်မြိုက်မြိုက် ရောက်လာပါတော့တယ်...
ဟိဟိ..
blog ကလေးက ဖုန်တွေလဲတက်... ပင့်ကူမျှင်တွေလဲကပ်... ခြောက်တောက်တောက်နဲ့ အထီးကျန်နေပါတော့တယ်....
အကြောင်းကတော့ မအားရခြင်းကနေ စ ရတော့မှာပဲ... အလုပ်တွေက ရှုပ်ပါတယ် ဆိုမှ.. နှင်းဆီဖြူတို့ အရှုပ်တွေလုပ်... အရုပ်တွေချုပ်... အဲလေ... အလုပ်တွေ ပိုရှုပ်ပြီး... Singapore တစ်မြို့လုံး ပတ်နေတာက လွဲပြီး ဘယ်မှတောင် မသွားဖြစ်ဘူး... :P
ဒီတော့ blog ကလေး ရောက်တုန်းရောက်ခိုက် နှင်းဆီဖြူ မနေ့က ဆင်နွှဲခဲ့တဲ့ ပိုးဟပ်တိုက်ပွဲလေး အကြောင်း ပြောပြချင်ပါတယ်...
ဟိုးရှေးရှေးတုန်းကပေါ့ကွယ်.....
စင်ကာပူလို့ခေါ်တဲ့ ဗာရာဏသီ ပိစိညောက်တောက်လေးမှာ လက်တောက်လောက်ကလေး ရှိတဲ့ နှင်းဆီဖြူ လေး ကျင်လည်ကျက်စားနေသတဲ့ကွယ်.....
တစ်နေ့မှာတော့ အလုပ်တွေ ရှုပ်ပြီး မရှင်းနိုင်တဲ့ ဗီရိုကလေး ရှင်းမယ် အပြု.... နှုတ်ခမ်းမွေးတကားကား... ပြူးတူး ပြဲတဲ ပိုးဟပ်ကြီး တစ်ကောင်ဟာ ဗီရို ကြီး ထဲက မှာ သူအိမ်လုပ် သူနန်းစံပြီး အပိုင်စီးထားပါသတဲ့ကွယ်.....
ရဲစွမ်းသတ္တိနဲ့ ပြည့်စုံတဲ့ နှင်းဆီဖြူလေးဟာ... သူ့ထက် အလွန်တရာမှ ကြီးမားတဲ့ ပိုးဟပ်ကြီးကို သတ္တိရှိရှိ နှင့် သူရဲ့ လက်စွဲတော် သတင်းစာ လိပ်ကြီး ကိုင်ဆောင်ကာ မောင်းထုတ်လေသတဲ့ကွယ်..... အဲဒီမှာ ပိုးဟပ်ကြီးလဲ မခံချိမခံသာ ထွက်ပြေးရပါတော့တယ် ကွယ်... ဒါပေမယ့် အဲဒီပိုးဟပ်ကြီး ဟာ ယုတ်မာပတ်စက်စွာ နှင်းဆီဖြူလေး အလစ်မှာ ဗီရိုကြီးထဲပြန်ဝင်ကာ ရွေးကောက်ပွဲလုပ်မယ် ကြံပါတော့တယ်.....
သို့သော်.......
သို့သော်.......
လက်ရုံးရည်သာမက နှလုံးရည်ပါထက်မြက်သွက်လက်တဲ့ နှင်းဆီဖြူလေး ဟာ ဗီရို၏ အနားနှင့် တခါးဘောင်များကို ပိုးဟပ်ဆေးဖြန်းထားသောကြောင့် ပိုးဟပ်ကြီး ခမြာ ယက်ကန်ယက်ကန်နဲ့ ပက်လက်လန်နေပါတော့တယ်...
ထိုအချိန်မှာတော့ နှင်းဆီဖြူလေးဟာ ဆိုင်းငံ့ မနေပဲ.. တံမြတ်စည်းနဲ့ ကော်ပြားယူကာ.. ပိုးဟပ်ကြီးကို နယ်နှင်ဒဏ်ပေးလိုက်ပါတော့တယ်ကွယ်.......
ပုံပြင်လေးကတော့ ဒါပါပဲကွယ်...
မောင်ငယ်ညီမလေးတို့လဲ.... သူများတိုင်းပြည်ကို မတရားသဖြင့် မလိုချင်ရဝူးနော်... :P
နှင်းဆီဖြူ
Labels: e-diary, Humor

ခေါင်းကြီးပြိတ္တာ
ဒီနေ့ညမှ ကိုဘမောင် တစ်ယောက် ကျောချမ်းနေလေသည်... အရင်နေ့တွေက ဟိုဘက်ရွာက ပြန်လာရင် ဒီလောက် နောက်မကျ... ဒီနေ့မှ လုပ်စရာလေးတွေက မပြီးတော့ နဲနဲ ညနက်သွားသည်... ရွာကိုရောက်ဖို့ကလဲ ညဘက်လော်ရီကားကြီးတွေ မှီအောင်ပြန်ရမည်.. ညကလဲ နက်နေပြီ... သချိုင်းထဲမှ ဖြတ်ပြန်မှသာ ညကားမှီမည်မို့.. ကိုဘမောင် ဘာမှ မတတ်နိုင်... ခြေလှမ်းကို ခပ်သွက်သွက် လျှောက်နေမိသည်... သချိုင်းနားရောက်ခါနီးတော့ ကိုဘမောင် အတွေးစုံဝင်လာလေသည်... ဘာကြောင့်မှန်း မသိ အနောက်က တစ်စုံတစ်ယောက်လိုက်လာသလိုလို ခံစားနေရသည်...
အနောက်သို့ လှည့်မကြည့်ရဲသဖြင့် ခြေလှမ်းကို ကျဲနိုင်သမျှကျဲအောင် လျှောက်ရင်း ကားဂိတ်သို့ ရောက်ဖို့သာ စိတ်လောနေမိသည်..
နောက်ကလိုက်လာသည့် ခြေသံကလဲ.. သူမြန်ရင် မြန်လာသည်.. သူနှေးရင် နှေးသွားသည်... ကိုဘမောင်နောက်မှ ထပ်ကျပ်မကွာလိုက်လာလေသည်... ချမ်းစိမ့်နေတဲ့ လမိုက်ည အေးအေးမှာ ကိုဘမောင် တစ်ယောက် ချွေးစေးတွေ ပြိုင်းပြိုင်းကျနေလေတော့သည်... နောက်ဆုံးတော့ အရဲစွန့်ပြီ ကိုဘမောင် ခြေလှမ်းရပ်ကာနောက်လှည့်ကြည့်လိုက်မိသည်... ပါးစပ်ကလဲ ရသမျှ ဘုရားစာစုံအောင် ဗလုံးဗထွေး ရွတ်ရင်းနောက်ကလိုက်လာသူကို ကြည့်လိုက်တော့... ပုပုသေးသေး ခန္ဓာကိုယ်လေးကို တွေ့ရသည်... လက်ကလေး ခြေကလေးများလဲ သေးသေးလေးပင်.. သို့သော် ခေါင်းကြီးမှာ ခန္ဓာကိုယ်နှင့် နှိုင်းယှဉ်လျှင် အဆမတန် ကြီးနေလေသည်... ကိုဘမောင်၏ခေါင်း လေးလုံးခန့်စာလောက်ပင်ရှိမည်...
ကိုဘမောင်လဲ ကတုန်ကယင်ဖြင့်ဘာလုပ်ရမှန်းမသိ... နောက်ဆုံးတော့ ကြောက်ကြောက်နှင့် ဘုရားစာရွတ်ကာ ထိုပြိတ္တာဆန်ဆန် အကောင်ကို လက်သီးဖြင့်ထိုးကာ ထွက်ပြေးလာလေတော့သည်... ကြောက်ကြောက်နှင့်မို့ ဘယ်နှစ်ချက်ထိုးခဲ့မိသည်မသိ....
ကားဂိတ်ရောက်သည်အထိသူ့ အဖြစ်သူတွေ့ကြည့်ကား ထိတ်လန့်နေဆဲ... ပြန်တွေးကြည့်တော့လဲ.. ထိုအကောင်ကြီး၏ ခေါင်းမှာ သာမှန်မဟုတ် မာမာကြီးဖြစ်နေသည်ကို သတိထားမိသည်... ဘာအကောင်ကြီးဖြစ်ဖြစ် အမျှအမျှအမျှဟုလဲ အထပ်ထပ် ရွတ်နေမိသည်... ကားဂိတ်တွင် လူရှိနေ၍တော်သေးသည်... ကိုဘမောင်တို့ ရွာချင်းနီးနားရွာက မောင်ခွေး... သူလဲ ကားစောင့်နေပုံရသဖြင့် ကိုဘမောင် တစ်ယောက်တည်းမဟုတ်ဟု နဲနဲ ကြောက်စိတ်ပြေသွားသည်.. ဘာပဲ ဖြစ်ဖြစ် တစ်ခုခုဆို နှစ်ယောက်ရှိတယ် မဟုတ်လား...း)...
“ဟေ့ကောင်.. သာအေးနောက်ကျလှချည်လားကွ”
မောင်ခွေး ၏နှုတ်ဆက်သံကြောင့် ကိုဘမောင် ရောက်လာသူကို လှည့်ကြည့်လိုက်မိသည်.. မောင်ခွေးတို့ နဲ့ တစ်ရွာတည်းဖြစ်ပုံပေါ်သည်... အသက်ငယ်ငယ်နဲ့ ကလေးသာသာအရွယ်လေးသာ.. ဒီအချိန်ကြီးထိ အလုပ်လုပ်နေရရှာသည်... သူတို့ဘဝလေးတွေ တွေးမိတော့ သနားမိသလိုလို...
“ဟုတ်တယ် ကိုကြီးခွေး.. ကျနော်လဲ ဒီနေ့ အမေ နေမကောင်းလို့ နောက်နေ့ ဆေးဖိုးရအောင်ဆိုပြီး ပဲပင်ပေါက် မကုန်မချင်းလိုက်ရောင်းနေတာ နဲနဲ မိုးချုပ်သွားတယ်ဗျာ”
သြော်မိဘကျေးဇူးသိတတ်ရှာတယ်... ဒီလိုသားလေး ကြီးပွားဦးမယ်ဟု စိတ်ထဲက ကြိတ်ပြီး ကြည်နူးနေမိသည်...း)
“ဒါပေမယ့် ကျနော်ဒီနေ့ကံမကောင်းပါဘူးဗျာ.. ညနက်လာလို့ ကြောက်ကြောက်နဲ့ သချိုင်းနားက ဖြတ်တုန်း.. လူကြီးတစ်ယောက်တွေ့တာနဲ့ အားကိုးပြီး သူ့နောက်က လိုက်လာတာ ဘယ်သူမှန်းမသိတော့ ကျနော်လဲ စကားမပြောရဲဘူးဗျ ကျနော်တို့ရွာကလဲ ဟုတ်ပုံမရဘူး.. ဒါနဲ့ သူနောက်က ကပ်လိုက်လာတာ ဒီနားရောက်မှ နောက်လှည့်ပြီး ကျနော်ရွက်ထားတဲ့ ပဲပင်ပေါက်တောင်းကိုရော ကျနော့်ပါထိုးပြီး.. ထွက်ပြေးသွားတယ်ဗျာ ... တော်သေးတယ်.. ဈေးရောင်းလို့ ရလာတဲ့ ပိုက်ဆံလေးတွေ လုမသွားတာ.. ”
ဟင်... ဒါဆို... ဒါဆို.. ငါထိုးခဲ့တဲ့ အကောင်ကြီးက... @____@
နှင်းဆီဖြူ
(ကြားဖူးနားဝ သရဲဟာသလေးတစ်ခုပြန်ပြောပြတာပါ.. နဲနဲ ပြန်ပြီး ဖတ်လို့ကောင်းအောင်ရေးထားတာ... တစ်ခါတစ်လေတော့ လည်း ကြောက်စိတ်ဆိုတာ ကိုယ့်ကို ပြန်ခြောက်သွားတာပါပဲ... )
Labels: horror, Humor

နှင်းဆီဖြူ၏ အီးဒိုင်ယာရီ..... ၃
နှင်းဆီဖြူ၏ အီးဒိုင်ယာရီ..... ၃
blog လေးကို label လေးတွေ ခွဲချင်တယ်.. comment ရေးလို့ ရအောင်လုပ်ချင်တယ်... skin လေးလဲ ပြောင်းချင်တယ်... လုပ်တတ်သူများရှိရင်... ပြောပါနော်...း(... နှင်းဆီဖြူက မြန်မာလို ရိုက်တာနဲ့ သီချင်းဆိုတာက လွဲရင် ဘာမှ လုပ်တတ်တာ ဟုတ်ဘူး...း(
ကဗျာတွေ ရေးမယ် ပြောပြီး မရေးဖြစ်ဘူး ဖြစ်နေတယ်... ရေးချင်စိတ်ပေါ်လာရင်တော့ ရေးမှာပါ.. ဟီးဟီး...း)
ကဗျာတွေ မရေးဖြစ်တာကလဲ အကြောင်းရှိပါတယ်..း) နှင်းဆီဖြူ ဘာမှ စိတ်ခံစားစရာ ပြင်းပြင်း မရှိလို့ပါ... အေးအေးချမ်းချမ်းလေး နေနေတယ်... ဘာမှ မစဉ်းစားဘူး .. ဘာမှလဲ မခံစားဘူး.. ဘာကြောင့်မှလဲ စိတ်ဆင်းရဲ မခံဘူး... အဲတော့ ဘာကဗျာမှ ထွက်မလာတော့ဘူး... xD hee heee
ဒီနေ့တော့ ဒီလောက်ပါပဲကွယ် .... တာ့တာ
နှင်းဆီဖြူ
Labels: e-diary, Humor

နှင်းဆီဖြူ ၏ အီးဒိုင်ယာရီ - ၂
ဒီရက်တွေ နှင်းဆီဖြူ လုပ်နေကျလေးတွေပဲ လုပ်ဖြစ်ပါတယ်... ထူးထူးခြားခြားဘာမှရှိပါဘူး....
ဒီနေ့လဲထုံးစံအတိုင်း မနက် ၈နာရီဆို အိပ်ယာထတယ်. ကော်ဖီသောက်တယ်. အိမ်ရှေ့နဲ့ အိမ်နောက်ဖေးနဲ့ကို လမ်းသလားတယ်... facebook ဖွင့်ပြီး game ဆော့တယ်... :D သူငယ်ချင်းတွေ profile တွေဝင် စပ်စုတယ်... youtube ကြည့်တယ်... blog တွေဖတ်တယ်... ဘာမှလုပ်စရာမကျန်တော့ရင် ရုပ်ရှင်ကြည့်တယ်...း)
ဒီနေ့တော့ အပြင်မှာ သူငယ်ချင်းတွေနဲ့ ရုပ်ရှင်သွားကြည့်မယ်... ပြန်လာရင် game ဆော့မယ်.. အိပ်မယ်... :P
ကျောင်းစာလဲ လုပ်စရာမရှိတုန်း... အလုပ်လဲ မရှိသေးတုန်း စည်းစိမ် အပြည့်ခံစားနေတာ.. blog လေးတောင် အထီးကျန်နေပြီ... ဒီရက်ပိုင်းတွေထဲ မှာကဗျာလေးတွေ တင်ဖြစ်အောင်ကြိုးစားပါမယ်...
သိတဲ့ အတိုင်း အရင်ကလို ခံစားချက် အရမ်းပြင်းရမှာကြောက်နေမိတော့ .. ကဗျာတွေလဲ မရေးဖြစ်ဘူးဖြစ်နေတယ်.... သည်းခံပေးပါလို့...း)
ခုလဲ သူငယ်ချင်းတွေနဲ့ ချိန်းထားတဲ့ အချိန်နီးလာလို့ သွားဖို့ ပြင်ရဆင်ရဦးမယ်....
blog ကလေးက ခြောက်ကပ်နေပြီး ပျော်စရာ မရှိတာတောင်.. နေ့တိုင်းလာလည်ကြတဲ့ သူငယ်ချင်းတွေကို ကျေးဇူးအများကြီးတင်ပါတယ်... blog လေးမှာ ဖတ်တဲ့ သူမရှိတော့ရင် ရေးတဲ့လူက အားငယ်တာပေါ့... ဟုတ်ဘူးလား...း(... ရှဲရှဲ ရှဲရှဲ .... :PPP
ရေးရင်းရေးရင်း အရှိန်ရလာပေမယ့် သွားစရာလေး ရှိတော့... အီးဒိုင်ယာရီလေးကို ဒီလောက်ပဲ ကျေနပ်ပေးပါလို့... တာ့တာ
ဒါလေးကတော့ ဆုန်သင်းပါရ် ရဲ့ အကြင်နာ စစ်ရင် ဆိုတဲ့ သီချင်းလေး ဆိုကြည့်ထားတာပါ...း) အားပေးကြပါဦးလို့
Labels: e-diary, Humor

အတာသင်္ကြန်
မကြာမီ အချိန် အတွင်းမှာ မြန်မာ ကောဇာသက္ကရာဇ် ၁၃၇၂ ခု နှစ်ဆန်း ၁ရက် နေ့ချိန်ခါသို့ ရောက်ရှိတော့ မှာဖြစ်ပါတယ်ရှင်... နှင်းဆီဖြူကတော့ နှစ်ဟောင်းက အညစ်အကြေးတွေကို ဆေးပေးဖို့ ရေလောင်းမယ့်သူ မရှိသောကြောင့်.. ရေ အခါ ၅၀ လောက်ချိုးပြီး သန့်စင်လိုက်ပါပြီ.. ဟီးဟီး......
နှင်းဆီဖြူ တို့ရဲ့ မြန်မာ့ရိုးရာ.. သင်္ကြန်ဟာဆိုရင်.... ဟိုးရှေးယခင်တုန်းက သပြေခက်နဲ့ ရေပက်ပါတယ်... နောက်နည်းနည်းကြာတော့ ... ငွေဖလားလေးနဲ့ပေါ့... ပြီးတော့ ပိုက်ကလေးနဲ့ ပက်ပါတယ်.. နောက်ပိုင်း ပိုက်ကြီးတွေနဲ့ ပက်ပါတယ်... အားမရသေးပဲ... မီသတ်ပိုက်ကြီးတွေနဲ့ ပက်ကြပြန်ပါတယ်... ဒီနှစ်တော့ ဘယ်ခေတ်နဲ့ မှ မတူအောင် ကန်တော်ကြီးမှာ မီးသတ်ပိုက်ပါ မက လူသတ်ပိုက် ကြီးများနဲ့ ပက်သွားတာ ဆိုရင်ဖြင့်... ဝမ်းနည်းပက်လက် ရှိုက်ကြီးတငင် ရင်သက်ရှုမောဖွယ်ရာ ပါပဲ..... >___< နောက်နှစ်ဆို... ဟင်းး... မတွေးရဲ စရာပါလားနော်....း(
ပြောစရာလေးတွေလဲ ကုန်သလောက်ရှိပြီဆိုတော့.. ဒီနေ့တော့ ဒီလောက်ပါပဲကွယ်... သားသားမီးမီးတို့လဲ နှစ်ဟောင်းက အညစ်အကြေးတွေကို ကျွတ်ကျွတ်အိတ်ကလေးတွေနဲ့ သေချာထုတ်ပြီး စွန့်ပစ်ကြဖို့ မမေ့ပါနဲ့ ကွယ်... စင်္ကာပူမှာဆိုတော့ ဒဏ်ငွေရိုက်ခံရပြီး နှစ်ဆန်း ၁ ရက်နေ့တည်းက ပိုက်ပိုက်ပြောင်သွားမှာ စိုးလို့ပါ... ကွိကွိ... တာ့တာ့..
၁၃၇၁ခုနှစ်ကြီးလဲ တာ့တာ...
ငါ့ရဲ့ ပြန်ရတော့မှာ မဟုတ်တဲ့ ဆယ်ကျော်သက် အချိန်လေးတွေလဲ တာ့တာ....
း)
နှင်းဆီဖြူ
Labels: events, Humor

သင်္ကြန်ရေ
ဒီနေ့တော့ လည်လည်လာသူ အပေါင်းကို ရေပူဖောင်းနဲ့ ထုပါတယ်ရှန်.... ဟီးဟီး....
ဘယ်သူမှလဲ ရေလာလောင်းဝူး.. သင်္ကြန်ဆိုတာတောင် မေ့နေပြီ....
Labels: events, Humor

ဗွမ်း!!!!!!
"ဗွမ်း!!!!!!"
ရေး.... လည်လည်လာတဲ့ သူတွေ အားလုံးကို နှင်းဆီဖြူ ချောင်းပြီး ရေလောင်းလိုက်ပါတယ်.... ဖြောင်းဖြောင်းဖြောင်း.......
မင်္ဂလာရှိသော နှစ်သစ်ကူး ချိန်ခါမှာ
နှင်းဆီဖြူရဲ့ အိမ်လေးကို လည်လည်ရောက်ကြတဲ့ ကိုကို မမ ဦးဦး ဒေါ်ဒေါ်
မောင်လေး ညီမလေး ပိစိကွေးလေးနဲ့ ပေါက်စန လေးတွေပါမကျန်
ကိုယ်ရော ခေါင်းပါ.. အဲ့လေ... စိတ်ပါ
ကျန်းမာချမ်းသာကြပါစေရှင်....
နှင်းဆီဖြူကတော့ သင်္ကြန်မှာ ဘာမှလုပ်ဖြစ်ပါဘူး.. အိမ်မှာ နေနေတာ ဒီနေ့နဲ့ ဆို ၃ရက်ရှိပါပြီ... အဟင့် .. ပြောရင်းနဲ့ ငိုချင်လာပြီ.... သြော် ဘဝ ဘဝ...း(.... >_<...
နှင်းဆီဖြူ ဆိတ်မကောင်းဘူးကွယ်... (နွားပဲကောင်းမယ်ထင်တယ်.. ) ဟီးဟီ....
.....ဖြူဆီနှင်း
Labels: events, Humor

နှင်းဆီဖြူ စာမရေးရခြင်း အကြောင်း အရင်းများ
၁. နှင်းဆီဖြူသည် ပျင်းရိခြင်းခြောက်ပါး ၏ မာယာကြော့ကွင်းမှ ရုန်းထွက်နိုင်ခြင်းငှာ မတတ်သာ...
၂. ဖေ့ဘွက်မှ ပက် စိုစိုင်တီ၏ လှည့်စားမှုများမှ ရုန်းထွက်ခြင်းငှာ မတတ်သာ...
၃. ယူကျုမှ ဗွီဒီယိုများ၏ ဆွဲဆောင်မှုမှာ ရုန်းထွက်ခြင်းငှာ မတတ်သာ...
အဲဂလို အဲဂလို အကြောင်းတွေကြောင့် နှင်းဆီဖြူ တစ်ယောက် ပျောက်နေရပါကြောင်း နှင့်..
ယနေ့ ယခုချိန်မှ စ၍စာပြန်ရေးပါတော့ မည်ဖြစ်ကြောင်း ဂတိပြူးပါတယ်ရှန်....အဲလေ.. ဂတိပြုပါတယ်လို့... :P
ယနေ့မှ စ၍ နှင်းဆီဖြူ စာမရေးခဲ့သော်.. စာဖတ်ပ၇ိတ်သတ်ကြီးများဖြစ်သော ဘလောဂ့်ဂါ အပေါင်းတို့သည် နှင်းဆီဖြူ၏ အိမ်ထိလာပြီး မုန့်လုံးရေပေါ်များဖြင့် ကြိုက်သလောက်ပေါက်နိုင်ကြောင်း အသိပေး ကြေငြာလိုက်ပါတယ် ရွှန်.... ^___^
တာ့တာ....
နှင်းဆီခရမ်းရောင်... :D
Labels: e-diary, Humor

နှင်းဆီဖြူ ဟင်းချက်သည်
“နှင်းဆီဖြူ ဟင်းချက်သည်”
ဟုတ်ပါတယ်... နှင်းဆီဖြူ ဟင်းချက်ပါသည်... ဟီးဟီး... ဘာချက်လဲ ဆိုတော့ ... ကြက်ဥ ကြော်ပါတယ်... :P ... ဒီသာပါမောက္ခဆရာမကြီး ဖြစ်တဲ့ နှင်းဆီဖြူရဲ့ အမဆီမှာ သုံးနှစ်သုံးမိုး... ကြိုးစားပြီး နေ့ မအား ညမနား သင်ယူခဲ့တာပါ... ဟီးဟီး.... XD... ကြက်ဥကြော် လှလှလေးတွေရမယ်... :D.. စားချင်ရင် တစ်ယောက် တစ်ခုလာယူပါ...
Labels: e-diary, Humor

နှင်းဆီဖြူ ၏ အီးဒိုင်ယာရီ
“နှင်းဆီဖြူ ၏ အီးဒိုင်ယာရီ” :P
နှင်းဆီဖြူ ဘလောဂ့်ကလေး ခြောက်သွေ့နေတာ ကြာပြီဆိုတော့... ပြန်အသက် သွင်းဖို့တော်တော် အရှိန်ယူရမယ်... ဟီးဟီး... လောလောဆယ်တော့ နှင်းဆီဖြူ ဘာတွေလုပ်နေတယ် ဆိုတာလေးတွေ... ဟိုပြော ဒီပြော ပြောပြတာပေါ့...း)
လောလောဆယ် အလုပ်ရှာနေပါတယ်... ရှာတယ် ဆိုတာလဲ သေချာရှာရသေးတာ ဟုတ်ပါဘူး.. အိမ်မှာ အလေလိုက်နေတာက များတယ်... ဟီးဟီး....
မှတ်မှတ်ရရသွားတာ ဆိုရင်တော့ TP Thingyan သွားဖြစ်ပါတယ်... နှင်းဆီဖြူ ချစ်သူငယ်ချင်းလေးက အဲ့မှာ က,တော့ တစ်ချက်လွှတ် အမိန့်နဲ့ လိုက် ကြည့်ရပါတယ်... တကယ်လဲ ကြည့်ချင်လို့ပါ...း)
အဲ... သွားကြည့်မယ်ဆိုတော့ ခြေထောက်တွေ ညောင်းပါတယ်... ဟီး... အဖြစ်က ဆိုးတာက TP ကိုတစ်ခါမှ မရောက်ဖူးပါဘူး.. သူငယ်ချင်းအားကိုနဲ့ tempines mrt ထိသွားလိုက်တာ ဟိုရောက်မှ badok ကနေလဲ bus စီးလို့ ရတယ်ဆိုတာ သိပါတယ်... ချစ်သူငယ်ချင်းကလဲ ဘယ်လောက်ချစ်ဖို့ ကောင်းလဲ ဆိုတော့ မနက်ထဲက ဖုန်းကို မကိုင်ပါဘူး...း) တော်သေးလို့ တခြားသူငယ်ချင်းတွေပါတော့.. သူတို့နဲ့ သွားရင် ရောက်သွားပါတယ်... NP နဲ့ NYP တုန်းကလို လမ်းပြကောင်မလေးတွေ ချောချောလေးတွေ မြန်မာ အင်္ကျီ လှလှလေးတွေနဲ့ ရှိမလေးလို့ ရှာကြည့်တာ... မတွေ့ပါဘူး.. မျက်လုံးပဲ မကောင်းလို့လား တော့ မသိဝူး... မရောက်ခင်တော့ တော်တော် ဒုက္ခ ရောက်သွားတယ်... TP ကသူ့ ပရိတ်သတ်ကြီးထဲမှာ နှင်းဆီဖြူလို ထုံထုံအအလေးတွေ မပါဘူးလို့ တွက်ထားပုံရပါတယ်..
ဒီလိုနဲ့ ရှိုးပွဲကြီးကြည့်တော့လဲ ရယ်ရတာပေါ့... တဟီးဟီး တဟားဟားနဲ့...း)... ပြသနာက အရယ်လွန်ပြီး ရေဆာတာပါပဲ...း(.... NYP တုန်းကလို break time ကလေးပေးပြီး အအေးလေး မတိုက်တော့ (ကိုသုညကြီးကို မြောက်ပြောတာ မဟုတ်ပါဘူး..
ကြေးအိုးနော်....) နှင်းဆီဖြူ ခမျာ မျက်နှာငယ်လေးနဲ့ အိမ်သာနားက Vending Machine လေးမှာ အအေးလေးဝယ်သောက်ရပါတယ်...း( (သနားစရာလေး.. အဟင့်..)
ကောင်းတာလေးတွေလဲ ရှိပါတယ်... နှင်းဆီဖြူကို မကောင်းမြင်ဝါဒီကြီး ထင်နေကြဦးမယ်...း).... remix သီချင်းလေးတွေနဲ့ အစွမ်းပြသွားတဲ့ sentosa က ခရမ်းပြာတန်ခူးမယ်လေးတွေ... ပုဂံခေတ်အကလေးလဲ ကြိုက်ပါတယ်... ဆန်းလဲ ဆန်းသလို့ မြန်မာလူမျိုး မဟုတ်တဲ့ ပရိတ်သတ်တချို့ကို မြန်မာတွေလဲ အနှစ်သာရ လေးပြလိုက်နိုင်တာ ကြိတ်ပြီး ဂုဏ်ယူနေမိတယ်...း)
စိတ်မကောင်းတာက အဆုံးထိမကြည့်လိုက်ရပါဘူး...း( အဲဒီနေ့ သွားစရာရှိတာကို လုံးဝမေ့ပြီး အကို့ကို သူ့သူငယ်ချင်းမင်္ဂလာဆောင်လိုက်ပေးမယ် ဆိုပြီးပြောထားလိုက်မိတော့ အလောတကြီးနဲ့ အဲဒီကို ၆နာရီအမီ သွားရတာနဲ့... အငြိမ့်လေးနည်းနည်းကြည့်ပြီး ထွက်သွားရပါတယ်.. စိတ်မကောင်းလိုက်တာ... အဟင့်....
ဒီနေ့တော့ ဒီလောက်ပဲနော်... နောက်လဲ စကားလာများပါဦးမယ်... ^______^
နှင်းဆီဖြူ
Labels: e-diary, Humor

facebook
“facebook သုံးခြင်းသည် ကျန်းမာရေးကို ဆိုးရွားစွာ
ထိခိုက်စေနိုင်ပါတယ်...”
facebook ကိုစွဲလမ်းစွာ သုံးစွဲခြင်းကြောင့် အောက်ပါရောဂါများ ဖြစ်ပွားနိုင်ပါတယ်.......
၁. အိပ်ရေးပျက်ခြင်း - cafe world မှာဟင်းများသိုးမည် စိုးသောကြောင့် ညကြီးအချိန်မတော် ဟင်းတွေသွားကြည့်ရပါတယ်... farm ville, country story, farm town တို့တွင် အပင်ပေါက်ပြီး သူများခိုးသွားမည် စိုးသောကြောင့် စောစောစီးစီး ထ ထ ကြည့်ရပါတယ်...
၂. မျက်စိမှုန်ခြင်း - ဂိမ်းအမျိုးမျိုးဆော့ခြင်း နှင့် ကွန်ပြူတာရှေ့ တစ်ချိန်လုံးထိုင်နေခြင်းကြောင့် ဖြစ်ပွားနိုင်ပါတယ်...
၃. အညောင်းမိခြင်း - ထိုင်ရာမှ မထ ဘယ်မှလဲမသွား မလှုပ်မယှက်နေခြင်း၏ အကျိုးရလဒ်ပါ...
၎. ကိုယ်လက်များထုံကျင် ကိုက်ခဲခြင်း - အဆိုးဆုံးကတော့ farm ville ပါ... အဲဒါကြီးလိုက် click ရလွန်းလို့ လက်ထိပ်ကလေးတွေနာတာ တော်တော်ဆိုးပါတယ်...
၅. ခေါင်းကိုက်ခြင်း - အိပ်ရေးပျက်ခြင်းမှ ရရှိသော နောက်ဆက်တွဲ ရောဂါတစ်မျိုးပါ...
၆. နှာခေါင်းရောဂါအမျိုးမျိုး - ဒါကတော့ သိပ်ရှင်းစရာလိုမယ် မထင်ပါဘူး... :P
၇. အပျင်းဖျားခြင်း - ကြာကြာသုံးစွဲမိရင်.. ဘယ်မှ မသွားချင်တော့သလို တခြားဘာမှလဲ လုပ်စရာမရှိတော့ပါ.. facebook မှာ သူငယ်ချင်းများရင် ပိုဆိုးပါတယ်.. ဟိုလူ့ဆီသွားကြည့် ဒီလူ့ဆီသွားကွန်မန့်နဲ့ တစ်နေကုန်တာပါပဲ...
၈. ဂယောင်ခြောက်ခြားဖြစ်ခြင်း၊ အိပ်မက်ဆိုးများမက်ခြင်း - ဒါကတော့ ကိုယ်တွေ့... မနေ့ကတောင် အိပ်မက်ထဲမှာ cube crash ဆော့နေသေးတယ်... ဟီး
၉. သွေးတိုးတက်ခြင်း - ဒေါသထွက်ခြင်းကြောင့်ဖြစ်တတ်ပါတယ်... နှင်းဆီဖြူလဲ ဟိုနေ့က cube crash ဆော့တာ level 4 မှာသေသေသွားလို့ ဒေါသတွေ အချောင်းလိုက် အချောင်းလိုက် ထွက်နေပါတယ်....း( level 7 တောင်တစ်ခါပဲရောက်ဖူးပါတယ်... ဗြဲ ...
ငိုချင်လာပြီ... ဒီတိုင်းသာဆို.. စိတ်ကျရောဂါပါ ထည့်ရမလိုလို....း(း(း(း( မကျေနပ်ဝူး... သွားပြန်ဆော့မယ်... ဟွန့်... :P
နှင်းဆီဖြူ
Labels: Humor, နှင်းဆီအတွေး

အသက်ရှည်ကြာနေထိုင်နိုင်ရာ
ရီမလားမရီဝူးလား...
အသက်ရှည်ကြာနေထိုင်နိုင်ရာ အောက်ပါအစားအစာများ တွဲဖက်စားခြင်းမှ ရှောင်ကြဉ်ပါ။
၁။ ငရုတ်သီးနှင့်  တရုတ်ကြီး
၂။ သကြားခဲနှင့်  ရထားတွဲ
၃။ ခွေးရိုးနှင့်  သေးအိုး
၎။ ခြင်းတောင်းနှင့်  ထင်းချောင်း
၅။ လက်ဖက်နှင့်  တဘတ်
၆။ ထန်းရွက်လိတ်နှင့်  ပုရွက်ဆိတ်
၇။ ၀က်မြီးနှင့် လက်နှီး
၈။ ညောင်သီးနှင့် ကြောင်ချီး
၉။ ဗလာစာအုပ်နှင့်  ဌာပနာထုတ်
၁၀။ ကျွဲချိုနှင့် ရဲယို
၁၁။ သလဲသီးနှင့်  ငရဲမီး
၁၂။ ဒေါက်ချွန်နှင့် မျောက်ဝံသား
၁၃။ ဓါတ်မီးနှင့်  လက်သီး
၁၄။ ပလာတာနှင့်  ပလာယာ
၁၅။ သကြားသီးနှင့်  ကုလားကြီး
၁၆။ ကြံချောင်းနှင့် သံချောင်း
၁၇။ ခေါင်းလောင်းနှင့်  ခေါင်းပေါင်း
၁၈။ ဖိနပ်စုတ်နှင့်  လက်ဖက်ပုပ်
၁၉။ ဇီးယိုနှင့် မီးဖို
၂၀။ ဆော့ ပင်နှင့် ဆော့ ချဉ်
၂၁။ ၀က်သားနှင့် ဓာတ်ပြား
၂၂။ ပဲပြုတ်နှင့် တဲပုတ်
၂၃။ ကြက်သားနှင့် ငှက်ဖျား
၂၄။ ဖက်လုံးနှင့် ဓါတ်လုံး
၂၅။ ခေါင်းအုံးနှင့် စလောင်းဖုံး
၂၆။ နာနတ်ယိုနှင့် ဖိနပ်တို
၂၇။ တောင်းစုတ်နှင့် မြောင်းပုပ်
၂၈။ ခြင်ထောင်နှင့် ယင်ကောင်
၂၉။ ဖက်ထုပ်နှင့် ကြွက်စုတ်
၃၀။ ၀က်အူသုတ်နှင့် စက္ကူစုတ်
အဲဒါတွေကိုတွဲမစားနဲ့နော် ... စားမိလို့ ဘာညာဘာညာဆိုရင်တော့ ခံစားရ မသက်သာဘူးတဲ့ ........
ဟဲ ... ဟဲ ... ဟဲ ... ရယ်မောနှစ်သက်နိုင်ပါစေ .....
(source)sheinwaenaung
_____________________________________
ဟီးဟီး .. ပိုစ့်လေးက အသေရီရလို့ ကိုနေမျိုးဆီက ခိုးထားတာ... သူရေးတာလား ဒူရေးတာလဲတော့သိဝူး... သိချင်သူ့သွားမေး.... စာဖတ်ပရိတ်သတ်ကြီး ကိုသတိပေးချင်တာကတော့ သော်ဇင်တစ်ယောက်တည်းကို ကော်ရည်ခေါက်ဆွဲနဲ့ မစားသင့်သလို.. နေမျိုးကိုလဲ ရွှေအိုးမပေးသင့်ပါဘူး.. ပေးချင် နှင်းဆီဖြူကို လာပေး.. ဟီးဟီး.. ဗယ်လင်တိုင်းစ်ဒေးမှာ ကောင်မလေးတွေ ငမ်းတဲ့ ပိုးဟပ်ကိုတော့ မိုးနတ်မင်းကြီးနဲ့ တိုင်မှာပါ.. မောင်သုညကတော့ ကြောင်ရုံမကပဲ ရူးနေပါတယ်ဆိုတာ သတင်းကောင်းပါးရင်း... နှင်းဆီဖြူ ကာတွန်းကား သွားကြည့်ပါတော့မယ်ရှန်....
နှင်းဆီဖြူ
Labels: Humor

လူဖြစ်ရတဲ့ ဒုက္ခ
"ဟိုပြောဒီပြော"
ဒီနေ့ အိမ်ပြောင်းမလို့ တစ်နေကုန် ပစ္စည်းတွေ သိမ်းနေရတယ်..မောလိုက်တာ.. အခုမှ ပြီးသလောက်ရှိလို့... အိမ်ကလေးလာကြည့်တာ... တူညားတေ ဘာတေလာအော်ထားလဲလို့... ခုတစ်လော ဘလော့ဂ်ဂါတစ်ချို့ ပျောက်နေတယ်... မမစောသီရိယုလဲ ပျောက်နေ၏... ဘလောဂ့်လာဖတ်ဖြစ်ရင် ရှိသေးကြောင်းလေး အော်သွားပါဦး... ^-^
အိမ်ပြောင်းမယ်ဆိုတော့မှ ချောင်ကျိုချောင်ကြားက ပျောက်နေတာတွေ အကုန်ပြန်တွေ့တယ် .. ဟီးဟီး.. ပျော်လိုက်တာ... နှင်းဆီဖြူက အရုပ်လေးတွေ အရမ်းကြိုက်ပါတယ်... အခု အိမ်ပြောင်းမယ်ဆိုတော့ ရှိသမျှ အရုပ်တွေ လိုက်သိမ်းတာ.. ၂၀ကျော်တယ်... အရုပ်အကြီး ၇ ရုပ်လောက်နဲ့ နည်းနည်းသေးတာ ၈ရုပ်လောက်.. ကျန်တာလေးတွေကတော့ ပိစိလေးတွေ.. ပျော်လိုက်တာ.. အကုန်ပြန်တွေ့တယ်...
စင်္ကာပူကိုလာမယ်ဆိုတော့ ရန်ကုန်က မခွဲနိုင်မခွာရက် ယူလာတဲ့ အရုပ်ကလေးတောင် တွေ့တယ်... အိမ်ပြောင်းရတာ မလွယ်ပါဘူး.. ပြောင်းဖူးတဲ့ သူတွေ သိမှာပါ... ခုလဲ လူကတော်တော်ကို မောနေပြီ... အဟင့်........
သြော် ... ဟိုသီချင်းလေးပဲ .. ညည်းချင်တော့တယ်....
"လူဖြစ်ရတဲ့ ဒုက္ခ!!!!!!"
နှင်းဆီဖြူ
Labels: e-diary, Humor

စာလုပ်နေသည်:P
နှင်းဆီဖြူလေး စာတွေ လုပ်ချင်ယောင်ဆောင်နေပါတယ်... ကွိကွိ.... ဒီနေ့တော့ စိတ်ကလေးနဲနဲ ကြည်နေတယ်.. သေလဲ မသေ ရူးလဲ မရူးတော့ပါဘူး..... ဟီးဟီး... မူးပဲ မူးတော့မယ်... အဲလေ... ရှုပ်ကုန်ပြီ... အစာစားတာ နဲလို့ အာဟာရပြတ်ပြီး ခေါင်းမူးတာပြောတာပါ... ခုလဲ မူးနေတယ်... အဟင့်... ရွှတ်ဖက်.... ကဗျာရေးမလိုလိုနဲ့ ပေါက်ကရပဲ ရေးတော့မယ် ဆိုပြီး... စာဖတ်သူများကို ရစ်မလို့... အဟီး.....
ပေါက်ကရဆိုတော့ ဘယ်နားက စပြောရင်ကောင်းမလဲသိဝူး....
မပြောတော့ဝူးကွာ... စိတ်ညစ်သွားပြီ... ဘယ်သူ့ကြောင့်လဲ ဆိုတာ လုပ်တဲ့ လူပဲသိမှာပေါ့...း(
တော်ပြီ... တွားမယ်... ညစ်တယ်.... အားးးးးးးးးးးးးးးးးးးး... နှင်းဆီဖြူပေါက်ကွဲနေတယ်.... T______T
လောကကြီးကို စိတ်နာတယ်... သူငယ်ချင်း သူငယ်ချင်းဆိုပြီး ...
ရစ်ရင် စကားမပြောချင်ဝူးဆို တဲ့ သူငယ်ချင်း အတုတွေကို စိတ်နာတယ်.....
ယနေ့ငါ တတိယ အကြိမ် သေတယ်....
ပျော်နေတာလေးတွေ တောင်ဘယ်ရောက်သွားမှန်းသိဝူး... ရီစရာ ပိုစ့် ကလေးတင် မလို့ပါဆို နှင်းဆီဖြူကိုယ်တိုင် ညစ်နေတယ်.... ဗြဲ.....
နှင်းဆီဖြူ
Labels: e-diary, Humor

ငါဟဲ့ မိန်းမ
ဟိုပြောဒီပြော ဟိုရောက်ဒီရောက် (၁)
ပြီးခဲ့တဲ့ စနေနေ့က နှင်းဆီဖြူတစ်ယောက် သူငယ်ချင်းတစ်သိုက်နဲ့ NYPMM Show သွားကြည့်ဖြစ်ပါတယ်... သွားကြည့်တော့ စ စ ဦးဆုံး နိုင်ငံတော်သီချင်းကို ပရိတ်သတ်အားလုံး မတ်တတ်ရပ်ကာ သတိအနေအထားနဲ့ ဆိုရပါတယ်.... သီချင်းလဲ ဆိုပြီးရော ပထမဆုံး သတိရတာ ငယ်ငယ်က တက်ခဲ့တဲ့ စမ်းချောင်း ၂ ဆိုတဲ့ ကျောင်းတော်ကြီးကိုပေါ့.....
နှင်းဆီဖြူ တစ်ယောက် ကျောင်းမှာ နိုင်ငံတော် သီချင်းတွေ ဇာတိမာန် သီချင်းတွေ ဆိုရတာကို လွမ်းနေပြီလို့ မထင်ပါနဲ့...း) ... ကျောင်းမှာ နိုင်ငံတော်သီချင်းဆိုခိုင်းရင် စားပွဲအောက်ဝင်ပြီး ထမင်းခိုးစားတာ သွားသတိရတာပါ.... ဟီးဟီး... အဲလို လိမ္မာတာ... ကျောင်းကလဲ မိန်းကလေးကျောင်းဆိုတော့ အကျင့်ပုပ် ယောက်ျားလေးတွေ မရှိတော့ ဘယ်သူမှ မတိုင်ပါဘူး... စားမှာပဲ... ဟိဟိ... ဒါနဲ့ ဘုရားရှိခိုးပြီးလို့ တရားငါးမိနစ် ထိုင်ခိုင်းရင် ခြောက်မိနစ်လောက် အိပ်ငိုက်ပါတယ်.... သမီး လိမ္မာလေးမှန်း သိပြီမလား.... ဒါတွေလုပ်ခဲ့လို့ အမျိုးမချစ်ဘူး.. ဘာသာရေးစိတ်ဓာတ် မရှိဘူးလို့တော့ မထင်ပါနဲ့ .... မြန်မာလူမျိုးကို ချစ်သလို မြတ်စွာဘုရားရှင်ကိုလဲ ကြည်ညိုပါတယ်..... ^__^ ....
NYPMM Show အကြောင်းပြောရမယ် ဆိုရင်တော့ ကောင်းပါတယ်လို့ပြောမှာပါ.... အားလုံး အားကြိုးမာန်တက် ကြိုးကြိုးစားစား အားသွန်ခွန်စိုက် နေ့ မအား ညမနား မိုးလင်းမိုးချုပ်.... NYP က မြန်မာ ကိုကို မမ မောင်လေး ညီမလေးများက မဖြစ်ဖြစ်အောင် လုပ်ထားတာ သိပ်ကောင်းပါတယ်လို့ပဲ ပြောချင်တယ်... MRT ကနေ Bus ထက်စီးရတာရယ်... လမ်းလျှောက်ရတာ တော်တော်လေး ဝေးတာရယ်... ရှူးရှုးပေါက်ပြီး ပြန်ဝင်လာရင် ticket အတင်းတောင်းကြည့်တော့ သူငယ်ချင်းဆီပေးထားတဲ့ ticket ကလေး ပြေးပြရတာရယ်ကို ဘယ်ပြောရက် မလဲနော်... သူတို့သွေးနဲ့ ချွေးနဲ့ ရင်းပြီး ဖြစ်အောင် စီစဉ်ပေးထားတာ... ပြောရက်ပါဘူး....
နှင်းဆီဖြူက အကောင်း သိပ်မြင်တတ်တာနော်... ဟွင်းဟွင်း.... အကောင်းမြင်တတ်တာလေး ပြောပြဦးမယ်.... ပိုလီနောက်ဆုံးနှစ်မှာ ကျောင်းသားကျောင်းသူတွေ ကျန်းမာကြံခိုင်ရေး အတွက် NAPFA Test ဆိုတာဖြေရပါတယ်... အားကစားလုပ်ခိုင်းတာပါ... အိပ်ထမတင်တို့ တာတိုကိုပစ္စည်းလေးကောက်ပြီး နှစ်ခေါက်ပြေးခိုင်းတာတို့ အပါအဝင် တစ်ခြားကစာနည်းလေး နည်းနည်းရယ်... တာဝေး အကြားကြီး ဘောလုံးကွင်း ဘယ်နှစ်ပါတ်မှန်းမသိ ပြေးခိုင်းပါတယ်... ငယ်ငယ်ထဲက ကျောင်းမှာ ကာယချိန် အားကစားလုပ်ရမယ်ဆို နေမကောင်းချင်ယောင်ဆောင်တတ်တဲ့ နှင်းဆီဖြူ... ဒီတခါတော့ သွားပြီပေါ့.... တစ်ကယ်လဲသွားတာပါပဲ... အိပ်ထမတင်မှာထဲက သတ်မှတ်ချိန် အတွင်း အရေအတွက် ပြည့်အောင်မလုပ်နိုင်လို့ ကျပါတယ်... အဟင့်.... =.= စိတ်ဓာတ်ကလေးလဲ အဲ့မှာတစ်ပါထဲ ကျသွားပါတယ်... ပြန်ကောက်လို့တောင်ရဘူး... တာတိုပြေးမယ်ဆိုရော မဖြစ်သေးပါဘူးဆိုပြီး... ငါဟဲ့မိန်းမ ဆိုပြီး အားကြိုးမာန်တက် ပြေးလိုက်တာ.. ဘိုင်းကနဲ လဲပြီး... ဒူးနှစ်ဖက်လုံးပြဲသွားတယ်ရှင့်.... T______T ကိုယ့်ကိုယ်ကိုတောင် သနားလာပြီ.... အဲမှာနောက်ဆုံး တားဝေးပြေးတာကြီး ပြေးခိုင်းတော့ဘူးရှင့်.... ပြေးလဲ ကျမှာပဲဟာ... မပြေးပဲကျတာပိုတန်တာပေါ့လို့ တွေးပြီး... NAPFA test ကျလဲပျော်ပျော်ကြီး... ဒူးနှစ်ဖက်လုံး ပတ်တီးကြီး အဖွေးသား .... စပ်ဖြီးဖြီးမျက်နှာနဲ့ ... အိမ်ပြန်လာတာပါ...း)
နှင်းဆီဖြူ၏ ယနေ့ဆောင်ပုဒ် ............ “ငါဟဲ့ မိန်းမ!!!!!”
နှင်းဆီဖြူ
Labels: e-diary, Humor

စွန်ငယ်
"စွန်ငယ်"
ခုတော့ ကိုယ်သိလိုက်တယ်...
ဒါဆို ကိုယ်အစက သိတာတွေက သိတာမဟုတ်သေးဘူးပေါ့...
ကိုယ်မသိတာ သိရတော့ သိတာတွေက ဘာမှမသိသေးတာမှန်း... ကိုယ်တော်တော်သိလိုက်ရတယ်..
.
ကိုယ်သိတာ အရေးမကြီးပါဘူး...
သူသိလားမသိလားတော့ မသိဘူး... ကိုယ်တော့ သိလိုက်ပါတယ်...
ကိုယ်သိတာတခုကတော့ ကိုယ်မသိတာတွေ သိလာတယ်ပေါ့...
ကိုယ်သိသိ မသိသိ မသိသေးတာတော့ အမှန်ဘဲ...
ကိုယ်ဘာလို့ ကိုယ့်ကိုကိုယ်သိတယ် ထင်တာလဲ စဉ်းစားလို့မရဘူး...
ကိုယ်သိလိုက်တာတော့ ကိုယ်ပိုသိလာတယ်....
ကိုယ်မသိသေးတာတွေ သိချင်ပါသေးတယ်...
ဒီလောက်သိတာနဲ့တော့ သိတာတွေလည်း မသိချင်တော့ပါဘူး...
ကိုယ်မသိတော့ ပိုမသိလာတာပေါ့...
နောက်ပြန်စဉ်းစားတော့ သိပ်မသိသေးဘူးဘဲ....
ကိုယ် သိသိသာသာ ဘာသိလဲတော့ မသိဘူး..
သေသေချာချာတော့ သိပ်မသိတာ သေချာတယ်...
နောက်ဆုံးသိခဲ့တာတော့ ကိုယ်က ကြိုးရှည်ရှည်ဆွဲထားတဲ့ စွန်လေးတစ်ခုဘဲတဲ့...
ဒါဆိုရင်တော့ ဘယ်တော့မှ ပြန်မလာတော့တဲ့ ဟိုးးးး အဝေးဆုံးကို လွင့်ထွက်တဲ့ စွန်လေးတစ်ခုဘဲ ဖြစ်ချင်တော့တယ်....
( စာသားလေးတွေ ကြိုက်လွန်းလို့ တင်လိုက်တာပါ... နှင်းဆီဖြူရေးထားတာလုံးဝ မဟုတ်ပါဘူး... နှင်းဆီဖြူရဲ့ သူငယ်ချင်းတစ်ယောက်ရေးထားတာပါ... ကြိုက်လွန်းလို့ မပြောပဲ ယူလိုက်မိတယ်... သူက ဘလော့ဂ်လဲ မရေးသလို နှင်းဆီဖြူ့ ဘလော့ဂ် ကိုလဲမသိပါဘူး.... အောက်ကဆက် ဖော်ပြမှာလေးကတော့ နှင်းဆီဖြူ ရေးတာပါ... ^___^ )
susan ရေ နင်မသိအောင် နင့်စာလေးကို ဒီမှာတင်လိုက်တယ်.... နင်မသိပေမဲ့ နင်သိလာတဲ့တစ်နေ့ကျ ငါကသိရက်သားနဲ့ နင်မသိအောင်လုပ်တယ်ဆိုပြီး အပြစ် မတင်အောင် နင်သိစေဖို့ ပြောလိုက်တာနော်... နင်သိသိ မသိသိ ငါကတော့ ဒီစာလေးကို ကြိုက်တယ်.... နင်သိတာ မသိတာ အရေးမကြီးပေမဲ့ .... နင်မသိပဲတင်မိတော့ ငါမကောင်းဖြစ်မှာစိုးလို့... နင်မသိအောင်ပဲ ဒီမှာကြိုတောင်းပန်ထားလိုက်တာ.. ဟီးဟီး....
နှင်းဆီဖြူ
Labels: Humor, ကဗျာ

ကြောင်ရောင်းရန်ရှိသည်
အရောင် - အဝါရောင် ဖျော့ဖျော့ အဖြူစပ်သည် (တရုတ်ကြောင်ပေါ့နော် အဟက်... :P)
အသက် - မပြောနိုင်ပါ (သတ်ချင် သတ်သွားလိုက် ပြောဘူး)
အကျင့်စရိုက် -
စကားတော်တော်လေး ပြောသည်။
ည ည ဂိမ်းဆော့တတ်သည်။
ထမင်းတစ်နေ့ နှစ်ခါ နှင့် မနက်ပိုင်းတွင် ကော်ဖီသောက်တတ်သည်။
မိုးရွာသောနေ့များတွင် ကော်ဖီတိုက်ရန် ပူဆာတတ်သည်။
မထင်ရင် မထင်သလို သခင်ကို ထ ကုပ်တတ်သေးသည်။ :P
ကာတွန်းကားများ ပြထားပါက စိတ်ပါဝင်စားစွာ ကြည့်တတ်သည်။
တန်ဖိုး - နှလုံးသားပူပူနွေးနွေး...
ကန့်သတ်ချက် - ဝယ်ယူလိုသော သခင်ကိုယ်တိုင်၏ အသစ်ချက်ချွတ် နှလုံးသားဖြစ်ရမည်.. ထိခိုက်ရှရာများ၊ အကွဲများ၊ အက်ရာများ အလိုမရှိ။
စုံစမ်းရန် - မြှားနတ်မောင်ထံတွင် စုံစမ်းမေးမြန်းနိုင်သည်။
နှင်းဆီဖြူ
Labels: events, Humor

side bar :(
စိတ်ညစ်လိုက်တာ… T~T ဘလောဂ့်လေး side bar မှာ သီချင်းလေးတွေထဲ့ချင်လို့ ဟာကို အဆင်ကို မပြေဘူး… ဟွန်း… ထည့်ချင်တဲ့ သီချင်းကို ရှာမတွေ့ရတာနဲ့ ဖွင့်လို့ မရတာနဲ့… နောက်ဆုံးတော့ လက်လျှော့လိုက်တယ်… ကိုယ့်ကိုယ်ကိုလဲ ဒီလောက် ပိန်းရလားလို့ အပြစ်တင်မိတယ်… T~T နောက်မှပဲ ထပ်ကြိုးစားပြီးရအောင်လုပ်ပါမယ်…း)
အခုအဲလို ပြဿနာတွေဖြစ်တော့ စာရေးချင်စိတ်က ကုန်သွားရော… ဒါပေမဲ့လဲ သြော် မရေးတာကြာတော့ ပရိတ်သတ်ကြီး လွမ်းနေတော့မယ် ဆိုပြီး (မလွမ်းလဲ လွမ်းတယ်လို့ လိမ်လိုက်ပါ.. နော်.. xD) စိတ်ညစ်ရတဲ့ အကြောင်းလေးထိုင်ရေးနေတာ… ဟီးဟီး…
ပြီးတော့ရှိသေးတယ်… စာလုပ်စရာ… သို့သော်လည်း ပျင်းရိမှုဒဏ်ကို တွန်းလှန်နိုင်စွမ်းက negative အနေအထားမှာ ရောက်နေသောကြောင့် စာမလုပ်ပဲ… ဘလောဂ့်ထိုင်ရေးနေခြင်းဖြစ်ပါတယ်…
ဒီဘလောဂ့်လေးကို လာဖတ်ကြတဲ့ သူငယ်ချင်းတွေကိုလဲ ကျေးဇူး အထူးတင်ရှိပါကြောင်း………
နှစ်သစ်ရောက်တော့မှာ ဖြစ်တဲ့အတွက် စိတ်သစ်ကိုယ်သစ်နဲ့ (ရည်းစားတော့အသစ်လုပ်နဲ့ နော် ဟွန့်… :P) ၂၀၁၀ ခုနှစ်ကို ပျော်ပျော်ပါးပါး (မော်တော်ကားကြီးနဲ့) ဖြတ်သန်းနိုင်ပါစေ လို့ ဆုမွန်ကောင်း တောင်းလိုက်ပါကြောင်း……
နှင်းဆီဖြူကတော့ နှစ်သစ် count down ကို အိမ်မှာ စားလိုက် အိပ်လိုက်နဲ့ ဆင်နွှဲဖို့ အစီအစဉ်ရှိကြောင်း……
သတင်းအစုံအလင်မှာ… တူနယ်တူနယ် တူနယ်တူနယ် တူနယ်တူနယ် ပြောင်… တူနယ်တူနယ် တူနယ်တူနယ် တူနယ်တူနယ် ပြောင်…
:P
:P
:P
:P
ပေါလိုက်တာနော်… ရုပ်ကလေးကချောသလောက်… မထင်ရဘူး…… :P xD
နှင်းဆီ မဖြူ့တဖြူ :P
(ဒီတစ်ရက်ကတော့ နဲနဲ ဆေးလှုပ်မသောက်မိလို့ ခွင့်လွှတ်ပေးလိုက်ကြပါရှင်… ) ^_____^V
Labels: e-diary, Humor

သူမအကြောင်း
“သူမအကြောင်း”
သူမအကြောင်း ပြောပြရရင်တော့ အများကြီးပဲပေါ့ဗျာ… သူမဆိုတာ ဘယ်သူဖြစ်ရမှာလဲ… ကျွန်တော် အရမ်းချစ်ရတဲ့ သူမပေါ့… သူမကို စတွေ့တဲ့နေ့က ကျွန်တော်မနက်စောစော လမ်းလျှောက်ထွက်ဖို့ စိတ်မပါတပါနဲ့ အိမ်ကထွက်လာတာလေ… ဟိုသီချင်းလေးထဲကလိုပေါ့… ဟဲဟဲ… “ကောင်းကင်ပြာပြာကြီးရဲ့အောက်မှာ… ကျွန်တော့်ချစ်သူကို စတွေ့ခဲ့…” … xD
သူမအဲ့ဒီနေ့က အရမ်းလှတယ်ဗျာ… သူမဝတ်နေကျ ဆွဲကြိုးအနက်ရောင်ကလေးက သူမရဲ့လည်တိုင်ဖြူဖြူလေးမှာ အထင်းသား… သူမရဲ့ဆံနွယ်ရွှေဝါရောင်လေးတွေက ပြေးလိုက်တိုင်း လေထဲမှာတလွင့်လွင့်နဲ့ ကျွန်တော့်နှလုံးသားနုနုလေးကို ဖမ်းစားသွားလိုက်တာ… ပြောရက်စရာ မရှိအောင်လှတဲ့သူမကို ကျွန်တော့်မှာ နာမည်လေးမေးကြည့်မိဖို့တောင် မဝံ့မရဲနဲ့… အခုဆိုသူမကိုချစ်ခဲ့တာ သုံးလကျော်ကျော် ရှိတော့မယ်… အခုထိ “သူမ” ဆိုတဲ့ နာမ်စားလေးနေရာမှာ အစားထိုးစရာ မရှိသေးဘူး… ကျွန်တော်ညံ့ပါတယ်… သူမရဲ့ စိမ်းဖန့်ဖန့် မျက်ဝန်းဝိုင်းဝိုင်းလေးတွေနဲ့ ကြည့်လိုက်ရင် ကျွန်တော့်မှာ အသက်ရှူတွေတောင် မှားပြီး ခြေမကိုင်မိ လက်မကိုင်မိနဲ့… ကျွန်တော်ကိုက အသုံးမကျတာ…
ဒီနေ့တော့ ကျွန်တော်မရ ရအောင်စကားပြောမယ်ဗျာ… ဟီးဟီး… အဲဒါကြောင့် မနက်အိပ်ရာနိုးထဲက ဂနာမငြိမ် ဖြစ်နေတာပေါ့… အိမ်ကလူတွေတောင် သတိထားမိပုံရတယ်… မနက်စာ နွားနို့သောက်ပြီးတာနဲ့ သတင်းစာ သွားကောက်ပြီး ဖတ်တာလဲမဟုတ်ပဲနဲ့… ဟိုယောင်ယောင် ဒီယောင်ယောင်လုပ်နေတာ… သူမလာခါနီး အချိန်လောက် မှန်းပြီး အိမ်ကနေ အပြေးကလေးထွက်လာမိတယ်…
ကောင်းကင်ကြီးက ဒီနေ့မှ ပိုလှနေသလိုပဲ… ဒီနေ့တော့ သူမနာမည်လေး မရ ရအောင်မေးရမယ်… သူမလာနေကျ လမ်းကလေးထဲကို ချိုးဝင်လိုက်တယ်… ရင်တွေခုန်လိုက်တာ… သူမ… သူမ… ဟင်… ?!?!?! … သူမအရမ်းရှက်သွားတယ်… မျက်နှာလေးကို ရဲလို့… ကျွန်တော်ကလဲ ကျွန်တော်ပဲ တိုက်တိုက်ဆိုင်ဆိုင် သူမရှူရှူးပေါက်နေတာနဲ့သွားတိုးတယ်… >_< … ကျွန်တော်ပြောချင်တဲ့စကားတွေအကုန် ဘယ်ရောက်သွားမှန်းမသိ ပျောက်ကုန်တယ်… သူမလဲ ရှက်ရှက်နဲ့ သူမသခင်ကို ပြီးပြီ ဆိုတဲ့သဘောနဲ့ ပြောလိုက်တယ် … “ဝုတ်ဝုတ်” တဲ့… သူမရဲ့ စိမ်းဖန့်ဖန့် မျက်ဝန်းဝိုင်းဝိုင်းလေးတွေကလဲ ရှက်ရှက်နဲ့ မျက်လွှာကလေးချလို့… ကျွန်တော် အနားကထွက်သွားတယ်… ဟင်း… ဒီနေ့လဲလွဲ ပြန်ပြီ… တစ်နေ့နေ့တော့ သူမကို ချစ်တဲ့အကြောင်းတွေ သူမ သိအောင်ပြောပြမှာပါဗျာ……
နှင်းဆီဖြူ
(ရယ်သောသူ အသက်ရှည်၏တဲ့ ဟီးဟီး… ပေါသောသူ အသက်ပို ရှည်၏ တဲ့ :P )
_______________________________________________________________
Labels: Humor, နှင်းဆီအတွေး
OLDER POST