
![]() |
အီး ဒိုင်ယာရီWednesday, June 30, 2010 | 3:46 PM |
နှင်းဆီဖြူ blog လေးတောင် မဖွင့်ဖြစ်တာကြာပါပြီ... လူကနေလောင်ထားတာကြောင့် စိတ်ဓာတ်ကျနေတာနဲ့ဘာမှကိုသိပ်မလုပ်ဖြစ်တာ... game နဲနဲပြန်ဆော့တာတောင် မကြာသေးပါဘူး.... နှင်းဆီဖြူ အဲလိုပြောတော့ မယုံကြပါဘူး.. နေလောင်တာလေးနဲ့ စိတ်ညစ်စရာလား ဆိုပြီး ထင်ကြပါတယ်.. ဟုတ်ပါတယ် တော်ရုံတန်ရုံနေလောင်တာ မဟုတ်လို့ပါ... 3 Dancing Queen and Prince Saysအခုဆို ဆေးရုံမှာ skin specialist နဲ့ကုနေရပါတယ်... အဲလောက်ဆိုးတာ..း(.... ခုတော့ တော်တော်သက်သာသွားပါပြီ... game တွေလဲ ပြန်ဆော့နိုင်ပြီ....း) .... အလုပ်လဲ လုပ်ရတော့မယ်...း) လူလဲခုမှစိတ်သက်သာရာ ရသွားတော့တယ်... နောက် နှင်းဆီဖြူ ဟင်းချက်ထားပါတယ်.. ချက်ထားတာတော့ ကြာပြီ... ပုံကဖုန်းထဲမှာပဲ သောင်တင်နေတော့.. ဘယ်သူ့မှ မကျွေးဖြစ်ဘူးဖြစ်နေတာ... စားကြပါ.. စားကြပါ.. ဟိဟိ.. ဒီဟင်းက ပထမဆုံး တစ်ယောက်ထဲချက်ထားတာပါ... ကွိကွိ.. စားကြနော်.... မကောင်းရင်လဲ ကောင်းတယ်လို့မှတ်ပြီး.. စားလိုက်ပါ.. :P ကြက်သားနဲ့ အာလူးပါရှင့်...း) တကယ်စားလို့ကောင်းတယ်... ကိုယ့်ဘာသာချက်လို့လာတော့သိဘူး... happy birthday :)Saturday, June 19, 2010 | 3:19 PM |
အသက် ၆၅ နှစ်မြောက်မွေးနေ့မှသည်... အသက်ရာကျော်ရှည်ပါစေ.... 1 Dancing Queen and Prince Saysတိုင်းပြည်နဲ့လူမျိုးအကျိုးကို ဒီထက်ပိုပြီးဆောင်ရွက်နိုင်ပါစေ....... လူတိုင်းလူတိုင်း လေးစားရိုသေရတဲ့ စံပြခေါင်းဆောင်တစ်ယောက် အဖြစ်ပြည်သူတိုင်းရဲ့ရင်ထဲမှာ စွဲကျန်နေမှာပါ...... လေးစားလျှက်........ နှင်းဆီဖြူ Labels: events Promise YouFriday, June 11, 2010 | 9:52 AM |
4 Dancing Queen and Prince SaysI will promise you I'll live with my eyes filled only you... I will promise you I'll live with my arms holding only you... from the moment I wake up to when I fall back asleep, I will yearn only for you...... Don't forget the words "I love you"... I love you forever.... On a hot summer day, I'll be you shade.... On a rainy day, I'll be you umbrella.... If you get tired while walking, I'll even be your chair..... When you laugh, I'll laugh with you... so that you can be twice as happy... :)) When you cry, I'll become a handkerchief... and wipe away the tears..... :(( I will promise you... I'll live with my eyes filled with only you..... (သီချင်းလေးက korea ကားတစ်ပုဒ်ကနေ ကြားဖူးတာပါ ကြိုက်လွန်းလို့ ကူးရေးထားတာ).. နှင်းဆီဖြူ Labels: music နှင်းဆီဖြူ ပေါက်စနလေး အကြောင်း သိကောင်းစရာWednesday, June 9, 2010 | 11:01 AM |
ပိုးဟပ်ကြီးက ပိုးဟပ်လေးတုန်းက အကြောင်းတွေရေးထားတာ ဖတ်ပြီး နှင်းဆီဖြူလဲ ငယ်ငယ်က တလွဲလေးတွေ ပြောပြချင်ပါတယ်...း) ရှက်စရာတွေရော ရီစရာတွေရော... ပျော်ရတာပေါ့ .... ဟုတ်ဘူးလား... 4 Dancing Queen and Prince Saysငယ်ငယ်တုန်းက အမေရော အဖေရော အလုပ်လုပ်တော့ နှင်းဆီဖြူ ကို ထိန်းတာ က အဒေါ်တွေ ဦးလေးတွေပေါ့ .... နှင်းဆီဖြူ ငယ်ငယ်က ရှူးရှူးပေါက်ရမှာ တော်တော်ပျင်း ဆိုပဲ... မာမီကပြောပြတာ...း) .. အဒေါ်တွေက ရှူးရှူးတယ် မယ်ဆိုပြီး ခေါ်ရင် အကြောက်အကန်ငြင်းတာ... မပေါက်ချင်ဘူး မပေါက်ချင်ဘူး ဆိုပြီး အော်တာ... ဒါနဲ့ အဒေါ်က အိမ်သာထဲ ခေါ်သွားပြီ “ရှူး”ဆိုပြီးလုပ်တော့ ရှူးရှူးတွေက ထွက်ကျကုန်တာပေါ့... အဲမှာ ပြဿနာက စတာပဲ... မျက်ရည်တွေရော နှပ်တွေရောကျလာပြီး အဒေါ်ကို ငိုပြီး ဂျီကျတယ်တဲ့.. ဘာပြော်တယ် မှတ်လဲ... “မပေါက်ချင်ပါဘူးဆိုနေ... ပြန်သွင်းပေး”တဲ့... ရီပါ .. ရီပါ... ဘယ်သူနဲ့ တွေ့တွေ့ ကိုယ့်သမီး ငယ်ကျိုး ငယ်နာဖော်ပြီး မာမီပြောပြောပြနေကျ...း( အဟင့်... နောက်တစ်ခေါက်လဲ ဒီလိုပါပဲ.. ဒီတခါ ကဦးလေး သူရှူးတယ်တာ မပေါက်လို့ သူက ကြောက်မလားဆို ခြောက်ကြည့်တာ... ဒီကလေး ပြောစကားနားမထောင်ဘူး ငါရိုက်လိုက်ရ ဆိုပြီး ခြောက်တော့... နှင်းဆီဖြူ က ဦးလေးကို ဘာပြန်ပြောတယ်မှတ်လဲ... “နင်တို့အိမ်မှာ ငါမနေဘူး... သွားမယ်” ဆိုပြီး အိမ်နောက်က တောင်ကုန်းလေးပေါ် တက်သွားလို့ နောက်က လိုက်ဆွဲရတယ်တဲ့.. ဟိဟိ.... သူတို့ပြောလို့သာ သိရတာ မှတ်တောင် မမှတ်မိပါဘူး... အဲလို ဂျစ်ကန်ကန်ကလဲ လုပ်သေးတယ်..... နောက်တစ်ခါကတော့ ဆေးတိုက်တာပါ.. နှင်းဆီဖြူရဲ့ ကြီးကြီး က နှင်းဆီဖြူ မူကြိုကျောင်းက ပြန်လာရင် ဆေးတိုက်ပါတယ် အားဆေးထင်တာပဲ ဘာဆေးလဲတော့ မမှတ်မိတော့ဘူး... ဆေးကတော့ capsule လေးနဲ့ ပြောင်ပြောင်ချောချောလေး... နှင်းဆီဖြူကလဲ ဂျစ်ကန်ကန်ဆိုတော့ မသောက်ဘူးပေါ့... ဟိဟိ... ဒါနဲ့ ကြီးကြီးခမျာ ဥာဏ်နီ ဥာဏ်ပြာတွေ ထုတ်ရတော့တာပေါ့... သူက ငှက်ပျောသီးကို အတုံးလေးတွေ တုံးပြီး ငှက်ပြောသီး အလယ်မှာ ဆေးလေးကို ထည့် နှင်းဆီဖြူကို လိမ်ပြီးကျွေးပါတယ်... ဟီဟီ... နှင်းဆီဖြူကလဲ ဘယ်ရမလဲ ငှက်ပျောသီးသာ သုံးလေးတုံး ကုန်သွားတယ်.. ဆေးကို ပြန်ပြန် ထွေးထုတ်လို့ နှင်းဆီဖြူ ကို ဆေးတိုက်တဲ့ ကြီးကြီးရဲ့ mission မအောင်မြင်လိုက်ပါဘူး... ငါကွ... ;P အဲ.. နှင်းဆီဖြူက ဆေးသောက်ရမှာတို့ ... ရှူးပေါက်ရမှာတို့သာ ဂျစ်ကန်တာနော်... အစားစားရမယ်ဆိုရင်တော့ လာထားပဲ.... တစ်ခါမာမီက နှင်းဆီဖြူ ရှေ့မှာ ပန်းကန် အလွတ်တစ်လုံးနဲ့ ဇွန်းတစ်ချောင်းချထားပြီး စားစရာ သွားယူတာ.. ပြန်လာတော့ ဘာမှ မရှိတဲ့ ပန်းကန်ကို ဇွန်းနဲ့ ထိုင်ပြီး ခပ်စားနေတယ်တဲ့.... ဟီးဟီး.... အဲလိုအစားကြီးတာ... ဘာပဲလာလာ စားမယ်ဆိုတာကြီးပဲ.... ငယ်ကျိုးငယ်နာလေးတွေလဲ ကုန်သလောက်ရှိပြီဆိုတော့.... တာ့တာပါရှင်... နောက်လဲ ငယ်ငယ်က အကြောင်းတွေ သတိရတာ ရှိရင် ရေးပါဦးမယ်... နှင်းဆီဖြူ Labels: e-diary လူရယ်လို့ ဖြစ်လာရင်......Monday, June 7, 2010 | 2:46 PM |
သွက်လက်လှုပ်ရှား 6 Dancing Queen and Prince Saysနုငယ်ပျော်ပါးနေတဲ့.... ငါ... တစ်နေ့နေ့တော့ အိုရမှာပဲ.... ရောဂါကင်းရှင်း သန့်စင်ကြည်လင်နေတဲ့.... ငါ... တစ်နေ့နေ့တော့ နာရမှာပဲ...... နှလုံးခုန်သံ တစ်ဒုတ်ဒုတ်နဲ့ လောကစည်းစိမ်တွေ ခံစားနေတဲ့.... ငါ... တစ်နေ့နေ့တော့ သေရမှာပဲ..... လိုတိုင်းတ တ,တိုင်းရ တောင့်တသမျှလိုအင် ပြည့်စုံနေတဲ့... ငါ.... တစ်နေ့နေ့တော့ မွဲရမှာပဲ.... မိဘဆွေမျိုး ချစ်သူ မောင်နှမ ချစ်ပြနေတဲ့ .... ငါ...... တစ်နေ့နေ့တော့ ကွဲရမှာပဲ....... နှင်းဆီဖြူ (ဇွန်လ ၆ရက် ၂၀၁၀ နေ့က ဟောခဲ့သော ထူကြီးဆရာတော် ဘုရား၏ တရားတော်ကို နာကြားရင်း တွေးမိတာလေးတွေ ရေးထားတာပါ... လူရယ်လို့ ဖြစ်လာခဲ့ရင် အိုရမယ် နာရမယ် သေရမယ် မွဲရမယ် ကွဲရမယ် အဲဒါတွေက သဘာဝအလျောက်ဖြစ်ပျက်နေတာဖြစ်လို့ ရှောင်ကြဉ်လို့ မရပါဘူး ဝမ်းနည်းနေလို့ မရပါဘူး ဆိုတာဟောခဲ့တာလေး ပြန်ကြားယောင်ရင်း... ရေးထားတာပါ...း) ) Labels: ကဗျာ နှင်းဆီအတွေးSunday, June 6, 2010 | 5:20 PM |
3 Dancing Queen and Prince Saysငါ ကြာကြာ မတောင်းဆိုပါဘူး.. ငါ့နေရာမှာ ငါးမိနစ်လောက်လာနေကြည့်ပါ... နင်သည်းခံခြင်းဆိုတာနားလည်လာလိမ့်မယ်.... လူတိုင်းလူတိုင်းမှာ သည်းခံမှုတွေနဲ့ ပြည့်နေရင်...... လူတိုင်းလူတိုင်းမှာ စွန့်လွှတ် အနစ်နာခံမှုတွေနဲ့ ပြည့်နေရင်.... လူတိုင်းလူတိုင်းမှာ သနားစာနာမှုတွေနဲ့ ပြည့်နေရင်.... လောကမှာ ခိုက်ရန်ဖြစ်ပွားခြင်းတွေရှိနိုင်ဦးမလား???? လောကမှာ မောက်မာ မော်ကြွားမှုတွေ ရှိနိုင်ဦးမလား???? လောကမှာ ဆာလောင်မွတ်သိပ်မှုတွေ ရှိနိုင်ဦးမလား???? အေးချမ်း သာယာမှုအတွက် ငါတစ်ယောက်ထဲ ပြောင်းလဲရုံနဲ့ မပြီးဘူးလို့ဆိုတာ မှန်ပါတယ်.... ဒါပေမယ့် ငါဟာ လောကထဲမှာရှိနေသ၍ လောကရဲ့ တစ်စိတ်တစ်ပိုင်းဖြစ်တယ်.... ငါ့ရဲ့ သည်းခံမှုဟာ.. လူတစ်ချို့ကို ပျော်ရွှင်မှုပေးနိုင်လိမ့်မယ်.... ငါ့ရဲ့ စွန့်လွှတ် အနစ်နာခံမှုဟာ.... လူတစ်ချို့ကို စိတ် (သို့မဟုတ်) ကိုယ်ချမ်းသာမှုပေးနိုင်လိမ့်မယ်... ငါ့ရဲ့ သနားစာနာမှုဟာ... လူတစ်ချို့ရဲ့ ဘဝကို ကယ်တင်နိုင်လိမ့်မယ်........ လောကကြီးနဲ့ ပတ်သတ်နေတဲ့ လူတိုင်းဆိုတဲ့ အများဆိုင်နာမ်ထဲမှာ မင်းရောငါရောပါတယ်ဆိုတာ ဘယ်တော့မှ မမေ့ပါနဲ့....... နှင်းဆီဖြူ Labels: နှင်းဆီအတွေး မျှဝေခံစားစေလိုသည်...(၂)Friday, June 4, 2010 | 9:37 AM |
အကယ်ေ၇ွ့ ရိုးသားခြင်းဟာ ထိခိုက်စေနိုင်တယ်ဆိုရင်မုသားကိုပဲေ၇ွးချယ်မယ်..... 0 Dancing Queen and Prince Saysအကယ်ေ၇ွ့ မုသားစကားဟာ ထိခိုက်စေမယ်ဆို၇င် ဆိတ်ဆိတ်နေခြင်းကိုေ၇ွးချယ်မယ်.... အကယ်ေ၇ွ့ ဆိတ်ဆိတ်နေခြင်းက ထိခိုက်စေမယ်ဆို၇င် ခွဲခွာခြင်းကိုေ၇ွးချယ်မယ်........ အကယ်ေ၇ွ့ ဆုံးရှုံးခြင်းကို ဒုက္ခလို့ဆို၇င် မင်းပေးဆပ်၇မှာကိုကြောက်နေသလား ????? အကယ်ေ၇ွ့ စွဲလမ်းခြင်းက ဒုက္ခဆို၇င် မင်းပြီးဆုံးခြင်းကိုေ၇ွးချယ်မလား????? အကယ်ေ၇ွ့ ၇၇ှိအောင်ကြိုးစားခြင်းကို ဒုက္ခဆို၇င် မင်းတယူသန်ဖြစ်ခြင်းကိုေ၇ွးချယ်မလား ????? အကယ်ေ၇ွ့ ခွဲခွာခြင်းဟာဒုက္ခဆို၇င် မင်းဘယ်သူကို၇င်ဖွင့်မလဲ ?????? Labels: မျှဝေခံစားခြင်း မျှဝေခံစားစေလိုသည်...(၁) | 9:16 AM |
နှင်းဆီဖြူရဲ့ email ထဲက fwd mail လေးတွေထဲမှာ နှင်းဆီဖြူ ကြိုက်တာလေးတချို့ကို ဒီ label လေး အောက်မှာ post လုပ်သွားမယ်လို့ စိတ်ကူးထားပါတယ်... နှင်းဆီဖြူ ရေးတာ မဟုတ်ဘူးဆိုတာသိစေလိုပါတယ်... 1 Dancing Queen and Prince Says“အကယ်ရွေ့ မင်းတယောက်သောသူကိုမချစ်တော့ဘူး ဆို၇င်လမ်းခွဲံလိုက်ပါ သူများကသူကိုချစ်ဖို့အခွင့်အေ၇း ပေးလိုက်ပါ.... အကယ်ေ၇ွ့မင်းချစ်သူကမင်းကိုထားသွား၇င်စိတ်လျော့လိုက်ပါ တခြားတယောက်ကိုချစ်ဖို့အခွင့်အေ၇း၇တာပေါ့.... တချို့ပစ္စည်းကို မင်းဘယ်လောက်ကြိုက်ကြိုက် မင်းအတွက်ဖြစ်ချင်မှဖြစ်မှာ.... တချို့ပစ္စည်းကို မင်းကြိုက်နေလည်း စွန့်လွှတ်ချင်စွန့်လွှတ်၇မယ်.... ဘ၀မှာအမျိုးမျိုး၇ှိတယ်ေ၇စက်ရှိတိုင်း ပိုင်ဆိုင်ရယူနိုင်မယ်လို့ မဆိုလိုဘူး။ တချို့ေ၇စက်ဆိုတာ ဆုံးရှုံး၇တာပဲ... တချို့ကျတော့ ဘယ်တော့မှ၇လာဒ်ကောင်းမ၇နိုင်ဘူး... လူတယောက်ကိုချစ်ခွင့်ရရုံနဲ့ ပိုင်ဆိုင်ဖို့ဆိုတာ မသေချာဘူး ... ဒါပေမဲ့တယောက်ယောက်ကို ပိုင်ဆိုင်ပြီး၇င်တော့ ကောင်ကောင်းလေးသူ့ကိုပြန်ချစ်ပါ...” အမည်မသိတစ်ယောက်ယောက်ေ၇းသားသည်......း) Labels: မျှဝေခံစားခြင်း |