
![]() |
း)Thursday, July 29, 2010 | 8:48 PM |
ဒီနေ့ နဲနဲအားတာနဲ့ သီချင်းဆိုထားတယ်.. ဟိဟိ... စာသိပ်မရေးနိုင်တာ ခွင့်လွှတ်ကြပါလို့... ခေါင်းကတော်တော်ပင်ပန်းနေတာနဲ့ ခေါင်းသုံးတဲ့ အလုပ်မလုပ်ချင်လို့ သီချင်းတွေပဲ လှိမ့်ဆိုနေတာ.. 3 Dancing Queen and Prince Saysဒီသီချင်းလေးကို ကြားဖူးတဲ့သူတွေလဲ ကြားဖူးကြမှာပါ... ဟိုးအရင်တုန်းက နာမည်ကြီးခဲ့တဲ့ သီချင်းလေးပါ... နှင်းဆီဖြူက သီချင်းမျိုးစုံကြိုက်တတ်တော့ ဒီသီချင်းလေးကို တီလုံးမပါပဲ ဆိုထားတာပါ.... သံစဉ်မပါတဲ့သီချင်းလေးတွေက တစ်ခါတစ်လေ သဘာဝပိုကျတယ်လို့ ထင်မိတယ်... ကောင်းကင်ကြီးကို ကြည့်ရင်းညည်းမိလေ့ရှိတဲ့ သီချင်းလေး တစ်ပုဒ်ပေါ့.... သီချင်းလေးရဲ့ စာသားလေးတွေလဲ အရမ်းကောင်းပါတယ်.... မျက်လုံးလေးမှိတ်ပြီး ခံစားလိုက်ရင် သက်တန့်ခုံးခုံးကြီး မျက်စိတစ်ဆုံးရှိနေတဲ့ ကောင်းကင်ပြာပြာကြီးက ငှက်ကလေးတွေ ကိုတွေ့နေရသလိုပဲ..... ဘယ်တော့ နားထောင် နားထောင် မရိုးတဲ့သီချင်းလေးပါ... နားသောက ဆင်သွားကြပါဦး.. နော်.. ကွိကွိ နှင်းဆီဖြူ somewhere over the rainbow | Upload Music Labels: music ချစ်ခြင်းရူပနိယာမMonday, July 26, 2010 | 10:25 PM |
8 Dancing Queen and Prince Saysနယူတန်ရဲ့ ပထမ ရွေ့လျားခြင်း နိယာမလိုပဲ... ငါ့ရဲ့ uniform motion နဲ့ ရွေ့လျားနေတဲ့.. ဘဝလေးဟာ “နင်” ဆိုတဲ့ external force ကြောင့်.. မတည်မငြိမ်ဖြစ်ခဲ့ရတယ်.... ပန်းသီးကြွေတာဟာ ကမ္ဘာဆွဲအားကြောင့်ဆိုရင်... ငါ့ရဲ့နှလုံးသားကို ကြွေကျအောင်လုပ်နိုင်တဲ့.. “နင့်”မှာလဲ ဆွဲအားပြင်းပြင်းရှိလို့လားလို့.. နယူတန်နဲ့တွေ့ရင် မေးကြည့်ချင်တယ်..... ဒါပေမယ့်လဲ “နင်”ရယ်.... action တိုင်းရဲ့ ဆန့်ကျင်ဘက်ကိုဦးတည်နေတဲ့.. reaction ရှိနေတယ်ဆိုတဲ့ တတိယနိယာမကြောင့်... ငါတို့ဝေးကြရတယ်လို့ပဲ ဖြေသိမ့်လိုက်တော့မယ်.... နှင်းဆီဖြူ Labels: ကဗျာ နှင်းဆီသံစဉ် - my immortalWednesday, July 14, 2010 | 3:20 PM |
ဒီသီချင်းလေးကတော့ နှင်းဆီဖြူ အမြဲတမ်းကြိုက်တဲ့သီချင်းလေးတွေ ထဲကတစ်ပုဒ်ပါ... 4 Dancing Queen and Prince Saysevanescence ရဲ့ my immortal ဆိုတဲ့သီချင်းလေးပါ... အတတ်နိုင်ဆုံးကြိုးစားဆိုထားပေမယ့် အဆိုတော်လောက်တော့ ဘယ် ကောင်းမလဲနော်... mic ကလဲသိပ်မကောင်းတော့ ဟိဟိ... နားပိတ်ပြီးနားထောင်ကြည့်ပေါ့.. :PPPP မူရင်းသီချင်းကိုတော့ Youtube မှာနားထောင်လို့ရပါတယ်.... အောက်က ကဗျာလေးကတော့ သီချင်းလေးထဲက နှင်းဆီဖြူကြိုက်တဲ့ စာသားတစ်ချို့ကို နဲနဲပြင်ပြီး ပြန်ရေးထားတာပါ.... "နင်... ငါ့အနားက ထွက်သွားမယ်ဆို ငါ့ကိုဘာမှမပြောပဲ ထွက်သွားလိုက်ပါ...ချစ်သူ... နင် ထွက်သွားလဲ ငါ့အတွေးတွေထဲမှာ ငါ့အနားက နင်ထွက်သွားမှာ မဟုတ်ဘူး..... ငါ့နှလုံးသားက အနာက ဘယ်တော့မှ ကျက်မှာ မဟုတ်တော့သလို.. အချိန်ဆိုတာ အရာက တိုက်စားလို့ မရတဲ့ အရာတွေ ရှိတယ်ဆိုတာ ငါသိလိုက်ရတယ်.... နင်ငိုတဲ့အခါ ငါနင့်မျက်ရည်တွေ သုတ်ပေးခဲ့ဖူးတယ်.... နင့်ကြောက်စိတ်တွေကို ငါ့အားပေးမှုတွေနဲ့ တိုက်ထုတ်ခဲ့ဖူးတယ်.... ငါတို့နှစ်ယောက်လက်တွေတွဲလို့ လမ်းအတူလျှောက်ခဲ့ဖူးတယ်... ဘာလို့များ နင်မရှိတော့ဘူးဆိုတာ ငါအခုချိန်ထိ လက်မခံနိုင်သေးတာလဲ... ငါ့အတွေးတွေထဲမှာ နင်အမြဲရှိနေတာတောင်.. ငါဘာလို့ အရမ်းအထီးကျန် နေတာလဲ... " my immortal_emodoll | Upload Music နှင်းဆီဖြူ Labels: music, ကဗျာ, မျှဝေခံစားခြင်း catch a falling star | 2:32 PM |
1 Dancing Queen and Prince Sayscatch a falling star_emodoll | Music Codes ပျင်းလို့သီချင်းတွေဆိုနေတယ်.... ဟီး မဖြစ်နိုင်မှန်းသိပေမယ့် တစ်ခါတစ်လေတော့လဲ ကြွေကျလာတဲ့ ကြယ်လေးတွေကို ဖမ်းကြည့်ချင်မိတယ်... <3 <3 <3 Labels: music လမ်းခွဲ...Wednesday, July 7, 2010 | 12:51 PM |
နင့် ရဲ့ ကျောပြင်ကို ကြည့်ရင်း 7 Dancing Queen and Prince Saysရင်ဘက်ဟောင်းလောင်းနဲ့ ကျန်ခဲ့တဲ့ငါ.... နင် နင်းခြေသွားတဲ့ ငါ့နှလုံးသားကတော့ လမ်းမပေါ်မှာ ဟက်တက်... မိုးကလဲ ငါနဲ့ အပြိုင် ငိုနေတာလား... ငါ့မျက်ရည်တွေကို ဖုံးကွယ်ပေးနေတာလား.... အဲဒီနေ့မှာပဲ တစ်စဆီကြေနေတဲ့ ငါ့နှလုံးသားလဲ မိုးရေတွေနဲ့ အတူ ပျောက်ဆုံးသွားတယ်..... နှင်းဆီဖြူ Labels: ကဗျာ မိုးနှင့် နှင်းဆီSunday, July 4, 2010 | 12:37 PM |
ဒီရက်ပိုင်း မနက်တိုင်းလိုလိုမိုးရွာပေမယ့်.. ဒီနေ့မနက် မိုးမရွာတော့ မိုးကိုလွမ်းသလိုလိုကြီးဖြစ်နေတယ်.. မိုးအေးအေးလေးနဲ့ သောက်နေကျ ကော်ဖီလေးတောင် အရသာမရှိတော့သလိုပဲ.... 2 Dancing Queen and Prince Saysမိုးအကြောင်းပြောမိတော့ ငယ်ငယ်က မိုးရွာရင် အရမ်းမုန်းခဲ့တာ... ကျောင်းဆင်းခါနီးရင် မိုးကရွာပြီ.. နှင်းဆီဖြူတို့ ကျောင်းက ညနေ ၃နာရီ ၄၅မိနစ်ဆိုဆင်းပါတယ်.. မိုးရာသီ ကျောင်းစဖွင့်ခါစ ၃နာရီခွဲလောက်ဆို မိုးကရွာပြီ.. အချိန်မှန်ရွာတဲ့မိုးကို နှင်းဆီဖြူ မုန်းခဲ့မိတယ်.. ကျူရှင်ကိုကျောင်းကနေ လမ်းလျှောက်သွားရတာကြောင့် ကျူရှင်ရောက်ရင် air con နဲ့ မိုးရေတွေနဲ့ ချမ်းတာရော.. ရေစိုစိုကြီးနဲ့ စာသင်ရတာ မကြိုက်တာရောကြောင့်ပါ..... ခုတော့လဲ အဲဒီအချိန်လေးတွေကိုပြန်သတိရမိတယ်.... မိုးနဲ့ပတ်သတ်ရင်တော့ သတိရစရာတွေ အများကြီးပါပဲ.... မိုးရွာထဲမှာ ငိုခဲ့ရတာတွေလဲရှိတယ်.... ပျော်ခဲ့ရတာတွေလဲ ရှိတယ်... ဆုံတွေ့ခဲ့တာတွေလဲ ရှိသလို ခွဲခွာခဲ့ရတာတွေလဲ ရှိခဲ့ပါတယ်...း)မိုးကိုမုန်းခဲ့တာတွေရှိလို ချစ်ခဲ့တာတွေလဲရှိတယ်.... အခုတော့လဲ အားလုံးပြီးသွားပြီမို့.... ပြတင်းပေါက်ဘောင်ပေါ် တစ်ဖောက်ဖောက်ကျနေတဲ့ မိုးစက်လေးတွေကို ကြည့်ရင်း... ကော်ဖီပူပူလေးသောက်ခွင့်ရတဲ့မိုးကိုပဲ လွမ်းနေမိတယ်...း) ပြောစရာလဲကုန်သွားပြီမို့သူများကို ဒုက္ခပေးပါတော့မယ်.. ပိုးဟပ်လေး. ကိုသော်ဇင်. လမင်းတာယာ နဲ့ candy ကိုအကြိုက်ဆုံးရာသီဥတုလေးနဲ့ ဘာကြောင့်ကြိုက်ရတယ်ဆိုတဲ့ ဘယ်လို လွမ်းစရာလေးတွေရှိခဲ့ဖူးတယ်ဆိုတာရယ် ရေးပေးဖို့ tag လိုက်ပါတယ်... ဒန်တန်တန်... ပိုးဟပ်ကြီးနဲ့ ကိုသော်ဇင်ကို tag ရတာကတော့ စာအသစ်မတင်လို့ပါ... သူများblog ကျ စာရေးပျင်းသလေးဘာလေး လာအော်ပြီ သူတို့လဲ စာမရေးတာကြာပါပြီ... ရေးပေးကြနော်... :) တာ့တာ နှင်းဆီဖြူ Labels: နှင်းဆီအတွေး နှင်းဆီသံစဉ်Saturday, July 3, 2010 | 12:35 PM |
နှင်းဆီဖြူ သီချင်းဆိုကြည့်ထားပါတယ်... အရင်ကလို online မှာ record လုပ်တာ မဟုတ်ပဲ... audacity ဆိုတဲ့ software တစ်ခုနဲ့ record လုပ်ကြည့်ထားတာပါ... သီချင်းကိုသေချာနားထောင်ရင် နှင်းဆီဖြူ အစ်မ အသံကြားရမယ်ထင်တယ်.. ဟီးဟီး... software download လုပ်ပြီးတာနဲ့ မစောင့်နိုင်တော့လို့ သူဖုန်းပြောနေပေမယ့် သီချင်းဆိုလိုက်တာ... ဝါသနာ ဝါသနာ... ဟီးဟီး... နားဆောင်ကြည့်ကြပါ... :) မဆိုခင် နှစ်ခေါက်ထဲ ကျင့်ထားတော့ တစ်ချို့နေရာလေးတွေ ဆိုထားတာ သိပ်မကောင်းတာရှိပေမယ့် ခွင့်လွှတ်ပေးပါနော်.... အားပေးနေတဲ့ သူငယ်ချင်းတွေအားလုံးကို ကျေးဇူးပါလို့... ကွိကွိ 1 Dancing Queen and Prince Saysonly hope_emodoll | Upload Music နှင်းဆီဖြူ Labels: music နှင်းဆီသံစဉ်Thursday, July 1, 2010 | 11:38 AM |
နှင်းဆီဖြူက သီချင်းပေါင်းစုံကြိုက်တတ်တာ သိကြမှာပါ... ဒီသီချင်းလေးကလဲ Rap သီချင်းလေး တစ်ပုဒ်ပါ Rap အပိုဒ်တွေကို Eminem ကဆိုထားပြီး Rihanna က featuring ဆိုပေးထားတာပါ... နှင်းဆီဖြူ rapper တွေထဲမှာ eminem ကိုသိပ်မကြိုက်ပါဘူး.. တချို့သူ့သီချင်းတွေ တော်တော် ကောင်းမှ ကြိုက်ပါတယ်.. Rihanna ကတော့ ဘာသီချင်းဖြစ်ဖြစ် သူ့အသံကို ကြိုက်လွန်းလို့ကို ကြိုက်တာပါ...း) ဒီသီချင်းမှာလဲ Rihanna ဆိုထားတဲ့ နေရာလေးကို အရမ်းကြိုက်လို့ တင်လိုက်တာပါ... 0 Dancing Queen and Prince Says" Just gonna stand there and watch me burn~~~ but that's alright because i like the way it hurts~~~ Just gonna stand there and hear me cry~~~ but that's alright because i love the way you lie~~~~ i love the way you lie~~~ " လူတစ်ယောက်ကိုချစ်မိပြီဆိုရင် အဲလိုပဲလား... နာကျင်ခံစားနေရတာကို ကျေနပ်နေတာ အချစ်လား... အဲဒီလူဘာလုပ်လုပ် ဘယ်လောက်ပဲ ကိုယ့်ကို စိတ်ဆင်းရဲအောင်လုပ်လုပ်... အလိုလို ခွင့်လွှတ်တတ်နေတာ အချစ်လား... အဲဒီလို အချစ်မျိုးတွေရော လောကကြီးမှာ တကယ်ရှိလား.... နှင်းဆီဖြူ Labels: music, နှင်းဆီအတွေး |