
![]() |
သင်သေသွားသော်Friday, August 27, 2010 | 9:43 PM |
3 Dancing Queen and Prince Says သြော် လူ့ပြည်လောက၊လူ့ဘဝကား အိုရနာရ၊သေရဦးမည် မှန်ပေသည်တည့်။့် သို့ တပြီးသား၊ သင်သေသွားသော် သင် ဖွားသောမြေ၊ သင်တို့မြေသည် အခြေတိုးမြင့်၊ ကျန်ကောင်းသင့်၏။ သင်၏မျိုးသား၊ စာစကားလည်း ကြီးပွားတတ်မြင့်၊ ကျန်ကောင်းသင့်၏ သင်ဦးချ၍၊ အမျှဝေရာ စေတီသာနှင့် သစ္စာအရောင် ဥာဏ်တန်ဆောင်လည်း ပြောင်လျက် ဝင်းလျက် ကျန်စေသတည်း။ ဇော်ဂျီ(အိုးဝေမဂ္ဂဇင်း ၁၉၃၅) ဒီနေ့တော့ ဒီကဗျာလေးကို မှတ်မှတ်ရရ စဉ်းစားရေရွတ်နေမိတယ်... ကဗျာလေးတစ်ပုဒ်လုံး အနှစ်သာရရှိလိုက်တာလို့... ငါမသေခင်ရော... ဒီကဗျာလေးထဲကလို လုပ်နိုင်ပါ့မလား.... Labels: ကဗျာ, မျှဝေခံစားခြင်း, နှင်းဆီအတွေး ခေါင်းကြီးပြိတ္တာMonday, August 16, 2010 | 11:32 AM |
ဒီနေ့ညမှ ကိုဘမောင် တစ်ယောက် ကျောချမ်းနေလေသည်... အရင်နေ့တွေက ဟိုဘက်ရွာက ပြန်လာရင် ဒီလောက် နောက်မကျ... ဒီနေ့မှ လုပ်စရာလေးတွေက မပြီးတော့ နဲနဲ ညနက်သွားသည်... ရွာကိုရောက်ဖို့ကလဲ ညဘက်လော်ရီကားကြီးတွေ မှီအောင်ပြန်ရမည်.. ညကလဲ နက်နေပြီ... သချိုင်းထဲမှ ဖြတ်ပြန်မှသာ ညကားမှီမည်မို့.. ကိုဘမောင် ဘာမှ မတတ်နိုင်... ခြေလှမ်းကို ခပ်သွက်သွက် လျှောက်နေမိသည်... သချိုင်းနားရောက်ခါနီးတော့ ကိုဘမောင် အတွေးစုံဝင်လာလေသည်... ဘာကြောင့်မှန်း မသိ အနောက်က တစ်စုံတစ်ယောက်လိုက်လာသလိုလို ခံစားနေရသည်... 1 Dancing Queen and Prince Saysအနောက်သို့ လှည့်မကြည့်ရဲသဖြင့် ခြေလှမ်းကို ကျဲနိုင်သမျှကျဲအောင် လျှောက်ရင်း ကားဂိတ်သို့ ရောက်ဖို့သာ စိတ်လောနေမိသည်.. နောက်ကလိုက်လာသည့် ခြေသံကလဲ.. သူမြန်ရင် မြန်လာသည်.. သူနှေးရင် နှေးသွားသည်... ကိုဘမောင်နောက်မှ ထပ်ကျပ်မကွာလိုက်လာလေသည်... ချမ်းစိမ့်နေတဲ့ လမိုက်ည အေးအေးမှာ ကိုဘမောင် တစ်ယောက် ချွေးစေးတွေ ပြိုင်းပြိုင်းကျနေလေတော့သည်... နောက်ဆုံးတော့ အရဲစွန့်ပြီ ကိုဘမောင် ခြေလှမ်းရပ်ကာနောက်လှည့်ကြည့်လိုက်မိသည်... ပါးစပ်ကလဲ ရသမျှ ဘုရားစာစုံအောင် ဗလုံးဗထွေး ရွတ်ရင်းနောက်ကလိုက်လာသူကို ကြည့်လိုက်တော့... ပုပုသေးသေး ခန္ဓာကိုယ်လေးကို တွေ့ရသည်... လက်ကလေး ခြေကလေးများလဲ သေးသေးလေးပင်.. သို့သော် ခေါင်းကြီးမှာ ခန္ဓာကိုယ်နှင့် နှိုင်းယှဉ်လျှင် အဆမတန် ကြီးနေလေသည်... ကိုဘမောင်၏ခေါင်း လေးလုံးခန့်စာလောက်ပင်ရှိမည်... ကိုဘမောင်လဲ ကတုန်ကယင်ဖြင့်ဘာလုပ်ရမှန်းမသိ... နောက်ဆုံးတော့ ကြောက်ကြောက်နှင့် ဘုရားစာရွတ်ကာ ထိုပြိတ္တာဆန်ဆန် အကောင်ကို လက်သီးဖြင့်ထိုးကာ ထွက်ပြေးလာလေတော့သည်... ကြောက်ကြောက်နှင့်မို့ ဘယ်နှစ်ချက်ထိုးခဲ့မိသည်မသိ.... ကားဂိတ်ရောက်သည်အထိသူ့ အဖြစ်သူတွေ့ကြည့်ကား ထိတ်လန့်နေဆဲ... ပြန်တွေးကြည့်တော့လဲ.. ထိုအကောင်ကြီး၏ ခေါင်းမှာ သာမှန်မဟုတ် မာမာကြီးဖြစ်နေသည်ကို သတိထားမိသည်... ဘာအကောင်ကြီးဖြစ်ဖြစ် အမျှအမျှအမျှဟုလဲ အထပ်ထပ် ရွတ်နေမိသည်... ကားဂိတ်တွင် လူရှိနေ၍တော်သေးသည်... ကိုဘမောင်တို့ ရွာချင်းနီးနားရွာက မောင်ခွေး... သူလဲ ကားစောင့်နေပုံရသဖြင့် ကိုဘမောင် တစ်ယောက်တည်းမဟုတ်ဟု နဲနဲ ကြောက်စိတ်ပြေသွားသည်.. ဘာပဲ ဖြစ်ဖြစ် တစ်ခုခုဆို နှစ်ယောက်ရှိတယ် မဟုတ်လား...း)... “ဟေ့ကောင်.. သာအေးနောက်ကျလှချည်လားကွ” မောင်ခွေး ၏နှုတ်ဆက်သံကြောင့် ကိုဘမောင် ရောက်လာသူကို လှည့်ကြည့်လိုက်မိသည်.. မောင်ခွေးတို့ နဲ့ တစ်ရွာတည်းဖြစ်ပုံပေါ်သည်... အသက်ငယ်ငယ်နဲ့ ကလေးသာသာအရွယ်လေးသာ.. ဒီအချိန်ကြီးထိ အလုပ်လုပ်နေရရှာသည်... သူတို့ဘဝလေးတွေ တွေးမိတော့ သနားမိသလိုလို... “ဟုတ်တယ် ကိုကြီးခွေး.. ကျနော်လဲ ဒီနေ့ အမေ နေမကောင်းလို့ နောက်နေ့ ဆေးဖိုးရအောင်ဆိုပြီး ပဲပင်ပေါက် မကုန်မချင်းလိုက်ရောင်းနေတာ နဲနဲ မိုးချုပ်သွားတယ်ဗျာ” သြော်မိဘကျေးဇူးသိတတ်ရှာတယ်... ဒီလိုသားလေး ကြီးပွားဦးမယ်ဟု စိတ်ထဲက ကြိတ်ပြီး ကြည်နူးနေမိသည်...း) “ဒါပေမယ့် ကျနော်ဒီနေ့ကံမကောင်းပါဘူးဗျာ.. ညနက်လာလို့ ကြောက်ကြောက်နဲ့ သချိုင်းနားက ဖြတ်တုန်း.. လူကြီးတစ်ယောက်တွေ့တာနဲ့ အားကိုးပြီး သူ့နောက်က လိုက်လာတာ ဘယ်သူမှန်းမသိတော့ ကျနော်လဲ စကားမပြောရဲဘူးဗျ ကျနော်တို့ရွာကလဲ ဟုတ်ပုံမရဘူး.. ဒါနဲ့ သူနောက်က ကပ်လိုက်လာတာ ဒီနားရောက်မှ နောက်လှည့်ပြီး ကျနော်ရွက်ထားတဲ့ ပဲပင်ပေါက်တောင်းကိုရော ကျနော့်ပါထိုးပြီး.. ထွက်ပြေးသွားတယ်ဗျာ ... တော်သေးတယ်.. ဈေးရောင်းလို့ ရလာတဲ့ ပိုက်ဆံလေးတွေ လုမသွားတာ.. ” ဟင်... ဒါဆို... ဒါဆို.. ငါထိုးခဲ့တဲ့ အကောင်ကြီးက... @____@ နှင်းဆီဖြူ (ကြားဖူးနားဝ သရဲဟာသလေးတစ်ခုပြန်ပြောပြတာပါ.. နဲနဲ ပြန်ပြီး ဖတ်လို့ကောင်းအောင်ရေးထားတာ... တစ်ခါတစ်လေတော့ လည်း ကြောက်စိတ်ဆိုတာ ကိုယ့်ကို ပြန်ခြောက်သွားတာပါပဲ... ) တောင်းပန်ခြင်းSaturday, August 14, 2010 | 10:11 AM |
နှင်းဆီဖြူ ဒီရက်ပိုင်း စာသိပ်မရေးနိုင်တဲ့ အချိန်မှာ ဖတ်စရာ မရှိတဲ့ ဘလောဂ့်ကလေးကို ဖုံလေးလာသုပ်လိုက်.. သီချင်းလေး နားထောင်လိုက်... c box မှာလာအော်လိုက် ... အမျိုးမျိုး လာအားပေးကြတဲ့ သူငယ်ချင်းတွေ အကုန်လုံးကို ကျေးဇူးတင်ပါတယ်.... အဲလို လာအားပေးတဲ့လူရှိမှလဲ စာဆိုတာ ရေးချင်တာ.. မဟုတ်ရင် ကိုယ်တစ်ယောက်ထဲ စကားတွေ ပြောနေရသလိုပဲ... အားငယ်တယ်... T___T .... နှင်းဆီဖြူ လဲ အလုပ်သွားလိုက်.. ပြန်လာလိုက်.. ရုပ်ရှင်ကြည့်လိုက်.. facebookလိုက်... ရန်ကုန်က မာမီတို့နဲ့ ဖုန်းပြောလိုက်နဲ့ အလုပ်ရှုပ်နေတာ.. ဘလောဂ့်ကလေးရေးချင်ပေမယ့် ပျင်းပြီး မရေးဖြစ်ဖူး ဖြစ်နေတယ်... 1 Dancing Queen and Prince Saysဒီနေ့တော့ သူငယ်ချင်းတစ်ယောက်ပို့တဲ့ သရဲ ဇာတ်လမ်းလေး ဖတ်ပြီး.. ငယ်ငယ်က ၈တန်း ၉ တန်းလောက်က ဖြစ်ခဲ့တဲ့ အဖြစ်လေး တစ်ခုကို သွားတွေးမိလို့ သူငယ်ချင်းတွေကို ပြောပြချင်တာနဲ့ ချရေးလိုက်တာပါ.... နောက်လဲ ရှိပါသေးတယ်.. နှင်းဆီဖြူတို့ စမ်းချောင်း ၂ က ဟိုး အင်္ဂလိပ်ခေတ်က church ကြီးပါ... နောက်တော့ ဂျပန်တွေက churchကြီးကို ဖျက်ပြီး.. ဆေးရုံလုပ်ပစ်ပါတယ်... ဟဲဟဲ အဲတော့ အဲလိုကျောချမ်းစရာ ဇာတ်လမ်းတွေ ဘယ်လောက်များမလဲ တွေးကြည့်ပေတော့.... နှင်းဆီဖြူတော့ ကျောင်းဝင်း အနောက်ထဲမှာ Sister တွေသေရင် မြုပ်တဲ့သချိုင်း အသေးလေး ရှိပါတယ်.. နှင်းဆီဖြူ ကျောင်းတက်ခဲ့တဲ့ ၁၁ နှစ်လုံးတော့ ဘယ်သူမှ မဝင်ရဘူးဆိုပြီး ဆရာမတွေက သော့ခတ်ထားတယ်... ဒါပေမယ့်လဲ... လူတွေရဲ့ သဘာဝအတိုင်း မလုပ်နဲ့ဆို လုပ်ချင်ကြတဲ့ ကျောင်းသူတွေတော့ သွားကြည့်ကြတာပဲ... နှင်းဆီဖြူ တို့တော့ မသွားပေါင်... ကျောင်းမုန့်စားဆင်းချိန် မုန့်ဈေးတန်းသွားပြီး မုန့်စားတာတောင် အချိန် မလောက်တာ... အဲလိုလျှောက်သွားဖို့ အချိန်တောင် မရဘူး.. ဟိဟိ.... ကျောင်းတုန်းကတော့ ဇာတ်လမ်းတွေ စုံပါတယ်.. ရီစရာတွေ ရော... ငိုစရာတွေရော... စိတ်တိုစရာတွေရော.. ပျော်စရာတွေရော.. စုံလို့.... အခုတော့ အဲလို ရသစုံတဲ့ ဘဝလေးကို တစ်ခေါက်လောက်ပြန်နေကြည့်ချင်တယ်..း) ခုတော့ ပျင်းစရာကြီး... ရီချင် ငိုချင်ရင်တောင် ရုပ်ရှင် ကြည့်နေပြီး ခံစားချက် အတုတွေနဲ့ ရီရ ငိုရတဲ့ ဘဝ.. ရွှတ်ဖက်... ... .. >_< နှင်းဆီဖြူ Labels: e-diary ကျောင်းပုံပြင် | 9:56 AM |
မိုးသည်းထန်စွာ ရွာနေတဲ့ မနက်ခင်းတစ်ခု.... နှင်းဆီဖြူတစ်ယောက် ကျောင်းသို့ အစောကြီးရောက်နေလေသည်.... မိုးကလဲ ဒီနေ့မှသည်းလိုက်တာ... ကျောင်းရောက်တော့ ကျောင်းမှာ လူသိပ်မရှိသေး... ကျောင်းဝင်းထဲက လမ်းလေးတွေမှာလဲ ဖြတ်သွားဖြတ်လာ တစ်ယောက်မှ မရှိ... နှင်းဆီဖြူ တစ်ယောက် ပျင်းပျင်းနဲ့ ကျောင်း ဝင်းတံခါးဝကို ငေးကြည့်နေမိလေသည်.... 5 Dancing Queen and Prince Saysသူငယ်ချင်းတွေ မရောက်ကြသေးတော့ တစ်ယောက်တည်း ပျင်းပျင်းရှိတာနဲ့ သူငယ်ချင်းတစ်ယောက်ယောက် များကျောင်းစောစော ရောက်လာ မလားလို့ မျှော်နေမိသည်... လာပါပြီ... ဖြူဖွေး.. ဖြူဖွေးကနှင်းဆီဖြူ တို့ သူငယ်ချင်း ၇ယောက် အုပ်စုထဲက တစ်ယောက်ပေါ့.. နှင်းဆီဖြူကို သူငယ်ချင်းတွေထဲမှာ သူက တတိယ အချစ်ဆုံး..း) ... သူရောက်လာတော့ ပျော်သွားပြီ တာ့တာ လှမ်းပြလိုက်မိသည်... သူကလဲ လက်ပြပြီး ပြန်နှုတ်ဆက်သည်.. ကျောင်းပေါက်ဝနားက ညောင်ပင် အောက်မှာ မတ်တတ်ရပ်နေသည့် ဖြူဖွေးတစ်ယောက် သူဆောင်းနေကျ ထီးကို မဖွင့်ပဲ လက်မှာ ကိုင်ထားသည်က ထူးဆန်းနေသလိုလို.. နှင်းဆီဖြူ လဲ လက်ဟန်ခြေဟန်နဲ့ ထီးဆောင်းဖို့ ပြောသည်... နှင်းဆီဖြူ ကို သူက လက်ယက်ခေါ်သည်... နှင်းဆီဖြူ လဲ မိုးရွာနေတာ ထီးဆောင်းဖို့ ပြောပြန်သည်.. သူက နှင်းဆီဖြူက လာဖို့ပဲ လက်ဟန်ခြေဟန်နဲ့ ခေါ်နေပြန်တော့.. နှင်းဆီဖြူလဲ ခဏစောင့်ဖို့ပြောပြီး လှမ်းထားတဲ့ ထီးလေး ယူကာ ကျောင်းဆောင်အောက်ဆင်းသွားလိုက်သည်... နှင်းဆီဖြူတို့ကျောင်းဆောင်က ကျောင်းပေါက်ဝနားမှာ ရှိတော့ နှင်းဆီဖြူ ကျောင်းအဝရောက်ရန် သိပ်မကြာပေ... ကျောင်းဆောင်ရှေ့ထွက်လိုက်တာနဲ့ ဂိတ်ဝကညောင်ပင်ကြီးကို မြင်နေရပြီ.... ဖြူဖွေးတော့ ဘယ်ရောက်သွားသည် မသိ.... သူတစ်နေရာရာမှာ မိုးခိုနေမလားလို့ ဘေးဘီရှာကြည့်တော့လဲ မရှိ... ကျောင်းခန်းထဲ တက်သွားပြီဆိုရင်လဲ နှင်းဆီဖြူ ဆင်းလာတဲ့ တစ်လမ်းပဲ ရှိသည်.... ကျောင်းရောက်တာ ကျောပိုးအိတ်တောင်မချပဲ ဘယ်လျှောက်သွားနေပါလိမ့်လို့ တွေးရင်း နှင်းဆီဖြူ ပြန်တက်လာလိုက်သည်.... နောက်နာရီဝက် လောက်ကြာတော့ နှင်းဆီဖြူ ရဲ့ တစ်ခြားသူငယ်ချင်းတွေ ရောက်လာတာနဲ့ သူတို့ကို ပြောပြနေသည်... ဖြူဖွေးကျောင်းရောက်ပြီးမှ ဘယ်လျှောက်သွားနေတယ် မသိဘူးဆိုပြီး သူတို့ကို ပြောပြတော့.. ပြောရင်းဆိုရင် မမချောက ရောက်လာပါတယ်... သူလာတဲ့ အချိန်မိုးတိတ်သွားပြီဆိုတော့ ထီးဆောင်းစရာမလို.. သူ့ပုံမှန်မျက်နှာထားအတိုင်း စပ်ဖြီးဖြီးနဲ့... xD.... နှင်းဆီဖြူလဲရောက်တာနဲ့ မေးတာပေါ့.. ဘယ်ရောက်သွားတာလဲလို့... သူကကြောင်တောင်တောင်နဲ့ ဘာမှနားမလည်သလိုလိုလုပ်နေတော့ နှင်းဆီဖြူ လဲ မနက်ကသူကို့ ကျောင်းပေါက်ဝမှာ တွေ့တယ်ဆိုတာ ပြောပြရတော့သည်... သူကလဲ ပြန်ငြင်းသည်... သူ့ကျောင်းကားက ခုမှရောက်တာဖြစ်ကြောင်းနဲ့ ကျောင်းခန်းပြတင်းပေါက်ကနေ သူ့ကျောင်းကားကို လက်ညိုးထိုးပြသည်... နှင်းဆီဖြူ ကြည့်လိုက်တော့လဲ ဟုတ်သည်... သူ့ကျောင်းကားကို နှင်းဆီဖြူ မှတ်မိသည်... ကျောင်းကားဦးလေးကြီးတောင် ခုမှ ကားရပ်ပြီး လက်ဖက်ရည်သောက်ဖို့ ဆင်းလာတုန်း... ကျောင်းကားပေါ်မှာလဲ ကောင်မလေး တစ်ယောက်နှစ်ယောက် ကျောင်းရောက်တာတောင် မဆင်းသေးပဲ စကားများလို့ကောင်းတုန်း... နှင်းဆီဖြူကြုံတွေ့ခဲ့ရတဲ့ တကယ့် ဖြစ်ခဲ့တဲ့ ဖြစ်ရပ်တစ်ခုပါ ခုထိလဲ နှင်းဆီဖြူကိုပဲ သူကနောက်နေတာလား ... မတူညီတဲ့ လောကတစ်ခုက များနောက်သွားသလားတော့... မသိဘူး.. ဒီနေ့ထိ အဖြေမရှိတဲ့ပုစ္ဆာ တစ်ခုလို တွေးမိတိုင်း ကျောချမ်းစရာ .......... နှင်ဆီဖြူ |