
![]() |
အိမ်မြောင်နဲ့ နှင်းဆီFriday, July 20, 2012 | 12:02 AM |
2 Dancing Queen and Prince Says
အရည်မရ အဖတ်မရ အငွေ့လဲ မရ အနံ့တောင် မရတာလေးတွေ ပြောပြပါဦးမည်......
တစ်နေ့သောညနေခင်း.... ရာသီဥတု ကောင်းကောင်း ... နေလေးက အေးအေး... ရုံးပိတ်ရက်ကလေး ဆိုတော့.. အရာ အားလုံးက ပြီးပြည့်စုံနေတာပေါ့ကွယ်.... နှင်းဆီဖြူလဲ အပြင်သွားစရာမရှိတော့ အေးအေးဆေးဆေး အိမ်မှာပဲ နှပ်နေတာပေါ့.. ဒီလိုနဲ့ ရေထချိုး ဦးမှ ဆိုပြီး..ရေချိုးဖို့လုပ်ပါတယ်... (ဆင်ဆာဖြတ်ပါတယ်).... ဒီလိုနဲ့ ရေချိုးတယ် ဆိုပါတော့... အရသာ ရှိရှိ သီချင်းလေးဆိုပြီး ရေချိုးနေတုန်း....
ဗြုန်း ဆို....
ရေချိုးခန်းဒေါင့်လေးမှာ ... အိမ်မြောင် အမြီးပြတ်ကြီးတစ်ကောင်!!!!!!!!
ကံကောင်းချင်တော့ သူက ခပ်ဝေးဝေးနံရံပေါ်မှာ....
ကံဆိုးချင်တော့ သူခုန်ချလာရင် ဘယ်ကို ပြေးရပါ့...
ကံကောင်းချင်တော့ ရေချိုးခန်းအပြင်ထွက်ပြေးမယ်လို့ စဉ်းစားမိတယ်..
ကံဆိုးချင်တော့ ဒီတိုင်းကြီးပြေးလို့မှမရတာ... >__<
ကံကောင်းချင်တော့ အင်္ကျီလေး ရေချိုးခန်းထဲမှာ ချိတ်ထားတာ လှမ်းယူမယ်ပေါ့..
ကံဆိုးချင်တော့ အဲဒီနားလေးမှာ အိမ်မြောင်က ကပ်နေတာ...
ကံကောင်းချင်တော့ အိမ်မြောင်ပြုတ်ကျသွားတယ်..
ကံဆိုးချင်တော့ အိမ်မြောင်ကြီးက ရေချိုးခန်း အ၀မှာ ပိတ်ရပ်နေတယ်...
ဒီလိုတော့မဖြစ်ချေဘူး..ရေနဲ့ပတ်ပြီး မောင်းထုတ်မှပဲလို့ တွေးမိတယ်.. နောက်ဆုံးတော့ ရွှေဥာဏ်တော် စူးရောက်တဲ့ သူရဲကောင်းကြီး နှင်းဆီဖြူ တစ်ယောက်.. အိမ်သာ အိုးပေါ်ကို တက်... အိမ်မြောင်ကို ရေနဲ့ပတ်... အိမ်မြောင်ပြေးတာနဲ့ အကျီမြန်မြန်ဝတ်ပြီး.. ရေချိုးခန်းနဲ့ ဝေးရာကို တစ်ချိုးထဲ ပြေးပါတော့တယ် ရှင်.....
နှင်းဆီဖြူ
P.S: the fore mentioned story is based on the true story, miserably happened on one fine day in Singapore.. :)
Labels: e-diary, Humor, အရည်မရ အဖတ်မရ အရုပ်အသစ်Thursday, July 19, 2012 | 11:27 PM |
0 Dancing Queen and Prince Says
ဒီနေ့တော့ ဒိုင်ယာရီ ဆန်ဆန်လေးပဲ ရေးတော့မယ်နော်.. ပေါ့ပေါ့ပါးပါးပေါ့... ခံစားချက်တွေ များလွန်းတော့လဲ လာဖတ်တဲ့သူတွေ နှင်းဆီဖြူ လို ခပ်ကြောင်ကြောင်ဖြစ်သွားမှာစိုးလို့.. meow~~ ဒီနေ့ shopping ထွက်တယ်.. အမတော်နဲ့ ညစာစားတယ်.. အိမ်ပြန်လာတယ်... သွားတာတော့ သူက ၁၂ နှစ်ကလေးလေးတွက် မွေးနေ့လက်ဆောင်ဝယ်ဖို့တဲ့.... ၁၂ ကလေးလေးအတွက်က သစ်ကုလားအုပ်ရုပ် သေးသေးလေး တစ်ရုပ်.. ၂၂ နှစ်ကလေးကြီး နှင်းဆီဖြူလဲ အရုပ်လေးတွေ ချစ်လွန်းလို့ သစ်ကုလားအုပ်ဆင်တူ အရုပ်ကြီးကြီးတစ်ရုပ် ၀ယ်လိုက်တယ်.. ၀ယ်ဖို့လိုက်ရှာတဲ့ ခရမ်းရောင် ခဲသားနဲ့ ခဲသားဘောပင်လဲ ရခဲ့တယ်.. ^-^ ဟိဟိ.. ဒီနေ့လိုချင်တာရတော့ ပျော်သွားပြီ.. မနက်က မိုးတွေရွာတော့.. အလုပ်က ပြတင်းပေါက်ကနေ ကြည့်ပြီး အိမ်ပြန်ကွေးချင်စိတ်ပေါ်တာ.. အဟင့်.. ဘ၀ ဘ၀.... တစ်လလုပ်မှ တစ်နေ့စားရတဲ့ ဘ၀...း( တစ်လလုံး လုပ်ထားတဲ့ လစာ တစ်နေ့ထဲ အိမ်လခ ရေဖိုးမီးဖိုး အင်တာနက်ဖိုး ဖုန်းဖိုး တစ်ရက်ထဲ ပေးလိုက် ပြောင်သွားရော.. ဟီး.... ပျင်းပျင်းရှိတာနဲ့ ထိုင်ရေးနေတာ.. ဒီနေ့တော့ ဒီလောက်ပဲ တော်သေးပြီ... (ဘယ်သူ ဘယ်မှာ သုံးဖူးလဲ မသိ မြင်ဖူးနားဝ ယူသုံးလိုက်ခြင်း) ပုံ - နှင်းဆီဖြူ Labels: e-diary မိုးတွေနဲ့ ညနေTuesday, July 17, 2012 | 10:19 PM |
0 Dancing Queen and Prince Says
မိုးခပ်ဖွဲဖွဲ ကျနေတဲ့ ညနေစောင်းတစ်ခု....... နှင်းဆီဖြူ တစ်ယောက် အလုပ်က နောက်ကျမှ ပြန်လာဖြစ်တယ်.. ပင်ပန်းတာရော.. နေမကောင်းတာရော ပေါင်းပြီး စိတ်ပြေလက်ပျောက် အလုပ်ကိစ္စတွေ.. စိတ်ညစ်စရာတွေ.. ဆေးရုံတတ်နေရတဲ့ သူငယ်ချင်းကိစ္စတွေ.. ခေါင်းထဲက ဆွဲထုတ်.... ဘတ်စ်ကား ပြတင်းပေါက်ရဲ့ အပြင်ကို ခပ်ကြောင်ကြောင် ကြည့်နေမိတယ်.... မိုးစက်လေးတွေ မစိတ်မကြဲတင်နေတဲ့ မှန်ဘောင်...... နားထဲထည့်ပြီးနားထောင်နေတဲ့ သီချင်းသံခပ်ကြယ်ကြယ်..... ကားကြပ်လို့ တစ်လှိမ့်ခြင်းသွားနေတဲ့ ကားအကြီးအသေး တစ်ချို့.... မိုးရွာထဲ လမ်းကူးနေတဲ့ ကျောင်းအပြန် လူငယ်တစ်အုပ်..... ကလေးငယ်ကို ချီပြီးမိုးပေးထားတဲ့ အမေ..... ရွှဲရွှဲစိုနေတဲ့ မိုးထဲက.. ခြောက်ကပ်ကပ် တိုက်ခန်းတစ်ချို့...... လွမ်းဆွေးဆွေး ခံစားချက်တစ်ပိုင်းတစ်စ...... ရင်ခုန်သံ ခပ်တိုးတိုး..... ရုတ်တစ်ရက် မျက်ရည်ဆို့လာတဲ့ မျက်ဝန်းတစ်စုံ...... လွမ်းလိုက်တာနော်.... "လူတိုင်း လူတိုင်းရဲ့ ငယ်ဘ၀မှာ တစ်သက်စာ မမေ့နိုင်တဲ့ လွမ်းစရာ ပျော်ရွှင်မှုတစ်ချို့ မသိမသာ သိမ်းထားမိတတ်ကြတယ်...." နှင်းဆီဖြူ Labels: e-diary, နှင်းဆီအတွေး မင်္ဂလာပါ...Friday, July 13, 2012 | 12:21 AM |
0 Dancing Queen and Prince Says
ပစ်ထားတာ ကြာပြီဖြစ်တဲ့.. blog လေးကို ၀င်ကြည့်ရင်း.. လွမ်းသလိုလိုကြီးဖြစ်လာတာနဲ့.. blog ပြန်ရေးဖို့ စိတ်ကူးရှိပါတယ်.. ဘယ်သူဖတ်ဖတ် မဖတ်ဖတ်.. ဟိဟိ..အားပေးတဲ့ သူ များရင်တော့ ပိုရေးဖြစ်မှာပေါ့နော်...း) လူတိုင်း လူတိုင်း နှုတ်ခမ်းထက်မှာ အပြုံးလှလှ လေးတွေ ဆင်မြန်းနိုင်ပါစေ....
နှင်းဆီဖြူ
Labels: e-diary X'mas DiarySaturday, December 25, 2010 | 10:43 AM |
မနက်နိုးလာထဲက ဆွေးဆွေး မြည့်မြည့်ကြီးခံစားနေရတယ်..... 3 Dancing Queen and Prince Saysခ၇စ်စမတ်နံနက်ခင်း ငါ့အတွက်တော့ ဘာမှမဟုတ်သလိုပဲ... ကော်ဖီတစ်ခွက် .. သီချင်းတစ်ပုဒ်.... Facebook ..... Gmail.... အရာအားလုံးက ဘာမှ မထူးခြားနေပဲ အရင်အတိုင်းပါပဲ..... ငယ်ငယ်တုန်းကတော့ ခေါင်းအုံးအောက်မှာ မေမေလာထည့်ပေးထားတဲ့ အစိမ်းရောင် ပေတံလှလှလေးကို ခုထိသတိရနေသေးတယ်.. အဲဒီအချိန်တုန်းကတော့ ခရစ်စမတ် ဘိုးဘိုးကြီးကပေးတယ်ထင်ပြီး ပျော်လိုက်ရတာ.... ဒီနေ့မနက်နိုးတော့ ခေါင်းအုံးအောက်ကို လက်နဲ့စမ်းကြည့်မိတယ်... အေးစက်စက်ခံစားချက်တစ်ခုကလွဲလို့ ဘာမှ မရှိပါလား.... ငါမရှိရင်ပျော်နေကြမယ့် လူတစ်စုနဲ့.... ခပ်မာမာ နှလုံးသားတစ်စုံ..... နှင်းဆီဖြူ Labels: e-diary ပိုးဟပ်ပုံပြင်Sunday, November 7, 2010 | 4:38 PM |
ဒီနေ့တော့ နှင်းဆီဖြူတို့ သူ့ blog လေးပေါ် မျက်စိလည် လမ်းမှားပြီး ဆိုက်ဆိုက်မြိုက်မြိုက် ရောက်လာပါတော့တယ်... 6 Dancing Queen and Prince Saysဟိဟိ.. blog ကလေးက ဖုန်တွေလဲတက်... ပင့်ကူမျှင်တွေလဲကပ်... ခြောက်တောက်တောက်နဲ့ အထီးကျန်နေပါတော့တယ်.... အကြောင်းကတော့ မအားရခြင်းကနေ စ ရတော့မှာပဲ... အလုပ်တွေက ရှုပ်ပါတယ် ဆိုမှ.. နှင်းဆီဖြူတို့ အရှုပ်တွေလုပ်... အရုပ်တွေချုပ်... အဲလေ... အလုပ်တွေ ပိုရှုပ်ပြီး... Singapore တစ်မြို့လုံး ပတ်နေတာက လွဲပြီး ဘယ်မှတောင် မသွားဖြစ်ဘူး... :P ဒီတော့ blog ကလေး ရောက်တုန်းရောက်ခိုက် နှင်းဆီဖြူ မနေ့က ဆင်နွှဲခဲ့တဲ့ ပိုးဟပ်တိုက်ပွဲလေး အကြောင်း ပြောပြချင်ပါတယ်... ဟိုးရှေးရှေးတုန်းကပေါ့ကွယ်..... စင်ကာပူလို့ခေါ်တဲ့ ဗာရာဏသီ ပိစိညောက်တောက်လေးမှာ လက်တောက်လောက်ကလေး ရှိတဲ့ နှင်းဆီဖြူ လေး ကျင်လည်ကျက်စားနေသတဲ့ကွယ်..... တစ်နေ့မှာတော့ အလုပ်တွေ ရှုပ်ပြီး မရှင်းနိုင်တဲ့ ဗီရိုကလေး ရှင်းမယ် အပြု.... နှုတ်ခမ်းမွေးတကားကား... ပြူးတူး ပြဲတဲ ပိုးဟပ်ကြီး တစ်ကောင်ဟာ ဗီရို ကြီး ထဲက မှာ သူအိမ်လုပ် သူနန်းစံပြီး အပိုင်စီးထားပါသတဲ့ကွယ်..... ရဲစွမ်းသတ္တိနဲ့ ပြည့်စုံတဲ့ နှင်းဆီဖြူလေးဟာ... သူ့ထက် အလွန်တရာမှ ကြီးမားတဲ့ ပိုးဟပ်ကြီးကို သတ္တိရှိရှိ နှင့် သူရဲ့ လက်စွဲတော် သတင်းစာ လိပ်ကြီး ကိုင်ဆောင်ကာ မောင်းထုတ်လေသတဲ့ကွယ်..... အဲဒီမှာ ပိုးဟပ်ကြီးလဲ မခံချိမခံသာ ထွက်ပြေးရပါတော့တယ် ကွယ်... ဒါပေမယ့် အဲဒီပိုးဟပ်ကြီး ဟာ ယုတ်မာပတ်စက်စွာ နှင်းဆီဖြူလေး အလစ်မှာ ဗီရိုကြီးထဲပြန်ဝင်ကာ ရွေးကောက်ပွဲလုပ်မယ် ကြံပါတော့တယ်..... သို့သော်....... သို့သော်....... လက်ရုံးရည်သာမက နှလုံးရည်ပါထက်မြက်သွက်လက်တဲ့ နှင်းဆီဖြူလေး ဟာ ဗီရို၏ အနားနှင့် တခါးဘောင်များကို ပိုးဟပ်ဆေးဖြန်းထားသောကြောင့် ပိုးဟပ်ကြီး ခမြာ ယက်ကန်ယက်ကန်နဲ့ ပက်လက်လန်နေပါတော့တယ်... ထိုအချိန်မှာတော့ နှင်းဆီဖြူလေးဟာ ဆိုင်းငံ့ မနေပဲ.. တံမြတ်စည်းနဲ့ ကော်ပြားယူကာ.. ပိုးဟပ်ကြီးကို နယ်နှင်ဒဏ်ပေးလိုက်ပါတော့တယ်ကွယ်....... ပုံပြင်လေးကတော့ ဒါပါပဲကွယ်... မောင်ငယ်ညီမလေးတို့လဲ.... သူများတိုင်းပြည်ကို မတရားသဖြင့် မလိုချင်ရဝူးနော်... :P နှင်းဆီဖြူ တောင်းပန်ခြင်းSaturday, August 14, 2010 | 10:11 AM |
နှင်းဆီဖြူ ဒီရက်ပိုင်း စာသိပ်မရေးနိုင်တဲ့ အချိန်မှာ ဖတ်စရာ မရှိတဲ့ ဘလောဂ့်ကလေးကို ဖုံလေးလာသုပ်လိုက်.. သီချင်းလေး နားထောင်လိုက်... c box မှာလာအော်လိုက် ... အမျိုးမျိုး လာအားပေးကြတဲ့ သူငယ်ချင်းတွေ အကုန်လုံးကို ကျေးဇူးတင်ပါတယ်.... အဲလို လာအားပေးတဲ့လူရှိမှလဲ စာဆိုတာ ရေးချင်တာ.. မဟုတ်ရင် ကိုယ်တစ်ယောက်ထဲ စကားတွေ ပြောနေရသလိုပဲ... အားငယ်တယ်... T___T .... နှင်းဆီဖြူ လဲ အလုပ်သွားလိုက်.. ပြန်လာလိုက်.. ရုပ်ရှင်ကြည့်လိုက်.. facebookလိုက်... ရန်ကုန်က မာမီတို့နဲ့ ဖုန်းပြောလိုက်နဲ့ အလုပ်ရှုပ်နေတာ.. ဘလောဂ့်ကလေးရေးချင်ပေမယ့် ပျင်းပြီး မရေးဖြစ်ဖူး ဖြစ်နေတယ်... 1 Dancing Queen and Prince Saysဒီနေ့တော့ သူငယ်ချင်းတစ်ယောက်ပို့တဲ့ သရဲ ဇာတ်လမ်းလေး ဖတ်ပြီး.. ငယ်ငယ်က ၈တန်း ၉ တန်းလောက်က ဖြစ်ခဲ့တဲ့ အဖြစ်လေး တစ်ခုကို သွားတွေးမိလို့ သူငယ်ချင်းတွေကို ပြောပြချင်တာနဲ့ ချရေးလိုက်တာပါ.... နောက်လဲ ရှိပါသေးတယ်.. နှင်းဆီဖြူတို့ စမ်းချောင်း ၂ က ဟိုး အင်္ဂလိပ်ခေတ်က church ကြီးပါ... နောက်တော့ ဂျပန်တွေက churchကြီးကို ဖျက်ပြီး.. ဆေးရုံလုပ်ပစ်ပါတယ်... ဟဲဟဲ အဲတော့ အဲလိုကျောချမ်းစရာ ဇာတ်လမ်းတွေ ဘယ်လောက်များမလဲ တွေးကြည့်ပေတော့.... နှင်းဆီဖြူတော့ ကျောင်းဝင်း အနောက်ထဲမှာ Sister တွေသေရင် မြုပ်တဲ့သချိုင်း အသေးလေး ရှိပါတယ်.. နှင်းဆီဖြူ ကျောင်းတက်ခဲ့တဲ့ ၁၁ နှစ်လုံးတော့ ဘယ်သူမှ မဝင်ရဘူးဆိုပြီး ဆရာမတွေက သော့ခတ်ထားတယ်... ဒါပေမယ့်လဲ... လူတွေရဲ့ သဘာဝအတိုင်း မလုပ်နဲ့ဆို လုပ်ချင်ကြတဲ့ ကျောင်းသူတွေတော့ သွားကြည့်ကြတာပဲ... နှင်းဆီဖြူ တို့တော့ မသွားပေါင်... ကျောင်းမုန့်စားဆင်းချိန် မုန့်ဈေးတန်းသွားပြီး မုန့်စားတာတောင် အချိန် မလောက်တာ... အဲလိုလျှောက်သွားဖို့ အချိန်တောင် မရဘူး.. ဟိဟိ.... ကျောင်းတုန်းကတော့ ဇာတ်လမ်းတွေ စုံပါတယ်.. ရီစရာတွေ ရော... ငိုစရာတွေရော... စိတ်တိုစရာတွေရော.. ပျော်စရာတွေရော.. စုံလို့.... အခုတော့ အဲလို ရသစုံတဲ့ ဘဝလေးကို တစ်ခေါက်လောက်ပြန်နေကြည့်ချင်တယ်..း) ခုတော့ ပျင်းစရာကြီး... ရီချင် ငိုချင်ရင်တောင် ရုပ်ရှင် ကြည့်နေပြီး ခံစားချက် အတုတွေနဲ့ ရီရ ငိုရတဲ့ ဘဝ.. ရွှတ်ဖက်... ... .. >_< နှင်းဆီဖြူ Labels: e-diary ကျောင်းပုံပြင် | 9:56 AM |
မိုးသည်းထန်စွာ ရွာနေတဲ့ မနက်ခင်းတစ်ခု.... နှင်းဆီဖြူတစ်ယောက် ကျောင်းသို့ အစောကြီးရောက်နေလေသည်.... မိုးကလဲ ဒီနေ့မှသည်းလိုက်တာ... ကျောင်းရောက်တော့ ကျောင်းမှာ လူသိပ်မရှိသေး... ကျောင်းဝင်းထဲက လမ်းလေးတွေမှာလဲ ဖြတ်သွားဖြတ်လာ တစ်ယောက်မှ မရှိ... နှင်းဆီဖြူ တစ်ယောက် ပျင်းပျင်းနဲ့ ကျောင်း ဝင်းတံခါးဝကို ငေးကြည့်နေမိလေသည်.... 5 Dancing Queen and Prince Saysသူငယ်ချင်းတွေ မရောက်ကြသေးတော့ တစ်ယောက်တည်း ပျင်းပျင်းရှိတာနဲ့ သူငယ်ချင်းတစ်ယောက်ယောက် များကျောင်းစောစော ရောက်လာ မလားလို့ မျှော်နေမိသည်... လာပါပြီ... ဖြူဖွေး.. ဖြူဖွေးကနှင်းဆီဖြူ တို့ သူငယ်ချင်း ၇ယောက် အုပ်စုထဲက တစ်ယောက်ပေါ့.. နှင်းဆီဖြူကို သူငယ်ချင်းတွေထဲမှာ သူက တတိယ အချစ်ဆုံး..း) ... သူရောက်လာတော့ ပျော်သွားပြီ တာ့တာ လှမ်းပြလိုက်မိသည်... သူကလဲ လက်ပြပြီး ပြန်နှုတ်ဆက်သည်.. ကျောင်းပေါက်ဝနားက ညောင်ပင် အောက်မှာ မတ်တတ်ရပ်နေသည့် ဖြူဖွေးတစ်ယောက် သူဆောင်းနေကျ ထီးကို မဖွင့်ပဲ လက်မှာ ကိုင်ထားသည်က ထူးဆန်းနေသလိုလို.. နှင်းဆီဖြူ လဲ လက်ဟန်ခြေဟန်နဲ့ ထီးဆောင်းဖို့ ပြောသည်... နှင်းဆီဖြူ ကို သူက လက်ယက်ခေါ်သည်... နှင်းဆီဖြူ လဲ မိုးရွာနေတာ ထီးဆောင်းဖို့ ပြောပြန်သည်.. သူက နှင်းဆီဖြူက လာဖို့ပဲ လက်ဟန်ခြေဟန်နဲ့ ခေါ်နေပြန်တော့.. နှင်းဆီဖြူလဲ ခဏစောင့်ဖို့ပြောပြီး လှမ်းထားတဲ့ ထီးလေး ယူကာ ကျောင်းဆောင်အောက်ဆင်းသွားလိုက်သည်... နှင်းဆီဖြူတို့ကျောင်းဆောင်က ကျောင်းပေါက်ဝနားမှာ ရှိတော့ နှင်းဆီဖြူ ကျောင်းအဝရောက်ရန် သိပ်မကြာပေ... ကျောင်းဆောင်ရှေ့ထွက်လိုက်တာနဲ့ ဂိတ်ဝကညောင်ပင်ကြီးကို မြင်နေရပြီ.... ဖြူဖွေးတော့ ဘယ်ရောက်သွားသည် မသိ.... သူတစ်နေရာရာမှာ မိုးခိုနေမလားလို့ ဘေးဘီရှာကြည့်တော့လဲ မရှိ... ကျောင်းခန်းထဲ တက်သွားပြီဆိုရင်လဲ နှင်းဆီဖြူ ဆင်းလာတဲ့ တစ်လမ်းပဲ ရှိသည်.... ကျောင်းရောက်တာ ကျောပိုးအိတ်တောင်မချပဲ ဘယ်လျှောက်သွားနေပါလိမ့်လို့ တွေးရင်း နှင်းဆီဖြူ ပြန်တက်လာလိုက်သည်.... နောက်နာရီဝက် လောက်ကြာတော့ နှင်းဆီဖြူ ရဲ့ တစ်ခြားသူငယ်ချင်းတွေ ရောက်လာတာနဲ့ သူတို့ကို ပြောပြနေသည်... ဖြူဖွေးကျောင်းရောက်ပြီးမှ ဘယ်လျှောက်သွားနေတယ် မသိဘူးဆိုပြီး သူတို့ကို ပြောပြတော့.. ပြောရင်းဆိုရင် မမချောက ရောက်လာပါတယ်... သူလာတဲ့ အချိန်မိုးတိတ်သွားပြီဆိုတော့ ထီးဆောင်းစရာမလို.. သူ့ပုံမှန်မျက်နှာထားအတိုင်း စပ်ဖြီးဖြီးနဲ့... xD.... နှင်းဆီဖြူလဲရောက်တာနဲ့ မေးတာပေါ့.. ဘယ်ရောက်သွားတာလဲလို့... သူကကြောင်တောင်တောင်နဲ့ ဘာမှနားမလည်သလိုလိုလုပ်နေတော့ နှင်းဆီဖြူ လဲ မနက်ကသူကို့ ကျောင်းပေါက်ဝမှာ တွေ့တယ်ဆိုတာ ပြောပြရတော့သည်... သူကလဲ ပြန်ငြင်းသည်... သူ့ကျောင်းကားက ခုမှရောက်တာဖြစ်ကြောင်းနဲ့ ကျောင်းခန်းပြတင်းပေါက်ကနေ သူ့ကျောင်းကားကို လက်ညိုးထိုးပြသည်... နှင်းဆီဖြူ ကြည့်လိုက်တော့လဲ ဟုတ်သည်... သူ့ကျောင်းကားကို နှင်းဆီဖြူ မှတ်မိသည်... ကျောင်းကားဦးလေးကြီးတောင် ခုမှ ကားရပ်ပြီး လက်ဖက်ရည်သောက်ဖို့ ဆင်းလာတုန်း... ကျောင်းကားပေါ်မှာလဲ ကောင်မလေး တစ်ယောက်နှစ်ယောက် ကျောင်းရောက်တာတောင် မဆင်းသေးပဲ စကားများလို့ကောင်းတုန်း... နှင်းဆီဖြူကြုံတွေ့ခဲ့ရတဲ့ တကယ့် ဖြစ်ခဲ့တဲ့ ဖြစ်ရပ်တစ်ခုပါ ခုထိလဲ နှင်းဆီဖြူကိုပဲ သူကနောက်နေတာလား ... မတူညီတဲ့ လောကတစ်ခုက များနောက်သွားသလားတော့... မသိဘူး.. ဒီနေ့ထိ အဖြေမရှိတဲ့ပုစ္ဆာ တစ်ခုလို တွေးမိတိုင်း ကျောချမ်းစရာ .......... နှင်ဆီဖြူ နှင်းဆီဖြူ ပေါက်စနလေး အကြောင်း သိကောင်းစရာWednesday, June 9, 2010 | 11:01 AM |
ပိုးဟပ်ကြီးက ပိုးဟပ်လေးတုန်းက အကြောင်းတွေရေးထားတာ ဖတ်ပြီး နှင်းဆီဖြူလဲ ငယ်ငယ်က တလွဲလေးတွေ ပြောပြချင်ပါတယ်...း) ရှက်စရာတွေရော ရီစရာတွေရော... ပျော်ရတာပေါ့ .... ဟုတ်ဘူးလား... 4 Dancing Queen and Prince Saysငယ်ငယ်တုန်းက အမေရော အဖေရော အလုပ်လုပ်တော့ နှင်းဆီဖြူ ကို ထိန်းတာ က အဒေါ်တွေ ဦးလေးတွေပေါ့ .... နှင်းဆီဖြူ ငယ်ငယ်က ရှူးရှူးပေါက်ရမှာ တော်တော်ပျင်း ဆိုပဲ... မာမီကပြောပြတာ...း) .. အဒေါ်တွေက ရှူးရှူးတယ် မယ်ဆိုပြီး ခေါ်ရင် အကြောက်အကန်ငြင်းတာ... မပေါက်ချင်ဘူး မပေါက်ချင်ဘူး ဆိုပြီး အော်တာ... ဒါနဲ့ အဒေါ်က အိမ်သာထဲ ခေါ်သွားပြီ “ရှူး”ဆိုပြီးလုပ်တော့ ရှူးရှူးတွေက ထွက်ကျကုန်တာပေါ့... အဲမှာ ပြဿနာက စတာပဲ... မျက်ရည်တွေရော နှပ်တွေရောကျလာပြီး အဒေါ်ကို ငိုပြီး ဂျီကျတယ်တဲ့.. ဘာပြော်တယ် မှတ်လဲ... “မပေါက်ချင်ပါဘူးဆိုနေ... ပြန်သွင်းပေး”တဲ့... ရီပါ .. ရီပါ... ဘယ်သူနဲ့ တွေ့တွေ့ ကိုယ့်သမီး ငယ်ကျိုး ငယ်နာဖော်ပြီး မာမီပြောပြောပြနေကျ...း( အဟင့်... နောက်တစ်ခေါက်လဲ ဒီလိုပါပဲ.. ဒီတခါ ကဦးလေး သူရှူးတယ်တာ မပေါက်လို့ သူက ကြောက်မလားဆို ခြောက်ကြည့်တာ... ဒီကလေး ပြောစကားနားမထောင်ဘူး ငါရိုက်လိုက်ရ ဆိုပြီး ခြောက်တော့... နှင်းဆီဖြူ က ဦးလေးကို ဘာပြန်ပြောတယ်မှတ်လဲ... “နင်တို့အိမ်မှာ ငါမနေဘူး... သွားမယ်” ဆိုပြီး အိမ်နောက်က တောင်ကုန်းလေးပေါ် တက်သွားလို့ နောက်က လိုက်ဆွဲရတယ်တဲ့.. ဟိဟိ.... သူတို့ပြောလို့သာ သိရတာ မှတ်တောင် မမှတ်မိပါဘူး... အဲလို ဂျစ်ကန်ကန်ကလဲ လုပ်သေးတယ်..... နောက်တစ်ခါကတော့ ဆေးတိုက်တာပါ.. နှင်းဆီဖြူရဲ့ ကြီးကြီး က နှင်းဆီဖြူ မူကြိုကျောင်းက ပြန်လာရင် ဆေးတိုက်ပါတယ် အားဆေးထင်တာပဲ ဘာဆေးလဲတော့ မမှတ်မိတော့ဘူး... ဆေးကတော့ capsule လေးနဲ့ ပြောင်ပြောင်ချောချောလေး... နှင်းဆီဖြူကလဲ ဂျစ်ကန်ကန်ဆိုတော့ မသောက်ဘူးပေါ့... ဟိဟိ... ဒါနဲ့ ကြီးကြီးခမျာ ဥာဏ်နီ ဥာဏ်ပြာတွေ ထုတ်ရတော့တာပေါ့... သူက ငှက်ပျောသီးကို အတုံးလေးတွေ တုံးပြီး ငှက်ပြောသီး အလယ်မှာ ဆေးလေးကို ထည့် နှင်းဆီဖြူကို လိမ်ပြီးကျွေးပါတယ်... ဟီဟီ... နှင်းဆီဖြူကလဲ ဘယ်ရမလဲ ငှက်ပျောသီးသာ သုံးလေးတုံး ကုန်သွားတယ်.. ဆေးကို ပြန်ပြန် ထွေးထုတ်လို့ နှင်းဆီဖြူ ကို ဆေးတိုက်တဲ့ ကြီးကြီးရဲ့ mission မအောင်မြင်လိုက်ပါဘူး... ငါကွ... ;P အဲ.. နှင်းဆီဖြူက ဆေးသောက်ရမှာတို့ ... ရှူးပေါက်ရမှာတို့သာ ဂျစ်ကန်တာနော်... အစားစားရမယ်ဆိုရင်တော့ လာထားပဲ.... တစ်ခါမာမီက နှင်းဆီဖြူ ရှေ့မှာ ပန်းကန် အလွတ်တစ်လုံးနဲ့ ဇွန်းတစ်ချောင်းချထားပြီး စားစရာ သွားယူတာ.. ပြန်လာတော့ ဘာမှ မရှိတဲ့ ပန်းကန်ကို ဇွန်းနဲ့ ထိုင်ပြီး ခပ်စားနေတယ်တဲ့.... ဟီးဟီး.... အဲလိုအစားကြီးတာ... ဘာပဲလာလာ စားမယ်ဆိုတာကြီးပဲ.... ငယ်ကျိုးငယ်နာလေးတွေလဲ ကုန်သလောက်ရှိပြီဆိုတော့.... တာ့တာပါရှင်... နောက်လဲ ငယ်ငယ်က အကြောင်းတွေ သတိရတာ ရှိရင် ရေးပါဦးမယ်... နှင်းဆီဖြူ Labels: e-diary နှင်းဆီဖြူ နှင့် “နငယ်”များTuesday, May 18, 2010 | 1:11 PM |
ပိုးဟပ်လေးက tag ထားလို့ရော... ဒီရက်ပိုင်း ဘာရေးရမှန်းမသိလို့ရော... ဒီပို့စ်လေးကို ရေးလိုက်ပါတယ်... စာရေးပျင်းတဲ့ မမဆိုပြီး tag လိုက်တော့ ပျင်းပျင်းနဲ့ ရေးရဦးမှာပေါ့.. ဟီးဟီး 5 Dancing Queen and Prince Says1. name = နှင်းဆီဖြူ 2. A Food = နံပြား (ကြိုက်တော့ သိပ် မကြိုက်ပါဘူး.. ဒါပဲ စဉ်းစားလို့ရတယ်..) 3. A Colour = နီနီလေးပေါ့ 4. A Drink = နွားနို့ (ပိုးဟပ်လေးနဲ့ နဲနဲပဲကွာတယ်.. သူကပဲနို့ .. :D) 5. medicine = နှစ်တစ်ထောင် ဂျင်ဆင်းဆေးမြစ်... (ကိုသော်ဇင်တို့လို အသက်ကြီးသူတွေ စားရတာပေါ့နော်) 6. An Instrument = နှဲ 7. A Song = နိုင်ငံတော်သီချင်း (နှင်းဆီဖြူတို့ အဲလို မျိုးချစ်စိတ်ရှိတာ) 8. Something Want To Shout = နင့်ကိုငါမုန်းတယ်!!!!!! နင်မုန်းတာထက်ပိုမုန်းတယ်!!!!! :P 9. A flower = နှင်းဆီ :) 10. A Habit = နောက်မှလုပ်ရင်လဲ ရတယ်ဆိုပြီး အချိန်ဆွဲခြင်း 11. An Animal = နွား 12. A Singer = နောနော် 13. A threaten = နင့်ကိုသတ်ချင်တယ် 14. A movie series = နဂါးနိုင်ဓါး :D 15. An actor = နေတိုး 16. An actress = နန္ဒာလှိုင် 17. A place = နှင်းတောင် 18. something you can wear = နာရီ 19. something you shouldn't have = နောင်တ 20. the most precious thing = နှလုံးသား ဟီးဟီး.. ပြန် tag ဖို့ အလှည့်ကျလာပြီဆိုတော့.. နှင်းဆီဖြူလိုပဲ စာရေးပျင်းနေတဲ့ မောင်သုည , စာရေးတာ သိပ်မကြာသေးတဲ့ Candy နဲ့ ကဗျာလှလှလေးတွေ ရေးတတ်တဲ့ Phronimon Green ကိုtag လိုက်ပါတယ်... နှင်းဆီဖြူ Labels: e-diary, နှင်းဆီအတွေး အမေ့ရုပ်ရည်Monday, May 10, 2010 | 11:17 AM |
ဒီသီချင်းလေးကို အမေများနေ့ အမှတ်တရ တင်လိုက်ပါတယ်... ကိုယ်တိုင်ဆိုပြီးတင်ဖို့ ကြိုးစားပေမယ့် ဘိုဖြူ့ အသံနဲ့ တခြားဆီဖြစ်နေတာကြောင့် အဆိုတော် အသံနဲ့ပဲ နားထောင်လိုက်ပါနော်..း) 2 Dancing Queen and Prince Saysဒီသီချင်းလေးကို နားထောင်ရင်း မျက်ရည်တောင်ဝဲမိတယ်.... အမေ.... သမီးအတွက်တော့ အမေ့ရုပ်ရည် အမြဲလှနေမှာပါ.... အမေ့ရင်ခွင်က အစဉ်နွေးထွေးနေမှာပါ..... အမေ့ အရိပ်က ထာဝရ အေးမြနေမှာပါ.... April လ ၂၇ ရက်နေ့မှာ ကျရောက်ခဲ့တဲ့ အမေ့ မွေးနေ့ အတွက်ရော... Mothers day ဖြစ်တဲ့ May လ ၉ရက်နေ့ အတွက်ပါ ရည်ရွယ်ပြီး ဒီပိုစ့်လေးကို ရေးသားလိုက်ပါတယ်... :) တမြေခြားမှ အမေ့ကို ရှိခိုး ဦးခိုက် ကန်တော့ရင်း..... နှင်းဆီဖြူ Labels: e-diary, events, music နှင်းဆီဖြူ၏ အီးဒိုင်ယာရီ..... ၃Monday, May 3, 2010 | 10:38 AM |
0 Dancing Queen and Prince Saysနှင်းဆီဖြူ၏ အီးဒိုင်ယာရီ..... ၃ blog လေးကို label လေးတွေ ခွဲချင်တယ်.. comment ရေးလို့ ရအောင်လုပ်ချင်တယ်... skin လေးလဲ ပြောင်းချင်တယ်... လုပ်တတ်သူများရှိရင်... ပြောပါနော်...း(... နှင်းဆီဖြူက မြန်မာလို ရိုက်တာနဲ့ သီချင်းဆိုတာက လွဲရင် ဘာမှ လုပ်တတ်တာ ဟုတ်ဘူး...း( ကဗျာတွေ ရေးမယ် ပြောပြီး မရေးဖြစ်ဘူး ဖြစ်နေတယ်... ရေးချင်စိတ်ပေါ်လာရင်တော့ ရေးမှာပါ.. ဟီးဟီး...း) ကဗျာတွေ မရေးဖြစ်တာကလဲ အကြောင်းရှိပါတယ်..း) နှင်းဆီဖြူ ဘာမှ စိတ်ခံစားစရာ ပြင်းပြင်း မရှိလို့ပါ... အေးအေးချမ်းချမ်းလေး နေနေတယ်... ဘာမှ မစဉ်းစားဘူး .. ဘာမှလဲ မခံစားဘူး.. ဘာကြောင့်မှလဲ စိတ်ဆင်းရဲ မခံဘူး... အဲတော့ ဘာကဗျာမှ ထွက်မလာတော့ဘူး... xD hee heee ဒီနေ့တော့ ဒီလောက်ပါပဲကွယ် .... တာ့တာ နှင်းဆီဖြူ နှင်းဆီဖြူ ၏ အီးဒိုင်ယာရီ - ၂Saturday, May 1, 2010 | 10:41 AM |
ဒီရက်တွေ နှင်းဆီဖြူ လုပ်နေကျလေးတွေပဲ လုပ်ဖြစ်ပါတယ်... ထူးထူးခြားခြားဘာမှရှိပါဘူး.... 0 Dancing Queen and Prince Saysဒီနေ့လဲထုံးစံအတိုင်း မနက် ၈နာရီဆို အိပ်ယာထတယ်. ကော်ဖီသောက်တယ်. အိမ်ရှေ့နဲ့ အိမ်နောက်ဖေးနဲ့ကို လမ်းသလားတယ်... facebook ဖွင့်ပြီး game ဆော့တယ်... :D သူငယ်ချင်းတွေ profile တွေဝင် စပ်စုတယ်... youtube ကြည့်တယ်... blog တွေဖတ်တယ်... ဘာမှလုပ်စရာမကျန်တော့ရင် ရုပ်ရှင်ကြည့်တယ်...း) ဒီနေ့တော့ အပြင်မှာ သူငယ်ချင်းတွေနဲ့ ရုပ်ရှင်သွားကြည့်မယ်... ပြန်လာရင် game ဆော့မယ်.. အိပ်မယ်... :P ကျောင်းစာလဲ လုပ်စရာမရှိတုန်း... အလုပ်လဲ မရှိသေးတုန်း စည်းစိမ် အပြည့်ခံစားနေတာ.. blog လေးတောင် အထီးကျန်နေပြီ... ဒီရက်ပိုင်းတွေထဲ မှာကဗျာလေးတွေ တင်ဖြစ်အောင်ကြိုးစားပါမယ်... သိတဲ့ အတိုင်း အရင်ကလို ခံစားချက် အရမ်းပြင်းရမှာကြောက်နေမိတော့ .. ကဗျာတွေလဲ မရေးဖြစ်ဘူးဖြစ်နေတယ်.... သည်းခံပေးပါလို့...း) ခုလဲ သူငယ်ချင်းတွေနဲ့ ချိန်းထားတဲ့ အချိန်နီးလာလို့ သွားဖို့ ပြင်ရဆင်ရဦးမယ်.... blog ကလေးက ခြောက်ကပ်နေပြီး ပျော်စရာ မရှိတာတောင်.. နေ့တိုင်းလာလည်ကြတဲ့ သူငယ်ချင်းတွေကို ကျေးဇူးအများကြီးတင်ပါတယ်... blog လေးမှာ ဖတ်တဲ့ သူမရှိတော့ရင် ရေးတဲ့လူက အားငယ်တာပေါ့... ဟုတ်ဘူးလား...း(... ရှဲရှဲ ရှဲရှဲ .... :PPP ရေးရင်းရေးရင်း အရှိန်ရလာပေမယ့် သွားစရာလေး ရှိတော့... အီးဒိုင်ယာရီလေးကို ဒီလောက်ပဲ ကျေနပ်ပေးပါလို့... တာ့တာ ဒါလေးကတော့ ဆုန်သင်းပါရ် ရဲ့ အကြင်နာ စစ်ရင် ဆိုတဲ့ သီချင်းလေး ဆိုကြည့်ထားတာပါ...း) အားပေးကြပါဦးလို့ နှင်းဆီဖြူ စာမရေးရခြင်း အကြောင်း အရင်းများThursday, April 15, 2010 | 1:27 PM |
၁. နှင်းဆီဖြူသည် ပျင်းရိခြင်းခြောက်ပါး ၏ မာယာကြော့ကွင်းမှ ရုန်းထွက်နိုင်ခြင်းငှာ မတတ်သာ... 0 Dancing Queen and Prince Says၂. ဖေ့ဘွက်မှ ပက် စိုစိုင်တီ၏ လှည့်စားမှုများမှ ရုန်းထွက်ခြင်းငှာ မတတ်သာ... ၃. ယူကျုမှ ဗွီဒီယိုများ၏ ဆွဲဆောင်မှုမှာ ရုန်းထွက်ခြင်းငှာ မတတ်သာ... အဲဂလို အဲဂလို အကြောင်းတွေကြောင့် နှင်းဆီဖြူ တစ်ယောက် ပျောက်နေရပါကြောင်း နှင့်.. ယနေ့ ယခုချိန်မှ စ၍စာပြန်ရေးပါတော့ မည်ဖြစ်ကြောင်း ဂတိပြူးပါတယ်ရှန်....အဲလေ.. ဂတိပြုပါတယ်လို့... :P ယနေ့မှ စ၍ နှင်းဆီဖြူ စာမရေးခဲ့သော်.. စာဖတ်ပ၇ိတ်သတ်ကြီးများဖြစ်သော ဘလောဂ့်ဂါ အပေါင်းတို့သည် နှင်းဆီဖြူ၏ အိမ်ထိလာပြီး မုန့်လုံးရေပေါ်များဖြင့် ကြိုက်သလောက်ပေါက်နိုင်ကြောင်း အသိပေး ကြေငြာလိုက်ပါတယ် ရွှန်.... ^___^ တာ့တာ.... နှင်းဆီခရမ်းရောင်... :D နှင်းဆီဖြူ ဟင်းချက်သည်Wednesday, March 17, 2010 | 11:12 AM |
0 Dancing Queen and Prince Says“နှင်းဆီဖြူ ဟင်းချက်သည်” ဟုတ်ပါတယ်... နှင်းဆီဖြူ ဟင်းချက်ပါသည်... ဟီးဟီး... ဘာချက်လဲ ဆိုတော့ ... ကြက်ဥ ကြော်ပါတယ်... :P ... ဒီသာပါမောက္ခဆရာမကြီး ဖြစ်တဲ့ နှင်းဆီဖြူရဲ့ အမဆီမှာ သုံးနှစ်သုံးမိုး... ကြိုးစားပြီး နေ့ မအား ညမနား သင်ယူခဲ့တာပါ... ဟီးဟီး.... XD... ကြက်ဥကြော် လှလှလေးတွေရမယ်... :D.. စားချင်ရင် တစ်ယောက် တစ်ခုလာယူပါ... နှင်းဆီဖြူ ၏ အီးဒိုင်ယာရီSunday, March 14, 2010 | 8:57 PM |
“နှင်းဆီဖြူ ၏ အီးဒိုင်ယာရီ” :P 0 Dancing Queen and Prince Saysနှင်းဆီဖြူ ဘလောဂ့်ကလေး ခြောက်သွေ့နေတာ ကြာပြီဆိုတော့... ပြန်အသက် သွင်းဖို့တော်တော် အရှိန်ယူရမယ်... ဟီးဟီး... လောလောဆယ်တော့ နှင်းဆီဖြူ ဘာတွေလုပ်နေတယ် ဆိုတာလေးတွေ... ဟိုပြော ဒီပြော ပြောပြတာပေါ့...း) လောလောဆယ် အလုပ်ရှာနေပါတယ်... ရှာတယ် ဆိုတာလဲ သေချာရှာရသေးတာ ဟုတ်ပါဘူး.. အိမ်မှာ အလေလိုက်နေတာက များတယ်... ဟီးဟီး.... မှတ်မှတ်ရရသွားတာ ဆိုရင်တော့ TP Thingyan သွားဖြစ်ပါတယ်... နှင်းဆီဖြူ ချစ်သူငယ်ချင်းလေးက အဲ့မှာ က,တော့ တစ်ချက်လွှတ် အမိန့်နဲ့ လိုက် ကြည့်ရပါတယ်... တကယ်လဲ ကြည့်ချင်လို့ပါ...း) အဲ... သွားကြည့်မယ်ဆိုတော့ ခြေထောက်တွေ ညောင်းပါတယ်... ဟီး... အဖြစ်က ဆိုးတာက TP ကိုတစ်ခါမှ မရောက်ဖူးပါဘူး.. သူငယ်ချင်းအားကိုနဲ့ tempines mrt ထိသွားလိုက်တာ ဟိုရောက်မှ badok ကနေလဲ bus စီးလို့ ရတယ်ဆိုတာ သိပါတယ်... ချစ်သူငယ်ချင်းကလဲ ဘယ်လောက်ချစ်ဖို့ ကောင်းလဲ ဆိုတော့ မနက်ထဲက ဖုန်းကို မကိုင်ပါဘူး...း) တော်သေးလို့ တခြားသူငယ်ချင်းတွေပါတော့.. သူတို့နဲ့ သွားရင် ရောက်သွားပါတယ်... NP နဲ့ NYP တုန်းကလို လမ်းပြကောင်မလေးတွေ ချောချောလေးတွေ မြန်မာ အင်္ကျီ လှလှလေးတွေနဲ့ ရှိမလေးလို့ ရှာကြည့်တာ... မတွေ့ပါဘူး.. မျက်လုံးပဲ မကောင်းလို့လား တော့ မသိဝူး... မရောက်ခင်တော့ တော်တော် ဒုက္ခ ရောက်သွားတယ်... TP ကသူ့ ပရိတ်သတ်ကြီးထဲမှာ နှင်းဆီဖြူလို ထုံထုံအအလေးတွေ မပါဘူးလို့ တွက်ထားပုံရပါတယ်.. ဒီလိုနဲ့ ရှိုးပွဲကြီးကြည့်တော့လဲ ရယ်ရတာပေါ့... တဟီးဟီး တဟားဟားနဲ့...း)... ပြသနာက အရယ်လွန်ပြီး ရေဆာတာပါပဲ...း(.... NYP တုန်းကလို break time ကလေးပေးပြီး အအေးလေး မတိုက်တော့ (ကိုသုညကြီးကို မြောက်ပြောတာ မဟုတ်ပါဘူး.. ကြေးအိုးနော်....) နှင်းဆီဖြူ ခမျာ မျက်နှာငယ်လေးနဲ့ အိမ်သာနားက Vending Machine လေးမှာ အအေးလေးဝယ်သောက်ရပါတယ်...း( (သနားစရာလေး.. အဟင့်..) ကောင်းတာလေးတွေလဲ ရှိပါတယ်... နှင်းဆီဖြူကို မကောင်းမြင်ဝါဒီကြီး ထင်နေကြဦးမယ်...း).... remix သီချင်းလေးတွေနဲ့ အစွမ်းပြသွားတဲ့ sentosa က ခရမ်းပြာတန်ခူးမယ်လေးတွေ... ပုဂံခေတ်အကလေးလဲ ကြိုက်ပါတယ်... ဆန်းလဲ ဆန်းသလို့ မြန်မာလူမျိုး မဟုတ်တဲ့ ပရိတ်သတ်တချို့ကို မြန်မာတွေလဲ အနှစ်သာရ လေးပြလိုက်နိုင်တာ ကြိတ်ပြီး ဂုဏ်ယူနေမိတယ်...း) စိတ်မကောင်းတာက အဆုံးထိမကြည့်လိုက်ရပါဘူး...း( အဲဒီနေ့ သွားစရာရှိတာကို လုံးဝမေ့ပြီး အကို့ကို သူ့သူငယ်ချင်းမင်္ဂလာဆောင်လိုက်ပေးမယ် ဆိုပြီးပြောထားလိုက်မိတော့ အလောတကြီးနဲ့ အဲဒီကို ၆နာရီအမီ သွားရတာနဲ့... အငြိမ့်လေးနည်းနည်းကြည့်ပြီး ထွက်သွားရပါတယ်.. စိတ်မကောင်းလိုက်တာ... အဟင့်.... ဒီနေ့တော့ ဒီလောက်ပဲနော်... နောက်လဲ စကားလာများပါဦးမယ်... ^______^ နှင်းဆီဖြူ final presentaionWednesday, February 17, 2010 | 11:26 AM |
နှင်းဆီဖြူ ကျောင်းမှာ final presentation လုပ်ဖို့ မိနစ်သုံးဆယ် အလိုပါ.. လုပ်စရာ မရှိလို့ ဘလောဂ့်ထိုင်ရေးနေတာ.. ဟီးဟီး... ဒီနေ့က နှင်းဆီဖြူရဲ့ နောက်ဆုံးနေ့ပါ... (သေတော့မှာ ဟုတ်ဝူးနော်). ကျောင်းလာရတာ နောက်ဆုံးနေ့ပြောတာ...း) သွားတော့မယ်.. တာ့တာ 0 Dancing Queen and Prince SaysLabels: e-diary i hate uWednesday, February 10, 2010 | 6:51 PM |
0 Dancing Queen and Prince Saysနင့်ကိုငါမုန်းတယ်။ နင့်ကိုငါမုန်းတယ်။ နင့်ကိုငါမုန်းတယ်။နင့်ကိုငါမုန်းတယ်။ နင့်ကိုငါမုန်းတယ်။နင့်ကိုငါမုန်းတယ်။ နင့်ကိုငါမုန်းတယ်။နင့်ကိုငါမုန်းတယ်။နင့်ကိုငါမုန်းတယ်။နင့်ကိုငါမုန်းတယ်။နင့်ကိုငါမုန်းတယ်။ နင့်ကိုငါမုန်းတယ်။။နင့်ကိုငါမုန်းတယ်။နင့်ကိုငါမုန်းတယ်။။နင့်ကိုငါမုန်းတယ်။။နင့်ကိုငါမုန်းတယ်။။ နင့်ကိုငါမုန်းတယ်။နင့်ကိုငါမုန်းတယ်။နင့်ကိုငါမုန်းတယ်။နင့်ကိုငါမုန်းတယ်။နင့်ကိုငါမုန်းတယ်။။ နင့်ကိုငါမုန်းတယ်။နင့်ကိုငါမုန်းတယ်။အရမ်းမုန်းတယ်။နင့်ကိုငါမုန်းတယ်။နင့်ကိုငါမုန်းတယ်။ နင့်ကိုငါမုန်းတယ်။။။။။။နင့်ကိုငါမုန်းတယ်။။။နင့်ကိုငါမုန်းတယ်။နင့်ကိုငါမုန်းတယ်။ နင့်ကိုငါမုန်းတယ်။နင့်ကိုငါမုန်းတယ်။နင့်ကိုငါမုန်းတယ်။နင့်ကိုငါမုန်းတယ်။ နင့်ကိုငါမုန်းတယ်။နင့်ကိုငါမုန်းတယ်။နင့်ကိုငါမုန်းတယ်။ နင့်ကိုငါမုန်းတယ်။နင့်ကိုငါမုန်းတယ်။ နင့်ကိုငါမုန်းတယ်။ မုန်းတယ်။ YOU နှင်းဆီဖြူ Labels: e-diary end of attachment ^^Friday, February 5, 2010 | 5:08 PM |
နှင်းဆီဖြူရဲ့ ၅လတာ attachment ကြီးအောင်မြင်စွာပြီးဆုံးသွားကြောင်း ကြေငြာအပ်ပါတယ်... ဖြောင်းဖြောင်း ဖြောင်းဖြောင်း... ဟီးဟီး... ဒီရက်ပိုင်း ပိုစ့် အသစ်မတင် ဖြစ်ရတဲ့ အကြောင်းကတော့ final presentation အတွက် အသေအလဲ စာလုပ်နေရလို့ပါ... ခုပိုစ့်ရေးလို့ ပြီးပြီလို့ မထင်ပါနဲ့... ကျောင်းမှာ လုပ်စရာရှိပါသေးတယ်.. သြော် ... ဘဝဘဝ... ခုရုံးကမပြန်ရသေးခင် စာရေးနေတာ.. အိမ်ပြန်နောက်ကျမှာမို့...း).. ဟီးဟီး... စိတ်တွေ ကြည်လင်နေတယ်... ပျော်ရွှင်နေတယ်.. ဝမ်းသာနေတယ်.. ကြည်နူးနေတယ်... အားရနေတယ်... ကျေနပ်နေတယ်... ကွိကွိ.. ဘာရှိသေးလဲသိဝူး... မရှိတော့ရင် အိမ်ပြန်တော့မယ်... သူများဘလောဂ့်တွေဖတ်ပြီး ကိုယ့်ဘလော့ဂ်ကို ပြန်ကြည့်ရတာ.. အားငယ်တယ်... အဟင့် ... မကောင်းသော်လည်း အောင့်ကာ ဖတ်လိုက်ပါလို့... ဟီး... (မချစ်သော်လည်း အောင့်ကာနမ်း.. ဟုတ်ဝူး...) တာ့တာ... 0 Dancing Queen and Prince Saysယနေ့ကြွလာ မိတ်သဟာ ချမ်းသာကိုယ်စိတ်မြဲပါစေ... ပူတူတူးလေး နှင်းဆီဖြူ.. :P Labels: e-diary လူဖြစ်ရတဲ့ ဒုက္ခTuesday, February 2, 2010 | 4:30 PM |
0 Dancing Queen and Prince Says"ဟိုပြောဒီပြော" ဒီနေ့ အိမ်ပြောင်းမလို့ တစ်နေကုန် ပစ္စည်းတွေ သိမ်းနေရတယ်..မောလိုက်တာ.. အခုမှ ပြီးသလောက်ရှိလို့... အိမ်ကလေးလာကြည့်တာ... တူညားတေ ဘာတေလာအော်ထားလဲလို့... ခုတစ်လော ဘလော့ဂ်ဂါတစ်ချို့ ပျောက်နေတယ်... မမစောသီရိယုလဲ ပျောက်နေ၏... ဘလောဂ့်လာဖတ်ဖြစ်ရင် ရှိသေးကြောင်းလေး အော်သွားပါဦး... ^-^ အိမ်ပြောင်းမယ်ဆိုတော့မှ ချောင်ကျိုချောင်ကြားက ပျောက်နေတာတွေ အကုန်ပြန်တွေ့တယ် .. ဟီးဟီး.. ပျော်လိုက်တာ... နှင်းဆီဖြူက အရုပ်လေးတွေ အရမ်းကြိုက်ပါတယ်... အခု အိမ်ပြောင်းမယ်ဆိုတော့ ရှိသမျှ အရုပ်တွေ လိုက်သိမ်းတာ.. ၂၀ကျော်တယ်... အရုပ်အကြီး ၇ ရုပ်လောက်နဲ့ နည်းနည်းသေးတာ ၈ရုပ်လောက်.. ကျန်တာလေးတွေကတော့ ပိစိလေးတွေ.. ပျော်လိုက်တာ.. အကုန်ပြန်တွေ့တယ်... စင်္ကာပူကိုလာမယ်ဆိုတော့ ရန်ကုန်က မခွဲနိုင်မခွာရက် ယူလာတဲ့ အရုပ်ကလေးတောင် တွေ့တယ်... အိမ်ပြောင်းရတာ မလွယ်ပါဘူး.. ပြောင်းဖူးတဲ့ သူတွေ သိမှာပါ... ခုလဲ လူကတော်တော်ကို မောနေပြီ... အဟင့်........ သြော် ... ဟိုသီချင်းလေးပဲ .. ညည်းချင်တော့တယ်.... "လူဖြစ်ရတဲ့ ဒုက္ခ!!!!!!" နှင်းဆီဖြူ |