
![]() |
c boxWednesday, December 30, 2009 | 10:47 AM |
0 Dancing Queen and Prince Says c-box ကလေးမှာ ပျော်စရာလေးတွေဖြစ်အောင် emoticons လေးတွေ ပြောင်းပေးထားပါတယ်... ရိုက်ရမယ့်စာလေးတွေနဲ့ ပေါ်လာမယ့် အရုပ်ကလေးတွေတွဲတင်ပေးထားတယ်နော်... /love /mwah /meow /money /cute /pls /dance /sing /slap /kiss /sad နှင်းဆီဖြူ _______________________________________________________________ Labels: e-diary ပူလာအိုပင်နှင့်မကြားရ မမြင်ရသော ပရလောက (အပိုင်း - ၂) | 10:02 AM |
0 Dancing Queen and Prince Says“ပူလာအိုပင်နှင့်မကြားရ မမြင်ရသော ပရလောက (အပိုင်း - ၂)” တစ်ဖွဲ့လုံး နန္ဒာ့ကို လှည့်ကြည့်ကြသည်.. အမှန်တော့ နန္ဒာအတွေး နယ်ချဲ့နေရင်း ခလုတ်တိုက်မိလို့ လန့်ပြီးအော်ခြင်းသာ… နန္ဒာတို့တစ်ဖွဲ့လုံး ဝါးကနဲ ပွဲကျသွားသည်… နန္ဒာလဲရှက်ရှက်နှင့် သူတို့နဲ့အတူရောပြီး ရယ်မိလေသည်… နန္ဒာ့ကိုစိုးရိမ်တစ်ကြီး ကြည့်နေသူတစ်ယောက်တော့ရှိသည်…. ကာရံ……. နန္ဒာ ကာရံကို မေးချင်သည်… နန္ဒာချော်လဲပြီးအော်တော့ ဘာလို့မရယ်တာလဲလို့… “ထားလိုက်ပါလေ… သူဘာသာမရယ်ချင်လို့ မရယ်တာပေါ့ … ငါနဲ့ဘာဆိုင်လို့လဲ” ဟုနန္ဒာတွေးလိုက်သည်… နောက်တော့လဲ မေ့မေ့ပျောက်ပျောက် ဖြစ်ကာနန္ဒာတို့ camp ချထားရာနေရာကို ပြန်လာလေသည်…. အရာအားလုံးဟာ ပုံမှန်အတိုင်းပဲလို့ နန္ဒာသိသည်… ဒါပေမယ့် နန္ဒာ့စိတ်ထဲမှာ တစ်ခုခုကြောင့် စိတ်တွေလေးနေသည်… ဘာကြောင့်လဲတော့ အတိအကျမသိ…. “နန္ဒာ….” “သြော်… ကာရံ…း) .. မအိပ်သေးဘူးလား” “ဟားဟား…. ကျွန်တော်ကအမြဲနောက်ကျမှ အိပ်တတ်တာ နန္ဒာရဲ့… ” “ဒါနဲ့ နန္ဒာနေကောင်းပါတယ်နော်… ကြည့်ရတာ ဖြူဖတ်ဖြူရော်နဲ့” “ဟာ.. နေကောင်းပါတယ်… လမ်းလျှောက်ထားတာ များလို့ခြေထောက်တွေ နာနေတာပဲ ရှိတာ” @_@ <<< (ကာရံ :P) ကာရံချက်ခြင်း တည်သွားသည်… သူချော်လဲတုန်းက ကြည့်တဲ့စိုးရိမ်နေတဲ့ မျက်ဝန်းတွေ…. ဒီမျက်ဝန်းတွေကို နန္ဒာ ကောင်းကောင်းမှတ်မိသည်… “ဘာဖြစ်လို့လဲ ကာရံ….” “သြော်.. ဘာမှမဖြစ်ပါဘူး… နန္ဒာ အိပ်တော့လေ မနက်ကျ အိပ်ရေးမဝ ဖြစ်နေဦးမယ်...” “ဟုတ်ကဲ့” ဟုပြောပြီးနန္ဒာ တဲထဲဝင်လာလိုက်သည် … အိပ်လို့တော့မပျော်ခြေ… နန္ဒာခြေထောက်တွေ အရမ်းနာနေသည်…. ဒီလောက်ကလေး လမ်းလျှောက်တာတောင် မခံနိုင်တဲ့ ကိုယ့်ကိုယ်ကိုပဲ အပြစ်တင်မိသည်…. နောက်တစ်နေ့ နေ့ခင်းဘက်လောက် သူတို့အားလုံး အိမ်ပြန်ရောက်ကြသည်…. ထိုနေ့ညနန္ဒာ ဖျားလေတော့သည်… အစကတော့ ဖေဖေက ခရီးပန်းလာလို့ဟုထင်သည်… နောက်တော့ ကိုယ်ပူတာကျမသွား…. ပိုဆိုးလာသည်…. ဒီနေ့ နဲ့ဆို သုံးရက်ရှိပြီ…. တစ်ခါတစ်လေ အဖျားတတ်ပြီး ဂယောင်ဂတမ်းတွေ အော်သည်အထိဆိုးလာသည်… (အပိုင်း - ၃ ဆက်ရန်…) တောင်းပန်ခြင်းMonday, December 28, 2009 | 3:26 PM |
0 Dancing Queen and Prince Saysပူလာအိုပင်နှင့်မကြားရ မမြင်ရသော ပရလောက (အပိုင်း - ၂) ကို ရေးစရာ report ကလေးတွေပြီးရင် တင်ပါ့မယ်... report တွေကလဲ တော်တော်များ နေတော့ အရေးကြီးတာ တစ်ခုပြီးရင် အပိုင်း ၂ ဆက်ရေးပါမယ် နော်.. ပရိတ်သတ်ကြီး စိတ်ဆိုးရဘူး နော်.. ကွိကွိ... ^-^ ... အခု အခြေအနေ အရဆိုရင်တော့ ဗုဒ္ဓဟူးနေ့ ညတော်တော် မိုးချုပ်ရင် တင်ဖြစ်မယ် ထင်ပါတယ်... ဟီးဟီး... မကြာမီ လာမည်... မျှော်ချင်မျှော် မမျှော်ချင်နေ... Labels: e-diary ပူလာအိုပင်နှင့် မကြားရ မမြင်ရသော ပရလောက (အပိုင်း - ၁)Friday, December 25, 2009 | 2:52 PM |
0 Dancing Queen and Prince Says“ပူလာအိုပင်နှင့် မကြားရ မမြင်ရသော ပရလောက (အပိုင်း - ၁)” “ဟင့်အင်း.. ဖေဖေ .. သမီးသွားမှဖြစ်မှာ..” နန္ဒာအကြောက်အကန်ငြင်းမိသည်… ဟုတ်တယ်လေ… အခုပဲ ပိုလီနောက်ဆုံးနှစ် ရောက်နေပြီ… ဒီနှစ်ညအိပ်သုံးရက် ခရီးလေးကို ဖေဖေ မလွှတ်တာမတရားဘူး… ဒါပေမဲ့ ဖေဖေက နန္ဒာ့ကိုအတင်းအကျပ် ပိတ်ပင်မှာ မဟုတ်မှန်း နန္ဒာကောင်းကောင်းသိသည်… မေမေနေမကောင်းလို့ နန္ဒာကိုဝေးဝေးလံလံ မသွားစေချင်နေမှန်းလဲသိသည်… ဒါပေမဲ့မတတ်နိုင်ဘူးလေ… သူငယ်ချင်းတွေအားလုံးကို လိုက်ဖြစ်အောင်လိုက်မယ်လို့ ကတိပေးပြီးသွားပြီ… နောက်ဆုံးတော့လဲ နန္ဒာသွားမယ်ဆို ဖေဖေခွင့်ပြုရမှာပဲ… “သမီးရေ… နန္ဒာ… ကဗျာ့ဆီကဖုန်း” “ဟုတ်ကဲ့.. ဒေါ်လေး” … ကဗျာကနန္ဒာ့သူငယ်ချင်းတွေထဲမှာ ချစ်စရာအကောင်းဆုံး… နှစ်ယောက်စလုံးက စိတ်တူကိုယ်တူဆိုတော့ သဘေားထားချင်းတိုက်ဆိုင်ပြီး တော်တော်တွဲမိသည်… အခုပူလာအိုပင်ကိုသွားဖို့ လိုက်မှာသေချာသွားတာ ငါးယောက်ရှိပြီဖြစ်ကြောင်း ကဗျာက လှမ်းအကြောင်းကြားခြင်းဖြစ်သည်… ပြီးတော့ယူသွားရန်လိုအပ်သည့် ပစ္စည်းတချို့ကိုလည်း မမေ့ရန်မှာနေခြင်းဖြစ်သည်… ပူလာအိုပင်သို့ သွားမည့်အုပ်စုတွင် နန္ဒာအပါအဝင် မိန်းကလေးသုံးယောက်နှင့် ယောက်ျားလေး နှစ်ယောက်ပါမည် ဖြစ်သည်… မနက်ဖြန်သွားရတော့မည်ဆိုတော့ နန္ဒာစိတ်လှုပ်ရှားနေမိသည်… နန္ဒာတို့ အစီအစဉ်ဆွဲထား သလောက်ကတော့ နှစ်ညအိပ်မည်ဖြစ်ပြီး ဒုတိယညတွင် night walk လျှောက်မည်ဟု စီစဉ်ထားသည်… နန္ဒာတို့ တစ်ဖွဲ့လုံးက စွန့်စားရတာကြိုက်သည်… ဒါကြောင့်လဲသူတို့ တစ်ဖွဲ့လုံး Adventure Seekers ဆိုတဲ့အဖွဲ့ကိုဝင်ထားတာပေါ့… ဘာပဲဖြစ်ဖြစ် နန္ဒာကတော့ ဒုတိယည လမ်းလျှောက်ထွက်ဖို့ကို စိတ်အားသန်နေသည်… နန္ဒာတို့ရောက်လာပါပြီ… ပထမနေ့တော့ အားလုံးလဲပင်ပန်းနေကြသည်… ရောက်ကတည်းက အနားယူကြပြီး ညနေ စက်ဘီးစီးဖို့ ပြင်ဆင်ကြသည်… ရေဘူး ချွှေးသုတ်ပုဝါ အကုန်ပါသည်… အုပ်စုလိုက်စီးကြတော့ တော်တော် ပျော်စရာကောင်းသည်…း) … ပြန်ရောက်တော့ ရေမိုးချိုးပြီး နောက်တစ်နေ့ အတွက် အစီအစဉ်တွေကို ခေါင်းဆောင်ဖြစ်တဲ့ ကာရံက သေချာရှင်းပြသည်… ကာရံက နန္ဒာတို့အုပ်စုတွင် အသက်အကြီးဆုံး… ပြီးတော့သူက ကဗျာ့အစ်ကိုလေ… အရင်ထဲကလဲ ဒီလို Camp မျိုးတွေထွက်ဖူးတော့ နန္ဒာတို့ထက်တော့ အတွေ့အကြုံရှိတာပေါ့… ကာရံက နန္ဒာတို့အားလုံးကို သတိ ဝိရိယ ရှိကြဖို့နှင့် တစ်ခုခုဆို တစ်ဖွဲ့လုံးကိုပြောဖို့ မှာနေလေသည်… နောက်ပြီး ၂နာရီလောက် တောထဲမှာ လမ်းလျှောက်မှာဆိုတော့ မြွေပါးကင်းပါးသတိထားဖို့ အဝတ်အစားတွေကိုလဲ ထူထူနဲ့လုံလုံခြုံခြုံ ဝတ်ဖို့ လည်းမှာသေးသည်…း) .. အားလုံးတူတူသွားကြရတော့ ဘာမှတော့ကြောက်စရာမရှိဘူးပေါ့… ဒါပေမဲ့ ပူလာအိုပင်ဆိုတာ အရင်ထဲက သရဲတစ္ဆေတွေနဲ့ ပတ်သတ်ပြီး နာမည်ကြီးနေတော့ နန္ဒာနည်းနည်းတော့ ကြောက်မိတာ ဝန်ခံပါတယ်… သူငယ်ချင်းတွေ အများကြီးပါတာပဲ ဘာဖြစ်မှာမို့လဲဟု ကိုယ့်ကိုယ်ကို ပြောရင်း အားတင်းလိုက်သည်… ညအမှောင်က တိတ်ဆိတ်လွန်းနေသည်…. တောထဲရောက်နေလို့ပဲလား ညကပဲမှောင်မိုက်လွန်းတာလား နန္ဒာ မပြောတတ်တော့… ကောင်းကင်ကို မော့ကြည့်တော့.. လရောင်မပြောနဲ့ ကြယ်လေးတွေတောင်နန္ဒာတို့အုပ်စုကို ဥပေက္ခာပြုထားကြသည်… လမ်းလျှောက်သံ နှင့် ပုရစ်ကလေးတွေ အော်သံမှအပ ပတ်ဝန်းကျင်တစ်ခုလုံး ငြိမ်သက်ခြင်းအတိ…. “အား!!!” နန္ဒာ့ဆီမှ စူးစူးဝါးဝါးအော်သံ… (အပိုင်း - ၂ ဆက်ရန်…) (ဒီ ပို့စ်ကလေးက သူငယ်ချင်းတစ်ယောက်ရဲ့ တကယ်ကြုံတွေ့ခဲ့ရတဲ့ ဖြစ်ရပ်မှန်ပါ… နှင်းဆီဖြူရဲ့ သူငယ်ချင်းကိုတော့ နန္ဒာ အဖြစ်အမည်ပြောင်းလဲ ရေးထားခြင်းဖြစ်ပါတယ်… ) ________________________________________________________________ merry christmas | 11:06 AM |
0 Dancing Queen and Prince Says......…........ (¯ ┼ ¯)... …...…......... / | \............♫ Warmest wishes♫ …....….…...*•♥•*...................♫ for a ♫ …....….... *♥♫♫♥*...........♠♫ Merry Christmas ♫♠ ….......... *♥•♦♫••♥* ................♥.. and a...♥ ........... *♥☺♥☺♥☺♥* ........ ♠♫ Happy New Year♫♠ ...........*♥•♥#♠*♥#♥•♥* ..........*♥♫♥♥♫♥♥♫♥♫* ........*♥♥☺♥♫♥♫♥☺♥♥* .......*♥♥♣♫♥♥♥♥♥♫♣♥♥* ....*♥♥♣♥♫♥♥♫♥♥♫ ♥♣♥♥* ................ ╬╬╬╬╬........... Labels: events side bar :(Thursday, December 24, 2009 | 10:28 AM |
0 Dancing Queen and Prince Saysစိတ်ညစ်လိုက်တာ… T~T ဘလောဂ့်လေး side bar မှာ သီချင်းလေးတွေထဲ့ချင်လို့ ဟာကို အဆင်ကို မပြေဘူး… ဟွန်း… ထည့်ချင်တဲ့ သီချင်းကို ရှာမတွေ့ရတာနဲ့ ဖွင့်လို့ မရတာနဲ့… နောက်ဆုံးတော့ လက်လျှော့လိုက်တယ်… ကိုယ့်ကိုယ်ကိုလဲ ဒီလောက် ပိန်းရလားလို့ အပြစ်တင်မိတယ်… T~T နောက်မှပဲ ထပ်ကြိုးစားပြီးရအောင်လုပ်ပါမယ်…း) အခုအဲလို ပြဿနာတွေဖြစ်တော့ စာရေးချင်စိတ်က ကုန်သွားရော… ဒါပေမဲ့လဲ သြော် မရေးတာကြာတော့ ပရိတ်သတ်ကြီး လွမ်းနေတော့မယ် ဆိုပြီး (မလွမ်းလဲ လွမ်းတယ်လို့ လိမ်လိုက်ပါ.. နော်.. xD) စိတ်ညစ်ရတဲ့ အကြောင်းလေးထိုင်ရေးနေတာ… ဟီးဟီး… ပြီးတော့ရှိသေးတယ်… စာလုပ်စရာ… သို့သော်လည်း ပျင်းရိမှုဒဏ်ကို တွန်းလှန်နိုင်စွမ်းက negative အနေအထားမှာ ရောက်နေသောကြောင့် စာမလုပ်ပဲ… ဘလောဂ့်ထိုင်ရေးနေခြင်းဖြစ်ပါတယ်… ဒီဘလောဂ့်လေးကို လာဖတ်ကြတဲ့ သူငယ်ချင်းတွေကိုလဲ ကျေးဇူး အထူးတင်ရှိပါကြောင်း……… နှစ်သစ်ရောက်တော့မှာ ဖြစ်တဲ့အတွက် စိတ်သစ်ကိုယ်သစ်နဲ့ (ရည်းစားတော့အသစ်လုပ်နဲ့ နော် ဟွန့်… :P) ၂၀၁၀ ခုနှစ်ကို ပျော်ပျော်ပါးပါး (မော်တော်ကားကြီးနဲ့) ဖြတ်သန်းနိုင်ပါစေ လို့ ဆုမွန်ကောင်း တောင်းလိုက်ပါကြောင်း…… နှင်းဆီဖြူကတော့ နှစ်သစ် count down ကို အိမ်မှာ စားလိုက် အိပ်လိုက်နဲ့ ဆင်နွှဲဖို့ အစီအစဉ်ရှိကြောင်း…… သတင်းအစုံအလင်မှာ… တူနယ်တူနယ် တူနယ်တူနယ် တူနယ်တူနယ် ပြောင်… တူနယ်တူနယ် တူနယ်တူနယ် တူနယ်တူနယ် ပြောင်… :P :P :P :P ပေါလိုက်တာနော်… ရုပ်ကလေးကချောသလောက်… မထင်ရဘူး…… :P xD နှင်းဆီ မဖြူ့တဖြူ :P (ဒီတစ်ရက်ကတော့ နဲနဲ ဆေးလှုပ်မသောက်မိလို့ ခွင့်လွှတ်ပေးလိုက်ကြပါရှင်… ) ^_____^V “ကံကြမ္မာရဲ့သားကောင်”Tuesday, December 22, 2009 | 3:31 PM |
0 Dancing Queen and Prince Says“ကံကြမ္မာရဲ့သားကောင်” ကော့ညွှတ် ရှည်လျားတဲ့ မျက်တောင်နက်နက်ကြီးတွေနဲ့ အရောင်တစ်လဲ့လဲ့ တောက်နေတဲ့ မျက်ဝန်းတစ်စုံရဲ့ အရှင်သခင်… နှင်းဆီရောင် သန်းနေတဲ့ နှုတ်ခမ်းဖူးဖူးလေးတစ်စုံနဲ့ ကြည်လင်ပြတ်သားပြီး ယုံကြည်မှု အပြည့်ပါတဲ့ စကားသံချိုချိုတို့ရဲ့ အရှင်သခင်… နောက်ဆုံးမှာတော့.. နှောင်း.. ဆိုတဲ့ မာနနတ်သမီးလေးဟာ ဘယ်တော့မှ အရှုံမပေးဘူးဆိုပြီး အားတင်းထားရက်နဲ့ ဒီကံကြမ္မာဆိုတာကြီးကို အလျှော့ပေးလိုက်တော့မှာလားကွာ… တကယ်လဲရှုံးသွားပါပြီ… ဒါပေမဲ့ နှောင်းရယ်… ပျော်ရွှင်မှုဆိုတာထက် မြင့်မြတ်ခြင်းကို တန်ဖိုးထားခဲ့တဲ့ ကိုယ်ကတော့… မင်းလူ့လောကကြီးက ထွက်သွားရတော့မယ်မှန်း သိသိကြီးနဲ့တောင် “နှောင်းကိုချစ်တယ်”လို့ ပြောမထွက်ခဲ့တဲ့ ငမိုက်တစ်ကောင်ရယ်ပါ…… နှင်းဆီဖြူ (ဒီကဗျာလေးကို ဂျူး ရဲ့ နံရံ၏အခြားတစ်ဖက် ဆိုတဲ့ ဝတ္ထုလေးကို ဖတ်လို့အပြီး ရေးထားတာပါ… အရမ်းကောင်းတဲ့ ဝတ္ထုလေးတစ်ပုဒ်ပါ… လောကကြီးရဲ့ မတရားမှုတွေ ဆန်းကြယ်မှုတွေကို ပုံဖော်ထားပါတယ်… ဝတ္ထုလေးက စိတ်ဝင်စားစရာလဲကောင်းပါတယ်… ဝတ္ထုလေးကို ဖတ်ချင်ရင်တော့ ဒီနေရာမှာ download ချနိုင်ပါတယ်…) သူမအကြောင်းMonday, December 21, 2009 | 3:48 PM |
3 Dancing Queen and Prince Says“သူမအကြောင်း” သူမအကြောင်း ပြောပြရရင်တော့ အများကြီးပဲပေါ့ဗျာ… သူမဆိုတာ ဘယ်သူဖြစ်ရမှာလဲ… ကျွန်တော် အရမ်းချစ်ရတဲ့ သူမပေါ့… သူမကို စတွေ့တဲ့နေ့က ကျွန်တော်မနက်စောစော လမ်းလျှောက်ထွက်ဖို့ စိတ်မပါတပါနဲ့ အိမ်ကထွက်လာတာလေ… ဟိုသီချင်းလေးထဲကလိုပေါ့… ဟဲဟဲ… “ကောင်းကင်ပြာပြာကြီးရဲ့အောက်မှာ… ကျွန်တော့်ချစ်သူကို စတွေ့ခဲ့…” … xD သူမအဲ့ဒီနေ့က အရမ်းလှတယ်ဗျာ… သူမဝတ်နေကျ ဆွဲကြိုးအနက်ရောင်ကလေးက သူမရဲ့လည်တိုင်ဖြူဖြူလေးမှာ အထင်းသား… သူမရဲ့ဆံနွယ်ရွှေဝါရောင်လေးတွေက ပြေးလိုက်တိုင်း လေထဲမှာတလွင့်လွင့်နဲ့ ကျွန်တော့်နှလုံးသားနုနုလေးကို ဖမ်းစားသွားလိုက်တာ… ပြောရက်စရာ မရှိအောင်လှတဲ့သူမကို ကျွန်တော့်မှာ နာမည်လေးမေးကြည့်မိဖို့တောင် မဝံ့မရဲနဲ့… အခုဆိုသူမကိုချစ်ခဲ့တာ သုံးလကျော်ကျော် ရှိတော့မယ်… အခုထိ “သူမ” ဆိုတဲ့ နာမ်စားလေးနေရာမှာ အစားထိုးစရာ မရှိသေးဘူး… ကျွန်တော်ညံ့ပါတယ်… သူမရဲ့ စိမ်းဖန့်ဖန့် မျက်ဝန်းဝိုင်းဝိုင်းလေးတွေနဲ့ ကြည့်လိုက်ရင် ကျွန်တော့်မှာ အသက်ရှူတွေတောင် မှားပြီး ခြေမကိုင်မိ လက်မကိုင်မိနဲ့… ကျွန်တော်ကိုက အသုံးမကျတာ… ဒီနေ့တော့ ကျွန်တော်မရ ရအောင်စကားပြောမယ်ဗျာ… ဟီးဟီး… အဲဒါကြောင့် မနက်အိပ်ရာနိုးထဲက ဂနာမငြိမ် ဖြစ်နေတာပေါ့… အိမ်ကလူတွေတောင် သတိထားမိပုံရတယ်… မနက်စာ နွားနို့သောက်ပြီးတာနဲ့ သတင်းစာ သွားကောက်ပြီး ဖတ်တာလဲမဟုတ်ပဲနဲ့… ဟိုယောင်ယောင် ဒီယောင်ယောင်လုပ်နေတာ… သူမလာခါနီး အချိန်လောက် မှန်းပြီး အိမ်ကနေ အပြေးကလေးထွက်လာမိတယ်… ကောင်းကင်ကြီးက ဒီနေ့မှ ပိုလှနေသလိုပဲ… ဒီနေ့တော့ သူမနာမည်လေး မရ ရအောင်မေးရမယ်… သူမလာနေကျ လမ်းကလေးထဲကို ချိုးဝင်လိုက်တယ်… ရင်တွေခုန်လိုက်တာ… သူမ… သူမ… ဟင်… ?!?!?! … သူမအရမ်းရှက်သွားတယ်… မျက်နှာလေးကို ရဲလို့… ကျွန်တော်ကလဲ ကျွန်တော်ပဲ တိုက်တိုက်ဆိုင်ဆိုင် သူမရှူရှူးပေါက်နေတာနဲ့သွားတိုးတယ်… >_< … ကျွန်တော်ပြောချင်တဲ့စကားတွေအကုန် ဘယ်ရောက်သွားမှန်းမသိ ပျောက်ကုန်တယ်… သူမလဲ ရှက်ရှက်နဲ့ သူမသခင်ကို ပြီးပြီ ဆိုတဲ့သဘောနဲ့ ပြောလိုက်တယ် … “ဝုတ်ဝုတ်” တဲ့… သူမရဲ့ စိမ်းဖန့်ဖန့် မျက်ဝန်းဝိုင်းဝိုင်းလေးတွေကလဲ ရှက်ရှက်နဲ့ မျက်လွှာကလေးချလို့… ကျွန်တော် အနားကထွက်သွားတယ်… ဟင်း… ဒီနေ့လဲလွဲ ပြန်ပြီ… တစ်နေ့နေ့တော့ သူမကို ချစ်တဲ့အကြောင်းတွေ သူမ သိအောင်ပြောပြမှာပါဗျာ…… နှင်းဆီဖြူ (ရယ်သောသူ အသက်ရှည်၏တဲ့ ဟီးဟီး… ပေါသောသူ အသက်ပို ရှည်၏ တဲ့ :P ) _______________________________________________________________ Labels: Humor, နှင်းဆီအတွေး Access Denied | 10:48 AM |
0 Dancing Queen and Prince Says“Access Denied” နင်ရက်စက်လိုက်တာ ငါနှလုံးသားဖြူဖြူကိုမှ သွေးချင်းချင်းနီအောင် လုပ်ရက်တယ်… ငါနင့်ကိုမမုန်းပါဘူး နာကြည်းရုံသက်သက်ပါ နင်မရှိလဲ ငါ့နှလုံးသားက ခုန်နေမှာပဲ… နင့်နံမည်ပါတဲ့ ငါ့ဒိုင်ယာရီထဲက စာမျက်နှာတွေ မီးလောင်ပြာကျသွားပြီ… ငါ့အတိတ်မှာ နင်မရှိတော့သလို ငါ့အနာဂတ်ကလဲ နင်နဲ့မဆိုင်တော့ဘူး… ငါ့မျက်ဝန်းတစ်စုံဟာ မျက်ရည်တွေခမ်းတဲ့အထိ ငိုခဲ့ပြီးပြီပဲ.. သွားပါတော့ ငါ့နှလုံးသားက နင့်ကို ရာသက်ပန် ban လိုက်ပြီ… :P နှင်းဆီဖြူ ____________________________________________________ Telepathy | 10:13 AM |
0 Dancing Queen and Prince Saysနင် Telepathy ဆိုတာကြားဖူးလားဟင်… လူတစ်ယောက်နဲ့ တစ်ယောက် စိတ်ချင်းဆက်သွယ်တဲ့ သဘောမျိုးတဲ့... စိတ်စွမ်းအားကောင်းတဲ့ လူတစ်ချို့ကတော့ တစ်ခြားသူတစ်ယောက်ကို စိတ်နဲ့စကားတွေပြောလို့ရတယ်တဲ့… အဲ့ဒီ Telepathy ကိုသာမန်လူတွေလဲ ခံစားလို့ရတတ်တယ်တဲ့… တစ်စုံတစ်ယောက်က ကိုယ့်အကြောင်းကို ပြင်းပြင်းထန်ထန် စဉ်းစားနေတဲ့ အခါမှာ အဲဒီတစ်စုံတစ်ယောက်ကို အိပ်မက်မက်တတ်တယ်တဲ့… ငါဒီအကြောင်းတွေ ပြောပြတော့ နင်ကရယ်တယ်…း) … နင့်လို လက်တွေ့ဆန်တဲ့လူတစ်ယောက်က ဒီလိုအကြောင်းတွေ မယုံတာ သဘာဝကျပါတယ်လေ… ငါတစ်ခုပဲ တောင်းဆိုချင်တယ်… နင့်ကို ငါ့အိပ်မက်ထဲမှာ ညတိုင်းတွေ့ပါရစေ… ^-^ နှင်းဆီဖြူ ( ဘာလေးမှန်းတော့သိဘူး… စိတ်ထဲပေါ်လာလို့.. ရေးလိုက်တာ.. ကဗျာလဲ မဟုတ် ဝတ္ထုလဲ မဟုတ်… အူကြောင်ကြောင် စာပိုဒ်ကလေးတစ်ခု အနေနဲ့ စာဖတ်သူရဲ့ ရင်ထဲကို ခံစားချက် ပိစိကွေးလေး ရောက်သွားတယ်ဆို ကျေနပ်ပြီ… ^^ ) Labels: နှင်းဆီအတွေး ကျိန်စာသင့်နှလုံးသားFriday, December 18, 2009 | 4:21 PM |
0 Dancing Queen and Prince Says”ကျိန်စာသင့်နှလုံးသား” ရှေးဘဝက ကျိန်စာသင့်ခဲ့လို့ နင့်ကိုမှ ချစ်တတ်ခဲ့တာလား… တကယ်ဆို ငါ့ရင်ဘတ်ထဲက တစ်ဒုတ်ဒုတ် ခုန်နေတဲ့ နှလုံးသားတစ်စုံဟာ … နင့်အတွက် ယဇ်ပူဇော်ဖို့ မွေးဖွားလာတာပါ.... နင်ငါ့ကို ချစ်လားလို့ မမေးတော့ဘူး… ငါ့အတွက်တော့ ငါ့ဘက်က ချစ်ခွင့်ရှိနေရုံနဲ့တင် လုံလောက်ပါပြီ… နှင်းဆီဖြူ Labels: ကဗျာ "ကြယ်ကလေး" | 10:02 AM |
2 Dancing Queen and Prince Saysငါတို့တွေ ကြယ်လေးတွေကြွေတာနဲ့ ပတ်သတ်တဲ့ အကြောင်းတွေ အများကြီးပြောမိကြတယ်…… တချို့က ကြယ်ကြွေတာတွေ့လို့ ဆုတောင်းရင် ဆုတောင်းပြည့်တယ်တဲ့….. တချို့က ကြယ်လေးတစ်ပွင့်စီ တစ်ပွင့်စီ တိုင်းဟာ လူတစ်ယောက်ရဲ့ အသက်ဝိညာဉ်တဲ့…… တချို့လူတွေကတော့ ကြယ်ကြွေတယ်ဆိုတာ လူတစ်ယောက်ရဲ့ အသက်ဆုံးရှုံးသွားလို့တဲ့… ဒါကြောင့် ကြယ်ကြွေတာတွေ့လို့ ဆုတောင်းရင် ဆုတောင်းပြည့်ပေမဲ့ တောင်းလိုက်တဲ့ ဆုနဲ့ညီမျှတဲ့ ပေးဆပ်မှုနဲ့ ပြန်ပေးဆပ်ရ တတ်တယ်တဲ့…… နင်ပြောဖူးတယ်နော်… ကြယ်ကြွေလို့ဆုတောင်းလဲ ပြည့်ချင်မှပြည့်တာပါတဲ့…. ဒီလိုနဲ့ ကြယ်တွေကြွေတိုင်း နင်ဆုမတောင်းခဲ့ဘူး…. ငါကတော့ ကြယ်ကြွေတိုင်းဆုတောင်းမိတယ်….. ဘာဆုတောင်းလဲတော့ မပြောပါရစေနဲ့နော်…. ဒါပေမဲ့ အဲဒီဆုတောင်းအတွက် ငါအသက်ကို ပေးရလဲတန်တယ်… နင့်ကိုငါ အရမ်းချစ်တယ်…… နှင်းဆီဖြူ Labels: နှင်းဆီအတွေး |