
![]() |
မင်းတစ်ယောက်အတွက်ကြောင့်Tuesday, May 25, 2010 | 1:49 PM |
2 Dancing Queen and Prince Saysငါ့ ဘ၀ထဲမှာ ဘာမှမရှိတော့ဘူးဆိုရင်တောင် မင်း တစ်ယောက်အတွက် ငါ ရှင်သန်ချင်နေပါရဲ့ သွပ်သွပ်ခါအောင် ရူးနေတဲ့ အရူးတစ်ယောက်ဆိုရင်တောင် မင်းတစ်ယောက်ကိုသာ တမ်းတမ်းတတမှတ်မိနေတဲ့ အရူးတစ်ယောက် ဖြစ်ချင်နေပါရဲ့ ချစ်သူ... ဘာကိုမှအလေးအနက်မထားတတ်တဲ့ ငါ က မင်းတစ်ယောက်အတွက်တော့ ငါ အရူးအမူးပါပဲ.. အဆုံးမရှိတဲ့အချစ်တွေနဲ့  မင်းတစ်ယောက်ကိုသာ အမြဲချစ်နေမှာပါလို့  ကတိ ပြုပါတယ် ချစ်သူ... (ဘာမှတည်မြဲခြင်းမရှိတဲ့ လောကကြီး အကြောင်းအမျိုးအမျိုးကြောင့် ငါ ချစ်တဲ့ မင်းနဲ့  ဝေးခဲ့ရမယ်ဆိုရင်တောင် ငါ့ အချစ်တွေကို မင်းနှလုံးသားရဲ့ အနက်ရှိုင်းဆုံး တစ်နေရာမှာ ထာဝရ ငါ မြှပ်နှံခဲ့ပါရစေ ချစ်သူ.....) ချစ်ခြင်းများစွာဖြင့် z Labels: ကဗျာ ငါသေသွားရင်.....Wednesday, May 19, 2010 | 2:51 PM |
3 Dancing Queen and Prince Saysငါသေသွားရင်..... ငါ့ကို ရွှေအတိပြီးတဲ့ အခေါင်းနဲ့... မြေချစရာ မလိုပါဘူး... ငါ့အသုဘမှာ ငါ့ကိုချစ်တဲ့ သူငယ်ချင်း အတော် အသင့် ရှိရင် ငါကျေနပ်ပြီ.... ငါသေသွားရင်... ငါ့သင်္ချီုင်းမှာ နေ့တိုင်း.. လာငိုပြ စရာမလိုပါဘူး... ငါရှိခဲ့ဖူးတယ် ဆိုတဲ့ အတွေးတစ်ခုကျန်ခဲ့ရင်.. ငါကျေနပ်ပြီ..... ငါသေသွားရင်... ငါ့ဂုဏ်ပုဒ်တွေ ဥစ္စာတွေ အကြောင်း.. တဖွဖွ ရေရွတ်နေစရာ မလိုပါဘူး... ငါရေးခဲ့တဲ့ ကဗျာလေးတွေ ရေရွတ်နေသ၍... ငါကျေနပ်ပြီ.... နှင်းဆီဖြူ Labels: ကဗျာ နှင်းဆီဖြူ နှင့် “နငယ်”များTuesday, May 18, 2010 | 1:11 PM |
ပိုးဟပ်လေးက tag ထားလို့ရော... ဒီရက်ပိုင်း ဘာရေးရမှန်းမသိလို့ရော... ဒီပို့စ်လေးကို ရေးလိုက်ပါတယ်... စာရေးပျင်းတဲ့ မမဆိုပြီး tag လိုက်တော့ ပျင်းပျင်းနဲ့ ရေးရဦးမှာပေါ့.. ဟီးဟီး 5 Dancing Queen and Prince Says1. name = နှင်းဆီဖြူ 2. A Food = နံပြား (ကြိုက်တော့ သိပ် မကြိုက်ပါဘူး.. ဒါပဲ စဉ်းစားလို့ရတယ်..) 3. A Colour = နီနီလေးပေါ့ 4. A Drink = နွားနို့ (ပိုးဟပ်လေးနဲ့ နဲနဲပဲကွာတယ်.. သူကပဲနို့ .. :D) 5. medicine = နှစ်တစ်ထောင် ဂျင်ဆင်းဆေးမြစ်... (ကိုသော်ဇင်တို့လို အသက်ကြီးသူတွေ စားရတာပေါ့နော်) 6. An Instrument = နှဲ 7. A Song = နိုင်ငံတော်သီချင်း (နှင်းဆီဖြူတို့ အဲလို မျိုးချစ်စိတ်ရှိတာ) 8. Something Want To Shout = နင့်ကိုငါမုန်းတယ်!!!!!! နင်မုန်းတာထက်ပိုမုန်းတယ်!!!!! :P 9. A flower = နှင်းဆီ :) 10. A Habit = နောက်မှလုပ်ရင်လဲ ရတယ်ဆိုပြီး အချိန်ဆွဲခြင်း 11. An Animal = နွား 12. A Singer = နောနော် 13. A threaten = နင့်ကိုသတ်ချင်တယ် 14. A movie series = နဂါးနိုင်ဓါး :D 15. An actor = နေတိုး 16. An actress = နန္ဒာလှိုင် 17. A place = နှင်းတောင် 18. something you can wear = နာရီ 19. something you shouldn't have = နောင်တ 20. the most precious thing = နှလုံးသား ဟီးဟီး.. ပြန် tag ဖို့ အလှည့်ကျလာပြီဆိုတော့.. နှင်းဆီဖြူလိုပဲ စာရေးပျင်းနေတဲ့ မောင်သုည , စာရေးတာ သိပ်မကြာသေးတဲ့ Candy နဲ့ ကဗျာလှလှလေးတွေ ရေးတတ်တဲ့ Phronimon Green ကိုtag လိုက်ပါတယ်... နှင်းဆီဖြူ Labels: e-diary, နှင်းဆီအတွေး An JingTuesday, May 11, 2010 | 12:42 PM |
ဒီသီချင်းလေးက မြန်မာလို ကူးထားတာရှိပါတယ်..း) ဒါပေမယ် တရုတ်သီချင်းလေးကို ကြိုက်လွန်းလို့ အလွတ်ကျက်ပြီး ဆိုထားတာပါ... နှင်းဆီဖြူ က တရုတ်သွေးတဝက်သာပါတာ တရုတ်စာတော့ မတတ်ပါဘူး.. နားလည်ရုံလောက်တော့ တတ်တာပေါ့နော်...း) ဒီသီချင်းလေးကလဲ တတ်သလောက် မှတ်သလောက်ကလေး ဆိုထားတာ... နားထောင်ကြည့်ကြပါရှင့်... ကွိကွိ.... 3 Dancing Queen and Prince Saysအဲတရုတ်လိုနားမလည်တဲ့ သူငယ်ချင်းတွေ အတွက် သီချင်း traslation လေးကို ဒီ link ကလေးကနေ ကူးပြီးတင်ပေးလိုက်ပါတယ်... ဘာသာပြန်ထားတာ နှင်းဆီဖြူ မဟုတ်ပါဘူး..း) ပြီးတော့ သီချင်းလေး ပြီးခါနီးမှာ အမှားလေးတွေလဲ ရှိပါတယ်.. ခွင့်လွတ်ပေးပါလို့... စာလိုက်ဖတ်ရင်းဆိုတာ ဆိုတော့ တရုတ်လိုကို english စာနဲ့ ရေးထားတော့ မြန်မာစာဖတ်တာလောက် မမြန်ပဲ နှေးသွားပါတယ်... သည်းခံပေးပါလို့.. အားပေးသူတိုင်းကို ကျေးဇူးတင်ပါတယ်.... An Jing | Musicians Available Zhi sheng xia gang qin pei wo tan le yi tian Only the piano accompanies me throughout the day Shui jiao de da ti qin The sleeping cello An Jing de jiu jiu de Quiet and so old Wo xiang ni yi biao xian de fei chang ming bai I think you've made yourself clear Wo dong wo ye zhi dao I know and I'm sure Ni mei you she bu de You don't regret Ni shuo ni ye hui nan guo wo bu xiang xin You say you're upset too, that I don't believe Qian zhe ni pei zhe wo ye zhi shi cheng jin You being with me was in the past Xi wang ta shi zhen de bi wo hai yao ai ni I hope he loves you more than I do wo cai hui bi zi ji li kai Only then will I bring myself to leave Chorus Ni yao wo shuo duo nan kan You want me to say it, but it is awkward Wo gen ben bu xiang fen kai I don't even want to break up Wei she me hai yao wo yong wei xiao lai dai guo Why must I depend on a smile to tide me through? Wo mei you zhe zhong tian fen I don't have the ability bao rong ni ye jie shou ta To accept both you and him Bu yong dan xin de tai duo Don't worry too much Wo hui yi zhi hao hao guo I'll still be fine Ni yi jin yuan yuan li kai You've already gone far away Wo ye hui man man zou kai And I will slowly walk away Wei she me wo lian fen kai dou qian jiu zhe ni Why is it that I have to accommodate you even when [we] break up? Wo zhen de mei you tian fen I really don't have the ability An jing de mei zhe me kuai Staying silent doesn't come so fast Wo hui xue zhe fang qi ni I will learn to give you up Shi ying wei wo tai ai ni Because I love you so much (နှင်းဆီဖြူကို စာမရေးပဲ သီချင်းတွေပဲ ဆိုနေတယ်ဆိုပြီး စိတ်တော့  မဆိုးပါနဲ့နော်... ဝါသနာအရပါ.. ဟီးဟီး... ချစ်သယ်ရင်းတွေလဲ ဝါသနာပါရင် ဆိုလို့ရပါတယ်.. လာအားပေးပါမယ်... ) ^-^ နှင်းဆီဖြူ Labels: music အမေ့ရုပ်ရည်Monday, May 10, 2010 | 11:17 AM |
ဒီသီချင်းလေးကို အမေများနေ့ အမှတ်တရ တင်လိုက်ပါတယ်... ကိုယ်တိုင်ဆိုပြီးတင်ဖို့ ကြိုးစားပေမယ့် ဘိုဖြူ့ အသံနဲ့ တခြားဆီဖြစ်နေတာကြောင့် အဆိုတော် အသံနဲ့ပဲ နားထောင်လိုက်ပါနော်..း) 2 Dancing Queen and Prince Saysဒီသီချင်းလေးကို နားထောင်ရင်း မျက်ရည်တောင်ဝဲမိတယ်.... အမေ.... သမီးအတွက်တော့ အမေ့ရုပ်ရည် အမြဲလှနေမှာပါ.... အမေ့ရင်ခွင်က အစဉ်နွေးထွေးနေမှာပါ..... အမေ့ အရိပ်က ထာဝရ အေးမြနေမှာပါ.... April လ ၂၇ ရက်နေ့မှာ ကျရောက်ခဲ့တဲ့ အမေ့ မွေးနေ့ အတွက်ရော... Mothers day ဖြစ်တဲ့ May လ ၉ရက်နေ့ အတွက်ပါ ရည်ရွယ်ပြီး ဒီပိုစ့်လေးကို ရေးသားလိုက်ပါတယ်... :) တမြေခြားမှ အမေ့ကို ရှိခိုး ဦးခိုက် ကန်တော့ရင်း..... နှင်းဆီဖြူ Labels: e-diary, events, music ဘာကြောင့်လဲ??Wednesday, May 5, 2010 | 10:32 AM |
ဘာကြောင့်လဲ... ဘာကြောင့် အချစ်က နူးညံ့ရတာလဲ... အဲလောက်တောင်ပဲ တကယ် နူးညံ့လို့လား... အဲလောက်တောင်ပဲ အပြစ်ကင်းစင်လို့လား... တစ်ခါတစ်လေ ငါသိတယ်... ငါနားလည်တယ်လို့ ထင်ထားတဲ့ အချစ်က ငါနဲ့ အဝေးကြီးမှာ ဖြစ်နေတတ်တယ်.... ဘာ့ကြောင့်လဲ..... 3 Dancing Queen and Prince Saysphysic defination တစ်ခုကို သွားသတိရမိတယ်... "Atoms cannot be created nor destroyed" တဲ့... အချစ်စစ်ဆိုတာကရော.... နှင်းဆီဖြူ အထင်တော့ အချစ်စစ်ဆိုတာလဲ ဖန်တီးယူလို့ မရသလို ဖျက်ဆီးပစ်ဖို့လဲ မဖြစ်နိုင်ပါဘူး..... ပြီးတော့ ရှားပါးတယ်.... အရမ်းရှားပါးတယ်.... ချစ်သူရည်းစားတွေ ပြောလေ့ရှိတယ်.... နင့်ကို ပင်လယ်ကြီးလောက်ချစ်တယ်... ကောင်းကင်ကြီးလောက် ချစ်တယ်တဲ့..... ဘယ်လောက် ချစ်တယ်ဆိုတာရော တိုင်းတာလို့ ရနိုင်လို့လား... တိုင်းတာလို့ ရရင်ရမှာပါ... ဒါပေမယ့် ပင်လယ်တွေ ကောင်းကင်တွေ စင်္ကြာဝဠာတွေနဲ့ တော့ မဟုတ်ဘူး.... နားလည်မှုတွေ ခွင့်လွတ်မှုတွေ ပေးဆပ် အနစ်နာခံမှုတွေနဲ့ပါ...... လူတော်တော်များများက ပြောကြတယ်... အချစ်ဆိုတာ ပျော်ရွှင်မှုတွေပေးတယ်တဲ့.... နှင်းဆီဖြူကတော့ သိပ်လက်မခံချင်ဘူး... အချစ်က ကျေနပ်ခြင်းတွေပေးတာတယ်လို့ ထင်တယ်..... တကယ်ချစ်မိပြီဆို အချစ်နဲ့ ပတ်သတ်တာတွေ အားလုံးကို ကျေနပ်နေတတ်တယ်.... အချစ်ကြောင့် ပျော်ရွှင်မှုတစ်ခုတည်း မရပါဘူး.... ဝမ်းနည်းရတယ်... နာကျည်းရတယ်.. ခံစားရတယ်.... ဒါတွေ အကုန်လုံးကို ကျေနပ်နှစ်သိမ့်နိုင်တာ “အချစ်”ပါပဲ.... နှင်းဆီဖြူ Labels: နှင်းဆီအတွေး Handle With Care | 9:59 AM |
0 Dancing Queen and Prince SaysFor those who worship LOVE "Handle With Care" it's pure it's rare it's deep it's gentle it's delicate it's beautiful it's not a toy it's not a robot it's not a product it's not with greed it's not with avarice it's not with disguise it's got to be valued it's got to be treasured it's got to be respected it's not to be exploited it's not to be purchased it's not to be mistreated it will be yours forever if cuddled with care it will never part from you if cradled with warmth it will bring you miracles if handled with care Haymar ဒီကဗျာလေးကို နှင်းဆီဖြူ ရဲ့ ငယ်ငယ်က english စာသင်ပေးတဲ့ Teacher Daw Haymar Maung ရေးထားတာပါ... စာသင်ရင်းနဲ့ သင်တန်းသားတွေကို ပြတော့ အရမ်းနှစ်သက်လို့ စာအုပ်လေးနဲ့ ကူးရေးထားမိတယ်... အဲဒီစာအုပ်လေး ပြန်တွေ့လို့ blog လေးမှာ တင်လိုက်ပါတယ်... teacher နဲ့လဲ အဆက်အသွက်ပြတ်သွားတော့ ကဗျာလေးတင်ဖို့ တင်ခွင့်တောင်းဖို့ ဘယ်လို့ တောင်းရမလဲ မသိတာနဲ့ ဒီမှာပဲ ခွင့်တောင်းလိုက်ပါရစေ.. ကဗျာလေးကို ကူးချင်ရင်လဲ teacher နာမည်လေးပါအောင်ကူးပါလို့...း) ဒီကဗျာလေးအတိုင်းဆို အချစ်ဆိုတာ အရမ်းနူးညံ့ပြီး တန်ဖိုးထားစရာပဲနော်... blog လာဖတ်တဲ့ သူငယ်ချင်းတွေလဲ ကဗျာလေးထဲကလို တယုတယ ချစ်တတ်မြတ်နိုးတတ်ပါစေ.... နှင်းဆီဖြူ Labels: ကဗျာ HallelujahTuesday, May 4, 2010 | 11:51 AM |
Recorded for testing :D 2 Dancing Queen and Prince Sayshallelujah by emodoll :P ~~ Love is not a victory march ~~ It's a cold and it's a broken hallelujah ~~ Kate Voegele ရဲ့ Hallelujah ဆိုတဲ့ သီချင်းထဲက စာသားလေးပါ... သီချင်းတစ်ပုဒ်လုံးမှာ နှင်းဆီဖြူ အကြိုက်ဆုံးနေရာလေးပါ... hallelujah | Upload Music Labels: music နှင်းဆီဖြူ၏ အီးဒိုင်ယာရီ..... ၃Monday, May 3, 2010 | 10:38 AM |
0 Dancing Queen and Prince Saysနှင်းဆီဖြူ၏ အီးဒိုင်ယာရီ..... ၃ blog လေးကို label လေးတွေ ခွဲချင်တယ်.. comment ရေးလို့ ရအောင်လုပ်ချင်တယ်... skin လေးလဲ ပြောင်းချင်တယ်... လုပ်တတ်သူများရှိရင်... ပြောပါနော်...း(... နှင်းဆီဖြူက မြန်မာလို ရိုက်တာနဲ့ သီချင်းဆိုတာက လွဲရင် ဘာမှ လုပ်တတ်တာ ဟုတ်ဘူး...း( ကဗျာတွေ ရေးမယ် ပြောပြီး မရေးဖြစ်ဘူး ဖြစ်နေတယ်... ရေးချင်စိတ်ပေါ်လာရင်တော့ ရေးမှာပါ.. ဟီးဟီး...း) ကဗျာတွေ မရေးဖြစ်တာကလဲ အကြောင်းရှိပါတယ်..း) နှင်းဆီဖြူ ဘာမှ စိတ်ခံစားစရာ ပြင်းပြင်း မရှိလို့ပါ... အေးအေးချမ်းချမ်းလေး နေနေတယ်... ဘာမှ မစဉ်းစားဘူး .. ဘာမှလဲ မခံစားဘူး.. ဘာကြောင့်မှလဲ စိတ်ဆင်းရဲ မခံဘူး... အဲတော့ ဘာကဗျာမှ ထွက်မလာတော့ဘူး... xD hee heee ဒီနေ့တော့ ဒီလောက်ပါပဲကွယ် .... တာ့တာ နှင်းဆီဖြူ သူသိပါကွယ် | 10:30 AM |
ပျင်းလို့ သီချင်းတွေပဲ ဆိုဖြစ်နေတယ်...း) 0 Dancing Queen and Prince SaysLabels: music ပြန်လာလှည့်ပါSunday, May 2, 2010 | 10:05 PM |
ဝိုင်းစု သီချင်းလေးပါ... ဒီရက်ပိုင်း connection မကောင်းတော့ ခဏခဏ သွင်းလိုက်ရတယ်... ဒီသီချင်းဆိုတော့ တော်တော် တောင် မောနေပြီ...း( မောရကျိုးနပ်အောင် အားပေးကြပါနော်... ^____^ 0 Dancing Queen and Prince SaysLabels: music နှင်းဆီဖြူ ၏ အီးဒိုင်ယာရီ - ၂Saturday, May 1, 2010 | 10:41 AM |
ဒီရက်တွေ နှင်းဆီဖြူ လုပ်နေကျလေးတွေပဲ လုပ်ဖြစ်ပါတယ်... ထူးထူးခြားခြားဘာမှရှိပါဘူး.... 0 Dancing Queen and Prince Saysဒီနေ့လဲထုံးစံအတိုင်း မနက် ၈နာရီဆို အိပ်ယာထတယ်. ကော်ဖီသောက်တယ်. အိမ်ရှေ့နဲ့ အိမ်နောက်ဖေးနဲ့ကို လမ်းသလားတယ်... facebook ဖွင့်ပြီး game ဆော့တယ်... :D သူငယ်ချင်းတွေ profile တွေဝင် စပ်စုတယ်... youtube ကြည့်တယ်... blog တွေဖတ်တယ်... ဘာမှလုပ်စရာမကျန်တော့ရင် ရုပ်ရှင်ကြည့်တယ်...း) ဒီနေ့တော့ အပြင်မှာ သူငယ်ချင်းတွေနဲ့ ရုပ်ရှင်သွားကြည့်မယ်... ပြန်လာရင် game ဆော့မယ်.. အိပ်မယ်... :P ကျောင်းစာလဲ လုပ်စရာမရှိတုန်း... အလုပ်လဲ မရှိသေးတုန်း စည်းစိမ် အပြည့်ခံစားနေတာ.. blog လေးတောင် အထီးကျန်နေပြီ... ဒီရက်ပိုင်းတွေထဲ မှာကဗျာလေးတွေ တင်ဖြစ်အောင်ကြိုးစားပါမယ်... သိတဲ့ အတိုင်း အရင်ကလို ခံစားချက် အရမ်းပြင်းရမှာကြောက်နေမိတော့ .. ကဗျာတွေလဲ မရေးဖြစ်ဘူးဖြစ်နေတယ်.... သည်းခံပေးပါလို့...း) ခုလဲ သူငယ်ချင်းတွေနဲ့ ချိန်းထားတဲ့ အချိန်နီးလာလို့ သွားဖို့ ပြင်ရဆင်ရဦးမယ်.... blog ကလေးက ခြောက်ကပ်နေပြီး ပျော်စရာ မရှိတာတောင်.. နေ့တိုင်းလာလည်ကြတဲ့ သူငယ်ချင်းတွေကို ကျေးဇူးအများကြီးတင်ပါတယ်... blog လေးမှာ ဖတ်တဲ့ သူမရှိတော့ရင် ရေးတဲ့လူက အားငယ်တာပေါ့... ဟုတ်ဘူးလား...း(... ရှဲရှဲ ရှဲရှဲ .... :PPP ရေးရင်းရေးရင်း အရှိန်ရလာပေမယ့် သွားစရာလေး ရှိတော့... အီးဒိုင်ယာရီလေးကို ဒီလောက်ပဲ ကျေနပ်ပေးပါလို့... တာ့တာ ဒါလေးကတော့ ဆုန်သင်းပါရ် ရဲ့ အကြင်နာ စစ်ရင် ဆိုတဲ့ သီချင်းလေး ဆိုကြည့်ထားတာပါ...း) အားပေးကြပါဦးလို့ |