
![]() |
happy birthday :)Saturday, June 19, 2010 | 3:19 PM |
အသက် ၆၅ နှစ်မြောက်မွေးနေ့မှသည်... အသက်ရာကျော်ရှည်ပါစေ.... 1 Dancing Queen and Prince Saysတိုင်းပြည်နဲ့လူမျိုးအကျိုးကို ဒီထက်ပိုပြီးဆောင်ရွက်နိုင်ပါစေ....... လူတိုင်းလူတိုင်း လေးစားရိုသေရတဲ့ စံပြခေါင်းဆောင်တစ်ယောက် အဖြစ်ပြည်သူတိုင်းရဲ့ရင်ထဲမှာ စွဲကျန်နေမှာပါ...... လေးစားလျှက်........ နှင်းဆီဖြူ Labels: events အမေ့ရုပ်ရည်Monday, May 10, 2010 | 11:17 AM |
ဒီသီချင်းလေးကို အမေများနေ့ အမှတ်တရ တင်လိုက်ပါတယ်... ကိုယ်တိုင်ဆိုပြီးတင်ဖို့ ကြိုးစားပေမယ့် ဘိုဖြူ့ အသံနဲ့ တခြားဆီဖြစ်နေတာကြောင့် အဆိုတော် အသံနဲ့ပဲ နားထောင်လိုက်ပါနော်..း) 2 Dancing Queen and Prince Saysဒီသီချင်းလေးကို နားထောင်ရင်း မျက်ရည်တောင်ဝဲမိတယ်.... အမေ.... သမီးအတွက်တော့ အမေ့ရုပ်ရည် အမြဲလှနေမှာပါ.... အမေ့ရင်ခွင်က အစဉ်နွေးထွေးနေမှာပါ..... အမေ့ အရိပ်က ထာဝရ အေးမြနေမှာပါ.... April လ ၂၇ ရက်နေ့မှာ ကျရောက်ခဲ့တဲ့ အမေ့ မွေးနေ့ အတွက်ရော... Mothers day ဖြစ်တဲ့ May လ ၉ရက်နေ့ အတွက်ပါ ရည်ရွယ်ပြီး ဒီပိုစ့်လေးကို ရေးသားလိုက်ပါတယ်... :) တမြေခြားမှ အမေ့ကို ရှိခိုး ဦးခိုက် ကန်တော့ရင်း..... နှင်းဆီဖြူ Labels: e-diary, events, music ထူးကြီးဆရာတော်Friday, April 23, 2010 | 11:27 AM |
0 Dancing Queen and Prince Saysမိုးကုတ်ဆရာတော်ဘုရားကြီး၏ ဥပနိသျခံ မိုးကုတ်ဝိပဿနာတရားစဉ်နှင့် လုပ်ငန်းစဉ်ပြန့်ပွားရေးအဖွဲ့ချ ထူးကြီးဆရာတော် ဦးဣန္ဒာ ဝုဓာဘိ ၀ံသ ထူးကြီးဆရာတော် ဦးက္ကန္ဒဝုဓာဝံသလောင်းလျာကို ၁၃၁၃ခု၊ တန်ဆောင်းမုန်းလဆန်း(၁၃)ရက်၊ ဆရာတော်သည် ဓနုဖြူမြို့ သဒ္ဓမ္မဇောတိကရာမ တောင်ပေါ်ကျောင်းတိုက် ဆရာတော်များ၊ ရန်ကုန် မြေနီကုန်း ဗားကရာတောရဆရာတော်၊ မန္တလေးမဟာဝိသုဒ္ဓါရုံတိုက်သစ်ဆရာေ ဆရာတော်သည် ပထမကျော်၊ ပထမလတ်( တစ်နိုင်လုံး ပထမ)၊ ပထမကျော်၊ ပထမကြီး၊ သာသနဓဇ ဓမ္မစရိယ၊ စေတီယင်္ဂဏ ဓမ္မစရိယ ဂဏဝါစက အစရှိသည့် စာမေးပွဲကို ဖြေဆိုအောင်မြင်နိုင်ခဲ့ပါသည်။ ဆရာတော်သည် ယခုအခါ မိုးကုတ်ဝိပဿနာတရားစဉ်နှင့် လုပ်ငန်းစဉ်ပြန့်ပွားရေးအဖွဲ့ချ ထူးကြီးဆရာတော် ဦးတ္ကန္ဒာ ဝုဓာဘိဝံသ ၏ စင်ကာပူတရားပွဲအစီအစဉ် ဗုဒ္ဓဘာသာဝင် ဓမ္မမိတ်ဆွေ သူတော်စင်အပေါင်းတို့ ခင်ဗျား ................... ထူးကြီးဆရာတော် ဦးတ္ကန္ဒာ ဝုဓာဘိဝံသမှ စင်္ကာပူနိုင်ငံတွင် တရားပွဲများ၊ တရားစခန်းများ ၊ ပဋ္ဌာန်း နှင့် ဓမ္မစကြာတရားတော်များ စုပေါင်းရွတ်ဆိုမှုများ ကို အောက်ပါ အစီအစဉ်အတိုင်း ချီးမြှင့်မည် ဖြစ်ပါ၍ တရားတော်နာ ကြွရောက်ပါရန် လေးစားစွာဖြင့် ဖိတ်ကြားအပ်ပါသည်။ ဆရာတော်သည် မေလ ၂၁ ရက် နေ့တွင် စင်ကာပူနိုင်ငံသို့ရောက်ရှိပြီး တရားပွဲအစီအစဉ်များ ပထမနေ့ တရားပွဲ အစီအစဉ် နေရက်- ၂၂ ရက် မေလ စနေနေ့ ( ည ၇:၀၀ နာရီ မှ ၈:၃၀ နာရီ အထိ ) နေရာ- ဇယျမင်္ဂလာ ဗုဒ္ဓ၀ိဟာရကျောင်းတိုက် (CLEMENTI ဘုန်းတော်ကြီးကျောင်း) ဒုတိယနေ့ တရားပွဲ အစီအစဉ် နေရက်- ၂၃ ရက် မေလ တနင်္ဂနွေနေ့ ( ည ၅း၀၀ နာရီ မှ ၆း၃၀ နာရီထိ ) နေရာ- Informatics Centre, Jurong East ၅ ရက်တရားစခန်းပွဲ အစီအစဉ် နေရက်- မေလ ၂၆ ရက် မှ ၃၀ ရက် ( ဗုဒ္ဓဟူးနေ့ မှ တနင်္ဂနွေနေ့ အထိ ) အချိန်- နေလည် ၁း၀၀ နာရီ မှ ၆း၃၀ နာရီအထိ နေရာ- ဇယျမင်္ဂလာ ဗုဒ္ဓ၀ိဟာရကျောင်းတိုက် (CLEMENTI ဘုန်းတော်ကြီးကျောင်း) အထူး အစီအစဉ်များ ပဋ္ဌာန်းစုပေါင်း ရွတ်ဖတ်ပူဇော်ပွဲ နေရက်- ၂၈ ရက် မေလ သောကြာနေ့ (Vesak Day) အချိန်- ည ၇း၀၀ နာရီ မှ ၈း၃၀ နာရီ နေရာ- ဇယျမင်္ဂလာ ဗုဒ္ဓ၀ိဟာရကျောင်းတိုက် (CLEMENTI ဘုန်းတော်ကြီးကျောင်း) ဓမ္မစကြာ စုပေါင်း ရွတ်ဖတ်ပူဇော်ပွဲ နေရက်- ၂၉ ရက် မေလ စနေနေ့ ( ည ၇း၀၀ နာရီ မှ ၈း၃၀ နာရီ ) နေရာ- ဇယျမင်္ဂလာ ဗုဒ္ဓ၀ိဟာရကျောင်းတိုက် (CLEMENTI ဘုန်းတော်ကြီးကျောင်း) ဆရာတော် အတွက် နံနက်စာများ၊ နေ့လည်စာများ၊ နှင့် တရားပွဲဖြစ်မြောက်ရေး အတွက် လှူဒါန်းလိုသူများ အောက်ပါ တရားပွဲဖြစ်မြောက်ရေးအဖွဲ့ သို့ ဆက်သွယ်လှူဒါန်းနိုင် ပါသည်။ ဆက်သွယ်ရန်- ဆရာတော် ဦးဝိစိတ္တ ( ဖုန်းး ၆၇၇၈၁၆၇၈) ဦးကြည်ထွန်း David (ဖုန်း - ၉၁၇၆၁၉၆၄) + ဒေါက်တာ ဒေါ် လဲ့လဲ့မိုး (ဖုန်း : ၉၁၀၈ ၂၂၆၄ ) ဒေါ်မူမူအေး (ဖုန်း: ၉၄၅၂ ၄၂၇၃) ကို ထွန်းအောင် ကျော် (ဖုန်း : ၉၈၅၁ ၇၁၉၅) + မအေးနုခင် (ဖုန်း : ၈၁၀၉ ၂၀၃၅ ) မခင်လေးမွန် (ဖုန်း : ၉၀၀၆ ၇၀၁၀) မနှင်းရီလွင် (ဖုန်း : ၉၂၇၀ ၇၆၄၅ ) Labels: events အတာသင်္ကြန်Friday, April 16, 2010 | 9:04 PM |
0 Dancing Queen and Prince Saysမကြာမီ အချိန် အတွင်းမှာ မြန်မာ ကောဇာသက္ကရာဇ် ၁၃၇၂ ခု နှစ်ဆန်း ၁ရက် နေ့ချိန်ခါသို့ ရောက်ရှိတော့ မှာဖြစ်ပါတယ်ရှင်... နှင်းဆီဖြူကတော့ နှစ်ဟောင်းက အညစ်အကြေးတွေကို ဆေးပေးဖို့ ရေလောင်းမယ့်သူ မရှိသောကြောင့်.. ရေ အခါ ၅၀ လောက်ချိုးပြီး သန့်စင်လိုက်ပါပြီ.. ဟီးဟီး...... နှင်းဆီဖြူ တို့ရဲ့ မြန်မာ့ရိုးရာ.. သင်္ကြန်ဟာဆိုရင်.... ဟိုးရှေးယခင်တုန်းက သပြေခက်နဲ့ ရေပက်ပါတယ်... နောက်နည်းနည်းကြာတော့ ... ငွေဖလားလေးနဲ့ပေါ့... ပြီးတော့ ပိုက်ကလေးနဲ့ ပက်ပါတယ်.. နောက်ပိုင်း ပိုက်ကြီးတွေနဲ့ ပက်ပါတယ်... အားမရသေးပဲ... မီသတ်ပိုက်ကြီးတွေနဲ့ ပက်ကြပြန်ပါတယ်... ဒီနှစ်တော့ ဘယ်ခေတ်နဲ့ မှ မတူအောင် ကန်တော်ကြီးမှာ မီးသတ်ပိုက်ပါ မက လူသတ်ပိုက် ကြီးများနဲ့ ပက်သွားတာ ဆိုရင်ဖြင့်... ဝမ်းနည်းပက်လက် ရှိုက်ကြီးတငင် ရင်သက်ရှုမောဖွယ်ရာ ပါပဲ..... >___< နောက်နှစ်ဆို... ဟင်းး... မတွေးရဲ စရာပါလားနော်....း( ပြောစရာလေးတွေလဲ ကုန်သလောက်ရှိပြီဆိုတော့.. ဒီနေ့တော့ ဒီလောက်ပါပဲကွယ်... သားသားမီးမီးတို့လဲ နှစ်ဟောင်းက အညစ်အကြေးတွေကို ကျွတ်ကျွတ်အိတ်ကလေးတွေနဲ့ သေချာထုတ်ပြီး စွန့်ပစ်ကြဖို့ မမေ့ပါနဲ့ ကွယ်... စင်္ကာပူမှာဆိုတော့ ဒဏ်ငွေရိုက်ခံရပြီး နှစ်ဆန်း ၁ ရက်နေ့တည်းက ပိုက်ပိုက်ပြောင်သွားမှာ စိုးလို့ပါ... ကွိကွိ... တာ့တာ့.. ၁၃၇၁ခုနှစ်ကြီးလဲ တာ့တာ... ငါ့ရဲ့ ပြန်ရတော့မှာ မဟုတ်တဲ့ ဆယ်ကျော်သက် အချိန်လေးတွေလဲ တာ့တာ....း) နှင်းဆီဖြူ သင်္ကြန်ရေ | 9:49 AM |
0 Dancing Queen and Prince Saysဒီနေ့တော့ လည်လည်လာသူ အပေါင်းကို ရေပူဖောင်းနဲ့ ထုပါတယ်ရှန်.... ဟီးဟီး.... ဘယ်သူမှလဲ ရေလာလောင်းဝူး.. သင်္ကြန်ဆိုတာတောင် မေ့နေပြီ.... ဗွမ်း!!!!!!Thursday, April 15, 2010 | 1:34 PM |
0 Dancing Queen and Prince Says"ဗွမ်း!!!!!!" ရေး.... လည်လည်လာတဲ့ သူတွေ အားလုံးကို နှင်းဆီဖြူ ချောင်းပြီး ရေလောင်းလိုက်ပါတယ်.... ဖြောင်းဖြောင်းဖြောင်း....... မင်္ဂလာရှိသော နှစ်သစ်ကူး ချိန်ခါမှာ နှင်းဆီဖြူရဲ့ အိမ်လေးကို လည်လည်ရောက်ကြတဲ့ ကိုကို မမ ဦးဦး ဒေါ်ဒေါ် မောင်လေး ညီမလေး ပိစိကွေးလေးနဲ့ ပေါက်စန လေးတွေပါမကျန် ကိုယ်ရော ခေါင်းပါ.. အဲ့လေ... စိတ်ပါ ကျန်းမာချမ်းသာကြပါစေရှင်.... နှင်းဆီဖြူကတော့ သင်္ကြန်မှာ ဘာမှလုပ်ဖြစ်ပါဘူး.. အိမ်မှာ နေနေတာ ဒီနေ့နဲ့ ဆို ၃ရက်ရှိပါပြီ... အဟင့် .. ပြောရင်းနဲ့ ငိုချင်လာပြီ.... သြော် ဘဝ ဘဝ...း(.... >_<... နှင်းဆီဖြူ ဆိတ်မကောင်းဘူးကွယ်... (နွားပဲကောင်းမယ်ထင်တယ်.. ) ဟီးဟီ.... .....ဖြူဆီနှင်း Happy BirthdayFriday, February 12, 2010 | 9:52 AM |
0 Dancing Queen and Prince Saysနှင်းဆီဖြူ ပုံမဆွဲတာ ကြာပါပြီ.. ဟိုး အရင် ပုံဆွဲတုန်းကလဲ ကာတွန်းရုပ်တွေပဲ ဆွဲတာများတယ်... ဒီနေ့တော့ ပုံဆွဲ ချင်စိတ်ပေါ်လာလို့.. မနက်ဖြန် ဖေဖော်ဝါရီလ ၁၃ရက် ဗိုလ်ချုပ်မွေးနေ့ အတွက် အမှတ်တရ... ပုံတူကလေး ဆွဲ ကြည့်ပါတယ်... လူပုံဆွဲတာ ပထမဆုံးမို့ သိပ်မတူရင်သည်းခံပေးပါလို့... နှင်းဆီဖြူ ပုံဆွဲနေတဲ့ အချိန် အတော အတွင်းမှာလဲ အတွေးတွေအများကြီးပေါ်လာပါတယ်... ဗိုလ်ချုပ်ရဲ့ ပြန့်ကား တဲ့မေးရိုးကြီးတွေက ယောက်ျားပီသပြီး.. ပြတ်သားမှုကို ဖော်ပြနေသလားလို့.... ပြုံးယောင်ယောင်နှုတ်ခမ်းတွေက ကြင်နာတတ်တဲ့ နှလုံးသားကို သက်သေပြနေပါတယ်.. နားရွက်နှစ်ဖက်က မျက်လုံးလိုင်းကြောင်းကနေ နှာသီးဖျားလိုင်းကြောင်းအထိ ရှိနေတာဟာ... အတွေးအခေါ်ကြီးခြင်း.. ဥာဏ်ပညာကြီးခြင်းရဲ့ လက္ခဏာပါ.... မဖြူလွန်း မမည်းလွန်းတဲ့ ခပ်ညိုညို အသားရောင်ကတော့ မြန်မာဆိုတာ သက်သေပြနေသလိုပါပဲ.... ဗိုလ်ချုပ်အောင်ဆန်းဟာ ၁၉.၇.၁၉၄၇ မှာကွယ်လွန် အနိစ္စရောက်ခဲ့ပေမဲ့.... မြန်မာပြည်သူပြည်သားတိုင်းရဲ့ ရင်ထဲမှာတော့ ထပ်ခါတစ်လဲလဲ ရှင်သန်နေဦးမှာပါ.... ဗိုလ်ချုပ်အောင်ဆန်းအား အစဉ်လေးစား ဂုဏ်ပြုလျက်........ နှင်းဆီဖြူ Labels: events အိမ်တက်မင်္ဂလာTuesday, February 2, 2010 | 11:44 PM |
မင်္ဂလာရှိတဲ့ ညချမ်းလေးပါရှင်... အခုချိန်မှာ နှင်းဆီဖြူအိမ်ပြောင်းပြီးပြီ ဖြစ်တဲ့အတွက်... ဘလောဂ့်သို့ လည်လည် လာကြသော ကိုကိုမမ မောင်လေးညီမလေးများကို အိမ်တက် အနေနဲ့ အစားအသောက် စုံစုံလင်လင်နဲ့ ဧည့်ခံကျွေးမွေးမှာ ဖြစ်ပါတယ်... သုံးဆောင်ကြပါ.... အားမနာနဲ့နော်...း) 0 Dancing Queen and Prince Saysကဲရောက်ရောက်ချင်း ရေနွေးလေးသောက်လိုက်ပါဦး.. ဟောဒါက ကြာဇံချက်ကလေးပါ... နှင်းဆီဖြူ အကြိုက်ဆုံးတွေထဲက တစ်ခုပေါ့.... အိုးလိုက်ချပေးထားတယ်... ကြိုက်သလောက်စား... ဒါလေးက စားပြီးသောက်ပြီး စကားလေးဘာလေး ဟိုအကြောင်း ဒီအကြောင်း ပြောရင်းစားဖို့ လဘ္ဘက်သုပ်ပါရှင့်.... ဒါလေးကတော့ အချိုလေးတည်းရအောင် ကျောက်ကျောကလေးတွေ... ဝအောင်စားနော် မဝသေးရင် အစကပြန်ဖတ်ပြီး ပြန်စားနိုင်ပါတယ်ရှင်... ဟီးဟီး... အခေါက် နှစ်သိန်းလောက်ဖတ်လဲ စိတ်ဆိုးဝူး.. စားသာစား... အားမနာနဲ့နော်.... နှင်းဆီဖြူကတော့ အိပ်တော့မယ်... တစ်နေကုန် အိမ်ပြောင်းဖို့ ပစ္စည်းသိမ်းရတယ် ပင်ပန်းနေပြီ... နောက်နေ့လဲ ကျောင်းသွားရဦးမယ်...း) တာ့တာ..... နှင်းဆီဖြူ (ပုံလေးတွေ အားလုံးကို အုတ်လမ်းပေါ်က ကောက်ရခြင်းဖစ်ကြောင်း... နှင်းဆီဖြူ ကိုယ်ပိုင် ပုံများမဟုတ်ကြောင်း ကလိန်းပါတယ်ရှင်... :P) Labels: events ကြောင်ရောင်းရန်ရှိသည်Saturday, January 9, 2010 | 7:47 PM |
0 Dancing Queen and Prince Saysအရောင် - အဝါရောင် ဖျော့ဖျော့ အဖြူစပ်သည် (တရုတ်ကြောင်ပေါ့နော် အဟက်... :P) အသက် - မပြောနိုင်ပါ (သတ်ချင် သတ်သွားလိုက် ပြောဘူး) အကျင့်စရိုက် - စကားတော်တော်လေး ပြောသည်။ ည ည ဂိမ်းဆော့တတ်သည်။ ထမင်းတစ်နေ့ နှစ်ခါ နှင့် မနက်ပိုင်းတွင် ကော်ဖီသောက်တတ်သည်။ မိုးရွာသောနေ့များတွင် ကော်ဖီတိုက်ရန် ပူဆာတတ်သည်။ မထင်ရင် မထင်သလို သခင်ကို ထ ကုပ်တတ်သေးသည်။ :P ကာတွန်းကားများ ပြထားပါက စိတ်ပါဝင်စားစွာ ကြည့်တတ်သည်။ တန်ဖိုး - နှလုံးသားပူပူနွေးနွေး... ကန့်သတ်ချက် - ဝယ်ယူလိုသော သခင်ကိုယ်တိုင်၏ အသစ်ချက်ချွတ် နှလုံးသားဖြစ်ရမည်.. ထိခိုက်ရှရာများ၊ အကွဲများ၊ အက်ရာများ အလိုမရှိ။ စုံစမ်းရန် - မြှားနတ်မောင်ထံတွင် စုံစမ်းမေးမြန်းနိုင်သည်။ နှင်းဆီဖြူ merry christmasFriday, December 25, 2009 | 11:06 AM |
0 Dancing Queen and Prince Says......…........ (¯ ┼ ¯)... …...…......... / | \............♫ Warmest wishes♫ …....….…...*•♥•*...................♫ for a ♫ …....….... *♥♫♫♥*...........♠♫ Merry Christmas ♫♠ ….......... *♥•♦♫••♥* ................♥.. and a...♥ ........... *♥☺♥☺♥☺♥* ........ ♠♫ Happy New Year♫♠ ...........*♥•♥#♠*♥#♥•♥* ..........*♥♫♥♥♫♥♥♫♥♫* ........*♥♥☺♥♫♥♫♥☺♥♥* .......*♥♥♣♫♥♥♥♥♥♫♣♥♥* ....*♥♥♣♥♫♥♥♫♥♥♫ ♥♣♥♥* ................ ╬╬╬╬╬........... Labels: events |