
![]() |
အထင်နဲ့ အမြင်Sunday, January 31, 2010 | 5:58 PM |
0 Dancing Queen and Prince Says“အထင်နဲ့ အမြင်” ကိုယ်မြင်နေတာတွေက အမှန်တွေပဲလား... နှင်းဆီဖြူ ခဏခဏတွေးမိတယ်.... နှင်းဆီဖြူပြောနေတာတွေက သရဲတွေ တစ္ဆေတွေ အကြောင်းပြောမလို့ မဟုတ်ပါဘူး... လောကမှာ မျက်လုံးကြီးနဲ့ တပ်အပ်မြင်နေရတာတွေကိုပါ... လူတွေဟာတစ်ခါတစ်လေ ကိုယ်မြင်နေတာကို ပဲ အမှန်လို့ ထင်နေတတ်တယ်... သူများဘယ်လိုမြင်မှာလဲ... အမှန်တကယ်ကရော သူမြင်နေသလို ဟုတ်ရဲ့လား ဆိုတာ တွေးကြည့်ဖို့ထက်.. ကိုယ်မြင်သလို အမှန်လို့ ယူဆလိုက်တာတွေ နှင်းဆီဖြူ ကြုံဖူးပါတယ်... အထင်လွဲတယ်တဲ့... လောလောဆယ် မှန်တစ်ချက်ကိုပဲ တွေးကြည့်ရအောင်... မှန်လို့ ခေါ်ကြထဲက သူ့ဆီမှာ ထင်တဲ့ပုံရိပ်တွေက အမှန်တွေပဲလို့ သတ်မှတ်လိုက်မှာလား... မဟုတ်ပါဘူး.. မှန်မှာတောင် အမှားတွေ အများကြီးရှာတွေ့ နိုင်ပါတယ်.... သင်ကိုင်ထားတဲ့ ဘယ်ဘက် လက်ထဲက ပစ္စည်းကို မှန်ထဲမှာတော့ ညာဘက်လက်မှာ ကိုင်ထားလိမ့်မယ်... နောက်တစ်ခုက သင်က “ကကြီး” လို့ မြင်ပေမဲ့ တစ်ခြားတစ်ယောက်က “ယပက်လက်” လို့ မြင်သလိုပေါ့... နှင်းဆီဖြူ ပြောချင်တာက ကိုယ်ထင်နေတာ ကိုယ်မြင်နေတာတွေကို သေချာမတွေးပဲ လူတစ်ယောက်ကို မထိခိုက်စေဖို့ပါ... နှင်းဆီဖြူဘာလို့ ဒါတွေပြောနေတာလဲ... ဒီရက်တွေ နှင်းဆီဖြူ စိတ်ညစ်နေပါတယ်... အဲဒီ အထင်လွဲတယ် ဆိုတာကြီးကို ကိုယ်တိုင်ကြုံရင် တကယ် ခံစားရ ခက်ပါတယ်...း( နှင်းဆီဖြူရဲ့သူငယ်ချင်းတစ်ယောက်က နှင်းဆီဖြူကို အထင်လွဲနေပါတယ်.. အခုထိလို့တော့ထင်တာပဲ.. ပိုဆိုးတာက သူ မကျေနပ်တာကို မျက်နှာချင်းဆိုင်လာ မရှင်းပဲ သူ့သူငယ်ချင်းတွေကိုပဲ ပြောတာပါ... အဲမှာ အကုန်လွဲတာပဲ... စိတ်ညစ်ပါတယ်... ဘာအကြောင်းလဲတော့ မပြောတော့ပါဘူး... နှင်းဆီဖြူကတော့ ကိုယ့်စိတ်ကိုယ်လုံတော့ မသိသလိုပဲနေလိုက်ပါတယ်... လူတွေမှာ မျက်လုံးနှစ်လုံးပါတယ် (ဟီးဟီး ..ဒါတော့တိမှာပေါ့နော်... ကွိကွိ) အဲဒီမျက်လုံးနှစ်လုံးတောင် မြင်တဲ့ အမြင်ချင်းက ထပ်တူ မကျပါဘူး... (အဲဒါပြောချင်တာ.. ဟိဟိ..) အစက အဲဒီ သယ်ရင်းက အထင်လွဲနေလို့ ကိုယ့်ကို ကောင်းကောင်းစကားမပြောတော့ ဝမ်းနည်းတာပေါ့နော်... နောက်တော့လဲ ကိုယ့်ဘာသာ ဖြေသိမ့်လိုက်ပါတယ်... ဒါမျိုးတွေလဲ ဖြစ်တတ်ပါတယ်လို့.. (ဟီးဟီး သီချင်းတော့ ဟုတ်ဝူးနော်) ခုတော့ ပျော်သွားပါပြီ... အထင်လွဲနေတဲ့သူတွေကိုလဲ မရှင်းချင်တော့ဘူး.... သူတို့ ကိုယ့်နေရာရောက်လာ ရင်တော့ သိသွားမှာပါ.. ကဲသူငယ်ချင်းတို့လဲ တူညားတွေကို သေချာမသိ သေချာမစုံစမ်းရသေးဘဲ အထင်မလွဲမိပါစေနဲ့ကွယ်... ပုံပြင်လေးကတော့ ဒါပါပဲကွယ်..... ^__________^V နှင်းဆီဖြူ Labels: နှင်းဆီအတွေး စာလုပ်နေသည်:PThursday, January 28, 2010 | 10:11 AM |
နှင်းဆီဖြူလေး စာတွေ လုပ်ချင်ယောင်ဆောင်နေပါတယ်... ကွိကွိ.... ဒီနေ့တော့ စိတ်ကလေးနဲနဲ ကြည်နေတယ်.. သေလဲ မသေ ရူးလဲ မရူးတော့ပါဘူး..... ဟီးဟီး... မူးပဲ မူးတော့မယ်... အဲလေ... ရှုပ်ကုန်ပြီ... အစာစားတာ နဲလို့ အာဟာရပြတ်ပြီး ခေါင်းမူးတာပြောတာပါ... ခုလဲ မူးနေတယ်... အဟင့်... ရွှတ်ဖက်.... ကဗျာရေးမလိုလိုနဲ့ ပေါက်ကရပဲ ရေးတော့မယ် ဆိုပြီး... စာဖတ်သူများကို ရစ်မလို့... အဟီး..... 0 Dancing Queen and Prince Saysပေါက်ကရဆိုတော့ ဘယ်နားက စပြောရင်ကောင်းမလဲသိဝူး.... မပြောတော့ဝူးကွာ... စိတ်ညစ်သွားပြီ... ဘယ်သူ့ကြောင့်လဲ ဆိုတာ လုပ်တဲ့ လူပဲသိမှာပေါ့...း( တော်ပြီ... တွားမယ်... ညစ်တယ်.... အားးးးးးးးးးးးးးးးးးးး... နှင်းဆီဖြူပေါက်ကွဲနေတယ်.... T______T လောကကြီးကို စိတ်နာတယ်... သူငယ်ချင်း သူငယ်ချင်းဆိုပြီး ... ရစ်ရင် စကားမပြောချင်ဝူးဆို တဲ့ သူငယ်ချင်း အတုတွေကို စိတ်နာတယ်..... ယနေ့ငါ တတိယ အကြိမ် သေတယ်.... ပျော်နေတာလေးတွေ တောင်ဘယ်ရောက်သွားမှန်းသိဝူး... ရီစရာ ပိုစ့် ကလေးတင် မလို့ပါဆို နှင်းဆီဖြူကိုယ်တိုင် ညစ်နေတယ်.... ဗြဲ..... နှင်းဆီဖြူ ဝိဥာဉ်တစ်ကောင်၏ အတ္ထုပတ္တိWednesday, January 27, 2010 | 9:59 AM |
0 Dancing Queen and Prince Saysချစ်ခြင်းကို ဆာလောင်နေတဲ့ ဝိဥာဉ်တစ်ကောင်..... ယုတ်မာခြင်းရဲ့ လမ်းတွေထဲမှာ လမ်းပျောက်နေတယ်.... ဟောင်းလောင်းပေါက် ဖြစ်နေတဲ့ ငါ့ရင်ဘတ်ကြီးအတွက်... နှလုံးသားတစ်စုံ ဘယ်မှာများ ဝယ်လို့ ရမလဲ..... ရှေ့နားမှာ အလင်းရောင် မှိန်ဖြဖြ ပါလား.... မျှော်လင့်ချက်လေးနဲ့ ငါဖြေးဖြေးချင်း လျှောက်သွားမိတယ်.. သြော်... နောက်ကျမှသိလိုက်ရတာက... အတ္တဆိုတဲ့ မီးဟုန်းဟုန်းက ငါ့ကို လှည့်စားလိုက်တာပါလား.... နှလုံးသားမဲ့ ဝိဥာဉ်တစ်ကောင်လဲ မီးလျှံတွေထဲမှာ... တစ်စ တစ်စ ဒုတိယ အကြိမ် သေရတယ်...... နှင်းဆီဖြူ P.S. “ယနေ့ နှင်းဆီဖြူ သေနေသည်.... ” (နှင်းဆီဖြူက ကဗျာတွေ မရေးတတ်ပါဘူး... ခုရေးနေတာတွေကလဲ.. ကာရံလဲ မပါသလို... ကဗျာလဲ မဟုတ်ပါဘူး.. ရင်ဘတ်ထဲက ထွက်လာတဲ့ .. ခံစားချက် အပိုင်းအစလေးတွေ ချရေးတာပါ... ) Labels: ကဗျာ ယာယီသေဆုံးခြင်းTuesday, January 26, 2010 | 10:14 AM |
နှင်းဆီဖြူ အလုပ်တွေရှုပ်နေပါတယ်... အရှုပ်တွေလုပ်တာတော့ ဟုတ်ပါဘူး...း(... ကျောင်းမှာ report တွေ တင်ရမှာ.. မပြီးသေးဘူး.. လုပ်ချင်စိတ်လဲ မရှိဘူး... ဗြဲ.... စာလုပ်ချင်အောင် လုပ်ပေးတဲ့ ဆေးရှိရင်ကောင်းမယ်... ဟီးဟီး.... စာလာဖတ်တဲ့ သူငယ်ချင်းများလဲ.. အကြံဥာဏ်ကောင်းလေးများ ရှိရင် ပေးကြပါလို့.. စာလုပ်ချင်အောင် ဘယ်လို လုပ်ရမလဲလို့... အဟင့်....း( 0 Dancing Queen and Prince Saysညစ်နေပါတယ်... အသေအလဲ ညစ်နေပါတယ်...း(..... ရူးချင်လာပြီ... သူများတွေ စိတ်ညစ်ရင် အရက်သောက်တယ်တဲ့... နှင်းဆီဖြူကတော့ ညစ်လို့ ကဗျာရေးပါတယ်... သောက်သွားပါဦး... အဲ့လေ... ဖတ်သွားပါဦး... “ယာယီသေဆုံးခြင်း” မိုးကြိုးတွေ... လျှပ်စီးတွေ... မိုးရေစက်တွေနဲ့ ရေစီးသံ ခပ်ပြင်းပြင်း.. လုပ်စရာတွေများလွန်းလို့... ငါဘာမှ မလုပ်ပါရစေနဲ့... ခေါင်းထဲက ဟိုရောက်ဒီရောက် အတွေးတွေက key မကိုက်ဘူးဖြစ်နေတယ်... ဒီသေနေတဲ့ ဦနှောက်ကြီးကို ဘယ်သူက ကြိုးညှိပေးမှာလဲ..... ကျသွားတဲ့ စိတ်ဓာတ်လေးတွေ ကောက်ဖို့ ကြိုးစားရင်း.... ငါပါ ပြန်မထ နိုင်တော့မှာ ကြောက်နေတယ်.... ဖြစ်နိုင်ရင် ငါ.... သောကြာနေ့ ထိ သေချင်တယ်.....း( နှင်းဆီဖြူ သီချင်းSaturday, January 23, 2010 | 9:55 PM |
နှင်းဆီဖြူ တစ်ယောက် ပျင်းလို့ လျှောက်ဆော့ထားပါသည်.... နားသောကဆင် ... အဲလေ... နားသောတ ဆင်တော်မူကြပါရှင်.... 0 Dancing Queen and Prince SaysLabels: music ရူးသွပ်သွားခြင်းFriday, January 22, 2010 | 9:56 AM |
မိုးတွေရွာတဲ့နေ့ တစ်နေ့မှာ 0 Dancing Queen and Prince Saysငါ... လေနဲ့အတူ သစ်ရွက်ကလေးလို လွင့်လာတယ်....... ကမ္ဘာမြေကြီးကို ငုံ့ကြည့်တော့ လူတွေ... အမည်မဖော်နိုင်တဲ့ မီးအမျိုးမျိုးနဲ့ တဟုန်းဟုန်း .. တောက်လောင်နေကြတာ.... ရွာနေတဲ့ မိုးစက်လေးတစ်ပွင့်က ငါ့ကို စကားလာပြောတယ်... အားငယ်လိုက်တာတဲ့ ဘာလို့လဲ မေးတော့ အဲဒီမီးတွေကို မငြိမ်းနိုင်လို့တဲ့... နှင်းဆီဖြူ (ယနေ့ဆောင်ပုဒ်.... “ယနေ့ နှင်းဆီဖြူ ရူးနေသည်......” ) Labels: ကဗျာ အကယ်၍သာWednesday, January 20, 2010 | 10:36 AM |
0 Dancing Queen and Prince Saysနင်ဟာ တန်ခိုးရှိတဲ့ နဂါးတစ်ကောင်ဆိုရင် ငါကအခါခါ လောင်ကျွမ်းခံရတဲ့ ပြာပုံကလေးပဲ ဖြစ်နေမယ်ထင်တယ်.. နင်ဟာ သင်ရိုးညွန်း ဖတ်စာ တစ်အုပ်ဆိုရင် အဲဒီဘာသာကို ငါ ဂုဏ်ထူးနဲ့အောင်တယ်..... နင်ဟာ အားသွင်းတဲ့ charger လေးသာဖြစ်ခဲ့ရင် ငါက နင်ရှိမှ အသက်ရှင်ရမယ့် phone တစ်လုံးပေါ့..... နင်ဟာ အိမ်ကြိုအိမ်ကြားက ကြွက်စုတ် တစ်ကောင်ဆိုရင်တော့ နင်ဘယ်မှ မသွားနိုင်အောင် ဖမ်းထားနိုင်တဲ့ ကြွက်ထောင်ချောက်ကလေး ဖြစ်ချင်တယ်..... :P နှင်းဆီဖြူ (ပျင်းပျင်းရှိတာနဲ့ ကဗျာလေးတစ်ပုဒ်ရေးမိတယ်... စရေးတုန်းက အကောင်းပါ... သို့သော်...... ပေါခြင်းပါရမီနဲ့ ပြည့်စုံသော နှင်းဆီဖြူတစ်ယောက် ကြွက်ထောင်ချောက်ဘဝနဲ့ ဇာတ်သိမ်းသွားပါတယ်... ကွိကွိ... ) ယနေ့ဆောင်ပုဒ်...... “လူသားအားလုံးကို လေးစားပါတယ်” အဟက်... Labels: ကဗျာ ငါဟဲ့ မိန်းမMonday, January 18, 2010 | 8:24 PM |
0 Dancing Queen and Prince Saysဟိုပြောဒီပြော ဟိုရောက်ဒီရောက် (၁) ပြီးခဲ့တဲ့ စနေနေ့က နှင်းဆီဖြူတစ်ယောက် သူငယ်ချင်းတစ်သိုက်နဲ့ NYPMM Show သွားကြည့်ဖြစ်ပါတယ်... သွားကြည့်တော့ စ စ ဦးဆုံး နိုင်ငံတော်သီချင်းကို ပရိတ်သတ်အားလုံး မတ်တတ်ရပ်ကာ သတိအနေအထားနဲ့ ဆိုရပါတယ်.... သီချင်းလဲ ဆိုပြီးရော ပထမဆုံး သတိရတာ ငယ်ငယ်က တက်ခဲ့တဲ့ စမ်းချောင်း ၂ ဆိုတဲ့ ကျောင်းတော်ကြီးကိုပေါ့..... နှင်းဆီဖြူ တစ်ယောက် ကျောင်းမှာ နိုင်ငံတော် သီချင်းတွေ ဇာတိမာန် သီချင်းတွေ ဆိုရတာကို လွမ်းနေပြီလို့ မထင်ပါနဲ့...း) ... ကျောင်းမှာ နိုင်ငံတော်သီချင်းဆိုခိုင်းရင် စားပွဲအောက်ဝင်ပြီး ထမင်းခိုးစားတာ သွားသတိရတာပါ.... ဟီးဟီး... အဲလို လိမ္မာတာ... ကျောင်းကလဲ မိန်းကလေးကျောင်းဆိုတော့ အကျင့်ပုပ် ယောက်ျားလေးတွေ မရှိတော့ ဘယ်သူမှ မတိုင်ပါဘူး... စားမှာပဲ... ဟိဟိ... ဒါနဲ့ ဘုရားရှိခိုးပြီးလို့ တရားငါးမိနစ် ထိုင်ခိုင်းရင် ခြောက်မိနစ်လောက် အိပ်ငိုက်ပါတယ်.... သမီး လိမ္မာလေးမှန်း သိပြီမလား.... ဒါတွေလုပ်ခဲ့လို့ အမျိုးမချစ်ဘူး.. ဘာသာရေးစိတ်ဓာတ် မရှိဘူးလို့တော့ မထင်ပါနဲ့ .... မြန်မာလူမျိုးကို ချစ်သလို မြတ်စွာဘုရားရှင်ကိုလဲ ကြည်ညိုပါတယ်..... ^__^ .... NYPMM Show အကြောင်းပြောရမယ် ဆိုရင်တော့ ကောင်းပါတယ်လို့ပြောမှာပါ.... အားလုံး အားကြိုးမာန်တက် ကြိုးကြိုးစားစား အားသွန်ခွန်စိုက် နေ့ မအား ညမနား မိုးလင်းမိုးချုပ်.... NYP က မြန်မာ ကိုကို မမ မောင်လေး ညီမလေးများက မဖြစ်ဖြစ်အောင် လုပ်ထားတာ သိပ်ကောင်းပါတယ်လို့ပဲ ပြောချင်တယ်... MRT ကနေ Bus ထက်စီးရတာရယ်... လမ်းလျှောက်ရတာ တော်တော်လေး ဝေးတာရယ်... ရှူးရှုးပေါက်ပြီး ပြန်ဝင်လာရင် ticket အတင်းတောင်းကြည့်တော့ သူငယ်ချင်းဆီပေးထားတဲ့ ticket ကလေး ပြေးပြရတာရယ်ကို ဘယ်ပြောရက် မလဲနော်... သူတို့သွေးနဲ့ ချွေးနဲ့ ရင်းပြီး ဖြစ်အောင် စီစဉ်ပေးထားတာ... ပြောရက်ပါဘူး.... နှင်းဆီဖြူက အကောင်း သိပ်မြင်တတ်တာနော်... ဟွင်းဟွင်း.... အကောင်းမြင်တတ်တာလေး ပြောပြဦးမယ်.... ပိုလီနောက်ဆုံးနှစ်မှာ ကျောင်းသားကျောင်းသူတွေ ကျန်းမာကြံခိုင်ရေး အတွက် NAPFA Test ဆိုတာဖြေရပါတယ်... အားကစားလုပ်ခိုင်းတာပါ... အိပ်ထမတင်တို့ တာတိုကိုပစ္စည်းလေးကောက်ပြီး နှစ်ခေါက်ပြေးခိုင်းတာတို့ အပါအဝင် တစ်ခြားကစာနည်းလေး နည်းနည်းရယ်... တာဝေး အကြားကြီး ဘောလုံးကွင်း ဘယ်နှစ်ပါတ်မှန်းမသိ ပြေးခိုင်းပါတယ်... ငယ်ငယ်ထဲက ကျောင်းမှာ ကာယချိန် အားကစားလုပ်ရမယ်ဆို နေမကောင်းချင်ယောင်ဆောင်တတ်တဲ့ နှင်းဆီဖြူ... ဒီတခါတော့ သွားပြီပေါ့.... တစ်ကယ်လဲသွားတာပါပဲ... အိပ်ထမတင်မှာထဲက သတ်မှတ်ချိန် အတွင်း အရေအတွက် ပြည့်အောင်မလုပ်နိုင်လို့ ကျပါတယ်... အဟင့်.... =.= စိတ်ဓာတ်ကလေးလဲ အဲ့မှာတစ်ပါထဲ ကျသွားပါတယ်... ပြန်ကောက်လို့တောင်ရဘူး... တာတိုပြေးမယ်ဆိုရော မဖြစ်သေးပါဘူးဆိုပြီး... ငါဟဲ့မိန်းမ ဆိုပြီး အားကြိုးမာန်တက် ပြေးလိုက်တာ.. ဘိုင်းကနဲ လဲပြီး... ဒူးနှစ်ဖက်လုံးပြဲသွားတယ်ရှင့်.... T______T ကိုယ့်ကိုယ်ကိုတောင် သနားလာပြီ.... အဲမှာနောက်ဆုံး တားဝေးပြေးတာကြီး ပြေးခိုင်းတော့ဘူးရှင့်.... ပြေးလဲ ကျမှာပဲဟာ... မပြေးပဲကျတာပိုတန်တာပေါ့လို့ တွေးပြီး... NAPFA test ကျလဲပျော်ပျော်ကြီး... ဒူးနှစ်ဖက်လုံး ပတ်တီးကြီး အဖွေးသား .... စပ်ဖြီးဖြီးမျက်နှာနဲ့ ... အိမ်ပြန်လာတာပါ...း) နှင်းဆီဖြူ၏ ယနေ့ဆောင်ပုဒ် ............ “ငါဟဲ့ မိန်းမ!!!!!” နှင်းဆီဖြူ ဆုတောင်းSunday, January 17, 2010 | 1:18 AM |
0 Dancing Queen and Prince Saysနင်... ငါလိုအပ်နေတဲ့ အချိန်တိုင်း အနားမှာရှိပေးပါ.... ငါ့အတွက် အားပေးစကား တစ်ခွန်းတစ်လေကိုမှ ငါ မမက်မောပါဘူး.... နင် အနားမှာ ရှိရုံနဲ့တင် ငါကျေနပ်ပြီ...... နင်... ငါစိတ်ညစ်အားငယ်နေတဲ့ အချိန်တိုင်း အပြုံးတစ်ပွင့် လက်ဆောင်ပေးပါ.... ငါ့အတွက် ပျော်ရွင်စေဖို့ ဟာသပျက်လုံးတွေ မလိုပါဘူး.... နင် ပျော်နေတာမြင်ရရုံနဲ့တင် ငါကျေနပ်ပြီ.... နင်... ငါဝမ်းနည်းနေတဲ့ အချိန်တိုင်း နင့်ရင်ခွင်နွေးနွေး တစ်စုံကို ခဏငှားပေးပါ... ငါ့မျက်ရည်တွေ တိတ်ဖို့ လက်ကိုင်ပဝါ တစ်ထည်ထက် ငါငိုစရာ ရင်ခွင်ရှိရုံနဲ့တင် ငါကျေနပ်ပြီ.... ငါအများကြီး မတောင်းဆိုပါဘူး.... နင် ငါ့ အနားမှာ ထာဝရ ရှိနေဖို့သာ.... ငါဆုတောင်းတယ်.... နှင်းဆီဖြူ Labels: ကဗျာ ကြယ်ကြွေတို့ရဲ့ အတောင်ပံFriday, January 15, 2010 | 12:09 PM |
ဒီတစ်ခါတော့ ဝတ္ထုလေး တစ်အုပ်အကြောင်း ရေးမယ်လို့ စိတ်ကူးမိတယ်... မနေ့ကမှ လတ်လတ်ဆတ်ဆတ် ဖတ်ထားတာ.. “ဂျူး” ရေးထားတဲ့ “ကြယ်ကြွေတို့ရဲ့ အတောင်ပံ” ဆိုတဲ့ဝတ္ထုလေးပါ.. ဇာတ်လမ်း အသွားအလာလေးက စိတ်ဝင်စားစရာ ကောင်းသလို မှတ်သားစရာတွေလဲ အများကြီး ပါပါတယ်.. အသက်အရွယ်မရွေး ဖတ်သင့်တဲ့ စာအုပ်လေးပါ... လူငယ်လေးတွေကလဲ မိဘမေတ္တာကို နားလည် သဘောပေါက်အောင်... အရွယ်ရောက်လာတဲ့ မိန်းမပျိုလေးတွေ အတွက်လဲ ခဏတာမှားမိတဲ့ အမှားအတွက် တစ်ဘဝတာ နောင်တ မရ ရ လေအောင်.... အိမ်ထောင်ရှင်တွေ ဖြစ်လျက်နဲ့ ဖောက်ပြန်မိရင် ရလာမဲ့ အကျိုးဆိုးတွေကိုပါ... မှတ်သားစရာ ရေးထားတာ တွေ့ရပါတယ်.. ဒါ့အပြင် လူရယ်လို့ဖြစ်လာရင် ဥာဏ်ပညာရှိခြင်း ဆင်ခြင်ဥာဏ်ပြည်စုံခြင်းနဲ့ အမှန် အမှား ကို ခွဲခွဲခြားခြားသိမြင်ခြင်းဟာ ဘဝရဲ့ တိုးတက်ရာ တိုးတက်ကြောင်းဖြစ်တယ် ဆိုတာလေးတွေကိုပါ ဒီဝတ္ထုလေးက သာဓကပြနေသလိုပါပဲ.... ဇာတ်လမ်း အကျဉ်းလေးကို ဆက်လက်ခံစားကြပါဦး..... 0 Dancing Queen and Prince Saysဇာတ်လမ်းကတော့ နောက်ကြောင်းပြန်လိုက် အခုအကြောင်းပြန်ရေးလိုက်ပေါ့.. ဒါပေမဲ့ ဂျူးလို စာရေးတာ မကျွမ်းကျင်တော့... စာဖတ်သူတွေ မျက်စိလည်ကုန်မှာ စိုးလို့ ဇာတ်အိမ်လေးကိုပဲ အကြမ်းပြောပြမယ်နော်.... နှင်းမှုန်တို့နေတဲ့ ရွာက ဧရာဝတီမြစ်ကြီးဘေးမှာ ရှိတာပေါ့... နှင်းမှုန်ဆိုတာ ဘာမှ မသိနားမလည်တဲ့ ဆယ်ကျော်သက် ကလေးမလေး... အတန်းပညာကလဲ လေးတန်းသာ အောင်ထားပြီး... ဘဝအကြောင်းလူတွေ အကြောင်းဘာမှစိတ်မဝင်စား... သူသိတာက ယာတောထဲက အသီးတွေခူးပြီးရောင်းရင် ပိုက်ဆံရသည်လောက်သာ သိသည်..... နှင်းမှုန်တို့နဲ့ ဘေးချင်းကပ်လျက် နေတာက အလွန်ရိုးသားတဲ့ ဖိနပ်ခုတ်သမားလေး အေးညို... ဒီကောင်လေးက နှင်းမှုန်ကို ကျိပ်ပိုးနေတာ... ကံတရားက မျက်နှာသာ မပေးတော့ နှင်းမှုန် ခရမ်းခင်းက အပြန် အသက် ဆယ်နှစ်ကျော်ကွာတဲ့ မိန်းမကြီးငုတ်တုတ် ရှိပြီးသား စံလှရဲ့ ဖျက်ဆီးခြင်းကို ခံလိုက်ရတယ်... နှင်းမှုန်မှာ ကိုယ်ဝန်ရှိတော့ သူ့အမေက ဖုံးဖုံးဖိဖိနဲ့ ကိစ္စပြီးသွားအောင်စီစဉ်တယ်... ငယ်လဲငယ် စိတ်လဲဆတ်တဲ့ နှင်းမှုန်တစ်ယောက် သူ့မှာတော့ ဒုက္ခတွင်းထဲ ရောက်ပြီး လူမဆန်တဲ့ စံလှက သူ့မိန်းမနဲ့ ပျော်ပါးနေတာ မြင်တော့ မခံမရပ်နိုင်ဖြစ်ပြီး... ဖုံးထားတာတွေ ဗူးပေါ်သလိုပေါ်လာတော့တာပဲ.... တစ်ရွာလုံးသိသွားတော့ နှင်းမှုန်ခမျာမျက်နှာမပြရဲရှာဘူး... ဖြစ်ချင်ရာဖြစ်ဆိုပြီး ဆယ့်ခြောက်နှစ်သမီးသာရှိသေးတဲ့ မိနှင်းမှုန် ရွာကထွက်ပြေးလာတယ်.... အေးညိုက သူယူမယ်ပြောပေမဲ့... မာနကြီးတဲ့ မိနှင်းမှုန်ကတော့ ကိုယ့်အပြစ်ကိုယ်ပဲခံရမယ် ဆိုပြီး... ပြည်မြို့က သီလရှင်ကျောင်းကလေးမှာ ဇာတ်မြုပ်ပြီး... မင်းဥာဏ်ကို မွေးခဲ့တယ်.... စာကို ရေးတတ်ရုံ ဖတ်တတ်ရုံ လောက်တတ်တဲ့ နှင်းမှုန်ဟာ သူ့သားလေးကိုတော့ ပညာတတ်ကြီးဖြစ်စေချင်ခဲ့တယ်... မင်းဥာဏ် အသက် ၇နှစ်မှာတော့ သီလရှင်ကျောင်းမှာထွက်လာပြီး ဝါးထရံကာ အိမ်ကလေးနဲ့နေရင်း ဈေးရောင်းလို့ ရတဲ့ငွေနဲ့ သားလေး မင်းဥာဏ်ကို ကျောင်းထားတယ်... သီလရှင် ဆရာလေးတို့ရဲ့ ဆုံးမသြဝါဒ အောက်မှာ ကြီးပြင်းရတဲ့ မင်းဥာဏ်ဟာ လိမ္မာရေးခြားရှိတဲ့ အပြင် ပညာရေးမှာ ထူးချွန်တာကြောင့် ဆရာဝန်ကြီးတစ်ယောက်ဖြစ်လာတယ်... နှင်းမှုန်ကိုစောင့်နေခဲ့တဲ့ အေးညိုဘာဖြစ်သွားလဲ....... နှစ်ပေါင်း သုံးဆယ်နီးပါး ရုန်းကန်ခဲ့တဲ့ နှင်းမှုန်ကို အိမ်ကထွက်သွားထဲက မျှော်နေတဲ့ မိခင်နဲ့ရော ပြန်ဆုံနိုင်ပါ့မလား..... စံလှတစ်ယောက် ရွာမှာ ဘယ်လိုနေခဲ့လဲ...... ဆိုတာသိချင်ရင်တော့ ဒီနေရာလေးမှာ ဖတ်ရှုခံစားနိုင်ပါတယ်..... ဘဝလေးတွေ ဘဝလေးတွေတိုင်း သာယာလှပ ကြပါစေ....... နှင်းဆီဖြူ Labels: reviews စွန်ငယ်Thursday, January 14, 2010 | 8:45 PM |
0 Dancing Queen and Prince Says"စွန်ငယ်" ခုတော့ ကိုယ်သိလိုက်တယ်... ဒါဆို ကိုယ်အစက သိတာတွေက သိတာမဟုတ်သေးဘူးပေါ့... ကိုယ်မသိတာ သိရတော့ သိတာတွေက ဘာမှမသိသေးတာမှန်း... ကိုယ်တော်တော်သိလိုက်ရတယ်.. ကိုယ်သိတာ အရေးမကြီးပါဘူး... သူသိလားမသိလားတော့ မသိဘူး... ကိုယ်တော့ သိလိုက်ပါတယ်... ကိုယ်သိတာတခုကတော့ ကိုယ်မသိတာတွေ သိလာတယ်ပေါ့... ကိုယ်သိသိ မသိသိ မသိသေးတာတော့ အမှန်ဘဲ... ကိုယ်ဘာလို့ ကိုယ့်ကိုကိုယ်သိတယ် ထင်တာလဲ စဉ်းစားလို့မရဘူး... ကိုယ်သိလိုက်တာတော့ ကိုယ်ပိုသိလာတယ်.... ကိုယ်မသိသေးတာတွေ သိချင်ပါသေးတယ်... ဒီလောက်သိတာနဲ့တော့ သိတာတွေလည်း မသိချင်တော့ပါဘူး... ကိုယ်မသိတော့ ပိုမသိလာတာပေါ့... နောက်ပြန်စဉ်းစားတော့ သိပ်မသိသေးဘူးဘဲ.... ကိုယ် သိသိသာသာ ဘာသိလဲတော့ မသိဘူး.. သေသေချာချာတော့ သိပ်မသိတာ သေချာတယ်... နောက်ဆုံးသိခဲ့တာတော့ ကိုယ်က ကြိုးရှည်ရှည်ဆွဲထားတဲ့ စွန်လေးတစ်ခုဘဲတဲ့... ဒါဆိုရင်တော့ ဘယ်တော့မှ ပြန်မလာတော့တဲ့ ဟိုးးးး အဝေးဆုံးကို လွင့်ထွက်တဲ့ စွန်လေးတစ်ခုဘဲ ဖြစ်ချင်တော့တယ်.... ( စာသားလေးတွေ ကြိုက်လွန်းလို့ တင်လိုက်တာပါ... နှင်းဆီဖြူရေးထားတာလုံးဝ မဟုတ်ပါဘူး... နှင်းဆီဖြူရဲ့ သူငယ်ချင်းတစ်ယောက်ရေးထားတာပါ... ကြိုက်လွန်းလို့ မပြောပဲ ယူလိုက်မိတယ်... သူက ဘလော့ဂ်လဲ မရေးသလို နှင်းဆီဖြူ့ ဘလော့ဂ် ကိုလဲမသိပါဘူး.... အောက်ကဆက် ဖော်ပြမှာလေးကတော့ နှင်းဆီဖြူ ရေးတာပါ... ^___^ ) susan ရေ နင်မသိအောင် နင့်စာလေးကို ဒီမှာတင်လိုက်တယ်.... နင်မသိပေမဲ့ နင်သိလာတဲ့တစ်နေ့ကျ ငါကသိရက်သားနဲ့ နင်မသိအောင်လုပ်တယ်ဆိုပြီး အပြစ် မတင်အောင် နင်သိစေဖို့ ပြောလိုက်တာနော်... နင်သိသိ မသိသိ ငါကတော့ ဒီစာလေးကို ကြိုက်တယ်.... နင်သိတာ မသိတာ အရေးမကြီးပေမဲ့ .... နင်မသိပဲတင်မိတော့ ငါမကောင်းဖြစ်မှာစိုးလို့... နင်မသိအောင်ပဲ ဒီမှာကြိုတောင်းပန်ထားလိုက်တာ.. ဟီးဟီး.... နှင်းဆီဖြူ နှလုံးသားထဲက virus | 9:39 AM |
0 Dancing Queen and Prince Says"နှလုံးသားထဲက virus" ငါ့ဘာသာ အေးအေးဆေးဆေး Naruto ကြည့်ရင်း Game ဆော့နေရင် အကောင်းသား.... ခုတော့ နင် send ပေးတဲ့ “အချစ်” ဆိုတဲ့ file ကို accept လုပ်မိလို့ virus အကိုက်ခံလိုက်ရပြီ... delete လုပ်ပစ်လိုက်တော့လဲ မျက်နှာငယ်လေးနဲ့ တောင်းပန်တဲ့ နင့်ကို restore ပြန်လုပ်ပေးခဲ့မိတယ်.... ခုတော့နင်က ငါ့ဘဝကိုပါ hack လုပ်ဖို့ကြံနေပြီပေါ့လေ.... ဒီတစ်ခါတော့ နင့်ကို shift+delete လုပ်လိုက်တော့မယ်... သွားပေဦးတော့ “အချစ်” ရေ... နင်အတင်း ပြန်လာမယ်ဆိုရင်တော့ ငါ့နှလုံးသားတစ်ခုလုံးကို format ချပစ်လိုက်တော့မယ်... နှင်းဆီဖြူ Labels: ကဗျာ စိတ်ရှည်သည်းခံပေးခြင်းWednesday, January 13, 2010 | 10:06 AM |
ဒီပိုစ့်လေးရေးရတဲ့ အကြောင်းကတော့ ကိုသော်ဇင်စိုးရဲ့ ဘလော့ဂ်မှာ ကွန်မန့်ပေးလို့မရလို့ပါ.. အစထဲက လူကပိန်းပါတယ်ဆို... ကွန်မန့် ပေးလို မရတော့ စိတ်ကို ညစ်သွားတာပဲ... ဒီပိုစ့်လေးကို အရင်ဖတ်ကြပါလို့..... အဲဒီထဲမှာ ပြောထားတဲ့ ဗုဒ္ဓဘာသာဝင် တွေအား ပုတ်ခတ် ရေးထားတဲ့ ဘလော့ဂ်ကို လွန်ခဲ့တဲ့ ၃ရက်လောက်က တွေ့မိလိုက်ပါတယ်... ရေးထားတာတော့ တော်တော် လွန်ပါတယ်... နှင်းဆီဖြူ ကိုယ်တိုင်က ဗုဒ္ဓဘာသာဝင် မှန်ပေမယ့် ဘုရားတရား သိပ်မလုပ်ဖြစ်ပါဘူး.. ဘုရားတရား အကြောင်းလဲ သိပ်ပြီး နှံနှံစပ်စပ် မသိဘူးဆိုတာ ဝန်ခံပါတယ်... ဒါပေမယ့် မြတ်စွာဘုရားကိုတော့ ယုံကြည်ပါတယ်... တရားတော်တွေကိုလဲ လေးစားပါတယ်... အဲမှာရေးထားတာတွေတွေ့လိုက်တော့ တော်တော် စိတ်မကောင်း ဖြစ်မိတယ်... ကိုယ်အကျိုးလဲ မရှိတဲ့ အပြင် သူများအကျိုးကိုပါ ယုတ်အောင် ရေးထားတော့ ... သူတို့ကိုလဲ သနားမိပါတယ်.... ကိုသော်ဇင့် ပိုစ့်လေး အရမ်းကောင်းပါတယ်... သည်းခံခြင်းသည် အောင်မြင်ရာ၏တဲ့ ကိုယ့်ဘာသာကို ဘယ်လောက်ပဲ စော်ကား စော်ကား... ကိုယ့်ဘာသာဝင်တွေရဲ့ မြင့်မြတ်တဲ့ စိတ်ကို ထိန်းထား နိုင်ရမယ်လေ... လူတိုင်းလူတိုင်းမှာ သူတို့ယုံကြည်ခြင်းနဲ့ သူတို့ရှိပါတယ်... သူများဘာသာကို မစော်ကားသင့်တာ မှန်ပေမဲ့ ကိုယ်ဘာသာကို စော်ကားလာရင်လဲ စိတ်ရှည်သည်းခံပေးခြင်းနှင့် အနိုင်ယူနိုင် ကြပါစေ.... 0 Dancing Queen and Prince Saysနှင်းဆီဖြူ Labels: နှင်းဆီအတွေး ဆယ်ကျော်သက်သို့တမ်းခြင်း - 2Tuesday, January 12, 2010 | 9:53 AM |
0 Dancing Queen and Prince Says“ဆယ်ကျော်သက်သို့တမ်းခြင်း” (ဒုတိယပိုင်း) ဆယ်ကျော်သက်ရဲ့ ၇ နှစ်တာ ကာလကို ရန်ကုန်ဆိုတဲ့ မြို့တော်အဟောင်းကြီးမှာ ကုန်လွန်ခဲ့ပြီးတဲ့နောက် ... စင်္ကာပူလို့ခေါ်တဲ့ မြို့လိုလို နိုင်ငံလိုလို ပိစိကွေးဒေသလေးကို ရောက်လာပါတယ်ရှင်...း)... မျက်နှာလေးက လက်သည်းခွံလောက်နဲ့ (ဇီးရွက်ထက် အနည်းငယ် ကြီးပါသည်.. :P) ဟိုငေးဒီငေးပေါ့... ဒါနဲ့ပဲ နီအန်းကျောင်းတော်ကြီးမှာ ဘယ်သူမှ မကြားဖူးတဲ့ ဘာသာရပ်ကြီးကို သုံးနှစ်တိုင်တိုင် သင်ကြားဖို့ ခြေလှမ်းစခဲ့ပါတော့တယ်.... သုံးနှစ်အတွင်းဖြစ်ခဲ့ ပျက်ခဲ့တာတွေလဲ အများကြီးပေါ့... Year 1 ..... စာကို အသားကုန် လုပ်ပါတယ်... နှစ်ဝက်စာမေးပွဲတိုင်းမှာ အေဒီ နှစ်ခု သုံးခုတော့ပါပါတယ်... ဆုတွေဘာတွေတောင် ရလိုက်သေး... ပိုက်ဆံလဲ ချွေချွေတာတာသုံးပါတယ်.... အိမ်အတွက်လိုအပ်တာက လွဲရင် အပိုမသုံးပါဘူး.. သူငယ်ချင်းတွေဘာတွေလဲ သိပ်မရှိတော့ ဘယ်မှ သိပ် မသွားဖြစ်ပါဘူး.... သမီးလိမ္မာလေးပါ... အဟက် Year 2 ..... စာတွေက ခက်လာတာလား လူကိုယ်တိုင်ပဲ တုံးသွားတာလားတော့သိဘူး... အမှတ်တွေက အရင်လောက် မကောင်းတော့ဘူး အေဒီတော့ တစ်ခု နှစ်ခုပါသေးတယ်... မဆိုးပါဘူး...း) .... ဖိနပ်လေးတွေလှရင် ဝယ်လိုက်.. ပိုက်ဆံအိတ်ကလေး ကြိုက်ရင်ဝယ်လိုက်နဲ့ အပိုနဲနဲ သုံးလာပါတယ်... တော်တော်ကြီးကို သုံးဖြစ်တယ်.. ဟီးဟီး.... သူငယ်ချင်းတွေခေါ်ရင် ဟိုသွားဒီသွားဆိုတော့ အဲဒီ နှစ်က ပိုက်ပိုက် အကုန်ဆုံးနှစ်လို့ ခေါ်လို့ရပါတယ်..... Year 3 ..... နောက်ဆုံးနှစ်ကတော့ အချာဆုံးနှစ်ပါပဲ... စာဆိုတာ လုပ်သင့်တဲ့ အရာလို့ကို မထင်တော့တာ... အတန်းထဲမှာလဲ ကိုယ့်လောက်တောင် စာမလုပ်တဲ့သူတွေ.. ရီပေါ့တွေကို ဖြစ်သလိုရေးပြီး အာလုံးထက်အရင်တင်သူတွေက အမှတ်တွေ ဘုန်းဘောလအော ရနေတော့ ... ပိုလီဆိုတာကြီးကို အညင်ကပ်လာပါတယ်.... ပိုက်ပိုက်ကတော့ သိပ်သုံးဖြစ်တော့ပါဘူး... အဆူခံလိုက်ရလို့... ဟီးဟီး.... သူငယ်ချင်းတွေတော့ များမှများ... ဘယ်နားက ပေါ်ပေါ်လာမှန်းမသိ... ဟောတစ်ယောက် ဟောတစ်ယောက်နဲ့ .... ကျောင်းတုန်းက သူငယ်ချင်းတွေလဲ စုံစုံလင်လင် ကလေးဖြစ်လာတော့ .... ပျော်စရာကောင်းလာတယ်... ဟိုနားလေးသွားလိုက် ဒီနားလေးသွားလိုက်... သူငယ်ချင်းတွေ စုပြီး ပေါက်ပေါက်တွေ ဖောက်ကြနဲ့ ပျော်ချာကြီး... ဟီးဟီး... နှင်းဆီဖြူရဲ့ နောက်ဆုံး updated news တွေကတော့.... လောလောဆယ် attachment ဆင်းနေရသောကြောင့် ဘလော့ဂ်တွေ လျှောက်ဖတ်ရင်း ပိုးဝင်သွားကာ... ဘလောဂ့်ဂါ ပိစိကွေးလေး ဖြစ်နေပါကြောင်း....... တင်စရာ report တွေလဲ..... ရေးမယ်ကြံလိုက်တာနဲ့ အိပ်ငိုက်သော ရောဂါစွဲကပ်နေပါ သောကြောင့် .... ဒီတိုင်း မသိချင်ယောင်ဆောင် ထားရကြောင်း... NYP ရှိုးကို သူငယ်ချင်းများက မလာရင်သေခန်းပြတ် ဆိုသောကြောင့် သွားကြည့်ဖို့ အစီအစဉ် ရှိပါကြောင်း.... DTM သတင်းဌာနမှ တင်ပြသွားပါတယ်ရှင်..... နှင်းဆီဖြူ စာကြွင်း - DTM အီးကွဲတူ Don't Trust Me ^__^ V "ရယ်သောသူ သွားအအေးပတ်၏... ပေါသောသူ ရုပ်ချော၏" Labels: e-diary ဆယ်ကျော်သက်သို့တမ်းခြင်း - 1Monday, January 11, 2010 | 10:17 AM |
0 Dancing Queen and Prince Says“ဆယ်ကျော်သက်သို့တမ်းခြင်း” သြော်... ပြန်တွေးကြည့်တော့.. ဆယ်ကျော်သက်ဆိုတဲ့ ကာလကြီးကို ဖြတ်သန်းရတာ အကြာကြီးလိုပဲနော်... ငါးတန်းအရွယ်... စားမယ် ဆော့မယ် အိပ်မယ်ဆိုတဲ့ အရွယ်ကနေ စခဲ့တဲ့ ဆယ်ကျော်သက်ဆိုတဲ့ ကာလကြီး... အခုတော့ ကျောင်းပြီးရင် အလုပ်လုပ် ရမယ်ဆိုတဲ့ အရွယ်... ကိုယ့်ကိုယ်ကိုတောင် မသိလိုက်ချိန်မှာ ကုန်ဆုံးသွားပြီပေါ့.... ငါဖြတ်သန်းခဲ့တဲ့ ဆယ်နှစ်ဆိုတာကြီးကို ပြန်ကြည့်လိုက်ရင်... လွမ်းစရာတွေရော.. ငိုစရာတွေရော... ပျော်စရာတွေရော... အများကြီးပေါ့... အခုလောလောဆယ်တော့ ဆယ်ကျော်သက်ရဲ့ ထက်ဝက်ကျော်ကျော်ကို ကုန်လွန်စေခဲ့တဲ့ အ.ထ.က(၂) စမ်းချောင်း ဆိုတဲ့ ကျောင်းတော်ကြီးကို လွမ်းတယ်... မိန်းကလေးတွေချည်း တတ်ခွင့်ရှိတဲ့ ကျောင်းမို့ “ပန်းကောင်းပွင့်တဲ့ စမ်းချောင်း(၂)” ဆိုပြီး ကိုယ့်ကျောင်းဂုဏ်ဖော် တတ်ကြသေးတယ်...း) ... အခုလဲ နှင်းဆီဖြူဆိုတဲ့ ပန်းကလေးပွင့်လာပြီပေါ့...း) ပန်းကောင်းလေးလား ပန်းဆိုးလေးလား ဆိုတာတော့ ကိုယ်ကိုယ်တိုင်တောင်မသိသေးပါဘူး... ^__^ (လောလောဆယ်တော့ ပန်းပေါတောတောလေး ဖြစ်နေပုံရပါတယ်... ဟီးဟီး) အမှန်တော့ လွန်ခဲ့တဲ့ ငါးမိနစ်လောက်က “ငါ အသက် နှစ်ဆယ်ပြည့်ပြီ မပေါတော့ဘူး.. အခုချိန်က စပြီး တည်တည်ကြည်ကြည်ပဲ နေတော့မယ်” လို့ ဆုံးဖြတ်ချက်ကို ဒုန်းဒုန်းချလိုက်တာ (တကယ်တော့ အဲ့လိုကြီး မမြည်ဘူးပေါ့နော်...) ဒါပေမယ့်လဲ ပေါခြင်းဆိုတာ ပါရမီ အရဖြစ်လာတာပေကိုး.... “ပေါတယ်” ဆိုတာကို မသိနားမလည်သူတွေက သာ ပေါတယ်လို့ ပြောတာပါ... အမှန်က “အတိတ်က ကုသိုလ်ကံကြောင့် သူတပါးတွေ ပျော်ရွင်အောင်လုပ်နိုင်တဲ့ ပါရမီ” လိုခေါ်ပါတယ် (ယုံချင်ယုံ မယုံချင်နေ... :P) ပေါတာကို ဒက်ဖနေးရှင်းဖွင့်လိုက်တာ စမ်းချောင်း(၂) ကလေးတောင် ဘယ်နား ရောက်သွားမှန်း မသိဘူး... ဟီးဟီး... ဒါနဲ့ စမ်းချောင်းနှစ်မှ ထွက်သူတိုင်းဝန်ခံ ရမှာလေးတော့ ရှိတယ်... အောက်ပါ အကြောင်းအရာများကတော့ စမ်းချောင်းနှစ်ကျောင်းသူများမှာ တစ်ခုမဟုတ် တစ်ခုရှိတတ်တဲ့ အချက်ကလေးတွေပေါ့ .. ၁. ကျောင်းတတ်တုန်းက ဆော်ထားဖူးခြင်း (မိန်းကလေး အချင်းချင်း ရည်းစားထားခြင်းပါ) ၂. အသေအလဲ ပေါခြင်းပါရမီနှင့် ပြည့်စုံခြင်း ၃. မိန်းမ မှန်ပါလျက် ယောက်ျားစိတ်ဝင်နေခြင်း ၄. အိမ်သာကို ၅မိနစ် တစ်ခါလောက်သွားခြင်း ၅. သူငယ်ချင်း(မိန်းကလေး)များ နှင့်လျှောက်သွားလျှင် လက်ချင်းချိတ်ခြင်း၊ ခါးဖက်ခြင်း၊ ပခုံးဖက်ခြင်းများ ပြုလုပ်တတ်ခြင်း ဒါတွေကတော့ စမ်းချောင်း ၂ သမီးပျိုများရဲ့ ဂုဏ်ပုဒ် ကလေးတွေပါ... နှင်းဆီဖြူလား??? နံပါတ် (၃) အချက် တစ်ခုကလွဲပြီး ကျန်တာ အကုန်လုပ်ဖူးပါတယ်...း) ကွိကွိ... ဆယ်ကျော်သက် အကြောင်းပြောတာ စမ်းချောင်း(၂) က မတက်တော့ဘူး... ကဲ အဲဒီ စမ်းချောင်း(၂) ကြီးအပြီးတော့ ယနေ့ယခု ပညာသင်ကြားနေပါသော နီအန်းကျောင်းတော်ကြီးကို ယောင်လည်လည်နဲ့ ရောက်လာပါတော့တယ်... ဒီကျောင်းကြီး အကြောင်းကတော့ သိပ်များများစားစား မရှိပါဘူး .... A4 paper နဲ့ ၂ရွက်လောက်ပါပဲ ... အဟီး... အဲတော့ကာ... ဆယ်ကျော်သက်သို့တမ်းခြင်း ဒုတိယပိုင်းကို သတင်းများ အပြီးမှာ အဲလေ... နောက်တစ်နေ့ မှာ ဆက်လက် ထုတ်လွှင့်မှာ ဖြစ်ပါတယ်ရှင်... ဗြောင်လိမ် ဗြောင်လိမ်... ဗြောင်လိမ် ဗြောင်လိမ်.. ဗြောင်လိမ် ဗြောင်လိမ်... ဗြောင်..... ဟီးဟီးးး နှင်းဆီဖြူ စာကြွင်း - အထက်ပါ ပိုစ့်တွင် ဖော်ပြထားသော “ဆယ်ကျော်သက်” ဆိုသည်မှာ အသက် ၁၀ နှစ်ပြည့်ပြီးချိန်မှ အသက် ၂၀ နှစ် မပြည့်မီ ဆယ်နှစ်တာကာလကို ဆိုလိုခြင်းဖြစ်ပါကြောင်းနှင့် အဆိုတော် ဟဲလေးနှင့် စိုးစဉ်းမျှ သက်ဆိုင်ခြင်း မရှိပါကြောင်း သတိပေး ကြေညာအပ်ပါသည်... :P Labels: e-diary ခါးသက်ခြင်းSunday, January 10, 2010 | 11:21 AM |
0 Dancing Queen and Prince Says“ခါးသက်ခြင်း” မိုးရွာတာ ဖားအော်လို့တဲ့လား နင်ပြောတိုင်းယုံရအောင် ငါ ငါးနှစ်သမီးမဟုတ်တော့ဘူး နင့်ရဲ့ အကွက်မကျတဲ့ လိမ်ဆင်ကြီးတွေ မျက်စိမှိတ်ပြီး ယုံခဲ့တာ ငါ အ, လို့တော့ မဟုတ်ဘူး ငါ ရူးနေလို့ပါ.... အချစ်က ခါးတယ်တဲ့... ကော်ဖီ ခါးခါးမှ ကြိုက်တတ်တဲ့ ငါ့အတွက်ကတော့ ဟောဒီ အချစ်ခါးခါးကြီးကိုပဲ ပျော်ပျော်ကြီး သောက်နေဦးမှာပါ..... နှင်းဆီဖြူ Labels: ကဗျာ ကြောင်ရောင်းရန်ရှိသည်Saturday, January 9, 2010 | 7:47 PM |
0 Dancing Queen and Prince Saysအရောင် - အဝါရောင် ဖျော့ဖျော့ အဖြူစပ်သည် (တရုတ်ကြောင်ပေါ့နော် အဟက်... :P) အသက် - မပြောနိုင်ပါ (သတ်ချင် သတ်သွားလိုက် ပြောဘူး) အကျင့်စရိုက် - စကားတော်တော်လေး ပြောသည်။ ည ည ဂိမ်းဆော့တတ်သည်။ ထမင်းတစ်နေ့ နှစ်ခါ နှင့် မနက်ပိုင်းတွင် ကော်ဖီသောက်တတ်သည်။ မိုးရွာသောနေ့များတွင် ကော်ဖီတိုက်ရန် ပူဆာတတ်သည်။ မထင်ရင် မထင်သလို သခင်ကို ထ ကုပ်တတ်သေးသည်။ :P ကာတွန်းကားများ ပြထားပါက စိတ်ပါဝင်စားစွာ ကြည့်တတ်သည်။ တန်ဖိုး - နှလုံးသားပူပူနွေးနွေး... ကန့်သတ်ချက် - ဝယ်ယူလိုသော သခင်ကိုယ်တိုင်၏ အသစ်ချက်ချွတ် နှလုံးသားဖြစ်ရမည်.. ထိခိုက်ရှရာများ၊ အကွဲများ၊ အက်ရာများ အလိုမရှိ။ စုံစမ်းရန် - မြှားနတ်မောင်ထံတွင် စုံစမ်းမေးမြန်းနိုင်သည်။ နှင်းဆီဖြူ ပန်းကြွေရင် မြေပေါ်ကျပေမယ့်....Friday, January 8, 2010 | 10:56 AM |
0 Dancing Queen and Prince Saysကြယ်ကြွေတဲ့အခါ ဘယ်သူ့ရင်ခွင်ပေါ်ကျသလဲ ....." အရမ်းနှစ်သက်မိတဲ့ မင်းခိုက်စိုးစံရဲ့ ကဗျာလေးတစ်ပိုဒ်ပါ... ဒီကဗျာပိုဒ် ကလေးကို ထပ်ခါထပ်ခါ ဖတ်ရင်း တွေးကြည့်မိတယ်.... ကမ္ဘာပေါ်မှာ ကြယ်ကလေးတွေကို မြတ်နိုးတဲ့သူတွေ အများကြီးပါ... ကြယ်လေးတွေက အလင်းမဲ့ ညမှာ လမ်းပြပေးတယ်တဲ့... အေးချမ်းပြီးလှပတဲ့ ညဆိုတာ ကြယ်ကလေးတွေရှိမှ ပြည့်စုံတာတဲ့.... ကြယ်ကလေးတွေကို ချစ်ကြတယ်... မြတ်နိုးကြတယ်... ကဗျာလေးတွေ သီကုံးပြီး... သီချင်းလေးတွေ စပ်ဆို ကြတယ်... ချစ်သူအတွက် ကောင်းကင်ပေါ်က ကြယ်လေးတွေကိုတောင် ဆွတ်ခူးပေးမယ် ဆိုပြီး လိမ်ကြတယ်...း) ဒါပေမဲ့ အားလုံးသိတဲ့ အတိုင်း ကြယ်ဆိုတာ ကမ္ဘာမြေနဲ့ မိုင်သန်းပေါင်းများစွာမှာ ရှိနေတဲ့ ပူပြင်းစွာတောက်လောင်နေတဲ့ အလျှံတညီးညီး မီးခဲကြီးတွေလေ... တကယ်လို့များ အဲ့ဒီလူတွေ ချစ်ပါတယ် မြတ်နိုးပါတယ် ဆိုတဲ့ ကြယ်တွေထဲက တစ်ပွင့်လောက်သာ ကမ္ဘာပေါ်ကို ကျလာမယ်ပဲထား.... ဘယ်သူကများ သူ့ရင်ခွင်မှာ ခိုဝင်ခွင့်ပေးမှာလဲ.... လူဦးရေသန်းပေါင်း ထောင်ချီထဲက ဘယ်သူကများ ကြယ်ကလေးဆင်းသက်ဖို့ သူ့ရင်ခွင်ကို စတေးခံမှာလဲ?????????? နှင်းဆီဖြူ ----,-'--@ Labels: နှင်းဆီအတွေး “ဖေဖေ”Thursday, January 7, 2010 | 3:21 PM |
0 Dancing Queen and Prince Saysဒီနေ့တော့ ဘာမှ ရေးချင်စိတ်မရှိလို့ မရေးတော့ဘူးဆိုပြီး နေတာ... မရေးပြန်တော့လဲ ပျင်းလာပြီး ဘာလုပ် ရမှန်းသိဘူး ဖြစ်နေတယ်... ဟားဟား.... အဲဒါကြောင့် ရေးချင်စိတ်မရှိဘူး ဆိုတာသိအောင် ရေးနေတာ.... ဟီးဟီး.... ရေးပြန်တော့လဲ အရှိန်လေးက ရလာတော့ ရေးစရာလေးတွေ တွေးမိပြန်ရော... အမေ အကြောင်းကို ကဗျာလေး တစ်ပုဒ်အနေနဲ့ ရေးခဲ့ဖူးပါတယ်... ဒီနေ့တော့ အဖေ့ အကြောင်းလေး ရေးချင်တယ်... အရမ်းကြိုက်တဲ့ အဖေနဲ့ ပတ်သတ်တဲ့ သီချင်းလေးကို စိတ်ကူးရသလို ပြုပြင်ပြီးရေးထားပါတယ်... သီချင်းလေးနဲ့ တော့ တိုက်ရိုက်ကြီးတူမှာမဟုတ်ပါဘူး..... သီချင်းလေးကိုသိရင်လဲ စီဘောက်စ်မှာ လာဆိုလို့ရပါတယ်... အသံထွက်အောင်ဆို နိုင်ရင်တော့ ဆုကြေးငွေ ရရှိမှာ ဖြစ်ပါတယ်... :P ဟီးဟီး (ဘယ်လောက်လဲ မေးနဲ့.... ပြောဘူး... သတ်ချင်သတ်လိုက်) “ဖေဖေ” ငါ ငါးနှစ် သမီး အရွယ်တုန်းကပေါ့..... မတော်တရော် ကုဒ်အင်္ကျီ အကြီးကြီး ဝတ်ထားတဲ့ငါ... ဖေဖေ့ဆီ ပြေးသွားရင်းနဲ့ ဘာကြောင့်မှန်းမသိ ငါရယ်နေမိခဲ့တယ်... အိမ်အပြန်လမ်းမှာ ဖေဖေ့ပေါင်ပေါ် အိပ်မောကျနေလေ့ရှိတဲ့ငါ..... အဲဒီတုန်းက ဘာလို့ သစ်ရွက်တွေ အရောင်ပြောင်းမှန်း မသိသေးတဲ့ အရွယ်.... ဒါပေမဲ့ ငါသိတာ တစ်ခုကတော့ ..... ဖေဖေဟာ ဘာကိုမှ ကြောက်ရွံ့နေတတ်တဲ့ လူစားမဟုတ်ဘူးဆိုတာပဲ.... အဲဒီတုန်းက ပုံပြင်ထဲက မနှင်းဖြူမင်းသမီးလေးရဲ့ နန်းတော်ကြီးဟာ.... ငါ့အိမ်နဲ့ နီးသလားဝေးသလားတောင် မသိတတ် သေးတဲ့အရွယ်.... ဒါပေမဲ့ ငါသိတာ တစ်ခုကတော့ ..... အဲဒီနေ့က ငါ့အတွက် ပျော်စရာ အကောင်းဆုံး နေ့လေးတစ်နေ့ဆိုတာပဲ.... ငါ ဆယ့်သုံးနှစ် သမီး အရွယ်တုန်းကပေါ့..... သူငယ်ချင်းတွေ ရန်စကြလို့ ဝမ်းနည်းပက်လက် အိမ်ပြန်လာခဲ့တယ်.... ဖေဖေက ခပ်တင်းတင်းဖက်ကာ ကားသော့ယူပြီး မြို့ထဲမှာ ကားပတ်မောင်းပေးတယ်... ငါတို့ စကားတွေ အများကြီးပြောပြီး ပစ္စည်းလှလှလေးတွေ လျှောက်ကြည့်ကြတယ်... နောက်နေ့ကျောင်းမှာ ဘယ်သူနဲ့ စကားပြောရမှာလဲ ငါမသိဘူး.... ဒါပေမဲ့ ငါသိတာ တစ်ခုကတော့ ..... အိမ်အပြန်လမ်းမှာ ငါ ဟက်ဟက်ပတ်ပတ်ရယ်နေခဲ့တယ် ဆိုတာပဲ... သူတို့နဲ့ ဘယ်တော့မှ ပြန်အဆင်ပြေမယ်ဆိုတာ ငါမသိဘူး.. ဒါပေမဲ့ ငါသိတာ တစ်ခုကတော့ ..... အဲဒီနေ့က ငါ့အတွက် ပျော်စရာ အကောင်းဆုံး နေ့လေးတစ်နေဆိုတာပဲ.... အခုတော့ငါ... သစ်ရွက်တွေ ဘာကြောင့် အရောင်ပြောင်းတတ်မှန်း သိပြီလေ... ငါအမှားလုပ်မိတဲ့ အချိန်တွေမှာတောင် ငါဘက်မှာ မားမားမတ်မတ် ရပ်တည်ပေးတတ်တဲ့ ဖေဖေ..... အသိဥာဏ်ဆိုတဲ့ မျက်ဝန်းတစ်စုံကို ပေးခဲ့တဲ့ ငါချစ်ရတဲ့ ဖေဖေ.... ဖေဖေသိမလားတော့ မသိဘူး... ဒါပေမဲ့ အခွင့်ကြုံတုန်းလေး သမီးပြောပါရစေ... ဖေဖေ သမီးရဲ့ အနားမှာ ရှိနေသရွေ့တော့.. အဲဒီနေ့တွေက သမီးအတွက် ပျော်စရာ အကောင်းဆုံး နေ့လေးတွေဖြစ်နေမှာပါ.... နှင်းဆီဖြူ မရေးချင်ဘူးဆိုပြီး ညာတယ်တော့ မထင်ပါနဲ့ .. ဟီးဟီး... အရှိန်ရသွားလို့ပါ.... နော်.. ^___^V Labels: နှင်းဆီအတွေး нєαятℓєѕѕ ѕσυℓWednesday, January 6, 2010 | 10:42 AM |
0 Dancing Queen and Prince Saysမိုးရွာနေတဲ့ ကောင်းကင်ကြီးကို ငါစိတ်ပျက်လက်ပျက်နဲ့ တူးတူးခါးခါး မော့ကြည့်နေမိတယ်.... အနမ်းဆိုတာ ဘာမှန်းမသိတဲ့ငါ... ကဗျာဆိုတာ ယုတ္တိမရှိတဲ့ စာစုတွေလို့ သတ်မှတ်ထားတဲ့ငါ.... ငါဆိုတာ အရင်ကငါမှ မဟုတ်တော့တာ... ငါနဲ့ ဆိုင်တဲ့ အရာအားလုံးက မနေ့က ငါ့ဆီပါသွားပြီ... တစ်ဒုတ်ဒုတ်ခုန်နေတဲ့ ငါ့နှလုံးသားကိုတော့ ပန်ဒိုရာရဲ့ မှော်သေတ္တာလေးထဲမှာ သော့ခတ်သိမ်းထားလိုက်တော့မယ်.... နှင်းဆီဖြူ Labels: ကဗျာ မိုးစက်ငယ်Tuesday, January 5, 2010 | 5:32 PM |
0 Dancing Queen and Prince Says“မိုးစက်ငယ်” မာနကြီးကြီး လေရိုင်းတစ်ချက်က ငါ့မျက်နှာကို အဖက်မတန်သလို ခပ်ထန်ထန် တိုက်ခတ်သွားတယ်… အင်းပေါ့လေ.. ငါဆိုတာ.. သူကြောင့် ရွေ့လျားနေတဲ့ကောင်ပဲ… သူစေရာ သွားရတော့မှာပေါ့… ဒါပေမဲ့ မိုးတိမ် ဆိုတာ ဖြစ်လာဖို့တော့.. လေပြည်ရဲ့ အကူအညီမလိုပါဘူး… ငါလဲ ငါ့မာနနဲ့ငါ… ငါ့တစ်ကိုယ်လုံး ခိုက်ခိုက်တုန်နေပြီ ချမ်းလိုက်တာကွာ… မကြာခင် ကမ္ဘာမြေပေါ်ကို တစ်ခါပြန် ဆင်းရဦးမှာပေါ့… ဒီလိုပဲ ငါ့ဘဝဆိုတာ တက်လိုက် ကျလိုက်နဲ့… တစ်ခါတစ်လေတော့လည်း အေးစက်ကြမ်းတမ်းတဲ့ ပင်လယ်ကြီးထဲမှာ.. တစ်ခါတစ်လေတော့လည်း နေရောင်ခြည်နွေးနွေးရဲ့ ကြင်နာယုယမှုအောက်မှာ… တကယ်တော့.. ငါဆိုတာ… ဦးတည်ရာမဲ့နေတဲ့ မိုးစက်ပွင့်လေးပေါ့… နှင်းဆီဖြူ Labels: ကဗျာ ပူလာအိုပင်နှင့်မကြားရ မမြင်ရသော ပရလောက(အပိုင်း - ၃)Monday, January 4, 2010 | 5:40 PM |
0 Dancing Queen and Prince Says“ပူလာအိုပင်နှင့်မကြားရ မမြင်ရသော ပရလောက(အပိုင်း - ၃)” (ဇာတ်သိမ်းပိုင်း) နန္ဒာပြန်ရောက်ပြီး လေးရက်မြောက်နေ့တွင် ကဗျာတို့မောင်နှမ ရောက်လာသည်… နန္ဒာနေမကောင်းသည့် သတင်းကြား၍ သတင်းလာမေးကြခြင်းဖြစ်သည်… နန္ဒာအိပ်ယာပေါ်မှ မထနိုင်သေးပေ…. ဧည့်ခန်းထဲမှ အသံတွေကြားနေရသည့်တိုင် နန္ဒာ့မျက်လုံးကောင်းကောင်း မဖွင့်နိုင်…. “အန်ကယ်လ်.. ကျွန်တော်တို့ နန္ဒာနေမကောင်းဘူးကြားလို့ သတင်းလာမေးတာပါ… နန္ဒာဘယ်လိုနေသေးလဲ မသိဘူးနော်… သက်သာရဲ့လား….” “ဒီလိုပါပဲသားရယ်… မင်းသူငယ်ချင်းက သတိရတစ်ချက် မရတစ်ချက်ပါပဲ… ဒါနဲ့ သားတို့ ပူလာအိုပင်သွားတော့ ဘာများဖြစ်ခဲ့သေးလဲ… သမီးလေးခြေမ နှစ်ဖက်လုံးယောင်ကိုင်း နေတာပဲ… ခြေသည်းလေးတွေတောင် မည်းတက်လာတယ်… ” “ဗျာ….” ကာရံ့ ခေါင်းထဲမှာ အတွေးတွေ ရှုပ်ထွေးနေသည်… နန္ဒာခလုတ်တိုက်တာကြောင့် ဆိုရင်လဲ နှစ်ဖက်လုံး ဖြစ်စရာ အကြောင်းမရှိ… ဒီကိစ္စသွေးရိုးသားရိုးတော့ မဖြစ်နိုင်… တစ်ခုခုတော့ ထူးဆန်းနေပြီ ဆိုတာ ကာရံသိလိုက်သည်… “အန်ကယ်လ်… ကျွန်တော်တစ်ခု အကြံပေးချင်တယ်.. ” “……” “ဟိုလေ.. အန်ကယ်လ်တို့ ယုံကြည်တာ မယုံကြည်တာထက် … နန္ဒာကျန်းမာရေးက အရေးကြီးနေတော့.. နန္ဒာ့ကို ဘုရားစာလေးဘာလေး ရွတ်ပေးကြည့်ပါလား… ကျွန်တော်တော့ မသင်္ကာဘူး… ” “ဟေ….” ဦးကျော်နိုင်စိုး ခေတ္တနှုတ်ဆိတ်သွားသည်…. ဒီလိုမျိုး အကောင်အထည် မရှိတဲ့ အရာတွေကို ဘယ်တုန်းကမှ အယုံအကြည်မရှိခဲ့ပေ… ဒါပေမဲ့သမီးလေးအတွက်တော့ ကြိုးစားကြည့်ရမှာပေါ့… ဟုတ်ဟုတ် မဟုတ်ဟုတ်… ဘုရားစာရွတ်ကြည့်လို့တော့ နစ်နာစရာ မရှိ….. ဦးကျော်နိုင်စိုး တို့နဲ့ အခန်းချင်းကပ်လျက် နေတဲ့ ညီမဝမ်းကွဲလေး မျိုးမျိုးကျော်ကို သွားသတိရသည်.. သူမက ဘုရားတရားအလွန်လုပ်သည်… ဘာပဲဖြစ်ဖြစ် ဒီလောကတွေ အကြောင်း လုံးဝအယုံအကြည် မရှိသူ ဦးကျော်နိုင်စိုး ထက်တော့ ပိုသိမှာသေချာသည်…. ထို့နောက် ဦးကျော်နိုင်စိုး ထိုင်နေရာမှထကာ ဖုန်းကိုကောက်နှိပ်လိုက်သည်… “ဟဲလို” “ဟဲလို… ညီမလေးလား… ခုဘယ်မှာလဲ အိမ်မှာပဲလား ” “ဟုတ်တယ် ကိုကိုကြီး.. ဘာဖြစ်လို့လဲ… နန္ဒာလေး အဖျားတက်ပြန်ပြီလား” “မဟုတ်ပါဘူးကွယ်… ဒီမှာ ကဗျာတို့ မောင်နှမ ရောက်နေလို့ ဒီဘက်အိမ်ခဏလာခဲ့ဦးလေ….” “ဟုတ်ကဲ့ ကိုကိုကြီး…” ဦးကျော်နိုင်စိုး ကာရံတို့ဘက်သို့ ပြန်လျှောက်လာပြီး…. နန္ဒာပူလာအိုပင် သွားတုန်းက ဖြစ်ခဲ့တာဘာများရှိလို့လဲဟု မေးလေသည်… ကာရံလဲ တောထဲမှာ ချော်လဲတာကလွဲလို့ ဘာမှထွေထွေထူးထူးမရှိကြောင်းနဲ့ သာမန်ဖျားတာလဲ ဖြစ်နိုင်ကြောင်း ပြောပြရလေသည်…. ထို့နောက် အိမ်ထဲသို့ အသားလတ်လတ် အရပ်အနည်းငယ် မြင့်သည့် အမျိုးသမီး တစ်ယောက် ဝင်လာလေသည်… အသက် မကြီးလွန်းမှန်းသိသာသော်လည်း ဝတ်စားထားသည့် လုံချည် နှင့် ရင်ဖုံးကြောင့် အသက်ကြီးသည်ဟု ထင်ရသည်… ကာရံတို့ ထိုင်ရာမှထ ရပ်ကာ အရိုအသေပေးလိုက်သည်… “အန်တီမျိုး.. နေကောင်းတယ်နော်” “အေးအေး… ကောင်းပါ့ရှင်….း)… ကဲ .. ကိုကိုကြီး… ညီမလေးကိုခေါ်တာ ဘာကိစ္စလဲ… ” ဦးကျော်နိုင်စိုးလဲ စကားကိုရှည်ရှည်ဝေးဝေးပြောမနေတော့ပဲ နန္ဒာ့ကို ဘုရားစာရွတ်ပေးရန်ပြောလေသည်… ဒေါ်မျိုးမျိုးကျော် ဘုရားစာ ရွတ်ပေးတော့.. နန္ဒာ မျက်လုံးပွင့်လာသည်… နောက်တော့ သူ့အဒေါ်ကို စူးစူးဝါးဝါး ကြည့်ကာ ငိုလေတော့သည်… ဦးကျော်နိုင်စိုးလဲ ဘာလုပ်ရမှန်းမသိဖြစ်ကာ ဘုရားစာရွတ်တာရပ်ခိုင်းပြီး နန္ဒာ့ကို ချော့သိပ် လိုက်ရသည်…. နန္ဒာအိပ်ပျော်သွားမှ ဒေါ်မျိုးမျိုးကျော်က… “အမှန်တော့ ညီမလေးလဲ အဲဒါ တိုင်ပင်ချင်နေတာ ကိုကိုကြီးရေ…. နန္ဒာလေး နေမကောင်းဖြစ်ကတည်းက ညီမလေးက ညအိပ်ခါနီးတိုင်း ဆုတောင်း ပေးနေတာ… ညတိုင်းလဲ အိပ်မက်တွေ မက်မက်နေတယ်… အိပ်မက်တွေကလဲ အတူတူပဲ… အိပ်မက်ထဲမှာ အမျိုးသမီး တစ်ယောက်က မကျေမနပ်နဲ့ လာပြောပြောနေတာ… နန္ဒာလေးဟာ တောထဲမှာတစ်ခုခုကို တက်နင်းသွားပါသတဲ့ အဲဒီ အရာက နန္ဒာ့အတွက်တော့ ဘာမှမဟုတ်ပေမဲ့ သူ့အတွက် တော့ အရေးကြီးတယ်တဲ့… အဲဒါကြောင့်ဒေါသထွက်ပြီး ခြေမနှစ်ခုလုံးကို လက်နှစ်ဖက်နှင့် ညှပ်ပြီး မရ ရအောင်လိုက်လာတာဆိုပဲ… အခု နန္ဒာကြောင့် သူ့သားငယ်လေး တစ်ကိုယ်လုံးညစ်ပတ်သွားပြီလို့လဲ ပြောသေးတယ်…. ညီမလေးအထင်တော့ သူများလှူထားတန်းထားတဲ့ ပစ္စည်းတစ်ခုခုကို မသိပဲ တက်နင်းခဲ့ပုံ ရတယ်… ” “ အစကတော့ ညီမလေးပဲ အစိုးရိမ်လွန်ပြီး အိပ်မက်တွေ လျှောက်မက်နေတယ် ထင်တာ… ဒီတိုင်းဆိုရင်တော့ သွေးရိုးသားရိုး မဟုတ်လောက်ဘူး…. မနက်ဖြန်ညီမလေး ကိုးကွယ်နေကျ ဆရာတော်ကို သွားပင့်ခဲ့မယ်နော် ကိုကိုကြီး… သိပ်တော့စိတ်မပူပါနဲ့… နန္ဒာလေးနေကောင်းသွားမှာပါ…” နောက်တစ်နေ့ မိုးလင်းတာနဲ့ ဒေါ်မျိုးမျိုးကျော် ရောက်လာသည်.. နန္ဒာခြေမလေး ခြေသည်းနှစ်ခုမှာ ပုပ်၍ပင်နေလေပြီ… ကဗျာကတော့ စိတ်ပူလို့ နန္ဒာ့ကို စောင့်အိပ်ပေးသည့် အတွက် နန္ဒာတို့ အိမ်မှာပင်… ကာရံကတော့မရောက်သေး ခဏနေရင်တော့ ကဗျာ့ကိုလာကြိုဖို့ ရောက်လာလိမ့်မည်… ဘုန်းဘုန်းကြွလာတော့ နန္ဒာ့ကို ခေါ်ကာ ဘုရားစာအမျိုးမျိုးကို အဆက်မပျက်ရွတ်ဖတ်လေ တော့သည်… နန္ဒာ ပထမပိုင်းတော့ အော်ငိုသည်… နောက်တော့အငိုတိတ်သွားကာ ဘုန်းဘုန်းကို မျက်ထောင့်နီကြီးဖြင့် ကြည့်နေလေသည်… မျက်ရည်တွေကတော့ ကျလျက်ပင်…. မကြာမီပင်နန္ဒာ ဝူးဝူးဝါးဝါးနှင့် အော်နေတော့သည်… ဘုန်းဘုန်းနှင့် ဆန့်ကျင်ဘက်သို့ ပြေးကာနံရံနှင့် ကပ်နေလေသည်… ထို့နောက် အော်ကြီးဟစ်ကျယ် အော်ငိုကာ နံရံကိုလက်သည်းများဖြင့် အဆက်မပြတ် ကုပ်ခြစ်နေလေသည်…. အားလုံးက ဝိုင်းပြီးကြောင်ကြည့်နေမိကြသည်… မကြာမီကာရံရောက်လာပြီး နန္ဒာ့လက်များကို ချုပ်ထားလေသည်… နန္ဒာလက်ကလေးများမှာ သွေးစလေးမျာပင်စို့နေလေပြီ… ဘုန်းဘုန်းလဲ နန္ဒာ့ကို ပရိတ်ရေဖြန်းပေးပြီ… နှောက်ယှက်နေသော ထိုလောကသားကိုလဲ နန္ဒာကို ခွင့်လွတ်ပေးဖို့ တောင်းပန်လေသည်… ခဏကြာမှနန္ဒာ ပျော့ခွေပြီးလဲကျသွားလေသည်…. ဦးကျော်နိုင်စိုးကတော့ ဖြစ်ပျက်သွားသည်များကို ကြည့်ပြီး သူ့မျက်စိသူ မယုံနိုင်သေးပေ…. နန္ဒာနိုးလာတော့ အဖျားကျသွားပြီ… ကောင်းကောင်းမွန်မွန်လဲ စကားပြောနိုင်လာသည်… နောက်တစ်နေ့ ကျောင်းပြန်တတ်နိုင်တော့… စာတွေပြန်ကူးဖို့ လုပ်ရဦးမည်…. မနက်ကျ ကာရံနှင့်ကဗျာရောက်လာကြသည်… “ဟဲ့… နန္ဒာ… ရော့” “ဟင်…ဘာတွေလဲ ကဗျာရဲ့” “ကိုယ့်ဘာသာကြည့်…” “ဟယ်… ငါ့အတွက်စာတွေကူးပေးထားတယ်… အဲဒါကြောင့် ငါ့သူငယ်ချင်းလေးကို ချစ်နေရတာ… ” “ငါ့ကိုလာမချစ်နဲ့ စာကူးပေးတဲ့လူကို သွားချစ်…. အဲဒါ ကိုကြီးကူးပေးထားတာ… :P … ဟွန်း” ကာရံနှင့်ကဗျာ နှစ်ယောက်စလုံး ပြိုင်တူပြုံးမိကြသည်……. ^____^ V နှင်းဆီဖြူ “ကျေးဇူးတင်လွှာ” ဒီပိုစ့်ကလေး မပြီးပြီးအောင် နေ့ မအား ည မနား စီဘောက်စ်လေးမှာ လာ လာ အော်တတ်သောသူငယ်ချင်းများအားလည်းကောင်း…… ပိုစ့် ကလေး ပြီးသည်အထိ စိတ်ရှည်သည်းခံပြီ ဖတ်ပေးသော စာဖတ်သူ အပေါင်းအားလည်းကောင်း…. မပြောမဆိုနာမည် ယူသုံးခံလိုက်ရသော fuu fuu, L2M နှင့် နန်လေး အားလည်းကောင်း…. အခုလို ချောချောလှလှသမီးပေါလေး မွေးထုတ် ပေးပါသော ဒယ်ဒီနှင့်မာမီတို့အားလည်းကောင်း…. မြန်မာစာရေးတတ် ဖတ်တတ်အောင်သင်ပေးခဲ့ကြသော ဆရာ၊ ဆရာမ အပေါင်းတို့အားလည်းကောင်း…. မီးမီး နှင်းဆီဖြူမှ ကျေးဇူး အထူးရှယ် တင်ရှိပါကြောင်းနဲ့.. လိုအင်ဆန္ဒတစ်လုံးတစ်ဝ ပြည့်ဝကြပါစေ လို့ ဒီနေရာမှ ဆုတောင်းမေတ္တာ ပို့သလိုက်ပါတယ် ရှန်…. ^__^ (ပေါဖြစ်အောင်ပေါလိုက်သေးတာ) |