
![]() |
ဆူးFriday, July 13, 2012 | 12:29 AM |
0 Dancing Queen and Prince Says
ဆူးခနဲ နင့် သွားတဲ့ ခံစားချက်တစ်ခု....
သတိကောင်းကောင်း ရချိန်မှာ ...
သွေးတွေက ဗရပွ....
ထားလိုက်ပါတော့လေ...
နှင်းဆီတစ်ပွင့်ကို ခပ်ကျစ်ကျစ် ဆုပ်ကိုင်မိမှတော့.....
ဆူး ဆူးတာ မဆန်းပါဘူး.....
သိသိ ကြီးနဲ့ ဆူးတာတော့..
ငါ့အလွန်ပဲ ထားပါတော့....
ဆူးရှိတဲ့ နှင်းဆီမှာ...
အပြစ်မှ မရှိပဲ.......
နှင်းဆီဖြူ
Labels: ကဗျာ, နှင်းဆီအတွေး နှင်းဆီရိုင်းWednesday, July 11, 2012 | 10:47 PM |
0 Dancing Queen and Prince Says
ရင်ခုန်သံရိုင်းရိုင်းတွေ...ငြိမ်ငြိမ်လေးကနေမိတယ်... စံပယ်တွေပွင့်ဖို့ မိုးရွာတာလား ??? မုန်တိုင်းတစ်ခုရဲ့ရောင်နီလား ??? မိုးခါးရေဆိုရင်တောင် နလုံးသွေးနဲ့ရောသောက်ဖို့ ဝန်လေးမှာမဟုတ်ဘူး.... မတရားတာ..မမျှတတာ...မဖြစ်သင့်တာမပြောနဲ့ ငါ့ရင်ခုန်သံကို တရားစီရင်ခွင့် အပြည့်င့ါမှာရှိပြီးသား အိမ်မက်ဆိုးဆိုးတွေထွေးပွေ့ပြီး မိုးခါးရေအောက်မှာကဖို့ မင့်ရဲ့သွေးစွန်းတဲ့လက်တစ်စုံကို ငါဆုပ်ကိုင်ထားတယ် ချစ်သူ... ကသစ် Labels: ကဗျာ, မျှဝေခံစားခြင်း နိုးထခြင်း...Thursday, June 16, 2011 | 10:37 PM |
4 Dancing Queen and Prince Saysလွတ်လပ်မှုဆိုတာ ဘာလဲ..... ရူးသွပ်တယ်ဆိုတာ ဘာလဲ..... ချစ်တယ်ဆိုတာ ဘာလဲ.... ပိုင်ဆိုင်မှုဆိုတာ ဘာလဲ.... ဂုဏ်သိက္ခာဆိုတာဘာလဲ.... တားမြစ်ချက်ဆိုတာ ဘာလဲ.... အသိုင်းအ၀ိုင်းဆိုတာ ဘာလဲ.... ရင်ခုန်တယ်ဆိုတာ ဘာလဲ.... နှလုံးသားက ရင်ခုန်သံသဲ့သဲ့လေးနဲ့ ပြောတဲ့စကား တစ်ခွန်းကို အသိုင်းအ၀ိုင်းနဲ့ ဂုဏ်သိက္ခာ ဆိုတဲ့ အုတ်တံတိုင်းခြားထားရုံနဲ့ မကြားချင်ယောင်ဆောင်ရမယ်တဲ့လား..... နှင်းဆီဖြူ (ကဗျာလို့ခေါ်လို့ မရတဲ့ ကာရံမပါ စာသားမလှတဲ့ ကဗျာတစ်ပုဒ်ပါ.. နှင်းဆီဖြူ အတွက်တော့ ရင်ထဲကစကားတိုင်း ကဗျာသံစဉ်တွေပါပဲ...) Labels: ကဗျာ အထီးကျန် ခရစ်စမတ်...Saturday, December 25, 2010 | 10:31 AM |
ခရစ်စမတ်ရဲ့ သီချင်းလေးတွေဆိုရင်း 0 Dancing Queen and Prince Saysငါ့နှုတ်ခမ်းတစ်စုံက အလွမ်းတွေအန်ကျလာတယ်... နင်မရှိတဲ့ ခရစ်စမတ်မှာ နှင်းပွင့် ဖြူဖြူ လေးတွေလဲ ငါ့ကို ပြုံးအောင်မလုပ်နိုင်ကြတော့ဘူး.... ချုပ်ရိုးတွှေဗရပွနဲ့ ငါ့နှလုံးသားလဲ ခရစ်စမတ်ရဲ့ နှင်းတွေထဲမှာပဲ အေး.. ခဲ... လို့...... နှင်းဆီဖြူ Labels: ကဗျာ တစ်ခါတစ်လေWednesday, November 10, 2010 | 10:30 PM |
မိုးတွေ ရွာတဲ့ အခါ.... 3 Dancing Queen and Prince Saysကော်ဖီသောက်တဲ့ အခါ..... ပင်လယ်ပြင်ကြီးရဲ့ အော်သံသဲ့သဲ့ ကို ကြားရတဲ့ အခါ.... လေပြေနုနုလေး ဖြတ်ပြေးသွားတဲ့ အခါ.... နင်ညည်းနေကြ သီချင်းလေး ကြားတဲ့ အခါ.... နင်မရှိတဲ့ အခါ... လွမ်း...တယ်....... နှင်းဆီဖြူ Labels: ကဗျာ, နှင်းဆီအတွေး သင်သေသွားသော်Friday, August 27, 2010 | 9:43 PM |
3 Dancing Queen and Prince Says သြော် လူ့ပြည်လောက၊လူ့ဘဝကား အိုရနာရ၊သေရဦးမည် မှန်ပေသည်တည့်။့် သို့ တပြီးသား၊ သင်သေသွားသော် သင် ဖွားသောမြေ၊ သင်တို့မြေသည် အခြေတိုးမြင့်၊ ကျန်ကောင်းသင့်၏။ သင်၏မျိုးသား၊ စာစကားလည်း ကြီးပွားတတ်မြင့်၊ ကျန်ကောင်းသင့်၏ သင်ဦးချ၍၊ အမျှဝေရာ စေတီသာနှင့် သစ္စာအရောင် ဥာဏ်တန်ဆောင်လည်း ပြောင်လျက် ဝင်းလျက် ကျန်စေသတည်း။ ဇော်ဂျီ(အိုးဝေမဂ္ဂဇင်း ၁၉၃၅) ဒီနေ့တော့ ဒီကဗျာလေးကို မှတ်မှတ်ရရ စဉ်းစားရေရွတ်နေမိတယ်... ကဗျာလေးတစ်ပုဒ်လုံး အနှစ်သာရရှိလိုက်တာလို့... ငါမသေခင်ရော... ဒီကဗျာလေးထဲကလို လုပ်နိုင်ပါ့မလား.... Labels: ကဗျာ, မျှဝေခံစားခြင်း, နှင်းဆီအတွေး ချစ်ခြင်းရူပနိယာမMonday, July 26, 2010 | 10:25 PM |
8 Dancing Queen and Prince Saysနယူတန်ရဲ့ ပထမ ရွေ့လျားခြင်း နိယာမလိုပဲ... ငါ့ရဲ့ uniform motion နဲ့ ရွေ့လျားနေတဲ့.. ဘဝလေးဟာ “နင်” ဆိုတဲ့ external force ကြောင့်.. မတည်မငြိမ်ဖြစ်ခဲ့ရတယ်.... ပန်းသီးကြွေတာဟာ ကမ္ဘာဆွဲအားကြောင့်ဆိုရင်... ငါ့ရဲ့နှလုံးသားကို ကြွေကျအောင်လုပ်နိုင်တဲ့.. “နင့်”မှာလဲ ဆွဲအားပြင်းပြင်းရှိလို့လားလို့.. နယူတန်နဲ့တွေ့ရင် မေးကြည့်ချင်တယ်..... ဒါပေမယ့်လဲ “နင်”ရယ်.... action တိုင်းရဲ့ ဆန့်ကျင်ဘက်ကိုဦးတည်နေတဲ့.. reaction ရှိနေတယ်ဆိုတဲ့ တတိယနိယာမကြောင့်... ငါတို့ဝေးကြရတယ်လို့ပဲ ဖြေသိမ့်လိုက်တော့မယ်.... နှင်းဆီဖြူ Labels: ကဗျာ နှင်းဆီသံစဉ် - my immortalWednesday, July 14, 2010 | 3:20 PM |
ဒီသီချင်းလေးကတော့ နှင်းဆီဖြူ အမြဲတမ်းကြိုက်တဲ့သီချင်းလေးတွေ ထဲကတစ်ပုဒ်ပါ... 4 Dancing Queen and Prince Saysevanescence ရဲ့ my immortal ဆိုတဲ့သီချင်းလေးပါ... အတတ်နိုင်ဆုံးကြိုးစားဆိုထားပေမယ့် အဆိုတော်လောက်တော့ ဘယ် ကောင်းမလဲနော်... mic ကလဲသိပ်မကောင်းတော့ ဟိဟိ... နားပိတ်ပြီးနားထောင်ကြည့်ပေါ့.. :PPPP မူရင်းသီချင်းကိုတော့ Youtube မှာနားထောင်လို့ရပါတယ်.... အောက်က ကဗျာလေးကတော့ သီချင်းလေးထဲက နှင်းဆီဖြူကြိုက်တဲ့ စာသားတစ်ချို့ကို နဲနဲပြင်ပြီး ပြန်ရေးထားတာပါ.... "နင်... ငါ့အနားက ထွက်သွားမယ်ဆို ငါ့ကိုဘာမှမပြောပဲ ထွက်သွားလိုက်ပါ...ချစ်သူ... နင် ထွက်သွားလဲ ငါ့အတွေးတွေထဲမှာ ငါ့အနားက နင်ထွက်သွားမှာ မဟုတ်ဘူး..... ငါ့နှလုံးသားက အနာက ဘယ်တော့မှ ကျက်မှာ မဟုတ်တော့သလို.. အချိန်ဆိုတာ အရာက တိုက်စားလို့ မရတဲ့ အရာတွေ ရှိတယ်ဆိုတာ ငါသိလိုက်ရတယ်.... နင်ငိုတဲ့အခါ ငါနင့်မျက်ရည်တွေ သုတ်ပေးခဲ့ဖူးတယ်.... နင့်ကြောက်စိတ်တွေကို ငါ့အားပေးမှုတွေနဲ့ တိုက်ထုတ်ခဲ့ဖူးတယ်.... ငါတို့နှစ်ယောက်လက်တွေတွဲလို့ လမ်းအတူလျှောက်ခဲ့ဖူးတယ်... ဘာလို့များ နင်မရှိတော့ဘူးဆိုတာ ငါအခုချိန်ထိ လက်မခံနိုင်သေးတာလဲ... ငါ့အတွေးတွေထဲမှာ နင်အမြဲရှိနေတာတောင်.. ငါဘာလို့ အရမ်းအထီးကျန် နေတာလဲ... " my immortal_emodoll | Upload Music နှင်းဆီဖြူ Labels: music, ကဗျာ, မျှဝေခံစားခြင်း လမ်းခွဲ...Wednesday, July 7, 2010 | 12:51 PM |
နင့် ရဲ့ ကျောပြင်ကို ကြည့်ရင်း 7 Dancing Queen and Prince Saysရင်ဘက်ဟောင်းလောင်းနဲ့ ကျန်ခဲ့တဲ့ငါ.... နင် နင်းခြေသွားတဲ့ ငါ့နှလုံးသားကတော့ လမ်းမပေါ်မှာ ဟက်တက်... မိုးကလဲ ငါနဲ့ အပြိုင် ငိုနေတာလား... ငါ့မျက်ရည်တွေကို ဖုံးကွယ်ပေးနေတာလား.... အဲဒီနေ့မှာပဲ တစ်စဆီကြေနေတဲ့ ငါ့နှလုံးသားလဲ မိုးရေတွေနဲ့ အတူ ပျောက်ဆုံးသွားတယ်..... နှင်းဆီဖြူ Labels: ကဗျာ လူရယ်လို့ ဖြစ်လာရင်......Monday, June 7, 2010 | 2:46 PM |
သွက်လက်လှုပ်ရှား 6 Dancing Queen and Prince Saysနုငယ်ပျော်ပါးနေတဲ့.... ငါ... တစ်နေ့နေ့တော့ အိုရမှာပဲ.... ရောဂါကင်းရှင်း သန့်စင်ကြည်လင်နေတဲ့.... ငါ... တစ်နေ့နေ့တော့ နာရမှာပဲ...... နှလုံးခုန်သံ တစ်ဒုတ်ဒုတ်နဲ့ လောကစည်းစိမ်တွေ ခံစားနေတဲ့.... ငါ... တစ်နေ့နေ့တော့ သေရမှာပဲ..... လိုတိုင်းတ တ,တိုင်းရ တောင့်တသမျှလိုအင် ပြည့်စုံနေတဲ့... ငါ.... တစ်နေ့နေ့တော့ မွဲရမှာပဲ.... မိဘဆွေမျိုး ချစ်သူ မောင်နှမ ချစ်ပြနေတဲ့ .... ငါ...... တစ်နေ့နေ့တော့ ကွဲရမှာပဲ....... နှင်းဆီဖြူ (ဇွန်လ ၆ရက် ၂၀၁၀ နေ့က ဟောခဲ့သော ထူကြီးဆရာတော် ဘုရား၏ တရားတော်ကို နာကြားရင်း တွေးမိတာလေးတွေ ရေးထားတာပါ... လူရယ်လို့ ဖြစ်လာခဲ့ရင် အိုရမယ် နာရမယ် သေရမယ် မွဲရမယ် ကွဲရမယ် အဲဒါတွေက သဘာဝအလျောက်ဖြစ်ပျက်နေတာဖြစ်လို့ ရှောင်ကြဉ်လို့ မရပါဘူး ဝမ်းနည်းနေလို့ မရပါဘူး ဆိုတာဟောခဲ့တာလေး ပြန်ကြားယောင်ရင်း... ရေးထားတာပါ...း) ) Labels: ကဗျာ မင်းတစ်ယောက်အတွက်ကြောင့်Tuesday, May 25, 2010 | 1:49 PM |
2 Dancing Queen and Prince Saysငါ့ ဘ၀ထဲမှာ ဘာမှမရှိတော့ဘူးဆိုရင်တောင် မင်း တစ်ယောက်အတွက် ငါ ရှင်သန်ချင်နေပါရဲ့ သွပ်သွပ်ခါအောင် ရူးနေတဲ့ အရူးတစ်ယောက်ဆိုရင်တောင် မင်းတစ်ယောက်ကိုသာ တမ်းတမ်းတတမှတ်မိနေတဲ့ အရူးတစ်ယောက် ဖြစ်ချင်နေပါရဲ့ ချစ်သူ... ဘာကိုမှအလေးအနက်မထားတတ်တဲ့ ငါ က မင်းတစ်ယောက်အတွက်တော့ ငါ အရူးအမူးပါပဲ.. အဆုံးမရှိတဲ့အချစ်တွေနဲ့  မင်းတစ်ယောက်ကိုသာ အမြဲချစ်နေမှာပါလို့  ကတိ ပြုပါတယ် ချစ်သူ... (ဘာမှတည်မြဲခြင်းမရှိတဲ့ လောကကြီး အကြောင်းအမျိုးအမျိုးကြောင့် ငါ ချစ်တဲ့ မင်းနဲ့  ဝေးခဲ့ရမယ်ဆိုရင်တောင် ငါ့ အချစ်တွေကို မင်းနှလုံးသားရဲ့ အနက်ရှိုင်းဆုံး တစ်နေရာမှာ ထာဝရ ငါ မြှပ်နှံခဲ့ပါရစေ ချစ်သူ.....) ချစ်ခြင်းများစွာဖြင့် z Labels: ကဗျာ ငါသေသွားရင်.....Wednesday, May 19, 2010 | 2:51 PM |
3 Dancing Queen and Prince Saysငါသေသွားရင်..... ငါ့ကို ရွှေအတိပြီးတဲ့ အခေါင်းနဲ့... မြေချစရာ မလိုပါဘူး... ငါ့အသုဘမှာ ငါ့ကိုချစ်တဲ့ သူငယ်ချင်း အတော် အသင့် ရှိရင် ငါကျေနပ်ပြီ.... ငါသေသွားရင်... ငါ့သင်္ချီုင်းမှာ နေ့တိုင်း.. လာငိုပြ စရာမလိုပါဘူး... ငါရှိခဲ့ဖူးတယ် ဆိုတဲ့ အတွေးတစ်ခုကျန်ခဲ့ရင်.. ငါကျေနပ်ပြီ..... ငါသေသွားရင်... ငါ့ဂုဏ်ပုဒ်တွေ ဥစ္စာတွေ အကြောင်း.. တဖွဖွ ရေရွတ်နေစရာ မလိုပါဘူး... ငါရေးခဲ့တဲ့ ကဗျာလေးတွေ ရေရွတ်နေသ၍... ငါကျေနပ်ပြီ.... နှင်းဆီဖြူ Labels: ကဗျာ Handle With CareWednesday, May 5, 2010 | 9:59 AM |
0 Dancing Queen and Prince SaysFor those who worship LOVE "Handle With Care" it's pure it's rare it's deep it's gentle it's delicate it's beautiful it's not a toy it's not a robot it's not a product it's not with greed it's not with avarice it's not with disguise it's got to be valued it's got to be treasured it's got to be respected it's not to be exploited it's not to be purchased it's not to be mistreated it will be yours forever if cuddled with care it will never part from you if cradled with warmth it will bring you miracles if handled with care Haymar ဒီကဗျာလေးကို နှင်းဆီဖြူ ရဲ့ ငယ်ငယ်က english စာသင်ပေးတဲ့ Teacher Daw Haymar Maung ရေးထားတာပါ... စာသင်ရင်းနဲ့ သင်တန်းသားတွေကို ပြတော့ အရမ်းနှစ်သက်လို့ စာအုပ်လေးနဲ့ ကူးရေးထားမိတယ်... အဲဒီစာအုပ်လေး ပြန်တွေ့လို့ blog လေးမှာ တင်လိုက်ပါတယ်... teacher နဲ့လဲ အဆက်အသွက်ပြတ်သွားတော့ ကဗျာလေးတင်ဖို့ တင်ခွင့်တောင်းဖို့ ဘယ်လို့ တောင်းရမလဲ မသိတာနဲ့ ဒီမှာပဲ ခွင့်တောင်းလိုက်ပါရစေ.. ကဗျာလေးကို ကူးချင်ရင်လဲ teacher နာမည်လေးပါအောင်ကူးပါလို့...း) ဒီကဗျာလေးအတိုင်းဆို အချစ်ဆိုတာ အရမ်းနူးညံ့ပြီး တန်ဖိုးထားစရာပဲနော်... blog လာဖတ်တဲ့ သူငယ်ချင်းတွေလဲ ကဗျာလေးထဲကလို တယုတယ ချစ်တတ်မြတ်နိုးတတ်ပါစေ.... နှင်းဆီဖြူ Labels: ကဗျာ နင်မသိခြင်းများFriday, April 16, 2010 | 10:26 PM |
0 Dancing Queen and Prince Saysနင်မသိသေးတဲ့ နင်နဲ့ ငါ့ရဲ့ အကြောင်းကို.. နင်သိအောင် ငါပြောပြပါရစေ... နင်ဆိုတာ ငါမရှိပဲ ဖြစ်လာပေမယ့်... ငါဆိုတာက နင်မရှိရင် သုညပါ... နင်ရဲ့ အမှတ်တမဲ့တွေက ငါ့ အတွက်တော့ တစ်သက်တာ အမှတ်တရတွေ ဆိုတာ.. နင်တစ်နေ့ နားလည်နိုင်ပါစေ..... တစ်ခါတစ်လေ... နင့်ကို ဟားတိုက် အော်ရယ်စေတဲ့.. အကြောင်းအရာ တချို့က.. ငါ့အတွက်တော့.. ရင်ကွဲအောင် ခံစားရတာတွေ ဖြစ်နေတတ်တယ်.. ဒါတွေကို တစ်နေ့... နင်နားလည် နိုင်ပါစေ... နှင်းဆီဖြူ Labels: ကဗျာ wishes~~Thursday, April 15, 2010 | 1:17 PM |
ငါအိပ်ယာက နိုးထလာတာနဲ့ တောင့်တမိတာက... 0 Dancing Queen and Prince Saysနင်ရယ်.... ကော်ဖီတစ်ခွက်ရယ်... သီချင်းအေးအေးလေးတစ်ပုဒ်ရယ်.... Labels: ကဗျာ ကာရံမညီသောကဗျာတစ်ပုဒ်...Thursday, March 4, 2010 | 9:21 AM |
ကာရံမညီသောကဗျာတစ်ပုဒ်... 0 Dancing Queen and Prince Saysမချစ်တတ်တော့ဘူးလို့  ယုံကြည်ထားခဲ့တဲ့ ငါ့ နှလုံးသားတစ်စုံက မင်းနဲ့ တွေ့ မှနိုးထလာခဲ့ရတယ်.. ဘယ်သူ့ ကိုမှ အလျော့မပေးတတ်ခဲ့တဲ့ငါ မင်းနဲ့ မှပဲ အလိုလိုက်တတ်လာတယ် ကလေးရယ်... ကဗျာတွေကာရံတွေ မညှိတတ်တဲ့ငါ မင်းနဲ့ တွေ့ မှ ကာရံမညီတဲ့ ကဗျာတွေတောင် ရေးတတ်နေပါရောလား? သိပ်ချစ်တယ်ဆိုတဲ့ စကားထက် ခက်ခဲနက်နဲ လေးနက်တဲ့ စကားလုံးများရှိရင် ပြောပြပါရစေ... ချစ်ခြင်းများစွာဖြင့်.. z Labels: ကဗျာ For someone from somebodyThursday, February 25, 2010 | 10:08 AM |
“For someone from somebody” 0 Dancing Queen and Prince Saysအနေအထိုင်မတတ်တော့ ငါ အလူးအလဲခံစား မှားမှန်းသိရက် မှားနေတာ... You know what i mean... Zu Zuu you know what i mean.. ဖွင့်ဟပြောချင်ပေမယ့်.. ဆွံ့ အ နေတဲ့ နှုတ်ဖျားအတွက် နှလုံးသားက စကားတွေကို ထုတ်မပေးနိုင်ခဲ့ဘူး... ငါ့ ရင်ထဲက အနက်ရှိုင်းဆုံးနေရာအထိ မင်း မြင်နိုင်ပါစေလို့ ....... ငါ မပြောပြရက်ခဲ့တဲ့ ငါ့ ခံစားချက်တွေ တစ်နေ့ တော့ မမြိုသိပ်နိုင်တော့ပဲ ထွက်ကျလာနိုင်ပါစေလို့  ငါ ဆုတောင်းနေမိပါရဲ့.... ဘယ်လိုအချိန်မှာ နီးစပ်မှာလဲ ??? ဘယ်အရာတွေ ဘယ်လိုပြောင်းလဲပါစေ... ငါ မင်းကိုချစ်ခဲ့တာတွေ ထာဝရ တည်မြဲနေမှာပါ.. "ရင်ဝှက်စကား ချစ်သူကြားစေ" ကာရန်မညီတဲ့ ရင်ခုန်သံတွေ မင်းလေး နားလည်ပါစေ.... ~ ~ ချစ်တဲ့... z Labels: ကဗျာ တနင်္ဂနွေပြောတဲ့ တနင်္ဂနွေပုံပြင်Sunday, February 21, 2010 | 11:21 AM |
0 Dancing Queen and Prince Saysငါတို့တွေ တနင်္ဂနွေနဲ့ ဘာမှမဆိုင်တဲ့ အင်္ဂါနေ့မှာ တွေ့ကြတယ်..... နင်နဲ့ အပြင်တူတူလျှောက်လည်ဖြစ်တဲ့ ငါတို့ရဲ့ first date က သောကြာနေ့ကြီးပေါ့..... နင့်နဲ့ ငါ ပထမဆုံး online မှာ chatဖြစ်ကြတာက တနင်္လာနေ့လို့ နင်ကပြောတယ်.... ဒါနဲ့ များ မဆီမဆိုင် ငါကနင့်ကို sunday လို့ခေါ်တယ်နော်... ငါတို့နဲ့ ဘာမှမဆိုင်ပဲ နင့်မွေးနေ့ဖြစ်လို့ ခေါ်ခဲ့တဲ့ sunday ကို ငါဘာလို့ ချစ်မိသွားတာလဲ.... ငါတနင်္ဂနွေနေ့တိုင်း ပျော်တယ်... sunday ဆိုတဲ့ နင့်ရဲ့ အနီးဆုံးမှာ ရှိနေတဲ့ တနင်္ဂနွေနေ့တိုင်းကို ပျော်တယ်... ငါအသက်နဲ့ ခန္ဓာချုပ်ငြိမ်းလို့ လောကကြီးက ထွက်ခွာသွားရရင်တောင် တနင်္ဂနွေတိုင်းမှာ ငါအသက်ပြန်ရှင်ပါရစေ....း) နှင်းဆီဖြူ Labels: ကဗျာ ဆန့်ကျင်ဘက်ဖြစ်တည်မှုMonday, February 15, 2010 | 10:38 AM |
1 Dancing Queen and Prince Says“ဆန့်ကျင်ဘက်ဖြစ်တည်မှု” နင်က ဂုဏ်တွေ ငွေတွေ သိက္ခာတွေကို မော့ကြည့်နေစဉ်မှာ.... ငါက ခေါင်းငိုက်စိုက်ကျရင်း ပြုတ်ကျသွားတဲ့ စိတ်ဓာတ်တချို့ကို ငေးနေမိတယ်..... မိုးရွာတာကို မုန်းတဲ့နင်.... ငါကတော့ ဆွေးဆွေးမြည့်မြည့် မိုးတွေရွှာတိုင်း မိုးရေတွေထဲ လမ်းလျှောက်တတ်နေတုန်းပဲ.... စာတွေ အလုပ်တွေနဲ့ပဲ နင့် အချိန်တွေ ပြည့်နေတတ်ပေမယ့်... သီချင်းတွေနဲ့ အချိန်ကုန်နေတတ်တဲ့ ငါ့ကို နင်က ပေါ့ပေါ့နေတတ်တယ်တဲ့.... ဟုတ်ပါတယ်... နင်နဲ့ငါက ဆန့်ကျင်ဘက်ပါ... လုံးနေတဲ့ ကမ္ဘာကြီးကြောင့်.. ငါတို့ တစ်ချိန်ချိန် ထပ်တွေ့ကြဦးမှာပဲ... ဒါပေမယ့်လည်း ... ငါနားလည်ပါတယ်... သိပ်ကြာကြာ မတွေ့ရခင်... ထပ်ပြီးကျောခိုင်းကြရဦးမှာပဲလေ.... နှင်းဆီဖြူ Labels: ကဗျာ အလွမ်း နဲ့ အမုန်းMonday, February 8, 2010 | 9:34 AM |
0 Dancing Queen and Prince Says“အလွမ်း နဲ့ အမုန်း” ငါ... မိုးတွေရွာရင် အိမ်အပြန်လမ်းမှာ နင်နဲ့ အတူမိုးရွာထဲ လမ်းလျှောက်ခဲ့တာကို လွမ်းတယ်..... ငါ... မနက်စောစော ကော်ဖီသောက်ရင် နင်နဲ့ အတူ ကော်ဖီသောက်ရင်း စကားနိုင်လုခဲ့တဲ့ အချိန်တွေကို လွမ်းတယ်..... ငါ.... နှင်းဆီပန်းလေးတွေကို တွေ့ရင် ငါ့ဘဝမှာ ပထမဆုံး လက်ဆောင်ရဖူးတဲ့ နင်ပေးတဲ့ နှင်းဆီဖြူလေးကို လွမ်းတယ်.... ဒါပေမယ့် နင့်ကိုငါ.. မုန်းတယ်... ဆေးတွေအများကြီးသောက်ရင်း နာကျင်ခံစားနေရတာတောင် “ငါမရှိတော့ရင် ပျော်ပျော်နေပါ”ဆိုပြီး အတန်တန်မှာနေတတ်တဲ့ နင့်ကို မုန်းတယ်.... မိုးတွေရွာရင် မိုးစက်တွေနဲ့ အတူ ကောင်းကင်ပေါ်က ပြန်လာမယ်လို့ ညာတတ်တဲ့ နင့်ကို မုန်းတယ်.... ငါအမုန်းဆုံးကတော့... ငါနဲ့ အတူတူနေချင်ပါတယ်ဆိုပြီး လောကကြီးက အစောဆုံး ထွက်ခွာသွားတဲ့ နင့်ကို အမုန်းဆုံးပဲ.... နှင်းဆီဖြူ Labels: ကဗျာ |