
![]() |
မျောလွင့်နှင်းဆီSunday, April 25, 2010 | 9:49 PM |
0 Dancing Queen and Prince Saysအဆုံးမရှိ မည်းမှောင် နက်ရှိုင်းတဲ့ ချောက်နက်နက်ထဲကို ကျသွားသလို ခံစားချက်မျိုးနဲ့ ငါအိပ်ယာထဲ လဲနေမိတယ်... လူဖြစ်ရလို့များ ငါ ခံစားတတ်နေတာလား.... တစ်ခါတစ်ခါ ခံစားချက်မရှိတဲ့ သက်မဲ့ ပစ္စည်းတစ်ခုခုကတောင် ငါ့ထက်ကံကောင်းနေတယ် အထင်နဲ့ မနာလို ဖြစ်နေမိတယ်.... မိုးတွေရွာနေတာတွေ့ရင်မိုးစက်လေးဖြစ်ချင်မိတယ်..... တိမ်သားမို့မို့တွေကို မော့ကြည့်ရင်း တိမ်ဆိုင်လေးတစ်ခုဆိုရင်တောင် ဒီလောက် ခံစားရမှာ မဟုတ်ဘူးလို့ တွေးကြည့်မိတယ်... ငါဟာ........ဆူးတွေပြည့်နေတဲ့ နှင်းဆီဖြူ တစ်ပွင့်ဆိုရင်ရော..... Labels: နှင်းဆီအတွေး ထူးကြီးဆရာတော်Friday, April 23, 2010 | 11:27 AM |
0 Dancing Queen and Prince Saysမိုးကုတ်ဆရာတော်ဘုရားကြီး၏ ဥပနိသျခံ မိုးကုတ်ဝိပဿနာတရားစဉ်နှင့် လုပ်ငန်းစဉ်ပြန့်ပွားရေးအဖွဲ့ချ ထူးကြီးဆရာတော် ဦးဣန္ဒာ ဝုဓာဘိ ၀ံသ ထူးကြီးဆရာတော် ဦးက္ကန္ဒဝုဓာဝံသလောင်းလျာကို ၁၃၁၃ခု၊ တန်ဆောင်းမုန်းလဆန်း(၁၃)ရက်၊ ဆရာတော်သည် ဓနုဖြူမြို့ သဒ္ဓမ္မဇောတိကရာမ တောင်ပေါ်ကျောင်းတိုက် ဆရာတော်များ၊ ရန်ကုန် မြေနီကုန်း ဗားကရာတောရဆရာတော်၊ မန္တလေးမဟာဝိသုဒ္ဓါရုံတိုက်သစ်ဆရာေ ဆရာတော်သည် ပထမကျော်၊ ပထမလတ်( တစ်နိုင်လုံး ပထမ)၊ ပထမကျော်၊ ပထမကြီး၊ သာသနဓဇ ဓမ္မစရိယ၊ စေတီယင်္ဂဏ ဓမ္မစရိယ ဂဏဝါစက အစရှိသည့် စာမေးပွဲကို ဖြေဆိုအောင်မြင်နိုင်ခဲ့ပါသည်။ ဆရာတော်သည် ယခုအခါ မိုးကုတ်ဝိပဿနာတရားစဉ်နှင့် လုပ်ငန်းစဉ်ပြန့်ပွားရေးအဖွဲ့ချ ထူးကြီးဆရာတော် ဦးတ္ကန္ဒာ ဝုဓာဘိဝံသ ၏ စင်ကာပူတရားပွဲအစီအစဉ် ဗုဒ္ဓဘာသာဝင် ဓမ္မမိတ်ဆွေ သူတော်စင်အပေါင်းတို့ ခင်ဗျား ................... ထူးကြီးဆရာတော် ဦးတ္ကန္ဒာ ဝုဓာဘိဝံသမှ စင်္ကာပူနိုင်ငံတွင် တရားပွဲများ၊ တရားစခန်းများ ၊ ပဋ္ဌာန်း နှင့် ဓမ္မစကြာတရားတော်များ စုပေါင်းရွတ်ဆိုမှုများ ကို အောက်ပါ အစီအစဉ်အတိုင်း ချီးမြှင့်မည် ဖြစ်ပါ၍ တရားတော်နာ ကြွရောက်ပါရန် လေးစားစွာဖြင့် ဖိတ်ကြားအပ်ပါသည်။ ဆရာတော်သည် မေလ ၂၁ ရက် နေ့တွင် စင်ကာပူနိုင်ငံသို့ရောက်ရှိပြီး တရားပွဲအစီအစဉ်များ ပထမနေ့ တရားပွဲ အစီအစဉ် နေရက်- ၂၂ ရက် မေလ စနေနေ့ ( ည ၇:၀၀ နာရီ မှ ၈:၃၀ နာရီ အထိ ) နေရာ- ဇယျမင်္ဂလာ ဗုဒ္ဓ၀ိဟာရကျောင်းတိုက် (CLEMENTI ဘုန်းတော်ကြီးကျောင်း) ဒုတိယနေ့ တရားပွဲ အစီအစဉ် နေရက်- ၂၃ ရက် မေလ တနင်္ဂနွေနေ့ ( ည ၅း၀၀ နာရီ မှ ၆း၃၀ နာရီထိ ) နေရာ- Informatics Centre, Jurong East ၅ ရက်တရားစခန်းပွဲ အစီအစဉ် နေရက်- မေလ ၂၆ ရက် မှ ၃၀ ရက် ( ဗုဒ္ဓဟူးနေ့ မှ တနင်္ဂနွေနေ့ အထိ ) အချိန်- နေလည် ၁း၀၀ နာရီ မှ ၆း၃၀ နာရီအထိ နေရာ- ဇယျမင်္ဂလာ ဗုဒ္ဓ၀ိဟာရကျောင်းတိုက် (CLEMENTI ဘုန်းတော်ကြီးကျောင်း) အထူး အစီအစဉ်များ ပဋ္ဌာန်းစုပေါင်း ရွတ်ဖတ်ပူဇော်ပွဲ နေရက်- ၂၈ ရက် မေလ သောကြာနေ့ (Vesak Day) အချိန်- ည ၇း၀၀ နာရီ မှ ၈း၃၀ နာရီ နေရာ- ဇယျမင်္ဂလာ ဗုဒ္ဓ၀ိဟာရကျောင်းတိုက် (CLEMENTI ဘုန်းတော်ကြီးကျောင်း) ဓမ္မစကြာ စုပေါင်း ရွတ်ဖတ်ပူဇော်ပွဲ နေရက်- ၂၉ ရက် မေလ စနေနေ့ ( ည ၇း၀၀ နာရီ မှ ၈း၃၀ နာရီ ) နေရာ- ဇယျမင်္ဂလာ ဗုဒ္ဓ၀ိဟာရကျောင်းတိုက် (CLEMENTI ဘုန်းတော်ကြီးကျောင်း) ဆရာတော် အတွက် နံနက်စာများ၊ နေ့လည်စာများ၊ နှင့် တရားပွဲဖြစ်မြောက်ရေး အတွက် လှူဒါန်းလိုသူများ အောက်ပါ တရားပွဲဖြစ်မြောက်ရေးအဖွဲ့ သို့ ဆက်သွယ်လှူဒါန်းနိုင် ပါသည်။ ဆက်သွယ်ရန်- ဆရာတော် ဦးဝိစိတ္တ ( ဖုန်းး ၆၇၇၈၁၆၇၈) ဦးကြည်ထွန်း David (ဖုန်း - ၉၁၇၆၁၉၆၄) + ဒေါက်တာ ဒေါ် လဲ့လဲ့မိုး (ဖုန်း : ၉၁၀၈ ၂၂၆၄ ) ဒေါ်မူမူအေး (ဖုန်း: ၉၄၅၂ ၄၂၇၃) ကို ထွန်းအောင် ကျော် (ဖုန်း : ၉၈၅၁ ၇၁၉၅) + မအေးနုခင် (ဖုန်း : ၈၁၀၉ ၂၀၃၅ ) မခင်လေးမွန် (ဖုန်း : ၉၀၀၆ ၇၀၁၀) မနှင်းရီလွင် (ဖုန်း : ၉၂၇၀ ၇၆၄၅ ) Labels: events နင်မသိခြင်းများFriday, April 16, 2010 | 10:26 PM |
0 Dancing Queen and Prince Saysနင်မသိသေးတဲ့ နင်နဲ့ ငါ့ရဲ့ အကြောင်းကို.. နင်သိအောင် ငါပြောပြပါရစေ... နင်ဆိုတာ ငါမရှိပဲ ဖြစ်လာပေမယ့်... ငါဆိုတာက နင်မရှိရင် သုညပါ... နင်ရဲ့ အမှတ်တမဲ့တွေက ငါ့ အတွက်တော့ တစ်သက်တာ အမှတ်တရတွေ ဆိုတာ.. နင်တစ်နေ့ နားလည်နိုင်ပါစေ..... တစ်ခါတစ်လေ... နင့်ကို ဟားတိုက် အော်ရယ်စေတဲ့.. အကြောင်းအရာ တချို့က.. ငါ့အတွက်တော့.. ရင်ကွဲအောင် ခံစားရတာတွေ ဖြစ်နေတတ်တယ်.. ဒါတွေကို တစ်နေ့... နင်နားလည် နိုင်ပါစေ... နှင်းဆီဖြူ Labels: ကဗျာ အတာသင်္ကြန် | 9:04 PM |
0 Dancing Queen and Prince Saysမကြာမီ အချိန် အတွင်းမှာ မြန်မာ ကောဇာသက္ကရာဇ် ၁၃၇၂ ခု နှစ်ဆန်း ၁ရက် နေ့ချိန်ခါသို့ ရောက်ရှိတော့ မှာဖြစ်ပါတယ်ရှင်... နှင်းဆီဖြူကတော့ နှစ်ဟောင်းက အညစ်အကြေးတွေကို ဆေးပေးဖို့ ရေလောင်းမယ့်သူ မရှိသောကြောင့်.. ရေ အခါ ၅၀ လောက်ချိုးပြီး သန့်စင်လိုက်ပါပြီ.. ဟီးဟီး...... နှင်းဆီဖြူ တို့ရဲ့ မြန်မာ့ရိုးရာ.. သင်္ကြန်ဟာဆိုရင်.... ဟိုးရှေးယခင်တုန်းက သပြေခက်နဲ့ ရေပက်ပါတယ်... နောက်နည်းနည်းကြာတော့ ... ငွေဖလားလေးနဲ့ပေါ့... ပြီးတော့ ပိုက်ကလေးနဲ့ ပက်ပါတယ်.. နောက်ပိုင်း ပိုက်ကြီးတွေနဲ့ ပက်ပါတယ်... အားမရသေးပဲ... မီသတ်ပိုက်ကြီးတွေနဲ့ ပက်ကြပြန်ပါတယ်... ဒီနှစ်တော့ ဘယ်ခေတ်နဲ့ မှ မတူအောင် ကန်တော်ကြီးမှာ မီးသတ်ပိုက်ပါ မက လူသတ်ပိုက် ကြီးများနဲ့ ပက်သွားတာ ဆိုရင်ဖြင့်... ဝမ်းနည်းပက်လက် ရှိုက်ကြီးတငင် ရင်သက်ရှုမောဖွယ်ရာ ပါပဲ..... >___< နောက်နှစ်ဆို... ဟင်းး... မတွေးရဲ စရာပါလားနော်....း( ပြောစရာလေးတွေလဲ ကုန်သလောက်ရှိပြီဆိုတော့.. ဒီနေ့တော့ ဒီလောက်ပါပဲကွယ်... သားသားမီးမီးတို့လဲ နှစ်ဟောင်းက အညစ်အကြေးတွေကို ကျွတ်ကျွတ်အိတ်ကလေးတွေနဲ့ သေချာထုတ်ပြီး စွန့်ပစ်ကြဖို့ မမေ့ပါနဲ့ ကွယ်... စင်္ကာပူမှာဆိုတော့ ဒဏ်ငွေရိုက်ခံရပြီး နှစ်ဆန်း ၁ ရက်နေ့တည်းက ပိုက်ပိုက်ပြောင်သွားမှာ စိုးလို့ပါ... ကွိကွိ... တာ့တာ့.. ၁၃၇၁ခုနှစ်ကြီးလဲ တာ့တာ... ငါ့ရဲ့ ပြန်ရတော့မှာ မဟုတ်တဲ့ ဆယ်ကျော်သက် အချိန်လေးတွေလဲ တာ့တာ....း) နှင်းဆီဖြူ သင်္ကြန်ရေ | 9:49 AM |
0 Dancing Queen and Prince Saysဒီနေ့တော့ လည်လည်လာသူ အပေါင်းကို ရေပူဖောင်းနဲ့ ထုပါတယ်ရှန်.... ဟီးဟီး.... ဘယ်သူမှလဲ ရေလာလောင်းဝူး.. သင်္ကြန်ဆိုတာတောင် မေ့နေပြီ.... ဗွမ်း!!!!!!Thursday, April 15, 2010 | 1:34 PM |
0 Dancing Queen and Prince Says"ဗွမ်း!!!!!!" ရေး.... လည်လည်လာတဲ့ သူတွေ အားလုံးကို နှင်းဆီဖြူ ချောင်းပြီး ရေလောင်းလိုက်ပါတယ်.... ဖြောင်းဖြောင်းဖြောင်း....... မင်္ဂလာရှိသော နှစ်သစ်ကူး ချိန်ခါမှာ နှင်းဆီဖြူရဲ့ အိမ်လေးကို လည်လည်ရောက်ကြတဲ့ ကိုကို မမ ဦးဦး ဒေါ်ဒေါ် မောင်လေး ညီမလေး ပိစိကွေးလေးနဲ့ ပေါက်စန လေးတွေပါမကျန် ကိုယ်ရော ခေါင်းပါ.. အဲ့လေ... စိတ်ပါ ကျန်းမာချမ်းသာကြပါစေရှင်.... နှင်းဆီဖြူကတော့ သင်္ကြန်မှာ ဘာမှလုပ်ဖြစ်ပါဘူး.. အိမ်မှာ နေနေတာ ဒီနေ့နဲ့ ဆို ၃ရက်ရှိပါပြီ... အဟင့် .. ပြောရင်းနဲ့ ငိုချင်လာပြီ.... သြော် ဘဝ ဘဝ...း(.... >_<... နှင်းဆီဖြူ ဆိတ်မကောင်းဘူးကွယ်... (နွားပဲကောင်းမယ်ထင်တယ်.. ) ဟီးဟီ.... .....ဖြူဆီနှင်း နှင်းဆီဖြူ စာမရေးရခြင်း အကြောင်း အရင်းများ | 1:27 PM |
၁. နှင်းဆီဖြူသည် ပျင်းရိခြင်းခြောက်ပါး ၏ မာယာကြော့ကွင်းမှ ရုန်းထွက်နိုင်ခြင်းငှာ မတတ်သာ... 0 Dancing Queen and Prince Says၂. ဖေ့ဘွက်မှ ပက် စိုစိုင်တီ၏ လှည့်စားမှုများမှ ရုန်းထွက်ခြင်းငှာ မတတ်သာ... ၃. ယူကျုမှ ဗွီဒီယိုများ၏ ဆွဲဆောင်မှုမှာ ရုန်းထွက်ခြင်းငှာ မတတ်သာ... အဲဂလို အဲဂလို အကြောင်းတွေကြောင့် နှင်းဆီဖြူ တစ်ယောက် ပျောက်နေရပါကြောင်း နှင့်.. ယနေ့ ယခုချိန်မှ စ၍စာပြန်ရေးပါတော့ မည်ဖြစ်ကြောင်း ဂတိပြူးပါတယ်ရှန်....အဲလေ.. ဂတိပြုပါတယ်လို့... :P ယနေ့မှ စ၍ နှင်းဆီဖြူ စာမရေးခဲ့သော်.. စာဖတ်ပ၇ိတ်သတ်ကြီးများဖြစ်သော ဘလောဂ့်ဂါ အပေါင်းတို့သည် နှင်းဆီဖြူ၏ အိမ်ထိလာပြီး မုန့်လုံးရေပေါ်များဖြင့် ကြိုက်သလောက်ပေါက်နိုင်ကြောင်း အသိပေး ကြေငြာလိုက်ပါတယ် ရွှန်.... ^___^ တာ့တာ.... နှင်းဆီခရမ်းရောင်... :D wishes~~ | 1:17 PM |
ငါအိပ်ယာက နိုးထလာတာနဲ့ တောင့်တမိတာက... 0 Dancing Queen and Prince Saysနင်ရယ်.... ကော်ဖီတစ်ခွက်ရယ်... သီချင်းအေးအေးလေးတစ်ပုဒ်ရယ်.... Labels: ကဗျာ |