
![]() |
မိတ်ဆက်စကားTuesday, October 27, 2009 | 4:56 PM |
0 Dancing Queen and Prince Saysဟိုးအရင်ကလဲ blog တွေရေးပေမဲ့ အကြောင်းအမျိုးမျိုးကြောင့် ဖျက်လိုက်ရပါတယ်.. ဒါပေမဲ့ ဝါသနာအရ ¬သူများ blog တွေဖတ်ဖြစ်တော့ မအားတဲ့ကြားက သူများတွေလိုရေးချင်စိတ်က ပေါ်လာတယ်… သြော်… ဝါသနာ… ဝါသနာ…း)… Blog စရေးတော့မယ်ဆိုတော့မှ ဘယ်ကစရမှန်း စဉ်းစားလို့ မရဘူးဖြစ်နေတယ်.. ဘာပဲဖြစ်ဖြစ် ပထမဆုံး ပို့စ်ဆိုတော့ ကိုယ့်ကိုကိုယ် မိတ်ဆက်ရမှာပေါ့နော်… ကလောင်နံမည်ကိုတော့ အရင်ကသုံးခဲ့ဖူးတဲ့ နှင်းဆီဖြူ ဆိုတဲ့ nick ကိုပဲဆက်သုံးတော့မယ်.. ဒီ nick ကလေး အကြောင်းကိုတော့နောက်မှပဲ ရှင်းပြတော့မယ်နော်… ရေးမယ့် အကြောင်းအရာတွေကတော့ ဒိုင်ယာရီလေးတစ်ခုလိုပဲ ဖြစ်နေမှာပါ… ကြိုက်တတ်တဲ့ သီချင်းလေးတွေ.. အတွေးအမြင်လေးတွေ…. ကဗျာလေးတွေနဲ့… movie review လေးတွေပေါ့… ဘာလို့များ blog ကို unwritten လို့အမည်ပေးလိုက်တာလဲ သိချင်ကြမယ် ထင်တယ်… ဒီဘလောဂ့်လေးရဲ့ ရာဇဝင်က Natasha beddingfield ရဲ့ “unwritten” ဆိုတဲ့ သီချင်းလေးရဲ့ ခေါင်းစဉ်ကိုသုံးလိုက်တာပါ…. သီချင်းလေးကို ကြားကြားချင်း အရမ်းကြိုက်လို့ပါ… ပြီးတော့ သီချင်းလေးထဲက ကောင်မလေးကလဲ ဖြူရဲ့စိတ်လေးနဲ့ တိုက်ဆိုင်နေတယ်… ဒီသီချင်းလေးကိုတော့ နောက်ပိုစ့်တွေမှာ ဘာသာပြန်ဖို့ ကြိုးစားပါဦးမယ်နော်… ပထမဆုံးပိုစ့် ကလေးကိုတော့ ဒီလောက်ပဲ ရေးလိုက်တော့မယ်… နှင်းဆီဖြူ ^-^ Labels: e-diary |