
![]() |
တိမ်လိုအချစ်Sunday, March 28, 2010 | 12:23 PM |
0 Dancing Queen and Prince Saysပျင်းပျင်းရှိတာနဲ့ သီချင်းတွေပဲ ဆိုဖြစ်နေတယ်...း( သိပ်မကောင်းဘူး.. အဲ့သီချင်း ခုမှ ကြားဖူးတာ.. ဟီး... Labels: music အပြစ်မမြင်Wednesday, March 17, 2010 | 11:50 AM |
သီချင်းလေး ဆိုထားပါတယ်... အားပေးကြပါဦးလို့.. ဟီးဟီး.... ကောင်းတယ်လို့ ပြောရင် ကြက်ဥကြော် ကျွေးမယ်.. 0 Dancing Queen and Prince SaysLabels: music နှင်းဆီဖြူ ဟင်းချက်သည် | 11:12 AM |
0 Dancing Queen and Prince Says“နှင်းဆီဖြူ ဟင်းချက်သည်” ဟုတ်ပါတယ်... နှင်းဆီဖြူ ဟင်းချက်ပါသည်... ဟီးဟီး... ဘာချက်လဲ ဆိုတော့ ... ကြက်ဥ ကြော်ပါတယ်... :P ... ဒီသာပါမောက္ခဆရာမကြီး ဖြစ်တဲ့ နှင်းဆီဖြူရဲ့ အမဆီမှာ သုံးနှစ်သုံးမိုး... ကြိုးစားပြီး နေ့ မအား ညမနား သင်ယူခဲ့တာပါ... ဟီးဟီး.... XD... ကြက်ဥကြော် လှလှလေးတွေရမယ်... :D.. စားချင်ရင် တစ်ယောက် တစ်ခုလာယူပါ... ဘယ်သူရှိမလဲMonday, March 15, 2010 | 7:13 PM |
အရမ်းကြိုက်တဲ့ သီချင်းလေးပါ..း) 0 Dancing Queen and Prince SaysLabels: music နှင်းဆီဖြူ ၏ အီးဒိုင်ယာရီSunday, March 14, 2010 | 8:57 PM |
“နှင်းဆီဖြူ ၏ အီးဒိုင်ယာရီ” :P 0 Dancing Queen and Prince Saysနှင်းဆီဖြူ ဘလောဂ့်ကလေး ခြောက်သွေ့နေတာ ကြာပြီဆိုတော့... ပြန်အသက် သွင်းဖို့တော်တော် အရှိန်ယူရမယ်... ဟီးဟီး... လောလောဆယ်တော့ နှင်းဆီဖြူ ဘာတွေလုပ်နေတယ် ဆိုတာလေးတွေ... ဟိုပြော ဒီပြော ပြောပြတာပေါ့...း) လောလောဆယ် အလုပ်ရှာနေပါတယ်... ရှာတယ် ဆိုတာလဲ သေချာရှာရသေးတာ ဟုတ်ပါဘူး.. အိမ်မှာ အလေလိုက်နေတာက များတယ်... ဟီးဟီး.... မှတ်မှတ်ရရသွားတာ ဆိုရင်တော့ TP Thingyan သွားဖြစ်ပါတယ်... နှင်းဆီဖြူ ချစ်သူငယ်ချင်းလေးက အဲ့မှာ က,တော့ တစ်ချက်လွှတ် အမိန့်နဲ့ လိုက် ကြည့်ရပါတယ်... တကယ်လဲ ကြည့်ချင်လို့ပါ...း) အဲ... သွားကြည့်မယ်ဆိုတော့ ခြေထောက်တွေ ညောင်းပါတယ်... ဟီး... အဖြစ်က ဆိုးတာက TP ကိုတစ်ခါမှ မရောက်ဖူးပါဘူး.. သူငယ်ချင်းအားကိုနဲ့ tempines mrt ထိသွားလိုက်တာ ဟိုရောက်မှ badok ကနေလဲ bus စီးလို့ ရတယ်ဆိုတာ သိပါတယ်... ချစ်သူငယ်ချင်းကလဲ ဘယ်လောက်ချစ်ဖို့ ကောင်းလဲ ဆိုတော့ မနက်ထဲက ဖုန်းကို မကိုင်ပါဘူး...း) တော်သေးလို့ တခြားသူငယ်ချင်းတွေပါတော့.. သူတို့နဲ့ သွားရင် ရောက်သွားပါတယ်... NP နဲ့ NYP တုန်းကလို လမ်းပြကောင်မလေးတွေ ချောချောလေးတွေ မြန်မာ အင်္ကျီ လှလှလေးတွေနဲ့ ရှိမလေးလို့ ရှာကြည့်တာ... မတွေ့ပါဘူး.. မျက်လုံးပဲ မကောင်းလို့လား တော့ မသိဝူး... မရောက်ခင်တော့ တော်တော် ဒုက္ခ ရောက်သွားတယ်... TP ကသူ့ ပရိတ်သတ်ကြီးထဲမှာ နှင်းဆီဖြူလို ထုံထုံအအလေးတွေ မပါဘူးလို့ တွက်ထားပုံရပါတယ်.. ဒီလိုနဲ့ ရှိုးပွဲကြီးကြည့်တော့လဲ ရယ်ရတာပေါ့... တဟီးဟီး တဟားဟားနဲ့...း)... ပြသနာက အရယ်လွန်ပြီး ရေဆာတာပါပဲ...း(.... NYP တုန်းကလို break time ကလေးပေးပြီး အအေးလေး မတိုက်တော့ (ကိုသုညကြီးကို မြောက်ပြောတာ မဟုတ်ပါဘူး.. ကြေးအိုးနော်....) နှင်းဆီဖြူ ခမျာ မျက်နှာငယ်လေးနဲ့ အိမ်သာနားက Vending Machine လေးမှာ အအေးလေးဝယ်သောက်ရပါတယ်...း( (သနားစရာလေး.. အဟင့်..) ကောင်းတာလေးတွေလဲ ရှိပါတယ်... နှင်းဆီဖြူကို မကောင်းမြင်ဝါဒီကြီး ထင်နေကြဦးမယ်...း).... remix သီချင်းလေးတွေနဲ့ အစွမ်းပြသွားတဲ့ sentosa က ခရမ်းပြာတန်ခူးမယ်လေးတွေ... ပုဂံခေတ်အကလေးလဲ ကြိုက်ပါတယ်... ဆန်းလဲ ဆန်းသလို့ မြန်မာလူမျိုး မဟုတ်တဲ့ ပရိတ်သတ်တချို့ကို မြန်မာတွေလဲ အနှစ်သာရ လေးပြလိုက်နိုင်တာ ကြိတ်ပြီး ဂုဏ်ယူနေမိတယ်...း) စိတ်မကောင်းတာက အဆုံးထိမကြည့်လိုက်ရပါဘူး...း( အဲဒီနေ့ သွားစရာရှိတာကို လုံးဝမေ့ပြီး အကို့ကို သူ့သူငယ်ချင်းမင်္ဂလာဆောင်လိုက်ပေးမယ် ဆိုပြီးပြောထားလိုက်မိတော့ အလောတကြီးနဲ့ အဲဒီကို ၆နာရီအမီ သွားရတာနဲ့... အငြိမ့်လေးနည်းနည်းကြည့်ပြီး ထွက်သွားရပါတယ်.. စိတ်မကောင်းလိုက်တာ... အဟင့်.... ဒီနေ့တော့ ဒီလောက်ပဲနော်... နောက်လဲ စကားလာများပါဦးမယ်... ^______^ နှင်းဆီဖြူ ကာရံမညီသောကဗျာတစ်ပုဒ်...Thursday, March 4, 2010 | 9:21 AM |
ကာရံမညီသောကဗျာတစ်ပုဒ်... 0 Dancing Queen and Prince Saysမချစ်တတ်တော့ဘူးလို့  ယုံကြည်ထားခဲ့တဲ့ ငါ့ နှလုံးသားတစ်စုံက မင်းနဲ့ တွေ့ မှနိုးထလာခဲ့ရတယ်.. ဘယ်သူ့ ကိုမှ အလျော့မပေးတတ်ခဲ့တဲ့ငါ မင်းနဲ့ မှပဲ အလိုလိုက်တတ်လာတယ် ကလေးရယ်... ကဗျာတွေကာရံတွေ မညှိတတ်တဲ့ငါ မင်းနဲ့ တွေ့ မှ ကာရံမညီတဲ့ ကဗျာတွေတောင် ရေးတတ်နေပါရောလား? သိပ်ချစ်တယ်ဆိုတဲ့ စကားထက် ခက်ခဲနက်နဲ လေးနက်တဲ့ စကားလုံးများရှိရင် ပြောပြပါရစေ... ချစ်ခြင်းများစွာဖြင့်.. z Labels: ကဗျာ |