
For someone from somebody
“For someone from somebody”
အနေအထိုင်မတတ်တော့ ငါ အလူးအလဲခံစား
မှားမှန်းသိရက် မှားနေတာ...
You know what i mean...
Zu Zuu
you know what i mean..
ဖွင့်ဟပြောချင်ပေမယ့်.. ဆွံ့ အ နေတဲ့ နှုတ်ဖျားအတွက်
နှလုံးသားက
စကားတွေကို ထုတ်မပေးနိုင်ခဲ့ဘူး...
ငါ့ ရင်ထဲက အနက်ရှိုင်းဆုံးနေရာအထိ
မင်း မြင်နိုင်ပါစေလို့ .......
ငါ မပြောပြရက်ခဲ့တဲ့ ငါ့ ခံစားချက်တွေ
တစ်နေ့ တော့ မမြိုသိပ်နိုင်တော့ပဲ
ထွက်ကျလာနိုင်ပါစေလို့ 
ငါ ဆုတောင်းနေမိပါရဲ့....
ဘယ်လိုအချိန်မှာ နီးစပ်မှာလဲ ???
ဘယ်အရာတွေ ဘယ်လိုပြောင်းလဲပါစေ...
ငါ မင်းကိုချစ်ခဲ့တာတွေ ထာဝရ
တည်မြဲနေမှာပါ..
"ရင်ဝှက်စကား ချစ်သူကြားစေ"
ကာရန်မညီတဲ့ ရင်ခုန်သံတွေ မင်းလေး နားလည်ပါစေ.... ~ ~
ချစ်တဲ့...
z
Labels: ကဗျာ

အပြုံးလေး
ပျင်းလို့သူငယ်ချင်းတွေကို အသံနဲ့ ဒုက္ခပေးလိုက်တာ... ဟဲဟဲ....
Labels: music

တနင်္ဂနွေပြောတဲ့ တနင်္ဂနွေပုံပြင်
ငါတို့တွေ တနင်္ဂနွေနဲ့ ဘာမှမဆိုင်တဲ့
အင်္ဂါနေ့မှာ တွေ့ကြတယ်.....
နင်နဲ့ အပြင်တူတူလျှောက်လည်ဖြစ်တဲ့
ငါတို့ရဲ့ first date က သောကြာနေ့ကြီးပေါ့.....
နင့်နဲ့ ငါ ပထမဆုံး online မှာ
chatဖြစ်ကြတာက တနင်္လာနေ့လို့ နင်ကပြောတယ်....
ဒါနဲ့ များ မဆီမဆိုင် ငါကနင့်ကို
sunday လို့ခေါ်တယ်နော်...
ငါတို့နဲ့ ဘာမှမဆိုင်ပဲ နင့်မွေးနေ့ဖြစ်လို့
ခေါ်ခဲ့တဲ့ sunday ကို ငါဘာလို့ ချစ်မိသွားတာလဲ....
ငါတနင်္ဂနွေနေ့တိုင်း ပျော်တယ်...
sunday ဆိုတဲ့ နင့်ရဲ့ အနီးဆုံးမှာ
ရှိနေတဲ့ တနင်္ဂနွေနေ့တိုင်းကို ပျော်တယ်...
ငါအသက်နဲ့ ခန္ဓာချုပ်ငြိမ်းလို့
လောကကြီးက ထွက်ခွာသွားရရင်တောင်
တနင်္ဂနွေတိုင်းမှာ ငါအသက်ပြန်ရှင်ပါရစေ....း)
နှင်းဆီဖြူ
Labels: ကဗျာ

facebook
“facebook သုံးခြင်းသည် ကျန်းမာရေးကို ဆိုးရွားစွာ
ထိခိုက်စေနိုင်ပါတယ်...”
facebook ကိုစွဲလမ်းစွာ သုံးစွဲခြင်းကြောင့် အောက်ပါရောဂါများ ဖြစ်ပွားနိုင်ပါတယ်.......
၁. အိပ်ရေးပျက်ခြင်း - cafe world မှာဟင်းများသိုးမည် စိုးသောကြောင့် ညကြီးအချိန်မတော် ဟင်းတွေသွားကြည့်ရပါတယ်... farm ville, country story, farm town တို့တွင် အပင်ပေါက်ပြီး သူများခိုးသွားမည် စိုးသောကြောင့် စောစောစီးစီး ထ ထ ကြည့်ရပါတယ်...
၂. မျက်စိမှုန်ခြင်း - ဂိမ်းအမျိုးမျိုးဆော့ခြင်း နှင့် ကွန်ပြူတာရှေ့ တစ်ချိန်လုံးထိုင်နေခြင်းကြောင့် ဖြစ်ပွားနိုင်ပါတယ်...
၃. အညောင်းမိခြင်း - ထိုင်ရာမှ မထ ဘယ်မှလဲမသွား မလှုပ်မယှက်နေခြင်း၏ အကျိုးရလဒ်ပါ...
၎. ကိုယ်လက်များထုံကျင် ကိုက်ခဲခြင်း - အဆိုးဆုံးကတော့ farm ville ပါ... အဲဒါကြီးလိုက် click ရလွန်းလို့ လက်ထိပ်ကလေးတွေနာတာ တော်တော်ဆိုးပါတယ်...
၅. ခေါင်းကိုက်ခြင်း - အိပ်ရေးပျက်ခြင်းမှ ရရှိသော နောက်ဆက်တွဲ ရောဂါတစ်မျိုးပါ...
၆. နှာခေါင်းရောဂါအမျိုးမျိုး - ဒါကတော့ သိပ်ရှင်းစရာလိုမယ် မထင်ပါဘူး... :P
၇. အပျင်းဖျားခြင်း - ကြာကြာသုံးစွဲမိရင်.. ဘယ်မှ မသွားချင်တော့သလို တခြားဘာမှလဲ လုပ်စရာမရှိတော့ပါ.. facebook မှာ သူငယ်ချင်းများရင် ပိုဆိုးပါတယ်.. ဟိုလူ့ဆီသွားကြည့် ဒီလူ့ဆီသွားကွန်မန့်နဲ့ တစ်နေကုန်တာပါပဲ...
၈. ဂယောင်ခြောက်ခြားဖြစ်ခြင်း၊ အိပ်မက်ဆိုးများမက်ခြင်း - ဒါကတော့ ကိုယ်တွေ့... မနေ့ကတောင် အိပ်မက်ထဲမှာ cube crash ဆော့နေသေးတယ်... ဟီး
၉. သွေးတိုးတက်ခြင်း - ဒေါသထွက်ခြင်းကြောင့်ဖြစ်တတ်ပါတယ်... နှင်းဆီဖြူလဲ ဟိုနေ့က cube crash ဆော့တာ level 4 မှာသေသေသွားလို့ ဒေါသတွေ အချောင်းလိုက် အချောင်းလိုက် ထွက်နေပါတယ်....း( level 7 တောင်တစ်ခါပဲရောက်ဖူးပါတယ်... ဗြဲ ...
ငိုချင်လာပြီ... ဒီတိုင်းသာဆို.. စိတ်ကျရောဂါပါ ထည့်ရမလိုလို....း(း(း(း( မကျေနပ်ဝူး... သွားပြန်ဆော့မယ်... ဟွန့်... :P
နှင်းဆီဖြူ
Labels: Humor, နှင်းဆီအတွေး

final presentaion
နှင်းဆီဖြူ ကျောင်းမှာ final presentation လုပ်ဖို့ မိနစ်သုံးဆယ် အလိုပါ.. လုပ်စရာ မရှိလို့ ဘလောဂ့်ထိုင်ရေးနေတာ.. ဟီးဟီး... ဒီနေ့က နှင်းဆီဖြူရဲ့ နောက်ဆုံးနေ့ပါ... (သေတော့မှာ ဟုတ်ဝူးနော်). ကျောင်းလာရတာ နောက်ဆုံးနေ့ပြောတာ...း) သွားတော့မယ်.. တာ့တာ
Labels: e-diary

အသက်ရှည်ကြာနေထိုင်နိုင်ရာ
ရီမလားမရီဝူးလား...
အသက်ရှည်ကြာနေထိုင်နိုင်ရာ အောက်ပါအစားအစာများ တွဲဖက်စားခြင်းမှ ရှောင်ကြဉ်ပါ။
၁။ ငရုတ်သီးနှင့်  တရုတ်ကြီး
၂။ သကြားခဲနှင့်  ရထားတွဲ
၃။ ခွေးရိုးနှင့်  သေးအိုး
၎။ ခြင်းတောင်းနှင့်  ထင်းချောင်း
၅။ လက်ဖက်နှင့်  တဘတ်
၆။ ထန်းရွက်လိတ်နှင့်  ပုရွက်ဆိတ်
၇။ ၀က်မြီးနှင့် လက်နှီး
၈။ ညောင်သီးနှင့် ကြောင်ချီး
၉။ ဗလာစာအုပ်နှင့်  ဌာပနာထုတ်
၁၀။ ကျွဲချိုနှင့် ရဲယို
၁၁။ သလဲသီးနှင့်  ငရဲမီး
၁၂။ ဒေါက်ချွန်နှင့် မျောက်ဝံသား
၁၃။ ဓါတ်မီးနှင့်  လက်သီး
၁၄။ ပလာတာနှင့်  ပလာယာ
၁၅။ သကြားသီးနှင့်  ကုလားကြီး
၁၆။ ကြံချောင်းနှင့် သံချောင်း
၁၇။ ခေါင်းလောင်းနှင့်  ခေါင်းပေါင်း
၁၈။ ဖိနပ်စုတ်နှင့်  လက်ဖက်ပုပ်
၁၉။ ဇီးယိုနှင့် မီးဖို
၂၀။ ဆော့ ပင်နှင့် ဆော့ ချဉ်
၂၁။ ၀က်သားနှင့် ဓာတ်ပြား
၂၂။ ပဲပြုတ်နှင့် တဲပုတ်
၂၃။ ကြက်သားနှင့် ငှက်ဖျား
၂၄။ ဖက်လုံးနှင့် ဓါတ်လုံး
၂၅။ ခေါင်းအုံးနှင့် စလောင်းဖုံး
၂၆။ နာနတ်ယိုနှင့် ဖိနပ်တို
၂၇။ တောင်းစုတ်နှင့် မြောင်းပုပ်
၂၈။ ခြင်ထောင်နှင့် ယင်ကောင်
၂၉။ ဖက်ထုပ်နှင့် ကြွက်စုတ်
၃၀။ ၀က်အူသုတ်နှင့် စက္ကူစုတ်
အဲဒါတွေကိုတွဲမစားနဲ့နော် ... စားမိလို့ ဘာညာဘာညာဆိုရင်တော့ ခံစားရ မသက်သာဘူးတဲ့ ........
ဟဲ ... ဟဲ ... ဟဲ ... ရယ်မောနှစ်သက်နိုင်ပါစေ .....
(source)sheinwaenaung
_____________________________________
ဟီးဟီး .. ပိုစ့်လေးက အသေရီရလို့ ကိုနေမျိုးဆီက ခိုးထားတာ... သူရေးတာလား ဒူရေးတာလဲတော့သိဝူး... သိချင်သူ့သွားမေး.... စာဖတ်ပရိတ်သတ်ကြီး ကိုသတိပေးချင်တာကတော့ သော်ဇင်တစ်ယောက်တည်းကို ကော်ရည်ခေါက်ဆွဲနဲ့ မစားသင့်သလို.. နေမျိုးကိုလဲ ရွှေအိုးမပေးသင့်ပါဘူး.. ပေးချင် နှင်းဆီဖြူကို လာပေး.. ဟီးဟီး.. ဗယ်လင်တိုင်းစ်ဒေးမှာ ကောင်မလေးတွေ ငမ်းတဲ့ ပိုးဟပ်ကိုတော့ မိုးနတ်မင်းကြီးနဲ့ တိုင်မှာပါ.. မောင်သုညကတော့ ကြောင်ရုံမကပဲ ရူးနေပါတယ်ဆိုတာ သတင်းကောင်းပါးရင်း... နှင်းဆီဖြူ ကာတွန်းကား သွားကြည့်ပါတော့မယ်ရှန်....
နှင်းဆီဖြူ
Labels: Humor

ဆန့်ကျင်ဘက်ဖြစ်တည်မှု
“ဆန့်ကျင်ဘက်ဖြစ်တည်မှု”
နင်က ဂုဏ်တွေ ငွေတွေ
သိက္ခာတွေကို မော့ကြည့်နေစဉ်မှာ....
ငါက ခေါင်းငိုက်စိုက်ကျရင်း
ပြုတ်ကျသွားတဲ့ စိတ်ဓာတ်တချို့ကို
ငေးနေမိတယ်.....
မိုးရွာတာကို မုန်းတဲ့နင်....
ငါကတော့ ဆွေးဆွေးမြည့်မြည့်
မိုးတွေရွှာတိုင်း မိုးရေတွေထဲ
လမ်းလျှောက်တတ်နေတုန်းပဲ....
စာတွေ အလုပ်တွေနဲ့ပဲ
နင့် အချိန်တွေ ပြည့်နေတတ်ပေမယ့်...
သီချင်းတွေနဲ့ အချိန်ကုန်နေတတ်တဲ့
ငါ့ကို နင်က ပေါ့ပေါ့နေတတ်တယ်တဲ့....
ဟုတ်ပါတယ်... နင်နဲ့ငါက
ဆန့်ကျင်ဘက်ပါ...
လုံးနေတဲ့ ကမ္ဘာကြီးကြောင့်..
ငါတို့ တစ်ချိန်ချိန် ထပ်တွေ့ကြဦးမှာပဲ...
ဒါပေမယ့်လည်း ... ငါနားလည်ပါတယ်...
သိပ်ကြာကြာ မတွေ့ရခင်...
ထပ်ပြီးကျောခိုင်းကြရဦးမှာပဲလေ....
နှင်းဆီဖြူ
Labels: ကဗျာ

Happy Birthday
နှင်းဆီဖြူ ပုံမဆွဲတာ ကြာပါပြီ.. ဟိုး အရင် ပုံဆွဲတုန်းကလဲ ကာတွန်းရုပ်တွေပဲ ဆွဲတာများတယ်... ဒီနေ့တော့ ပုံဆွဲ ချင်စိတ်ပေါ်လာလို့.. မနက်ဖြန် ဖေဖော်ဝါရီလ ၁၃ရက် ဗိုလ်ချုပ်မွေးနေ့ အတွက် အမှတ်တရ... ပုံတူကလေး ဆွဲ ကြည့်ပါတယ်... လူပုံဆွဲတာ ပထမဆုံးမို့ သိပ်မတူရင်သည်းခံပေးပါလို့...
နှင်းဆီဖြူ ပုံဆွဲနေတဲ့ အချိန် အတော အတွင်းမှာလဲ အတွေးတွေအများကြီးပေါ်လာပါတယ်... ဗိုလ်ချုပ်ရဲ့ ပြန့်ကား တဲ့မေးရိုးကြီးတွေက ယောက်ျားပီသပြီး.. ပြတ်သားမှုကို ဖော်ပြနေသလားလို့.... ပြုံးယောင်ယောင်နှုတ်ခမ်းတွေက ကြင်နာတတ်တဲ့ နှလုံးသားကို သက်သေပြနေပါတယ်.. နားရွက်နှစ်ဖက်က မျက်လုံးလိုင်းကြောင်းကနေ နှာသီးဖျားလိုင်းကြောင်းအထိ ရှိနေတာဟာ... အတွေးအခေါ်ကြီးခြင်း.. ဥာဏ်ပညာကြီးခြင်းရဲ့ လက္ခဏာပါ.... မဖြူလွန်း မမည်းလွန်းတဲ့ ခပ်ညိုညို အသားရောင်ကတော့ မြန်မာဆိုတာ သက်သေပြနေသလိုပါပဲ....
ဗိုလ်ချုပ်အောင်ဆန်းဟာ ၁၉.၇.၁၉၄၇ မှာကွယ်လွန် အနိစ္စရောက်ခဲ့ပေမဲ့.... မြန်မာပြည်သူပြည်သားတိုင်းရဲ့ ရင်ထဲမှာတော့ ထပ်ခါတစ်လဲလဲ ရှင်သန်နေဦးမှာပါ....
ဗိုလ်ချုပ်အောင်ဆန်းအား အစဉ်လေးစား ဂုဏ်ပြုလျက်........
နှင်းဆီဖြူ
Labels: events

i hate u
နင့်ကိုငါမုန်းတယ်။ နင့်ကိုငါမုန်းတယ်။
နင့်ကိုငါမုန်းတယ်။နင့်ကိုငါမုန်းတယ်။ နင့်ကိုငါမုန်းတယ်။နင့်ကိုငါမုန်းတယ်။ နင့်ကိုငါမုန်းတယ်။နင့်ကိုငါမုန်းတယ်။နင့်ကိုငါမုန်းတယ်။နင့်ကိုငါမုန်းတယ်။နင့်ကိုငါမုန်းတယ်။ နင့်ကိုငါမုန်းတယ်။။နင့်ကိုငါမုန်းတယ်။နင့်ကိုငါမုန်းတယ်။။နင့်ကိုငါမုန်းတယ်။။နင့်ကိုငါမုန်းတယ်။။
နင့်ကိုငါမုန်းတယ်။နင့်ကိုငါမုန်းတယ်။နင့်ကိုငါမုန်းတယ်။နင့်ကိုငါမုန်းတယ်။နင့်ကိုငါမုန်းတယ်။။
နင့်ကိုငါမုန်းတယ်။နင့်ကိုငါမုန်းတယ်။အရမ်းမုန်းတယ်။နင့်ကိုငါမုန်းတယ်။နင့်ကိုငါမုန်းတယ်။
နင့်ကိုငါမုန်းတယ်။။။။။။နင့်ကိုငါမုန်းတယ်။။။နင့်ကိုငါမုန်းတယ်။နင့်ကိုငါမုန်းတယ်။
နင့်ကိုငါမုန်းတယ်။နင့်ကိုငါမုန်းတယ်။နင့်ကိုငါမုန်းတယ်။နင့်ကိုငါမုန်းတယ်။
နင့်ကိုငါမုန်းတယ်။နင့်ကိုငါမုန်းတယ်။နင့်ကိုငါမုန်းတယ်။
နင့်ကိုငါမုန်းတယ်။နင့်ကိုငါမုန်းတယ်။
နင့်ကိုငါမုန်းတယ်။
Labels: e-diary

အလွမ်း နဲ့ အမုန်း
“အလွမ်း နဲ့ အမုန်း”
ငါ... မိုးတွေရွာရင် အိမ်အပြန်လမ်းမှာ
နင်နဲ့ အတူမိုးရွာထဲ လမ်းလျှောက်ခဲ့တာကို
လွမ်းတယ်.....
ငါ... မနက်စောစော ကော်ဖီသောက်ရင်
နင်နဲ့ အတူ ကော်ဖီသောက်ရင်း
စကားနိုင်လုခဲ့တဲ့ အချိန်တွေကို
လွမ်းတယ်.....
ငါ.... နှင်းဆီပန်းလေးတွေကို တွေ့ရင်
ငါ့ဘဝမှာ ပထမဆုံး လက်ဆောင်ရဖူးတဲ့
နင်ပေးတဲ့ နှင်းဆီဖြူလေးကို
လွမ်းတယ်....
ဒါပေမယ့် နင့်ကိုငါ.. မုန်းတယ်...
ဆေးတွေအများကြီးသောက်ရင်း
နာကျင်ခံစားနေရတာတောင်
“ငါမရှိတော့ရင် ပျော်ပျော်နေပါ”ဆိုပြီး
အတန်တန်မှာနေတတ်တဲ့ နင့်ကို
မုန်းတယ်....
မိုးတွေရွာရင် မိုးစက်တွေနဲ့ အတူ
ကောင်းကင်ပေါ်က ပြန်လာမယ်လို့
ညာတတ်တဲ့ နင့်ကို
မုန်းတယ်....
ငါအမုန်းဆုံးကတော့...
ငါနဲ့ အတူတူနေချင်ပါတယ်ဆိုပြီး
လောကကြီးက အစောဆုံး
ထွက်ခွာသွားတဲ့ နင့်ကို
အမုန်းဆုံးပဲ....
နှင်းဆီဖြူ
Labels: ကဗျာ

အချစ်အမျိုးမျိုး
လောကမှာ အချစ်ဘယ်နှစ်ခုရှိလဲ... အမျာကြီးရှိမှာ ပေါ့နော်.. မိဘကသားသမီးကို ချစ်တဲ့ အချစ်... သားသမီးက မိဘကို ချစ်တဲ့ အချစ်.. သမီးရည်းစား ချစ်သူ နှစ်ဦးက တစ်ယောက်ကို တစ်ယောက်ချစ်တဲ့ အချစ်... ဆရာက တပည့်ကို ချစ်တဲ့ အချစ်... သူငယ်ချင်းတစ်ယောက်နဲ့ တစ်ယောက်ချစ်တဲ့ အချစ်.. အများကြီး .. အများကြီး ကျန်ပါသေးတယ်... အိမ်မှာ မွေးထားတဲ့ ကြောင်လေး ခွေးလေးတွေကို ချစ်တာလဲ အချစ်ပဲပေါ့.. ဒါဆို ဘယ်အချစ်ကပို တန်ဖိုးကြီးလဲ... ဘယ်အချစ်ကရော ပိုကြာရှည်ခံမလဲ... ဘယ်အချစ်ကရော စွန့်လွှတ်ခြင်းပိုများမလဲ... ဘယ်အချစ်က ပိုအေးချမ်းမလဲ.... နှင်းဆီဖြူလဲ မသိပါဘူး.. မသိလို့လဲ မေးနေတာပါ.. သိရင်ပြောပြကြပါနော်...
နှင်းဆီဖြူ
Labels: နှင်းဆီအတွေး

end of attachment ^^
နှင်းဆီဖြူရဲ့ ၅လတာ attachment ကြီးအောင်မြင်စွာပြီးဆုံးသွားကြောင်း ကြေငြာအပ်ပါတယ်... ဖြောင်းဖြောင်း ဖြောင်းဖြောင်း... ဟီးဟီး... ဒီရက်ပိုင်း ပိုစ့် အသစ်မတင် ဖြစ်ရတဲ့ အကြောင်းကတော့ final presentation အတွက် အသေအလဲ စာလုပ်နေရလို့ပါ... ခုပိုစ့်ရေးလို့ ပြီးပြီလို့ မထင်ပါနဲ့... ကျောင်းမှာ လုပ်စရာရှိပါသေးတယ်.. သြော် ... ဘဝဘဝ... ခုရုံးကမပြန်ရသေးခင် စာရေးနေတာ.. အိမ်ပြန်နောက်ကျမှာမို့...း).. ဟီးဟီး... စိတ်တွေ ကြည်လင်နေတယ်... ပျော်ရွှင်နေတယ်.. ဝမ်းသာနေတယ်.. ကြည်နူးနေတယ်... အားရနေတယ်... ကျေနပ်နေတယ်... ကွိကွိ.. ဘာရှိသေးလဲသိဝူး... မရှိတော့ရင် အိမ်ပြန်တော့မယ်... သူများဘလောဂ့်တွေဖတ်ပြီး ကိုယ့်ဘလော့ဂ်ကို ပြန်ကြည့်ရတာ.. အားငယ်တယ်... အဟင့် ... မကောင်းသော်လည်း အောင့်ကာ ဖတ်လိုက်ပါလို့... ဟီး... (မချစ်သော်လည်း အောင့်ကာနမ်း.. ဟုတ်ဝူး...) တာ့တာ...
ယနေ့ကြွလာ မိတ်သဟာ ချမ်းသာကိုယ်စိတ်မြဲပါစေ...
ပူတူတူးလေး နှင်းဆီဖြူ.. :P
Labels: e-diary

အိမ်တက်မင်္ဂလာ
မင်္ဂလာရှိတဲ့ ညချမ်းလေးပါရှင်... အခုချိန်မှာ နှင်းဆီဖြူအိမ်ပြောင်းပြီးပြီ ဖြစ်တဲ့အတွက်... ဘလောဂ့်သို့ လည်လည် လာကြသော ကိုကိုမမ မောင်လေးညီမလေးများကို အိမ်တက် အနေနဲ့ အစားအသောက် စုံစုံလင်လင်နဲ့ ဧည့်ခံကျွေးမွေးမှာ ဖြစ်ပါတယ်... သုံးဆောင်ကြပါ.... အားမနာနဲ့နော်...း)
ကဲရောက်ရောက်ချင်း ရေနွေးလေးသောက်လိုက်ပါဦး..
ဟောဒါက ကြာဇံချက်ကလေးပါ... နှင်းဆီဖြူ အကြိုက်ဆုံးတွေထဲက တစ်ခုပေါ့....
အိုးလိုက်ချပေးထားတယ်... ကြိုက်သလောက်စား...
ဒါလေးက စားပြီးသောက်ပြီး စကားလေးဘာလေး ဟိုအကြောင်း ဒီအကြောင်း ပြောရင်းစားဖို့ လဘ္ဘက်သုပ်ပါရှင့်....
ဒါလေးကတော့ အချိုလေးတည်းရအောင် ကျောက်ကျောကလေးတွေ... ဝအောင်စားနော်
မဝသေးရင် အစကပြန်ဖတ်ပြီး ပြန်စားနိုင်ပါတယ်ရှင်... ဟီးဟီး... အခေါက် နှစ်သိန်းလောက်ဖတ်လဲ စိတ်ဆိုးဝူး.. စားသာစား... အားမနာနဲ့နော်.... နှင်းဆီဖြူကတော့ အိပ်တော့မယ်... တစ်နေကုန် အိမ်ပြောင်းဖို့ ပစ္စည်းသိမ်းရတယ် ပင်ပန်းနေပြီ... နောက်နေ့လဲ ကျောင်းသွားရဦးမယ်...း) တာ့တာ.....
နှင်းဆီဖြူ
(ပုံလေးတွေ အားလုံးကို အုတ်လမ်းပေါ်က ကောက်ရခြင်းဖစ်ကြောင်း... နှင်းဆီဖြူ ကိုယ်ပိုင် ပုံများမဟုတ်ကြောင်း ကလိန်းပါတယ်ရှင်... :P)
Labels: events

လူဖြစ်ရတဲ့ ဒုက္ခ
"ဟိုပြောဒီပြော"
ဒီနေ့ အိမ်ပြောင်းမလို့ တစ်နေကုန် ပစ္စည်းတွေ သိမ်းနေရတယ်..မောလိုက်တာ.. အခုမှ ပြီးသလောက်ရှိလို့... အိမ်ကလေးလာကြည့်တာ... တူညားတေ ဘာတေလာအော်ထားလဲလို့... ခုတစ်လော ဘလော့ဂ်ဂါတစ်ချို့ ပျောက်နေတယ်... မမစောသီရိယုလဲ ပျောက်နေ၏... ဘလောဂ့်လာဖတ်ဖြစ်ရင် ရှိသေးကြောင်းလေး အော်သွားပါဦး... ^-^
အိမ်ပြောင်းမယ်ဆိုတော့မှ ချောင်ကျိုချောင်ကြားက ပျောက်နေတာတွေ အကုန်ပြန်တွေ့တယ် .. ဟီးဟီး.. ပျော်လိုက်တာ... နှင်းဆီဖြူက အရုပ်လေးတွေ အရမ်းကြိုက်ပါတယ်... အခု အိမ်ပြောင်းမယ်ဆိုတော့ ရှိသမျှ အရုပ်တွေ လိုက်သိမ်းတာ.. ၂၀ကျော်တယ်... အရုပ်အကြီး ၇ ရုပ်လောက်နဲ့ နည်းနည်းသေးတာ ၈ရုပ်လောက်.. ကျန်တာလေးတွေကတော့ ပိစိလေးတွေ.. ပျော်လိုက်တာ.. အကုန်ပြန်တွေ့တယ်...
စင်္ကာပူကိုလာမယ်ဆိုတော့ ရန်ကုန်က မခွဲနိုင်မခွာရက် ယူလာတဲ့ အရုပ်ကလေးတောင် တွေ့တယ်... အိမ်ပြောင်းရတာ မလွယ်ပါဘူး.. ပြောင်းဖူးတဲ့ သူတွေ သိမှာပါ... ခုလဲ လူကတော်တော်ကို မောနေပြီ... အဟင့်........
သြော် ... ဟိုသီချင်းလေးပဲ .. ညည်းချင်တော့တယ်....
"လူဖြစ်ရတဲ့ ဒုက္ခ!!!!!!"
နှင်းဆီဖြူ
Labels: e-diary, Humor
OLDER POST | NEWER POST