
![]() |
အိမ်မြောင်နဲ့ နှင်းဆီFriday, July 20, 2012 | 12:02 AM |
2 Dancing Queen and Prince Says
အရည်မရ အဖတ်မရ အငွေ့လဲ မရ အနံ့တောင် မရတာလေးတွေ ပြောပြပါဦးမည်......
တစ်နေ့သောညနေခင်း.... ရာသီဥတု ကောင်းကောင်း ... နေလေးက အေးအေး... ရုံးပိတ်ရက်ကလေး ဆိုတော့.. အရာ အားလုံးက ပြီးပြည့်စုံနေတာပေါ့ကွယ်.... နှင်းဆီဖြူလဲ အပြင်သွားစရာမရှိတော့ အေးအေးဆေးဆေး အိမ်မှာပဲ နှပ်နေတာပေါ့.. ဒီလိုနဲ့ ရေထချိုး ဦးမှ ဆိုပြီး..ရေချိုးဖို့လုပ်ပါတယ်... (ဆင်ဆာဖြတ်ပါတယ်).... ဒီလိုနဲ့ ရေချိုးတယ် ဆိုပါတော့... အရသာ ရှိရှိ သီချင်းလေးဆိုပြီး ရေချိုးနေတုန်း....
ဗြုန်း ဆို....
ရေချိုးခန်းဒေါင့်လေးမှာ ... အိမ်မြောင် အမြီးပြတ်ကြီးတစ်ကောင်!!!!!!!!
ကံကောင်းချင်တော့ သူက ခပ်ဝေးဝေးနံရံပေါ်မှာ....
ကံဆိုးချင်တော့ သူခုန်ချလာရင် ဘယ်ကို ပြေးရပါ့...
ကံကောင်းချင်တော့ ရေချိုးခန်းအပြင်ထွက်ပြေးမယ်လို့ စဉ်းစားမိတယ်..
ကံဆိုးချင်တော့ ဒီတိုင်းကြီးပြေးလို့မှမရတာ... >__<
ကံကောင်းချင်တော့ အင်္ကျီလေး ရေချိုးခန်းထဲမှာ ချိတ်ထားတာ လှမ်းယူမယ်ပေါ့..
ကံဆိုးချင်တော့ အဲဒီနားလေးမှာ အိမ်မြောင်က ကပ်နေတာ...
ကံကောင်းချင်တော့ အိမ်မြောင်ပြုတ်ကျသွားတယ်..
ကံဆိုးချင်တော့ အိမ်မြောင်ကြီးက ရေချိုးခန်း အ၀မှာ ပိတ်ရပ်နေတယ်...
ဒီလိုတော့မဖြစ်ချေဘူး..ရေနဲ့ပတ်ပြီး မောင်းထုတ်မှပဲလို့ တွေးမိတယ်.. နောက်ဆုံးတော့ ရွှေဥာဏ်တော် စူးရောက်တဲ့ သူရဲကောင်းကြီး နှင်းဆီဖြူ တစ်ယောက်.. အိမ်သာ အိုးပေါ်ကို တက်... အိမ်မြောင်ကို ရေနဲ့ပတ်... အိမ်မြောင်ပြေးတာနဲ့ အကျီမြန်မြန်ဝတ်ပြီး.. ရေချိုးခန်းနဲ့ ဝေးရာကို တစ်ချိုးထဲ ပြေးပါတော့တယ် ရှင်.....
နှင်းဆီဖြူ
P.S: the fore mentioned story is based on the true story, miserably happened on one fine day in Singapore.. :)
Labels: e-diary, Humor, အရည်မရ အဖတ်မရ အရုပ်အသစ်Thursday, July 19, 2012 | 11:27 PM |
0 Dancing Queen and Prince Says
ဒီနေ့တော့ ဒိုင်ယာရီ ဆန်ဆန်လေးပဲ ရေးတော့မယ်နော်.. ပေါ့ပေါ့ပါးပါးပေါ့... ခံစားချက်တွေ များလွန်းတော့လဲ လာဖတ်တဲ့သူတွေ နှင်းဆီဖြူ လို ခပ်ကြောင်ကြောင်ဖြစ်သွားမှာစိုးလို့.. meow~~ ဒီနေ့ shopping ထွက်တယ်.. အမတော်နဲ့ ညစာစားတယ်.. အိမ်ပြန်လာတယ်... သွားတာတော့ သူက ၁၂ နှစ်ကလေးလေးတွက် မွေးနေ့လက်ဆောင်ဝယ်ဖို့တဲ့.... ၁၂ ကလေးလေးအတွက်က သစ်ကုလားအုပ်ရုပ် သေးသေးလေး တစ်ရုပ်.. ၂၂ နှစ်ကလေးကြီး နှင်းဆီဖြူလဲ အရုပ်လေးတွေ ချစ်လွန်းလို့ သစ်ကုလားအုပ်ဆင်တူ အရုပ်ကြီးကြီးတစ်ရုပ် ၀ယ်လိုက်တယ်.. ၀ယ်ဖို့လိုက်ရှာတဲ့ ခရမ်းရောင် ခဲသားနဲ့ ခဲသားဘောပင်လဲ ရခဲ့တယ်.. ^-^ ဟိဟိ.. ဒီနေ့လိုချင်တာရတော့ ပျော်သွားပြီ.. မနက်က မိုးတွေရွာတော့.. အလုပ်က ပြတင်းပေါက်ကနေ ကြည့်ပြီး အိမ်ပြန်ကွေးချင်စိတ်ပေါ်တာ.. အဟင့်.. ဘ၀ ဘ၀.... တစ်လလုပ်မှ တစ်နေ့စားရတဲ့ ဘ၀...း( တစ်လလုံး လုပ်ထားတဲ့ လစာ တစ်နေ့ထဲ အိမ်လခ ရေဖိုးမီးဖိုး အင်တာနက်ဖိုး ဖုန်းဖိုး တစ်ရက်ထဲ ပေးလိုက် ပြောင်သွားရော.. ဟီး.... ပျင်းပျင်းရှိတာနဲ့ ထိုင်ရေးနေတာ.. ဒီနေ့တော့ ဒီလောက်ပဲ တော်သေးပြီ... (ဘယ်သူ ဘယ်မှာ သုံးဖူးလဲ မသိ မြင်ဖူးနားဝ ယူသုံးလိုက်ခြင်း) ပုံ - နှင်းဆီဖြူ Labels: e-diary မိုးတွေနဲ့ ညနေTuesday, July 17, 2012 | 10:19 PM |
0 Dancing Queen and Prince Says
မိုးခပ်ဖွဲဖွဲ ကျနေတဲ့ ညနေစောင်းတစ်ခု....... နှင်းဆီဖြူ တစ်ယောက် အလုပ်က နောက်ကျမှ ပြန်လာဖြစ်တယ်.. ပင်ပန်းတာရော.. နေမကောင်းတာရော ပေါင်းပြီး စိတ်ပြေလက်ပျောက် အလုပ်ကိစ္စတွေ.. စိတ်ညစ်စရာတွေ.. ဆေးရုံတတ်နေရတဲ့ သူငယ်ချင်းကိစ္စတွေ.. ခေါင်းထဲက ဆွဲထုတ်.... ဘတ်စ်ကား ပြတင်းပေါက်ရဲ့ အပြင်ကို ခပ်ကြောင်ကြောင် ကြည့်နေမိတယ်.... မိုးစက်လေးတွေ မစိတ်မကြဲတင်နေတဲ့ မှန်ဘောင်...... နားထဲထည့်ပြီးနားထောင်နေတဲ့ သီချင်းသံခပ်ကြယ်ကြယ်..... ကားကြပ်လို့ တစ်လှိမ့်ခြင်းသွားနေတဲ့ ကားအကြီးအသေး တစ်ချို့.... မိုးရွာထဲ လမ်းကူးနေတဲ့ ကျောင်းအပြန် လူငယ်တစ်အုပ်..... ကလေးငယ်ကို ချီပြီးမိုးပေးထားတဲ့ အမေ..... ရွှဲရွှဲစိုနေတဲ့ မိုးထဲက.. ခြောက်ကပ်ကပ် တိုက်ခန်းတစ်ချို့...... လွမ်းဆွေးဆွေး ခံစားချက်တစ်ပိုင်းတစ်စ...... ရင်ခုန်သံ ခပ်တိုးတိုး..... ရုတ်တစ်ရက် မျက်ရည်ဆို့လာတဲ့ မျက်ဝန်းတစ်စုံ...... လွမ်းလိုက်တာနော်.... "လူတိုင်း လူတိုင်းရဲ့ ငယ်ဘ၀မှာ တစ်သက်စာ မမေ့နိုင်တဲ့ လွမ်းစရာ ပျော်ရွှင်မှုတစ်ချို့ မသိမသာ သိမ်းထားမိတတ်ကြတယ်...." နှင်းဆီဖြူ Labels: e-diary, နှင်းဆီအတွေး ဆူးFriday, July 13, 2012 | 12:29 AM |
0 Dancing Queen and Prince Says
ဆူးခနဲ နင့် သွားတဲ့ ခံစားချက်တစ်ခု....
သတိကောင်းကောင်း ရချိန်မှာ ...
သွေးတွေက ဗရပွ....
ထားလိုက်ပါတော့လေ...
နှင်းဆီတစ်ပွင့်ကို ခပ်ကျစ်ကျစ် ဆုပ်ကိုင်မိမှတော့.....
ဆူး ဆူးတာ မဆန်းပါဘူး.....
သိသိ ကြီးနဲ့ ဆူးတာတော့..
ငါ့အလွန်ပဲ ထားပါတော့....
ဆူးရှိတဲ့ နှင်းဆီမှာ...
အပြစ်မှ မရှိပဲ.......
နှင်းဆီဖြူ
Labels: ကဗျာ, နှင်းဆီအတွေး မင်္ဂလာပါ... | 12:21 AM |
0 Dancing Queen and Prince Says
ပစ်ထားတာ ကြာပြီဖြစ်တဲ့.. blog လေးကို ၀င်ကြည့်ရင်း.. လွမ်းသလိုလိုကြီးဖြစ်လာတာနဲ့.. blog ပြန်ရေးဖို့ စိတ်ကူးရှိပါတယ်.. ဘယ်သူဖတ်ဖတ် မဖတ်ဖတ်.. ဟိဟိ..အားပေးတဲ့ သူ များရင်တော့ ပိုရေးဖြစ်မှာပေါ့နော်...း) လူတိုင်း လူတိုင်း နှုတ်ခမ်းထက်မှာ အပြုံးလှလှ လေးတွေ ဆင်မြန်းနိုင်ပါစေ....
နှင်းဆီဖြူ
Labels: e-diary ဘာဖြစ်ချင်လဲThursday, July 12, 2012 | 11:21 PM |
0 Dancing Queen and Prince Says
အိန္ဒိယက ယူပီးသုံးတယ်
ကျုပ်တို့ က ခိုးပြီးသုံးတယ်
ထိုင်းက ဘတ်သုံးတယ်
ကျုပ်တို့ က ပေါ်တင်သုံးတယ် ဂျပန်က ယမ်းသုံးတယ် ကျုပ်တို့ က လျှောက်သုံးတယ် အင်္ဂလန်က ရှီလျှင်သုံးတယ် ကျုပ်တို့ က မရှိလည်းသုံးတယ် ဥရောပက ပေါင်သုံးတယ် ကျုပ်တို့ က အပြတ်ကို ရောင်းစားတယ် ၂၄နာရီလုံး ကမ္ဘာကြီးဟာ တခြမ်းမှောင်တယ် ကျုပ်တို့ က တနိုင်ငံလုံးမှောင်တယ် ... ကဲ ... ဘာဖြစ်ချင်လဲပြော ... :PP
(သူများရေးထားတာတွေ့လို့ ပြန်share ပါတယ်)း)
Labels: မျှဝေခံစားခြင်း နှင်းဆီရိုင်းWednesday, July 11, 2012 | 10:47 PM |
0 Dancing Queen and Prince Says
ရင်ခုန်သံရိုင်းရိုင်းတွေ...ငြိမ်ငြိမ်လေးကနေမိတယ်... စံပယ်တွေပွင့်ဖို့ မိုးရွာတာလား ??? မုန်တိုင်းတစ်ခုရဲ့ရောင်နီလား ??? မိုးခါးရေဆိုရင်တောင် နလုံးသွေးနဲ့ရောသောက်ဖို့ ဝန်လေးမှာမဟုတ်ဘူး.... မတရားတာ..မမျှတတာ...မဖြစ်သင့်တာမပြောနဲ့ ငါ့ရင်ခုန်သံကို တရားစီရင်ခွင့် အပြည့်င့ါမှာရှိပြီးသား အိမ်မက်ဆိုးဆိုးတွေထွေးပွေ့ပြီး မိုးခါးရေအောက်မှာကဖို့ မင့်ရဲ့သွေးစွန်းတဲ့လက်တစ်စုံကို ငါဆုပ်ကိုင်ထားတယ် ချစ်သူ... ကသစ် Labels: ကဗျာ, မျှဝေခံစားခြင်း |