
![]() |
ဒြပ်ပေါင်း နှင့် ဒြပ်စင်Friday, February 8, 2013 | 8:33 PM |
0 Dancing Queen and Prince Says
အချစ်တစ်ခုကို ဓာတုပစ္စည်းတစ်ခုလို ခွဲစိပ်ကြည့်ရင်...
အဖြေက ဘာလဲ..... အချစ်မှာ အတိတ်ဆိုတာပါလား.... အချစ်မှာ အနာဂတ်ဆိုတာပါလား.... အချစ်မှာ ဥစ္စာဓနဆိုတာပါလား... အချစ်မှာ ရယူခြင်းဆိုတာပါလား... အချစ်မှာ ပေးဆပ်ခြင်းဆိုတာပါလား.... အချစ်မှာ အတ္တဆိုတာပါလား.... အချစ်မှာ ပူလောင်မှုတွေပါလား... အချစ်မှာ အေးချမ်းခြင်းတွေပါလား.... အချစ်မှာ အသက်အရွယ်တွေပါလား... အချစ်မှာ ပညာအရည်အချင်းတွေပါလား.... အချစ်မှာ ပျော်ရွှင်စရာတွေပါလား.... အချစ်မှာ ၀မ်းနည်းစရာတွေပါလား.... အချစ်မှာ မာနဆိုတာပါလား.... အချစ်မှာ မိုက်မဲမှုဆိုတာပါလား.... ငါ့အတွက်တော့ အချစ်က "ခွင့်လွှတ်နားလည်မှု" သက်သက်သာပါတဲ့ ဒြပ်စင်တစ်ခုရယ်ပါ...... နှင်းဆီဖြူ Labels: မျှဝေခံစားခြင်း, နှင်းဆီအတွေး ဘာဖြစ်ချင်လဲThursday, July 12, 2012 | 11:21 PM |
0 Dancing Queen and Prince Says
အိန္ဒိယက ယူပီးသုံးတယ်
ကျုပ်တို့ က ခိုးပြီးသုံးတယ်
ထိုင်းက ဘတ်သုံးတယ်
ကျုပ်တို့ က ပေါ်တင်သုံးတယ် ဂျပန်က ယမ်းသုံးတယ် ကျုပ်တို့ က လျှောက်သုံးတယ် အင်္ဂလန်က ရှီလျှင်သုံးတယ် ကျုပ်တို့ က မရှိလည်းသုံးတယ် ဥရောပက ပေါင်သုံးတယ် ကျုပ်တို့ က အပြတ်ကို ရောင်းစားတယ် ၂၄နာရီလုံး ကမ္ဘာကြီးဟာ တခြမ်းမှောင်တယ် ကျုပ်တို့ က တနိုင်ငံလုံးမှောင်တယ် ... ကဲ ... ဘာဖြစ်ချင်လဲပြော ... :PP
(သူများရေးထားတာတွေ့လို့ ပြန်share ပါတယ်)း)
Labels: မျှဝေခံစားခြင်း နှင်းဆီရိုင်းWednesday, July 11, 2012 | 10:47 PM |
0 Dancing Queen and Prince Says
ရင်ခုန်သံရိုင်းရိုင်းတွေ...ငြိမ်ငြိမ်လေးကနေမိတယ်... စံပယ်တွေပွင့်ဖို့ မိုးရွာတာလား ??? မုန်တိုင်းတစ်ခုရဲ့ရောင်နီလား ??? မိုးခါးရေဆိုရင်တောင် နလုံးသွေးနဲ့ရောသောက်ဖို့ ဝန်လေးမှာမဟုတ်ဘူး.... မတရားတာ..မမျှတတာ...မဖြစ်သင့်တာမပြောနဲ့ ငါ့ရင်ခုန်သံကို တရားစီရင်ခွင့် အပြည့်င့ါမှာရှိပြီးသား အိမ်မက်ဆိုးဆိုးတွေထွေးပွေ့ပြီး မိုးခါးရေအောက်မှာကဖို့ မင့်ရဲ့သွေးစွန်းတဲ့လက်တစ်စုံကို ငါဆုပ်ကိုင်ထားတယ် ချစ်သူ... ကသစ် Labels: ကဗျာ, မျှဝေခံစားခြင်း သင်သေသွားသော်Friday, August 27, 2010 | 9:43 PM |
3 Dancing Queen and Prince Says သြော် လူ့ပြည်လောက၊လူ့ဘဝကား အိုရနာရ၊သေရဦးမည် မှန်ပေသည်တည့်။့် သို့ တပြီးသား၊ သင်သေသွားသော် သင် ဖွားသောမြေ၊ သင်တို့မြေသည် အခြေတိုးမြင့်၊ ကျန်ကောင်းသင့်၏။ သင်၏မျိုးသား၊ စာစကားလည်း ကြီးပွားတတ်မြင့်၊ ကျန်ကောင်းသင့်၏ သင်ဦးချ၍၊ အမျှဝေရာ စေတီသာနှင့် သစ္စာအရောင် ဥာဏ်တန်ဆောင်လည်း ပြောင်လျက် ဝင်းလျက် ကျန်စေသတည်း။ ဇော်ဂျီ(အိုးဝေမဂ္ဂဇင်း ၁၉၃၅) ဒီနေ့တော့ ဒီကဗျာလေးကို မှတ်မှတ်ရရ စဉ်းစားရေရွတ်နေမိတယ်... ကဗျာလေးတစ်ပုဒ်လုံး အနှစ်သာရရှိလိုက်တာလို့... ငါမသေခင်ရော... ဒီကဗျာလေးထဲကလို လုပ်နိုင်ပါ့မလား.... Labels: ကဗျာ, မျှဝေခံစားခြင်း, နှင်းဆီအတွေး နှင်းဆီသံစဉ် - my immortalWednesday, July 14, 2010 | 3:20 PM |
ဒီသီချင်းလေးကတော့ နှင်းဆီဖြူ အမြဲတမ်းကြိုက်တဲ့သီချင်းလေးတွေ ထဲကတစ်ပုဒ်ပါ... 4 Dancing Queen and Prince Saysevanescence ရဲ့ my immortal ဆိုတဲ့သီချင်းလေးပါ... အတတ်နိုင်ဆုံးကြိုးစားဆိုထားပေမယ့် အဆိုတော်လောက်တော့ ဘယ် ကောင်းမလဲနော်... mic ကလဲသိပ်မကောင်းတော့ ဟိဟိ... နားပိတ်ပြီးနားထောင်ကြည့်ပေါ့.. :PPPP မူရင်းသီချင်းကိုတော့ Youtube မှာနားထောင်လို့ရပါတယ်.... အောက်က ကဗျာလေးကတော့ သီချင်းလေးထဲက နှင်းဆီဖြူကြိုက်တဲ့ စာသားတစ်ချို့ကို နဲနဲပြင်ပြီး ပြန်ရေးထားတာပါ.... "နင်... ငါ့အနားက ထွက်သွားမယ်ဆို ငါ့ကိုဘာမှမပြောပဲ ထွက်သွားလိုက်ပါ...ချစ်သူ... နင် ထွက်သွားလဲ ငါ့အတွေးတွေထဲမှာ ငါ့အနားက နင်ထွက်သွားမှာ မဟုတ်ဘူး..... ငါ့နှလုံးသားက အနာက ဘယ်တော့မှ ကျက်မှာ မဟုတ်တော့သလို.. အချိန်ဆိုတာ အရာက တိုက်စားလို့ မရတဲ့ အရာတွေ ရှိတယ်ဆိုတာ ငါသိလိုက်ရတယ်.... နင်ငိုတဲ့အခါ ငါနင့်မျက်ရည်တွေ သုတ်ပေးခဲ့ဖူးတယ်.... နင့်ကြောက်စိတ်တွေကို ငါ့အားပေးမှုတွေနဲ့ တိုက်ထုတ်ခဲ့ဖူးတယ်.... ငါတို့နှစ်ယောက်လက်တွေတွဲလို့ လမ်းအတူလျှောက်ခဲ့ဖူးတယ်... ဘာလို့များ နင်မရှိတော့ဘူးဆိုတာ ငါအခုချိန်ထိ လက်မခံနိုင်သေးတာလဲ... ငါ့အတွေးတွေထဲမှာ နင်အမြဲရှိနေတာတောင်.. ငါဘာလို့ အရမ်းအထီးကျန် နေတာလဲ... " my immortal_emodoll | Upload Music နှင်းဆီဖြူ Labels: music, ကဗျာ, မျှဝေခံစားခြင်း မျှဝေခံစားစေလိုသည်...(၂)Friday, June 4, 2010 | 9:37 AM |
အကယ်ေ၇ွ့ ရိုးသားခြင်းဟာ ထိခိုက်စေနိုင်တယ်ဆိုရင်မုသားကိုပဲေ၇ွးချယ်မယ်..... 0 Dancing Queen and Prince Saysအကယ်ေ၇ွ့ မုသားစကားဟာ ထိခိုက်စေမယ်ဆို၇င် ဆိတ်ဆိတ်နေခြင်းကိုေ၇ွးချယ်မယ်.... အကယ်ေ၇ွ့ ဆိတ်ဆိတ်နေခြင်းက ထိခိုက်စေမယ်ဆို၇င် ခွဲခွာခြင်းကိုေ၇ွးချယ်မယ်........ အကယ်ေ၇ွ့ ဆုံးရှုံးခြင်းကို ဒုက္ခလို့ဆို၇င် မင်းပေးဆပ်၇မှာကိုကြောက်နေသလား ????? အကယ်ေ၇ွ့ စွဲလမ်းခြင်းက ဒုက္ခဆို၇င် မင်းပြီးဆုံးခြင်းကိုေ၇ွးချယ်မလား????? အကယ်ေ၇ွ့ ၇၇ှိအောင်ကြိုးစားခြင်းကို ဒုက္ခဆို၇င် မင်းတယူသန်ဖြစ်ခြင်းကိုေ၇ွးချယ်မလား ????? အကယ်ေ၇ွ့ ခွဲခွာခြင်းဟာဒုက္ခဆို၇င် မင်းဘယ်သူကို၇င်ဖွင့်မလဲ ?????? Labels: မျှဝေခံစားခြင်း မျှဝေခံစားစေလိုသည်...(၁) | 9:16 AM |
နှင်းဆီဖြူရဲ့ email ထဲက fwd mail လေးတွေထဲမှာ နှင်းဆီဖြူ ကြိုက်တာလေးတချို့ကို ဒီ label လေး အောက်မှာ post လုပ်သွားမယ်လို့ စိတ်ကူးထားပါတယ်... နှင်းဆီဖြူ ရေးတာ မဟုတ်ဘူးဆိုတာသိစေလိုပါတယ်... 1 Dancing Queen and Prince Says“အကယ်ရွေ့ မင်းတယောက်သောသူကိုမချစ်တော့ဘူး ဆို၇င်လမ်းခွဲံလိုက်ပါ သူများကသူကိုချစ်ဖို့အခွင့်အေ၇း ပေးလိုက်ပါ.... အကယ်ေ၇ွ့မင်းချစ်သူကမင်းကိုထားသွား၇င်စိတ်လျော့လိုက်ပါ တခြားတယောက်ကိုချစ်ဖို့အခွင့်အေ၇း၇တာပေါ့.... တချို့ပစ္စည်းကို မင်းဘယ်လောက်ကြိုက်ကြိုက် မင်းအတွက်ဖြစ်ချင်မှဖြစ်မှာ.... တချို့ပစ္စည်းကို မင်းကြိုက်နေလည်း စွန့်လွှတ်ချင်စွန့်လွှတ်၇မယ်.... ဘ၀မှာအမျိုးမျိုး၇ှိတယ်ေ၇စက်ရှိတိုင်း ပိုင်ဆိုင်ရယူနိုင်မယ်လို့ မဆိုလိုဘူး။ တချို့ေ၇စက်ဆိုတာ ဆုံးရှုံး၇တာပဲ... တချို့ကျတော့ ဘယ်တော့မှ၇လာဒ်ကောင်းမ၇နိုင်ဘူး... လူတယောက်ကိုချစ်ခွင့်ရရုံနဲ့ ပိုင်ဆိုင်ဖို့ဆိုတာ မသေချာဘူး ... ဒါပေမဲ့တယောက်ယောက်ကို ပိုင်ဆိုင်ပြီး၇င်တော့ ကောင်ကောင်းလေးသူ့ကိုပြန်ချစ်ပါ...” အမည်မသိတစ်ယောက်ယောက်ေ၇းသားသည်......း) Labels: မျှဝေခံစားခြင်း |