|
|
အိမ်မြောင်နဲ့ နှင်းဆီFriday, July 20, 2012 | 12:02 AM |
2 Dancing Queen and Prince Says
အရည်မရ အဖတ်မရ အငွေ့လဲ မရ အနံ့တောင် မရတာလေးတွေ ပြောပြပါဦးမည်......
တစ်နေ့သောညနေခင်း.... ရာသီဥတု ကောင်းကောင်း ... နေလေးက အေးအေး... ရုံးပိတ်ရက်ကလေး ဆိုတော့.. အရာ အားလုံးက ပြီးပြည့်စုံနေတာပေါ့ကွယ်.... နှင်းဆီဖြူလဲ အပြင်သွားစရာမရှိတော့ အေးအေးဆေးဆေး အိမ်မှာပဲ နှပ်နေတာပေါ့.. ဒီလိုနဲ့ ရေထချိုး ဦးမှ ဆိုပြီး..ရေချိုးဖို့လုပ်ပါတယ်... (ဆင်ဆာဖြတ်ပါတယ်).... ဒီလိုနဲ့ ရေချိုးတယ် ဆိုပါတော့... အရသာ ရှိရှိ သီချင်းလေးဆိုပြီး ရေချိုးနေတုန်း....
ဗြုန်း ဆို....
ရေချိုးခန်းဒေါင့်လေးမှာ ... အိမ်မြောင် အမြီးပြတ်ကြီးတစ်ကောင်!!!!!!!!
ကံကောင်းချင်တော့ သူက ခပ်ဝေးဝေးနံရံပေါ်မှာ....
ကံဆိုးချင်တော့ သူခုန်ချလာရင် ဘယ်ကို ပြေးရပါ့...
ကံကောင်းချင်တော့ ရေချိုးခန်းအပြင်ထွက်ပြေးမယ်လို့ စဉ်းစားမိတယ်..
ကံဆိုးချင်တော့ ဒီတိုင်းကြီးပြေးလို့မှမရတာ... >__<
ကံကောင်းချင်တော့ အင်္ကျီလေး ရေချိုးခန်းထဲမှာ ချိတ်ထားတာ လှမ်းယူမယ်ပေါ့..
ကံဆိုးချင်တော့ အဲဒီနားလေးမှာ အိမ်မြောင်က ကပ်နေတာ...
ကံကောင်းချင်တော့ အိမ်မြောင်ပြုတ်ကျသွားတယ်..
ကံဆိုးချင်တော့ အိမ်မြောင်ကြီးက ရေချိုးခန်း အ၀မှာ ပိတ်ရပ်နေတယ်...
ဒီလိုတော့မဖြစ်ချေဘူး..ရေနဲ့ပတ်ပြီး မောင်းထုတ်မှပဲလို့ တွေးမိတယ်.. နောက်ဆုံးတော့ ရွှေဥာဏ်တော် စူးရောက်တဲ့ သူရဲကောင်းကြီး နှင်းဆီဖြူ တစ်ယောက်.. အိမ်သာ အိုးပေါ်ကို တက်... အိမ်မြောင်ကို ရေနဲ့ပတ်... အိမ်မြောင်ပြေးတာနဲ့ အကျီမြန်မြန်ဝတ်ပြီး.. ရေချိုးခန်းနဲ့ ဝေးရာကို တစ်ချိုးထဲ ပြေးပါတော့တယ် ရှင်.....
နှင်းဆီဖြူ
P.S: the fore mentioned story is based on the true story, miserably happened on one fine day in Singapore.. :)
Labels: e-diary, Humor, အရည်မရ အဖတ်မရ |