|
|
ပိုးဟပ်ပုံပြင်Sunday, November 7, 2010 | 4:38 PM |
ဒီနေ့တော့ နှင်းဆီဖြူတို့ သူ့ blog လေးပေါ် မျက်စိလည် လမ်းမှားပြီး ဆိုက်ဆိုက်မြိုက်မြိုက် ရောက်လာပါတော့တယ်... 6 Dancing Queen and Prince Saysဟိဟိ.. blog ကလေးက ဖုန်တွေလဲတက်... ပင့်ကူမျှင်တွေလဲကပ်... ခြောက်တောက်တောက်နဲ့ အထီးကျန်နေပါတော့တယ်.... အကြောင်းကတော့ မအားရခြင်းကနေ စ ရတော့မှာပဲ... အလုပ်တွေက ရှုပ်ပါတယ် ဆိုမှ.. နှင်းဆီဖြူတို့ အရှုပ်တွေလုပ်... အရုပ်တွေချုပ်... အဲလေ... အလုပ်တွေ ပိုရှုပ်ပြီး... Singapore တစ်မြို့လုံး ပတ်နေတာက လွဲပြီး ဘယ်မှတောင် မသွားဖြစ်ဘူး... :P ဒီတော့ blog ကလေး ရောက်တုန်းရောက်ခိုက် နှင်းဆီဖြူ မနေ့က ဆင်နွှဲခဲ့တဲ့ ပိုးဟပ်တိုက်ပွဲလေး အကြောင်း ပြောပြချင်ပါတယ်... ဟိုးရှေးရှေးတုန်းကပေါ့ကွယ်..... စင်ကာပူလို့ခေါ်တဲ့ ဗာရာဏသီ ပိစိညောက်တောက်လေးမှာ လက်တောက်လောက်ကလေး ရှိတဲ့ နှင်းဆီဖြူ လေး ကျင်လည်ကျက်စားနေသတဲ့ကွယ်..... တစ်နေ့မှာတော့ အလုပ်တွေ ရှုပ်ပြီး မရှင်းနိုင်တဲ့ ဗီရိုကလေး ရှင်းမယ် အပြု.... နှုတ်ခမ်းမွေးတကားကား... ပြူးတူး ပြဲတဲ ပိုးဟပ်ကြီး တစ်ကောင်ဟာ ဗီရို ကြီး ထဲက မှာ သူအိမ်လုပ် သူနန်းစံပြီး အပိုင်စီးထားပါသတဲ့ကွယ်..... ရဲစွမ်းသတ္တိနဲ့ ပြည့်စုံတဲ့ နှင်းဆီဖြူလေးဟာ... သူ့ထက် အလွန်တရာမှ ကြီးမားတဲ့ ပိုးဟပ်ကြီးကို သတ္တိရှိရှိ နှင့် သူရဲ့ လက်စွဲတော် သတင်းစာ လိပ်ကြီး ကိုင်ဆောင်ကာ မောင်းထုတ်လေသတဲ့ကွယ်..... အဲဒီမှာ ပိုးဟပ်ကြီးလဲ မခံချိမခံသာ ထွက်ပြေးရပါတော့တယ် ကွယ်... ဒါပေမယ့် အဲဒီပိုးဟပ်ကြီး ဟာ ယုတ်မာပတ်စက်စွာ နှင်းဆီဖြူလေး အလစ်မှာ ဗီရိုကြီးထဲပြန်ဝင်ကာ ရွေးကောက်ပွဲလုပ်မယ် ကြံပါတော့တယ်..... သို့သော်....... သို့သော်....... လက်ရုံးရည်သာမက နှလုံးရည်ပါထက်မြက်သွက်လက်တဲ့ နှင်းဆီဖြူလေး ဟာ ဗီရို၏ အနားနှင့် တခါးဘောင်များကို ပိုးဟပ်ဆေးဖြန်းထားသောကြောင့် ပိုးဟပ်ကြီး ခမြာ ယက်ကန်ယက်ကန်နဲ့ ပက်လက်လန်နေပါတော့တယ်... ထိုအချိန်မှာတော့ နှင်းဆီဖြူလေးဟာ ဆိုင်းငံ့ မနေပဲ.. တံမြတ်စည်းနဲ့ ကော်ပြားယူကာ.. ပိုးဟပ်ကြီးကို နယ်နှင်ဒဏ်ပေးလိုက်ပါတော့တယ်ကွယ်....... ပုံပြင်လေးကတော့ ဒါပါပဲကွယ်... မောင်ငယ်ညီမလေးတို့လဲ.... သူများတိုင်းပြည်ကို မတရားသဖြင့် မလိုချင်ရဝူးနော်... :P နှင်းဆီဖြူ |