|
|
သင်သေသွားသော်Friday, August 27, 2010 | 9:43 PM |
3 Dancing Queen and Prince Says သြော် လူ့ပြည်လောက၊လူ့ဘဝကား အိုရနာရ၊သေရဦးမည် မှန်ပေသည်တည့်။့် သို့ တပြီးသား၊ သင်သေသွားသော် သင် ဖွားသောမြေ၊ သင်တို့မြေသည် အခြေတိုးမြင့်၊ ကျန်ကောင်းသင့်၏။ သင်၏မျိုးသား၊ စာစကားလည်း ကြီးပွားတတ်မြင့်၊ ကျန်ကောင်းသင့်၏ သင်ဦးချ၍၊ အမျှဝေရာ စေတီသာနှင့် သစ္စာအရောင် ဥာဏ်တန်ဆောင်လည်း ပြောင်လျက် ဝင်းလျက် ကျန်စေသတည်း။ ဇော်ဂျီ(အိုးဝေမဂ္ဂဇင်း ၁၉၃၅) ဒီနေ့တော့ ဒီကဗျာလေးကို မှတ်မှတ်ရရ စဉ်းစားရေရွတ်နေမိတယ်... ကဗျာလေးတစ်ပုဒ်လုံး အနှစ်သာရရှိလိုက်တာလို့... ငါမသေခင်ရော... ဒီကဗျာလေးထဲကလို လုပ်နိုင်ပါ့မလား.... Labels: ကဗျာ, မျှဝေခံစားခြင်း, နှင်းဆီအတွေး |