|
|
နှင်းဆီသံစဉ် - my immortalWednesday, July 14, 2010 | 3:20 PM |
ဒီသီချင်းလေးကတော့ နှင်းဆီဖြူ အမြဲတမ်းကြိုက်တဲ့သီချင်းလေးတွေ ထဲကတစ်ပုဒ်ပါ... 4 Dancing Queen and Prince Saysevanescence ရဲ့ my immortal ဆိုတဲ့သီချင်းလေးပါ... အတတ်နိုင်ဆုံးကြိုးစားဆိုထားပေမယ့် အဆိုတော်လောက်တော့ ဘယ် ကောင်းမလဲနော်... mic ကလဲသိပ်မကောင်းတော့ ဟိဟိ... နားပိတ်ပြီးနားထောင်ကြည့်ပေါ့.. :PPPP မူရင်းသီချင်းကိုတော့ Youtube မှာနားထောင်လို့ရပါတယ်.... အောက်က ကဗျာလေးကတော့ သီချင်းလေးထဲက နှင်းဆီဖြူကြိုက်တဲ့ စာသားတစ်ချို့ကို နဲနဲပြင်ပြီး ပြန်ရေးထားတာပါ.... "နင်... ငါ့အနားက ထွက်သွားမယ်ဆို ငါ့ကိုဘာမှမပြောပဲ ထွက်သွားလိုက်ပါ...ချစ်သူ... နင် ထွက်သွားလဲ ငါ့အတွေးတွေထဲမှာ ငါ့အနားက နင်ထွက်သွားမှာ မဟုတ်ဘူး..... ငါ့နှလုံးသားက အနာက ဘယ်တော့မှ ကျက်မှာ မဟုတ်တော့သလို.. အချိန်ဆိုတာ အရာက တိုက်စားလို့ မရတဲ့ အရာတွေ ရှိတယ်ဆိုတာ ငါသိလိုက်ရတယ်.... နင်ငိုတဲ့အခါ ငါနင့်မျက်ရည်တွေ သုတ်ပေးခဲ့ဖူးတယ်.... နင့်ကြောက်စိတ်တွေကို ငါ့အားပေးမှုတွေနဲ့ တိုက်ထုတ်ခဲ့ဖူးတယ်.... ငါတို့နှစ်ယောက်လက်တွေတွဲလို့ လမ်းအတူလျှောက်ခဲ့ဖူးတယ်... ဘာလို့များ နင်မရှိတော့ဘူးဆိုတာ ငါအခုချိန်ထိ လက်မခံနိုင်သေးတာလဲ... ငါ့အတွေးတွေထဲမှာ နင်အမြဲရှိနေတာတောင်.. ငါဘာလို့ အရမ်းအထီးကျန် နေတာလဲ... " my immortal_emodoll | Upload Music နှင်းဆီဖြူ Labels: music, ကဗျာ, မျှဝေခံစားခြင်း |