|
|
အတာသင်္ကြန်Friday, April 16, 2010 | 9:04 PM |
0 Dancing Queen and Prince Saysမကြာမီ အချိန် အတွင်းမှာ မြန်မာ ကောဇာသက္ကရာဇ် ၁၃၇၂ ခု နှစ်ဆန်း ၁ရက် နေ့ချိန်ခါသို့ ရောက်ရှိတော့ မှာဖြစ်ပါတယ်ရှင်... နှင်းဆီဖြူကတော့ နှစ်ဟောင်းက အညစ်အကြေးတွေကို ဆေးပေးဖို့ ရေလောင်းမယ့်သူ မရှိသောကြောင့်.. ရေ အခါ ၅၀ လောက်ချိုးပြီး သန့်စင်လိုက်ပါပြီ.. ဟီးဟီး...... နှင်းဆီဖြူ တို့ရဲ့ မြန်မာ့ရိုးရာ.. သင်္ကြန်ဟာဆိုရင်.... ဟိုးရှေးယခင်တုန်းက သပြေခက်နဲ့ ရေပက်ပါတယ်... နောက်နည်းနည်းကြာတော့ ... ငွေဖလားလေးနဲ့ပေါ့... ပြီးတော့ ပိုက်ကလေးနဲ့ ပက်ပါတယ်.. နောက်ပိုင်း ပိုက်ကြီးတွေနဲ့ ပက်ပါတယ်... အားမရသေးပဲ... မီသတ်ပိုက်ကြီးတွေနဲ့ ပက်ကြပြန်ပါတယ်... ဒီနှစ်တော့ ဘယ်ခေတ်နဲ့ မှ မတူအောင် ကန်တော်ကြီးမှာ မီးသတ်ပိုက်ပါ မက လူသတ်ပိုက် ကြီးများနဲ့ ပက်သွားတာ ဆိုရင်ဖြင့်... ဝမ်းနည်းပက်လက် ရှိုက်ကြီးတငင် ရင်သက်ရှုမောဖွယ်ရာ ပါပဲ..... >___< နောက်နှစ်ဆို... ဟင်းး... မတွေးရဲ စရာပါလားနော်....း( ပြောစရာလေးတွေလဲ ကုန်သလောက်ရှိပြီဆိုတော့.. ဒီနေ့တော့ ဒီလောက်ပါပဲကွယ်... သားသားမီးမီးတို့လဲ နှစ်ဟောင်းက အညစ်အကြေးတွေကို ကျွတ်ကျွတ်အိတ်ကလေးတွေနဲ့ သေချာထုတ်ပြီး စွန့်ပစ်ကြဖို့ မမေ့ပါနဲ့ ကွယ်... စင်္ကာပူမှာဆိုတော့ ဒဏ်ငွေရိုက်ခံရပြီး နှစ်ဆန်း ၁ ရက်နေ့တည်းက ပိုက်ပိုက်ပြောင်သွားမှာ စိုးလို့ပါ... ကွိကွိ... တာ့တာ့.. ၁၃၇၁ခုနှစ်ကြီးလဲ တာ့တာ... ငါ့ရဲ့ ပြန်ရတော့မှာ မဟုတ်တဲ့ ဆယ်ကျော်သက် အချိန်လေးတွေလဲ တာ့တာ....း) နှင်းဆီဖြူ |