|
|
လူဖြစ်ရတဲ့ ဒုက္ခTuesday, February 2, 2010 | 4:30 PM |
0 Dancing Queen and Prince Says"ဟိုပြောဒီပြော" ဒီနေ့ အိမ်ပြောင်းမလို့ တစ်နေကုန် ပစ္စည်းတွေ သိမ်းနေရတယ်..မောလိုက်တာ.. အခုမှ ပြီးသလောက်ရှိလို့... အိမ်ကလေးလာကြည့်တာ... တူညားတေ ဘာတေလာအော်ထားလဲလို့... ခုတစ်လော ဘလော့ဂ်ဂါတစ်ချို့ ပျောက်နေတယ်... မမစောသီရိယုလဲ ပျောက်နေ၏... ဘလောဂ့်လာဖတ်ဖြစ်ရင် ရှိသေးကြောင်းလေး အော်သွားပါဦး... ^-^ အိမ်ပြောင်းမယ်ဆိုတော့မှ ချောင်ကျိုချောင်ကြားက ပျောက်နေတာတွေ အကုန်ပြန်တွေ့တယ် .. ဟီးဟီး.. ပျော်လိုက်တာ... နှင်းဆီဖြူက အရုပ်လေးတွေ အရမ်းကြိုက်ပါတယ်... အခု အိမ်ပြောင်းမယ်ဆိုတော့ ရှိသမျှ အရုပ်တွေ လိုက်သိမ်းတာ.. ၂၀ကျော်တယ်... အရုပ်အကြီး ၇ ရုပ်လောက်နဲ့ နည်းနည်းသေးတာ ၈ရုပ်လောက်.. ကျန်တာလေးတွေကတော့ ပိစိလေးတွေ.. ပျော်လိုက်တာ.. အကုန်ပြန်တွေ့တယ်... စင်္ကာပူကိုလာမယ်ဆိုတော့ ရန်ကုန်က မခွဲနိုင်မခွာရက် ယူလာတဲ့ အရုပ်ကလေးတောင် တွေ့တယ်... အိမ်ပြောင်းရတာ မလွယ်ပါဘူး.. ပြောင်းဖူးတဲ့ သူတွေ သိမှာပါ... ခုလဲ လူကတော်တော်ကို မောနေပြီ... အဟင့်........ သြော် ... ဟိုသီချင်းလေးပဲ .. ညည်းချင်တော့တယ်.... "လူဖြစ်ရတဲ့ ဒုက္ခ!!!!!!" နှင်းဆီဖြူ |