|
|
ငါဟဲ့ မိန်းမMonday, January 18, 2010 | 8:24 PM |
0 Dancing Queen and Prince Saysဟိုပြောဒီပြော ဟိုရောက်ဒီရောက် (၁) ပြီးခဲ့တဲ့ စနေနေ့က နှင်းဆီဖြူတစ်ယောက် သူငယ်ချင်းတစ်သိုက်နဲ့ NYPMM Show သွားကြည့်ဖြစ်ပါတယ်... သွားကြည့်တော့ စ စ ဦးဆုံး နိုင်ငံတော်သီချင်းကို ပရိတ်သတ်အားလုံး မတ်တတ်ရပ်ကာ သတိအနေအထားနဲ့ ဆိုရပါတယ်.... သီချင်းလဲ ဆိုပြီးရော ပထမဆုံး သတိရတာ ငယ်ငယ်က တက်ခဲ့တဲ့ စမ်းချောင်း ၂ ဆိုတဲ့ ကျောင်းတော်ကြီးကိုပေါ့..... နှင်းဆီဖြူ တစ်ယောက် ကျောင်းမှာ နိုင်ငံတော် သီချင်းတွေ ဇာတိမာန် သီချင်းတွေ ဆိုရတာကို လွမ်းနေပြီလို့ မထင်ပါနဲ့...း) ... ကျောင်းမှာ နိုင်ငံတော်သီချင်းဆိုခိုင်းရင် စားပွဲအောက်ဝင်ပြီး ထမင်းခိုးစားတာ သွားသတိရတာပါ.... ဟီးဟီး... အဲလို လိမ္မာတာ... ကျောင်းကလဲ မိန်းကလေးကျောင်းဆိုတော့ အကျင့်ပုပ် ယောက်ျားလေးတွေ မရှိတော့ ဘယ်သူမှ မတိုင်ပါဘူး... စားမှာပဲ... ဟိဟိ... ဒါနဲ့ ဘုရားရှိခိုးပြီးလို့ တရားငါးမိနစ် ထိုင်ခိုင်းရင် ခြောက်မိနစ်လောက် အိပ်ငိုက်ပါတယ်.... သမီး လိမ္မာလေးမှန်း သိပြီမလား.... ဒါတွေလုပ်ခဲ့လို့ အမျိုးမချစ်ဘူး.. ဘာသာရေးစိတ်ဓာတ် မရှိဘူးလို့တော့ မထင်ပါနဲ့ .... မြန်မာလူမျိုးကို ချစ်သလို မြတ်စွာဘုရားရှင်ကိုလဲ ကြည်ညိုပါတယ်..... ^__^ .... NYPMM Show အကြောင်းပြောရမယ် ဆိုရင်တော့ ကောင်းပါတယ်လို့ပြောမှာပါ.... အားလုံး အားကြိုးမာန်တက် ကြိုးကြိုးစားစား အားသွန်ခွန်စိုက် နေ့ မအား ညမနား မိုးလင်းမိုးချုပ်.... NYP က မြန်မာ ကိုကို မမ မောင်လေး ညီမလေးများက မဖြစ်ဖြစ်အောင် လုပ်ထားတာ သိပ်ကောင်းပါတယ်လို့ပဲ ပြောချင်တယ်... MRT ကနေ Bus ထက်စီးရတာရယ်... လမ်းလျှောက်ရတာ တော်တော်လေး ဝေးတာရယ်... ရှူးရှုးပေါက်ပြီး ပြန်ဝင်လာရင် ticket အတင်းတောင်းကြည့်တော့ သူငယ်ချင်းဆီပေးထားတဲ့ ticket ကလေး ပြေးပြရတာရယ်ကို ဘယ်ပြောရက် မလဲနော်... သူတို့သွေးနဲ့ ချွေးနဲ့ ရင်းပြီး ဖြစ်အောင် စီစဉ်ပေးထားတာ... ပြောရက်ပါဘူး.... နှင်းဆီဖြူက အကောင်း သိပ်မြင်တတ်တာနော်... ဟွင်းဟွင်း.... အကောင်းမြင်တတ်တာလေး ပြောပြဦးမယ်.... ပိုလီနောက်ဆုံးနှစ်မှာ ကျောင်းသားကျောင်းသူတွေ ကျန်းမာကြံခိုင်ရေး အတွက် NAPFA Test ဆိုတာဖြေရပါတယ်... အားကစားလုပ်ခိုင်းတာပါ... အိပ်ထမတင်တို့ တာတိုကိုပစ္စည်းလေးကောက်ပြီး နှစ်ခေါက်ပြေးခိုင်းတာတို့ အပါအဝင် တစ်ခြားကစာနည်းလေး နည်းနည်းရယ်... တာဝေး အကြားကြီး ဘောလုံးကွင်း ဘယ်နှစ်ပါတ်မှန်းမသိ ပြေးခိုင်းပါတယ်... ငယ်ငယ်ထဲက ကျောင်းမှာ ကာယချိန် အားကစားလုပ်ရမယ်ဆို နေမကောင်းချင်ယောင်ဆောင်တတ်တဲ့ နှင်းဆီဖြူ... ဒီတခါတော့ သွားပြီပေါ့.... တစ်ကယ်လဲသွားတာပါပဲ... အိပ်ထမတင်မှာထဲက သတ်မှတ်ချိန် အတွင်း အရေအတွက် ပြည့်အောင်မလုပ်နိုင်လို့ ကျပါတယ်... အဟင့်.... =.= စိတ်ဓာတ်ကလေးလဲ အဲ့မှာတစ်ပါထဲ ကျသွားပါတယ်... ပြန်ကောက်လို့တောင်ရဘူး... တာတိုပြေးမယ်ဆိုရော မဖြစ်သေးပါဘူးဆိုပြီး... ငါဟဲ့မိန်းမ ဆိုပြီး အားကြိုးမာန်တက် ပြေးလိုက်တာ.. ဘိုင်းကနဲ လဲပြီး... ဒူးနှစ်ဖက်လုံးပြဲသွားတယ်ရှင့်.... T______T ကိုယ့်ကိုယ်ကိုတောင် သနားလာပြီ.... အဲမှာနောက်ဆုံး တားဝေးပြေးတာကြီး ပြေးခိုင်းတော့ဘူးရှင့်.... ပြေးလဲ ကျမှာပဲဟာ... မပြေးပဲကျတာပိုတန်တာပေါ့လို့ တွေးပြီး... NAPFA test ကျလဲပျော်ပျော်ကြီး... ဒူးနှစ်ဖက်လုံး ပတ်တီးကြီး အဖွေးသား .... စပ်ဖြီးဖြီးမျက်နှာနဲ့ ... အိမ်ပြန်လာတာပါ...း) နှင်းဆီဖြူ၏ ယနေ့ဆောင်ပုဒ် ............ “ငါဟဲ့ မိန်းမ!!!!!” နှင်းဆီဖြူ |