|
|
စွန်ငယ်Thursday, January 14, 2010 | 8:45 PM |
0 Dancing Queen and Prince Says"စွန်ငယ်" ခုတော့ ကိုယ်သိလိုက်တယ်... ဒါဆို ကိုယ်အစက သိတာတွေက သိတာမဟုတ်သေးဘူးပေါ့... ကိုယ်မသိတာ သိရတော့ သိတာတွေက ဘာမှမသိသေးတာမှန်း... ကိုယ်တော်တော်သိလိုက်ရတယ်.. ကိုယ်သိတာ အရေးမကြီးပါဘူး... သူသိလားမသိလားတော့ မသိဘူး... ကိုယ်တော့ သိလိုက်ပါတယ်... ကိုယ်သိတာတခုကတော့ ကိုယ်မသိတာတွေ သိလာတယ်ပေါ့... ကိုယ်သိသိ မသိသိ မသိသေးတာတော့ အမှန်ဘဲ... ကိုယ်ဘာလို့ ကိုယ့်ကိုကိုယ်သိတယ် ထင်တာလဲ စဉ်းစားလို့မရဘူး... ကိုယ်သိလိုက်တာတော့ ကိုယ်ပိုသိလာတယ်.... ကိုယ်မသိသေးတာတွေ သိချင်ပါသေးတယ်... ဒီလောက်သိတာနဲ့တော့ သိတာတွေလည်း မသိချင်တော့ပါဘူး... ကိုယ်မသိတော့ ပိုမသိလာတာပေါ့... နောက်ပြန်စဉ်းစားတော့ သိပ်မသိသေးဘူးဘဲ.... ကိုယ် သိသိသာသာ ဘာသိလဲတော့ မသိဘူး.. သေသေချာချာတော့ သိပ်မသိတာ သေချာတယ်... နောက်ဆုံးသိခဲ့တာတော့ ကိုယ်က ကြိုးရှည်ရှည်ဆွဲထားတဲ့ စွန်လေးတစ်ခုဘဲတဲ့... ဒါဆိုရင်တော့ ဘယ်တော့မှ ပြန်မလာတော့တဲ့ ဟိုးးးး အဝေးဆုံးကို လွင့်ထွက်တဲ့ စွန်လေးတစ်ခုဘဲ ဖြစ်ချင်တော့တယ်.... ( စာသားလေးတွေ ကြိုက်လွန်းလို့ တင်လိုက်တာပါ... နှင်းဆီဖြူရေးထားတာလုံးဝ မဟုတ်ပါဘူး... နှင်းဆီဖြူရဲ့ သူငယ်ချင်းတစ်ယောက်ရေးထားတာပါ... ကြိုက်လွန်းလို့ မပြောပဲ ယူလိုက်မိတယ်... သူက ဘလော့ဂ်လဲ မရေးသလို နှင်းဆီဖြူ့ ဘလော့ဂ် ကိုလဲမသိပါဘူး.... အောက်ကဆက် ဖော်ပြမှာလေးကတော့ နှင်းဆီဖြူ ရေးတာပါ... ^___^ ) susan ရေ နင်မသိအောင် နင့်စာလေးကို ဒီမှာတင်လိုက်တယ်.... နင်မသိပေမဲ့ နင်သိလာတဲ့တစ်နေ့ကျ ငါကသိရက်သားနဲ့ နင်မသိအောင်လုပ်တယ်ဆိုပြီး အပြစ် မတင်အောင် နင်သိစေဖို့ ပြောလိုက်တာနော်... နင်သိသိ မသိသိ ငါကတော့ ဒီစာလေးကို ကြိုက်တယ်.... နင်သိတာ မသိတာ အရေးမကြီးပေမဲ့ .... နင်မသိပဲတင်မိတော့ ငါမကောင်းဖြစ်မှာစိုးလို့... နင်မသိအောင်ပဲ ဒီမှာကြိုတောင်းပန်ထားလိုက်တာ.. ဟီးဟီး.... နှင်းဆီဖြူ |