|
|
ကြောင်ရောင်းရန်ရှိသည်Saturday, January 9, 2010 | 7:47 PM |
0 Dancing Queen and Prince Saysအရောင် - အဝါရောင် ဖျော့ဖျော့ အဖြူစပ်သည် (တရုတ်ကြောင်ပေါ့နော် အဟက်... :P) အသက် - မပြောနိုင်ပါ (သတ်ချင် သတ်သွားလိုက် ပြောဘူး) အကျင့်စရိုက် - စကားတော်တော်လေး ပြောသည်။ ည ည ဂိမ်းဆော့တတ်သည်။ ထမင်းတစ်နေ့ နှစ်ခါ နှင့် မနက်ပိုင်းတွင် ကော်ဖီသောက်တတ်သည်။ မိုးရွာသောနေ့များတွင် ကော်ဖီတိုက်ရန် ပူဆာတတ်သည်။ မထင်ရင် မထင်သလို သခင်ကို ထ ကုပ်တတ်သေးသည်။ :P ကာတွန်းကားများ ပြထားပါက စိတ်ပါဝင်စားစွာ ကြည့်တတ်သည်။ တန်ဖိုး - နှလုံးသားပူပူနွေးနွေး... ကန့်သတ်ချက် - ဝယ်ယူလိုသော သခင်ကိုယ်တိုင်၏ အသစ်ချက်ချွတ် နှလုံးသားဖြစ်ရမည်.. ထိခိုက်ရှရာများ၊ အကွဲများ၊ အက်ရာများ အလိုမရှိ။ စုံစမ်းရန် - မြှားနတ်မောင်ထံတွင် စုံစမ်းမေးမြန်းနိုင်သည်။ နှင်းဆီဖြူ |