|
|
side bar :(Thursday, December 24, 2009 | 10:28 AM |
0 Dancing Queen and Prince Saysစိတ်ညစ်လိုက်တာ… T~T ဘလောဂ့်လေး side bar မှာ သီချင်းလေးတွေထဲ့ချင်လို့ ဟာကို အဆင်ကို မပြေဘူး… ဟွန်း… ထည့်ချင်တဲ့ သီချင်းကို ရှာမတွေ့ရတာနဲ့ ဖွင့်လို့ မရတာနဲ့… နောက်ဆုံးတော့ လက်လျှော့လိုက်တယ်… ကိုယ့်ကိုယ်ကိုလဲ ဒီလောက် ပိန်းရလားလို့ အပြစ်တင်မိတယ်… T~T နောက်မှပဲ ထပ်ကြိုးစားပြီးရအောင်လုပ်ပါမယ်…း) အခုအဲလို ပြဿနာတွေဖြစ်တော့ စာရေးချင်စိတ်က ကုန်သွားရော… ဒါပေမဲ့လဲ သြော် မရေးတာကြာတော့ ပရိတ်သတ်ကြီး လွမ်းနေတော့မယ် ဆိုပြီး (မလွမ်းလဲ လွမ်းတယ်လို့ လိမ်လိုက်ပါ.. နော်.. xD) စိတ်ညစ်ရတဲ့ အကြောင်းလေးထိုင်ရေးနေတာ… ဟီးဟီး… ပြီးတော့ရှိသေးတယ်… စာလုပ်စရာ… သို့သော်လည်း ပျင်းရိမှုဒဏ်ကို တွန်းလှန်နိုင်စွမ်းက negative အနေအထားမှာ ရောက်နေသောကြောင့် စာမလုပ်ပဲ… ဘလောဂ့်ထိုင်ရေးနေခြင်းဖြစ်ပါတယ်… ဒီဘလောဂ့်လေးကို လာဖတ်ကြတဲ့ သူငယ်ချင်းတွေကိုလဲ ကျေးဇူး အထူးတင်ရှိပါကြောင်း……… နှစ်သစ်ရောက်တော့မှာ ဖြစ်တဲ့အတွက် စိတ်သစ်ကိုယ်သစ်နဲ့ (ရည်းစားတော့အသစ်လုပ်နဲ့ နော် ဟွန့်… :P) ၂၀၁၀ ခုနှစ်ကို ပျော်ပျော်ပါးပါး (မော်တော်ကားကြီးနဲ့) ဖြတ်သန်းနိုင်ပါစေ လို့ ဆုမွန်ကောင်း တောင်းလိုက်ပါကြောင်း…… နှင်းဆီဖြူကတော့ နှစ်သစ် count down ကို အိမ်မှာ စားလိုက် အိပ်လိုက်နဲ့ ဆင်နွှဲဖို့ အစီအစဉ်ရှိကြောင်း…… သတင်းအစုံအလင်မှာ… တူနယ်တူနယ် တူနယ်တူနယ် တူနယ်တူနယ် ပြောင်… တူနယ်တူနယ် တူနယ်တူနယ် တူနယ်တူနယ် ပြောင်… :P :P :P :P ပေါလိုက်တာနော်… ရုပ်ကလေးကချောသလောက်… မထင်ရဘူး…… :P xD နှင်းဆီ မဖြူ့တဖြူ :P (ဒီတစ်ရက်ကတော့ နဲနဲ ဆေးလှုပ်မသောက်မိလို့ ခွင့်လွှတ်ပေးလိုက်ကြပါရှင်… ) ^_____^V |