|
|
အရုပ်အသစ်Thursday, July 19, 2012 | 11:27 PM |
0 Dancing Queen and Prince Says
ဒီနေ့တော့ ဒိုင်ယာရီ ဆန်ဆန်လေးပဲ ရေးတော့မယ်နော်.. ပေါ့ပေါ့ပါးပါးပေါ့... ခံစားချက်တွေ များလွန်းတော့လဲ လာဖတ်တဲ့သူတွေ နှင်းဆီဖြူ လို ခပ်ကြောင်ကြောင်ဖြစ်သွားမှာစိုးလို့.. meow~~ ဒီနေ့ shopping ထွက်တယ်.. အမတော်နဲ့ ညစာစားတယ်.. အိမ်ပြန်လာတယ်... သွားတာတော့ သူက ၁၂ နှစ်ကလေးလေးတွက် မွေးနေ့လက်ဆောင်ဝယ်ဖို့တဲ့.... ၁၂ ကလေးလေးအတွက်က သစ်ကုလားအုပ်ရုပ် သေးသေးလေး တစ်ရုပ်.. ၂၂ နှစ်ကလေးကြီး နှင်းဆီဖြူလဲ အရုပ်လေးတွေ ချစ်လွန်းလို့ သစ်ကုလားအုပ်ဆင်တူ အရုပ်ကြီးကြီးတစ်ရုပ် ၀ယ်လိုက်တယ်.. ၀ယ်ဖို့လိုက်ရှာတဲ့ ခရမ်းရောင် ခဲသားနဲ့ ခဲသားဘောပင်လဲ ရခဲ့တယ်.. ^-^ ဟိဟိ.. ဒီနေ့လိုချင်တာရတော့ ပျော်သွားပြီ.. မနက်က မိုးတွေရွာတော့.. အလုပ်က ပြတင်းပေါက်ကနေ ကြည့်ပြီး အိမ်ပြန်ကွေးချင်စိတ်ပေါ်တာ.. အဟင့်.. ဘ၀ ဘ၀.... တစ်လလုပ်မှ တစ်နေ့စားရတဲ့ ဘ၀...း( တစ်လလုံး လုပ်ထားတဲ့ လစာ တစ်နေ့ထဲ အိမ်လခ ရေဖိုးမီးဖိုး အင်တာနက်ဖိုး ဖုန်းဖိုး တစ်ရက်ထဲ ပေးလိုက် ပြောင်သွားရော.. ဟီး.... ပျင်းပျင်းရှိတာနဲ့ ထိုင်ရေးနေတာ.. ဒီနေ့တော့ ဒီလောက်ပဲ တော်သေးပြီ... (ဘယ်သူ ဘယ်မှာ သုံးဖူးလဲ မသိ မြင်ဖူးနားဝ ယူသုံးလိုက်ခြင်း) ပုံ - နှင်းဆီဖြူ Labels: e-diary |