|
|
မိုးတွေနဲ့ ညနေTuesday, July 17, 2012 | 10:19 PM |
0 Dancing Queen and Prince Says
မိုးခပ်ဖွဲဖွဲ ကျနေတဲ့ ညနေစောင်းတစ်ခု....... နှင်းဆီဖြူ တစ်ယောက် အလုပ်က နောက်ကျမှ ပြန်လာဖြစ်တယ်.. ပင်ပန်းတာရော.. နေမကောင်းတာရော ပေါင်းပြီး စိတ်ပြေလက်ပျောက် အလုပ်ကိစ္စတွေ.. စိတ်ညစ်စရာတွေ.. ဆေးရုံတတ်နေရတဲ့ သူငယ်ချင်းကိစ္စတွေ.. ခေါင်းထဲက ဆွဲထုတ်.... ဘတ်စ်ကား ပြတင်းပေါက်ရဲ့ အပြင်ကို ခပ်ကြောင်ကြောင် ကြည့်နေမိတယ်.... မိုးစက်လေးတွေ မစိတ်မကြဲတင်နေတဲ့ မှန်ဘောင်...... နားထဲထည့်ပြီးနားထောင်နေတဲ့ သီချင်းသံခပ်ကြယ်ကြယ်..... ကားကြပ်လို့ တစ်လှိမ့်ခြင်းသွားနေတဲ့ ကားအကြီးအသေး တစ်ချို့.... မိုးရွာထဲ လမ်းကူးနေတဲ့ ကျောင်းအပြန် လူငယ်တစ်အုပ်..... ကလေးငယ်ကို ချီပြီးမိုးပေးထားတဲ့ အမေ..... ရွှဲရွှဲစိုနေတဲ့ မိုးထဲက.. ခြောက်ကပ်ကပ် တိုက်ခန်းတစ်ချို့...... လွမ်းဆွေးဆွေး ခံစားချက်တစ်ပိုင်းတစ်စ...... ရင်ခုန်သံ ခပ်တိုးတိုး..... ရုတ်တစ်ရက် မျက်ရည်ဆို့လာတဲ့ မျက်ဝန်းတစ်စုံ...... လွမ်းလိုက်တာနော်.... "လူတိုင်း လူတိုင်းရဲ့ ငယ်ဘ၀မှာ တစ်သက်စာ မမေ့နိုင်တဲ့ လွမ်းစရာ ပျော်ရွှင်မှုတစ်ချို့ မသိမသာ သိမ်းထားမိတတ်ကြတယ်...." နှင်းဆီဖြူ Labels: e-diary, နှင်းဆီအတွေး |