|
|
ခေါင်းကြီးပြိတ္တာMonday, August 16, 2010 | 11:32 AM |
ဒီနေ့ညမှ ကိုဘမောင် တစ်ယောက် ကျောချမ်းနေလေသည်... အရင်နေ့တွေက ဟိုဘက်ရွာက ပြန်လာရင် ဒီလောက် နောက်မကျ... ဒီနေ့မှ လုပ်စရာလေးတွေက မပြီးတော့ နဲနဲ ညနက်သွားသည်... ရွာကိုရောက်ဖို့ကလဲ ညဘက်လော်ရီကားကြီးတွေ မှီအောင်ပြန်ရမည်.. ညကလဲ နက်နေပြီ... သချိုင်းထဲမှ ဖြတ်ပြန်မှသာ ညကားမှီမည်မို့.. ကိုဘမောင် ဘာမှ မတတ်နိုင်... ခြေလှမ်းကို ခပ်သွက်သွက် လျှောက်နေမိသည်... သချိုင်းနားရောက်ခါနီးတော့ ကိုဘမောင် အတွေးစုံဝင်လာလေသည်... ဘာကြောင့်မှန်း မသိ အနောက်က တစ်စုံတစ်ယောက်လိုက်လာသလိုလို ခံစားနေရသည်... 1 Dancing Queen and Prince Saysအနောက်သို့ လှည့်မကြည့်ရဲသဖြင့် ခြေလှမ်းကို ကျဲနိုင်သမျှကျဲအောင် လျှောက်ရင်း ကားဂိတ်သို့ ရောက်ဖို့သာ စိတ်လောနေမိသည်.. နောက်ကလိုက်လာသည့် ခြေသံကလဲ.. သူမြန်ရင် မြန်လာသည်.. သူနှေးရင် နှေးသွားသည်... ကိုဘမောင်နောက်မှ ထပ်ကျပ်မကွာလိုက်လာလေသည်... ချမ်းစိမ့်နေတဲ့ လမိုက်ည အေးအေးမှာ ကိုဘမောင် တစ်ယောက် ချွေးစေးတွေ ပြိုင်းပြိုင်းကျနေလေတော့သည်... နောက်ဆုံးတော့ အရဲစွန့်ပြီ ကိုဘမောင် ခြေလှမ်းရပ်ကာနောက်လှည့်ကြည့်လိုက်မိသည်... ပါးစပ်ကလဲ ရသမျှ ဘုရားစာစုံအောင် ဗလုံးဗထွေး ရွတ်ရင်းနောက်ကလိုက်လာသူကို ကြည့်လိုက်တော့... ပုပုသေးသေး ခန္ဓာကိုယ်လေးကို တွေ့ရသည်... လက်ကလေး ခြေကလေးများလဲ သေးသေးလေးပင်.. သို့သော် ခေါင်းကြီးမှာ ခန္ဓာကိုယ်နှင့် နှိုင်းယှဉ်လျှင် အဆမတန် ကြီးနေလေသည်... ကိုဘမောင်၏ခေါင်း လေးလုံးခန့်စာလောက်ပင်ရှိမည်... ကိုဘမောင်လဲ ကတုန်ကယင်ဖြင့်ဘာလုပ်ရမှန်းမသိ... နောက်ဆုံးတော့ ကြောက်ကြောက်နှင့် ဘုရားစာရွတ်ကာ ထိုပြိတ္တာဆန်ဆန် အကောင်ကို လက်သီးဖြင့်ထိုးကာ ထွက်ပြေးလာလေတော့သည်... ကြောက်ကြောက်နှင့်မို့ ဘယ်နှစ်ချက်ထိုးခဲ့မိသည်မသိ.... ကားဂိတ်ရောက်သည်အထိသူ့ အဖြစ်သူတွေ့ကြည့်ကား ထိတ်လန့်နေဆဲ... ပြန်တွေးကြည့်တော့လဲ.. ထိုအကောင်ကြီး၏ ခေါင်းမှာ သာမှန်မဟုတ် မာမာကြီးဖြစ်နေသည်ကို သတိထားမိသည်... ဘာအကောင်ကြီးဖြစ်ဖြစ် အမျှအမျှအမျှဟုလဲ အထပ်ထပ် ရွတ်နေမိသည်... ကားဂိတ်တွင် လူရှိနေ၍တော်သေးသည်... ကိုဘမောင်တို့ ရွာချင်းနီးနားရွာက မောင်ခွေး... သူလဲ ကားစောင့်နေပုံရသဖြင့် ကိုဘမောင် တစ်ယောက်တည်းမဟုတ်ဟု နဲနဲ ကြောက်စိတ်ပြေသွားသည်.. ဘာပဲ ဖြစ်ဖြစ် တစ်ခုခုဆို နှစ်ယောက်ရှိတယ် မဟုတ်လား...း)... “ဟေ့ကောင်.. သာအေးနောက်ကျလှချည်လားကွ” မောင်ခွေး ၏နှုတ်ဆက်သံကြောင့် ကိုဘမောင် ရောက်လာသူကို လှည့်ကြည့်လိုက်မိသည်.. မောင်ခွေးတို့ နဲ့ တစ်ရွာတည်းဖြစ်ပုံပေါ်သည်... အသက်ငယ်ငယ်နဲ့ ကလေးသာသာအရွယ်လေးသာ.. ဒီအချိန်ကြီးထိ အလုပ်လုပ်နေရရှာသည်... သူတို့ဘဝလေးတွေ တွေးမိတော့ သနားမိသလိုလို... “ဟုတ်တယ် ကိုကြီးခွေး.. ကျနော်လဲ ဒီနေ့ အမေ နေမကောင်းလို့ နောက်နေ့ ဆေးဖိုးရအောင်ဆိုပြီး ပဲပင်ပေါက် မကုန်မချင်းလိုက်ရောင်းနေတာ နဲနဲ မိုးချုပ်သွားတယ်ဗျာ” သြော်မိဘကျေးဇူးသိတတ်ရှာတယ်... ဒီလိုသားလေး ကြီးပွားဦးမယ်ဟု စိတ်ထဲက ကြိတ်ပြီး ကြည်နူးနေမိသည်...း) “ဒါပေမယ့် ကျနော်ဒီနေ့ကံမကောင်းပါဘူးဗျာ.. ညနက်လာလို့ ကြောက်ကြောက်နဲ့ သချိုင်းနားက ဖြတ်တုန်း.. လူကြီးတစ်ယောက်တွေ့တာနဲ့ အားကိုးပြီး သူ့နောက်က လိုက်လာတာ ဘယ်သူမှန်းမသိတော့ ကျနော်လဲ စကားမပြောရဲဘူးဗျ ကျနော်တို့ရွာကလဲ ဟုတ်ပုံမရဘူး.. ဒါနဲ့ သူနောက်က ကပ်လိုက်လာတာ ဒီနားရောက်မှ နောက်လှည့်ပြီး ကျနော်ရွက်ထားတဲ့ ပဲပင်ပေါက်တောင်းကိုရော ကျနော့်ပါထိုးပြီး.. ထွက်ပြေးသွားတယ်ဗျာ ... တော်သေးတယ်.. ဈေးရောင်းလို့ ရလာတဲ့ ပိုက်ဆံလေးတွေ လုမသွားတာ.. ” ဟင်... ဒါဆို... ဒါဆို.. ငါထိုးခဲ့တဲ့ အကောင်ကြီးက... @____@ နှင်းဆီဖြူ (ကြားဖူးနားဝ သရဲဟာသလေးတစ်ခုပြန်ပြောပြတာပါ.. နဲနဲ ပြန်ပြီး ဖတ်လို့ကောင်းအောင်ရေးထားတာ... တစ်ခါတစ်လေတော့ လည်း ကြောက်စိတ်ဆိုတာ ကိုယ့်ကို ပြန်ခြောက်သွားတာပါပဲ... ) |