|
|
တောင်းပန်ခြင်းSaturday, August 14, 2010 | 10:11 AM |
နှင်းဆီဖြူ ဒီရက်ပိုင်း စာသိပ်မရေးနိုင်တဲ့ အချိန်မှာ ဖတ်စရာ မရှိတဲ့ ဘလောဂ့်ကလေးကို ဖုံလေးလာသုပ်လိုက်.. သီချင်းလေး နားထောင်လိုက်... c box မှာလာအော်လိုက် ... အမျိုးမျိုး လာအားပေးကြတဲ့ သူငယ်ချင်းတွေ အကုန်လုံးကို ကျေးဇူးတင်ပါတယ်.... အဲလို လာအားပေးတဲ့လူရှိမှလဲ စာဆိုတာ ရေးချင်တာ.. မဟုတ်ရင် ကိုယ်တစ်ယောက်ထဲ စကားတွေ ပြောနေရသလိုပဲ... အားငယ်တယ်... T___T .... နှင်းဆီဖြူ လဲ အလုပ်သွားလိုက်.. ပြန်လာလိုက်.. ရုပ်ရှင်ကြည့်လိုက်.. facebookလိုက်... ရန်ကုန်က မာမီတို့နဲ့ ဖုန်းပြောလိုက်နဲ့ အလုပ်ရှုပ်နေတာ.. ဘလောဂ့်ကလေးရေးချင်ပေမယ့် ပျင်းပြီး မရေးဖြစ်ဖူး ဖြစ်နေတယ်... 1 Dancing Queen and Prince Saysဒီနေ့တော့ သူငယ်ချင်းတစ်ယောက်ပို့တဲ့ သရဲ ဇာတ်လမ်းလေး ဖတ်ပြီး.. ငယ်ငယ်က ၈တန်း ၉ တန်းလောက်က ဖြစ်ခဲ့တဲ့ အဖြစ်လေး တစ်ခုကို သွားတွေးမိလို့ သူငယ်ချင်းတွေကို ပြောပြချင်တာနဲ့ ချရေးလိုက်တာပါ.... နောက်လဲ ရှိပါသေးတယ်.. နှင်းဆီဖြူတို့ စမ်းချောင်း ၂ က ဟိုး အင်္ဂလိပ်ခေတ်က church ကြီးပါ... နောက်တော့ ဂျပန်တွေက churchကြီးကို ဖျက်ပြီး.. ဆေးရုံလုပ်ပစ်ပါတယ်... ဟဲဟဲ အဲတော့ အဲလိုကျောချမ်းစရာ ဇာတ်လမ်းတွေ ဘယ်လောက်များမလဲ တွေးကြည့်ပေတော့.... နှင်းဆီဖြူတော့ ကျောင်းဝင်း အနောက်ထဲမှာ Sister တွေသေရင် မြုပ်တဲ့သချိုင်း အသေးလေး ရှိပါတယ်.. နှင်းဆီဖြူ ကျောင်းတက်ခဲ့တဲ့ ၁၁ နှစ်လုံးတော့ ဘယ်သူမှ မဝင်ရဘူးဆိုပြီး ဆရာမတွေက သော့ခတ်ထားတယ်... ဒါပေမယ့်လဲ... လူတွေရဲ့ သဘာဝအတိုင်း မလုပ်နဲ့ဆို လုပ်ချင်ကြတဲ့ ကျောင်းသူတွေတော့ သွားကြည့်ကြတာပဲ... နှင်းဆီဖြူ တို့တော့ မသွားပေါင်... ကျောင်းမုန့်စားဆင်းချိန် မုန့်ဈေးတန်းသွားပြီး မုန့်စားတာတောင် အချိန် မလောက်တာ... အဲလိုလျှောက်သွားဖို့ အချိန်တောင် မရဘူး.. ဟိဟိ.... ကျောင်းတုန်းကတော့ ဇာတ်လမ်းတွေ စုံပါတယ်.. ရီစရာတွေ ရော... ငိုစရာတွေရော... စိတ်တိုစရာတွေရော.. ပျော်စရာတွေရော.. စုံလို့.... အခုတော့ အဲလို ရသစုံတဲ့ ဘဝလေးကို တစ်ခေါက်လောက်ပြန်နေကြည့်ချင်တယ်..း) ခုတော့ ပျင်းစရာကြီး... ရီချင် ငိုချင်ရင်တောင် ရုပ်ရှင် ကြည့်နေပြီး ခံစားချက် အတုတွေနဲ့ ရီရ ငိုရတဲ့ ဘဝ.. ရွှတ်ဖက်... ... .. >_< နှင်းဆီဖြူ Labels: e-diary |