|
|
ချစ်ခြင်းရူပနိယာမMonday, July 26, 2010 | 10:25 PM |
8 Dancing Queen and Prince Saysနယူတန်ရဲ့ ပထမ ရွေ့လျားခြင်း နိယာမလိုပဲ... ငါ့ရဲ့ uniform motion နဲ့ ရွေ့လျားနေတဲ့.. ဘဝလေးဟာ “နင်” ဆိုတဲ့ external force ကြောင့်.. မတည်မငြိမ်ဖြစ်ခဲ့ရတယ်.... ပန်းသီးကြွေတာဟာ ကမ္ဘာဆွဲအားကြောင့်ဆိုရင်... ငါ့ရဲ့နှလုံးသားကို ကြွေကျအောင်လုပ်နိုင်တဲ့.. “နင့်”မှာလဲ ဆွဲအားပြင်းပြင်းရှိလို့လားလို့.. နယူတန်နဲ့တွေ့ရင် မေးကြည့်ချင်တယ်..... ဒါပေမယ့်လဲ “နင်”ရယ်.... action တိုင်းရဲ့ ဆန့်ကျင်ဘက်ကိုဦးတည်နေတဲ့.. reaction ရှိနေတယ်ဆိုတဲ့ တတိယနိယာမကြောင့်... ငါတို့ဝေးကြရတယ်လို့ပဲ ဖြေသိမ့်လိုက်တော့မယ်.... နှင်းဆီဖြူ Labels: ကဗျာ |