|
|
နှင်းဆီဖြူ ပေါက်စနလေး အကြောင်း သိကောင်းစရာWednesday, June 9, 2010 | 11:01 AM |
ပိုးဟပ်ကြီးက ပိုးဟပ်လေးတုန်းက အကြောင်းတွေရေးထားတာ ဖတ်ပြီး နှင်းဆီဖြူလဲ ငယ်ငယ်က တလွဲလေးတွေ ပြောပြချင်ပါတယ်...း) ရှက်စရာတွေရော ရီစရာတွေရော... ပျော်ရတာပေါ့ .... ဟုတ်ဘူးလား... 4 Dancing Queen and Prince Saysငယ်ငယ်တုန်းက အမေရော အဖေရော အလုပ်လုပ်တော့ နှင်းဆီဖြူ ကို ထိန်းတာ က အဒေါ်တွေ ဦးလေးတွေပေါ့ .... နှင်းဆီဖြူ ငယ်ငယ်က ရှူးရှူးပေါက်ရမှာ တော်တော်ပျင်း ဆိုပဲ... မာမီကပြောပြတာ...း) .. အဒေါ်တွေက ရှူးရှူးတယ် မယ်ဆိုပြီး ခေါ်ရင် အကြောက်အကန်ငြင်းတာ... မပေါက်ချင်ဘူး မပေါက်ချင်ဘူး ဆိုပြီး အော်တာ... ဒါနဲ့ အဒေါ်က အိမ်သာထဲ ခေါ်သွားပြီ “ရှူး”ဆိုပြီးလုပ်တော့ ရှူးရှူးတွေက ထွက်ကျကုန်တာပေါ့... အဲမှာ ပြဿနာက စတာပဲ... မျက်ရည်တွေရော နှပ်တွေရောကျလာပြီး အဒေါ်ကို ငိုပြီး ဂျီကျတယ်တဲ့.. ဘာပြော်တယ် မှတ်လဲ... “မပေါက်ချင်ပါဘူးဆိုနေ... ပြန်သွင်းပေး”တဲ့... ရီပါ .. ရီပါ... ဘယ်သူနဲ့ တွေ့တွေ့ ကိုယ့်သမီး ငယ်ကျိုး ငယ်နာဖော်ပြီး မာမီပြောပြောပြနေကျ...း( အဟင့်... နောက်တစ်ခေါက်လဲ ဒီလိုပါပဲ.. ဒီတခါ ကဦးလေး သူရှူးတယ်တာ မပေါက်လို့ သူက ကြောက်မလားဆို ခြောက်ကြည့်တာ... ဒီကလေး ပြောစကားနားမထောင်ဘူး ငါရိုက်လိုက်ရ ဆိုပြီး ခြောက်တော့... နှင်းဆီဖြူ က ဦးလေးကို ဘာပြန်ပြောတယ်မှတ်လဲ... “နင်တို့အိမ်မှာ ငါမနေဘူး... သွားမယ်” ဆိုပြီး အိမ်နောက်က တောင်ကုန်းလေးပေါ် တက်သွားလို့ နောက်က လိုက်ဆွဲရတယ်တဲ့.. ဟိဟိ.... သူတို့ပြောလို့သာ သိရတာ မှတ်တောင် မမှတ်မိပါဘူး... အဲလို ဂျစ်ကန်ကန်ကလဲ လုပ်သေးတယ်..... နောက်တစ်ခါကတော့ ဆေးတိုက်တာပါ.. နှင်းဆီဖြူရဲ့ ကြီးကြီး က နှင်းဆီဖြူ မူကြိုကျောင်းက ပြန်လာရင် ဆေးတိုက်ပါတယ် အားဆေးထင်တာပဲ ဘာဆေးလဲတော့ မမှတ်မိတော့ဘူး... ဆေးကတော့ capsule လေးနဲ့ ပြောင်ပြောင်ချောချောလေး... နှင်းဆီဖြူကလဲ ဂျစ်ကန်ကန်ဆိုတော့ မသောက်ဘူးပေါ့... ဟိဟိ... ဒါနဲ့ ကြီးကြီးခမျာ ဥာဏ်နီ ဥာဏ်ပြာတွေ ထုတ်ရတော့တာပေါ့... သူက ငှက်ပျောသီးကို အတုံးလေးတွေ တုံးပြီး ငှက်ပြောသီး အလယ်မှာ ဆေးလေးကို ထည့် နှင်းဆီဖြူကို လိမ်ပြီးကျွေးပါတယ်... ဟီဟီ... နှင်းဆီဖြူကလဲ ဘယ်ရမလဲ ငှက်ပျောသီးသာ သုံးလေးတုံး ကုန်သွားတယ်.. ဆေးကို ပြန်ပြန် ထွေးထုတ်လို့ နှင်းဆီဖြူ ကို ဆေးတိုက်တဲ့ ကြီးကြီးရဲ့ mission မအောင်မြင်လိုက်ပါဘူး... ငါကွ... ;P အဲ.. နှင်းဆီဖြူက ဆေးသောက်ရမှာတို့ ... ရှူးပေါက်ရမှာတို့သာ ဂျစ်ကန်တာနော်... အစားစားရမယ်ဆိုရင်တော့ လာထားပဲ.... တစ်ခါမာမီက နှင်းဆီဖြူ ရှေ့မှာ ပန်းကန် အလွတ်တစ်လုံးနဲ့ ဇွန်းတစ်ချောင်းချထားပြီး စားစရာ သွားယူတာ.. ပြန်လာတော့ ဘာမှ မရှိတဲ့ ပန်းကန်ကို ဇွန်းနဲ့ ထိုင်ပြီး ခပ်စားနေတယ်တဲ့.... ဟီးဟီး.... အဲလိုအစားကြီးတာ... ဘာပဲလာလာ စားမယ်ဆိုတာကြီးပဲ.... ငယ်ကျိုးငယ်နာလေးတွေလဲ ကုန်သလောက်ရှိပြီဆိုတော့.... တာ့တာပါရှင်... နောက်လဲ ငယ်ငယ်က အကြောင်းတွေ သတိရတာ ရှိရင် ရေးပါဦးမယ်... နှင်းဆီဖြူ Labels: e-diary |