|
|
လူရယ်လို့ ဖြစ်လာရင်......Monday, June 7, 2010 | 2:46 PM |
သွက်လက်လှုပ်ရှား 6 Dancing Queen and Prince Saysနုငယ်ပျော်ပါးနေတဲ့.... ငါ... တစ်နေ့နေ့တော့ အိုရမှာပဲ.... ရောဂါကင်းရှင်း သန့်စင်ကြည်လင်နေတဲ့.... ငါ... တစ်နေ့နေ့တော့ နာရမှာပဲ...... နှလုံးခုန်သံ တစ်ဒုတ်ဒုတ်နဲ့ လောကစည်းစိမ်တွေ ခံစားနေတဲ့.... ငါ... တစ်နေ့နေ့တော့ သေရမှာပဲ..... လိုတိုင်းတ တ,တိုင်းရ တောင့်တသမျှလိုအင် ပြည့်စုံနေတဲ့... ငါ.... တစ်နေ့နေ့တော့ မွဲရမှာပဲ.... မိဘဆွေမျိုး ချစ်သူ မောင်နှမ ချစ်ပြနေတဲ့ .... ငါ...... တစ်နေ့နေ့တော့ ကွဲရမှာပဲ....... နှင်းဆီဖြူ (ဇွန်လ ၆ရက် ၂၀၁၀ နေ့က ဟောခဲ့သော ထူကြီးဆရာတော် ဘုရား၏ တရားတော်ကို နာကြားရင်း တွေးမိတာလေးတွေ ရေးထားတာပါ... လူရယ်လို့ ဖြစ်လာခဲ့ရင် အိုရမယ် နာရမယ် သေရမယ် မွဲရမယ် ကွဲရမယ် အဲဒါတွေက သဘာဝအလျောက်ဖြစ်ပျက်နေတာဖြစ်လို့ ရှောင်ကြဉ်လို့ မရပါဘူး ဝမ်းနည်းနေလို့ မရပါဘူး ဆိုတာဟောခဲ့တာလေး ပြန်ကြားယောင်ရင်း... ရေးထားတာပါ...း) ) Labels: ကဗျာ |