|
|
facebookWednesday, February 17, 2010 | 5:00 PM |
0 Dancing Queen and Prince Says“facebook သုံးခြင်းသည် ကျန်းမာရေးကို ဆိုးရွားစွာ ထိခိုက်စေနိုင်ပါတယ်...” facebook ကိုစွဲလမ်းစွာ သုံးစွဲခြင်းကြောင့် အောက်ပါရောဂါများ ဖြစ်ပွားနိုင်ပါတယ်....... ၁. အိပ်ရေးပျက်ခြင်း - cafe world မှာဟင်းများသိုးမည် စိုးသောကြောင့် ညကြီးအချိန်မတော် ဟင်းတွေသွားကြည့်ရပါတယ်... farm ville, country story, farm town တို့တွင် အပင်ပေါက်ပြီး သူများခိုးသွားမည် စိုးသောကြောင့် စောစောစီးစီး ထ ထ ကြည့်ရပါတယ်... ၂. မျက်စိမှုန်ခြင်း - ဂိမ်းအမျိုးမျိုးဆော့ခြင်း နှင့် ကွန်ပြူတာရှေ့ တစ်ချိန်လုံးထိုင်နေခြင်းကြောင့် ဖြစ်ပွားနိုင်ပါတယ်... ၃. အညောင်းမိခြင်း - ထိုင်ရာမှ မထ ဘယ်မှလဲမသွား မလှုပ်မယှက်နေခြင်း၏ အကျိုးရလဒ်ပါ... ၄. ကိုယ်လက်များထုံကျင် ကိုက်ခဲခြင်း - အဆိုးဆုံးကတော့ farm ville ပါ... အဲဒါကြီးလိုက် click ရလွန်းလို့ လက်ထိပ်ကလေးတွေနာတာ တော်တော်ဆိုးပါတယ်... ၅. ခေါင်းကိုက်ခြင်း - အိပ်ရေးပျက်ခြင်းမှ ရရှိသော နောက်ဆက်တွဲ ရောဂါတစ်မျိုးပါ... ၆. နှာခေါင်းရောဂါအမျိုးမျိုး - ဒါကတော့ သိပ်ရှင်းစရာလိုမယ် မထင်ပါဘူး... :P ၇. အပျင်းဖျားခြင်း - ကြာကြာသုံးစွဲမိရင်.. ဘယ်မှ မသွားချင်တော့သလို တခြားဘာမှလဲ လုပ်စရာမရှိတော့ပါ.. facebook မှာ သူငယ်ချင်းများရင် ပိုဆိုးပါတယ်.. ဟိုလူ့ဆီသွားကြည့် ဒီလူ့ဆီသွားကွန်မန့်နဲ့ တစ်နေကုန်တာပါပဲ... ၈. ဂယောင်ခြောက်ခြားဖြစ်ခြင်း၊ အိပ်မက်ဆိုးများမက်ခြင်း - ဒါကတော့ ကိုယ်တွေ့... မနေ့ကတောင် အိပ်မက်ထဲမှာ cube crash ဆော့နေသေးတယ်... ဟီး ၉. သွေးတိုးတက်ခြင်း - ဒေါသထွက်ခြင်းကြောင့်ဖြစ်တတ်ပါတယ်... နှင်းဆီဖြူလဲ ဟိုနေ့က cube crash ဆော့တာ level 4 မှာသေသေသွားလို့ ဒေါသတွေ အချောင်းလိုက် အချောင်းလိုက် ထွက်နေပါတယ်....း( level 7 တောင်တစ်ခါပဲရောက်ဖူးပါတယ်... ဗြဲ ... ငိုချင်လာပြီ... ဒီတိုင်းသာဆို.. စိတ်ကျရောဂါပါ ထည့်ရမလိုလို....း(း(း(း( မကျေနပ်ဝူး... သွားပြန်ဆော့မယ်... ဟွန့်... :P နှင်းဆီဖြူ Labels: Humor, နှင်းဆီအတွေး |