|
|
အလွမ်း နဲ့ အမုန်းMonday, February 8, 2010 | 9:34 AM |
0 Dancing Queen and Prince Says“အလွမ်း နဲ့ အမုန်း” ငါ... မိုးတွေရွာရင် အိမ်အပြန်လမ်းမှာ နင်နဲ့ အတူမိုးရွာထဲ လမ်းလျှောက်ခဲ့တာကို လွမ်းတယ်..... ငါ... မနက်စောစော ကော်ဖီသောက်ရင် နင်နဲ့ အတူ ကော်ဖီသောက်ရင်း စကားနိုင်လုခဲ့တဲ့ အချိန်တွေကို လွမ်းတယ်..... ငါ.... နှင်းဆီပန်းလေးတွေကို တွေ့ရင် ငါ့ဘဝမှာ ပထမဆုံး လက်ဆောင်ရဖူးတဲ့ နင်ပေးတဲ့ နှင်းဆီဖြူလေးကို လွမ်းတယ်.... ဒါပေမယ့် နင့်ကိုငါ.. မုန်းတယ်... ဆေးတွေအများကြီးသောက်ရင်း နာကျင်ခံစားနေရတာတောင် “ငါမရှိတော့ရင် ပျော်ပျော်နေပါ”ဆိုပြီး အတန်တန်မှာနေတတ်တဲ့ နင့်ကို မုန်းတယ်.... မိုးတွေရွာရင် မိုးစက်တွေနဲ့ အတူ ကောင်းကင်ပေါ်က ပြန်လာမယ်လို့ ညာတတ်တဲ့ နင့်ကို မုန်းတယ်.... ငါအမုန်းဆုံးကတော့... ငါနဲ့ အတူတူနေချင်ပါတယ်ဆိုပြီး လောကကြီးက အစောဆုံး ထွက်ခွာသွားတဲ့ နင့်ကို အမုန်းဆုံးပဲ.... နှင်းဆီဖြူ Labels: ကဗျာ |