|
|
တနင်္ဂနွေပြောတဲ့ တနင်္ဂနွေပုံပြင်Sunday, February 21, 2010 | 11:21 AM |
0 Dancing Queen and Prince Saysငါတို့တွေ တနင်္ဂနွေနဲ့ ဘာမှမဆိုင်တဲ့ အင်္ဂါနေ့မှာ တွေ့ကြတယ်..... နင်နဲ့ အပြင်တူတူလျှောက်လည်ဖြစ်တဲ့ ငါတို့ရဲ့ first date က သောကြာနေ့ကြီးပေါ့..... နင့်နဲ့ ငါ ပထမဆုံး online မှာ chatဖြစ်ကြတာက တနင်္လာနေ့လို့ နင်ကပြောတယ်.... ဒါနဲ့ များ မဆီမဆိုင် ငါကနင့်ကို sunday လို့ခေါ်တယ်နော်... ငါတို့နဲ့ ဘာမှမဆိုင်ပဲ နင့်မွေးနေ့ဖြစ်လို့ ခေါ်ခဲ့တဲ့ sunday ကို ငါဘာလို့ ချစ်မိသွားတာလဲ.... ငါတနင်္ဂနွေနေ့တိုင်း ပျော်တယ်... sunday ဆိုတဲ့ နင့်ရဲ့ အနီးဆုံးမှာ ရှိနေတဲ့ တနင်္ဂနွေနေ့တိုင်းကို ပျော်တယ်... ငါအသက်နဲ့ ခန္ဓာချုပ်ငြိမ်းလို့ လောကကြီးက ထွက်ခွာသွားရရင်တောင် တနင်္ဂနွေတိုင်းမှာ ငါအသက်ပြန်ရှင်ပါရစေ....း) နှင်းဆီဖြူ Labels: ကဗျာ |