|
|
ဆန့်ကျင်ဘက်ဖြစ်တည်မှုMonday, February 15, 2010 | 10:38 AM |
1 Dancing Queen and Prince Says“ဆန့်ကျင်ဘက်ဖြစ်တည်မှု” နင်က ဂုဏ်တွေ ငွေတွေ သိက္ခာတွေကို မော့ကြည့်နေစဉ်မှာ.... ငါက ခေါင်းငိုက်စိုက်ကျရင်း ပြုတ်ကျသွားတဲ့ စိတ်ဓာတ်တချို့ကို ငေးနေမိတယ်..... မိုးရွာတာကို မုန်းတဲ့နင်.... ငါကတော့ ဆွေးဆွေးမြည့်မြည့် မိုးတွေရွှာတိုင်း မိုးရေတွေထဲ လမ်းလျှောက်တတ်နေတုန်းပဲ.... စာတွေ အလုပ်တွေနဲ့ပဲ နင့် အချိန်တွေ ပြည့်နေတတ်ပေမယ့်... သီချင်းတွေနဲ့ အချိန်ကုန်နေတတ်တဲ့ ငါ့ကို နင်က ပေါ့ပေါ့နေတတ်တယ်တဲ့.... ဟုတ်ပါတယ်... နင်နဲ့ငါက ဆန့်ကျင်ဘက်ပါ... လုံးနေတဲ့ ကမ္ဘာကြီးကြောင့်.. ငါတို့ တစ်ချိန်ချိန် ထပ်တွေ့ကြဦးမှာပဲ... ဒါပေမယ့်လည်း ... ငါနားလည်ပါတယ်... သိပ်ကြာကြာ မတွေ့ရခင်... ထပ်ပြီးကျောခိုင်းကြရဦးမှာပဲလေ.... နှင်းဆီဖြူ Labels: ကဗျာ |