|
|
Happy BirthdayFriday, February 12, 2010 | 9:52 AM |
0 Dancing Queen and Prince Saysနှင်းဆီဖြူ ပုံမဆွဲတာ ကြာပါပြီ.. ဟိုး အရင် ပုံဆွဲတုန်းကလဲ ကာတွန်းရုပ်တွေပဲ ဆွဲတာများတယ်... ဒီနေ့တော့ ပုံဆွဲ ချင်စိတ်ပေါ်လာလို့.. မနက်ဖြန် ဖေဖော်ဝါရီလ ၁၃ရက် ဗိုလ်ချုပ်မွေးနေ့ အတွက် အမှတ်တရ... ပုံတူကလေး ဆွဲ ကြည့်ပါတယ်... လူပုံဆွဲတာ ပထမဆုံးမို့ သိပ်မတူရင်သည်းခံပေးပါလို့... နှင်းဆီဖြူ ပုံဆွဲနေတဲ့ အချိန် အတော အတွင်းမှာလဲ အတွေးတွေအများကြီးပေါ်လာပါတယ်... ဗိုလ်ချုပ်ရဲ့ ပြန့်ကား တဲ့မေးရိုးကြီးတွေက ယောက်ျားပီသပြီး.. ပြတ်သားမှုကို ဖော်ပြနေသလားလို့.... ပြုံးယောင်ယောင်နှုတ်ခမ်းတွေက ကြင်နာတတ်တဲ့ နှလုံးသားကို သက်သေပြနေပါတယ်.. နားရွက်နှစ်ဖက်က မျက်လုံးလိုင်းကြောင်းကနေ နှာသီးဖျားလိုင်းကြောင်းအထိ ရှိနေတာဟာ... အတွေးအခေါ်ကြီးခြင်း.. ဥာဏ်ပညာကြီးခြင်းရဲ့ လက္ခဏာပါ.... မဖြူလွန်း မမည်းလွန်းတဲ့ ခပ်ညိုညို အသားရောင်ကတော့ မြန်မာဆိုတာ သက်သေပြနေသလိုပါပဲ.... ဗိုလ်ချုပ်အောင်ဆန်းဟာ ၁၉.၇.၁၉၄၇ မှာကွယ်လွန် အနိစ္စရောက်ခဲ့ပေမဲ့.... မြန်မာပြည်သူပြည်သားတိုင်းရဲ့ ရင်ထဲမှာတော့ ထပ်ခါတစ်လဲလဲ ရှင်သန်နေဦးမှာပါ.... ဗိုလ်ချုပ်အောင်ဆန်းအား အစဉ်လေးစား ဂုဏ်ပြုလျက်........ နှင်းဆီဖြူ Labels: events |