|
|
အိမ်တက်မင်္ဂလာTuesday, February 2, 2010 | 11:44 PM |
မင်္ဂလာရှိတဲ့ ညချမ်းလေးပါရှင်... အခုချိန်မှာ နှင်းဆီဖြူအိမ်ပြောင်းပြီးပြီ ဖြစ်တဲ့အတွက်... ဘလောဂ့်သို့ လည်လည် လာကြသော ကိုကိုမမ မောင်လေးညီမလေးများကို အိမ်တက် အနေနဲ့ အစားအသောက် စုံစုံလင်လင်နဲ့ ဧည့်ခံကျွေးမွေးမှာ ဖြစ်ပါတယ်... သုံးဆောင်ကြပါ.... အားမနာနဲ့နော်...း) 0 Dancing Queen and Prince Saysကဲရောက်ရောက်ချင်း ရေနွေးလေးသောက်လိုက်ပါဦး.. ဟောဒါက ကြာဇံချက်ကလေးပါ... နှင်းဆီဖြူ အကြိုက်ဆုံးတွေထဲက တစ်ခုပေါ့.... အိုးလိုက်ချပေးထားတယ်... ကြိုက်သလောက်စား... ဒါလေးက စားပြီးသောက်ပြီး စကားလေးဘာလေး ဟိုအကြောင်း ဒီအကြောင်း ပြောရင်းစားဖို့ လဘ္ဘက်သုပ်ပါရှင့်.... ဒါလေးကတော့ အချိုလေးတည်းရအောင် ကျောက်ကျောကလေးတွေ... ဝအောင်စားနော် မဝသေးရင် အစကပြန်ဖတ်ပြီး ပြန်စားနိုင်ပါတယ်ရှင်... ဟီးဟီး... အခေါက် နှစ်သိန်းလောက်ဖတ်လဲ စိတ်ဆိုးဝူး.. စားသာစား... အားမနာနဲ့နော်.... နှင်းဆီဖြူကတော့ အိပ်တော့မယ်... တစ်နေကုန် အိမ်ပြောင်းဖို့ ပစ္စည်းသိမ်းရတယ် ပင်ပန်းနေပြီ... နောက်နေ့လဲ ကျောင်းသွားရဦးမယ်...း) တာ့တာ..... နှင်းဆီဖြူ (ပုံလေးတွေ အားလုံးကို အုတ်လမ်းပေါ်က ကောက်ရခြင်းဖစ်ကြောင်း... နှင်းဆီဖြူ ကိုယ်ပိုင် ပုံများမဟုတ်ကြောင်း ကလိန်းပါတယ်ရှင်... :P) Labels: events |