|
|
ဝိဥာဉ်တစ်ကောင်၏ အတ္ထုပတ္တိWednesday, January 27, 2010 | 9:59 AM |
0 Dancing Queen and Prince Saysချစ်ခြင်းကို ဆာလောင်နေတဲ့ ဝိဥာဉ်တစ်ကောင်..... ယုတ်မာခြင်းရဲ့ လမ်းတွေထဲမှာ လမ်းပျောက်နေတယ်.... ဟောင်းလောင်းပေါက် ဖြစ်နေတဲ့ ငါ့ရင်ဘတ်ကြီးအတွက်... နှလုံးသားတစ်စုံ ဘယ်မှာများ ဝယ်လို့ ရမလဲ..... ရှေ့နားမှာ အလင်းရောင် မှိန်ဖြဖြ ပါလား.... မျှော်လင့်ချက်လေးနဲ့ ငါဖြေးဖြေးချင်း လျှောက်သွားမိတယ်.. သြော်... နောက်ကျမှသိလိုက်ရတာက... အတ္တဆိုတဲ့ မီးဟုန်းဟုန်းက ငါ့ကို လှည့်စားလိုက်တာပါလား.... နှလုံးသားမဲ့ ဝိဥာဉ်တစ်ကောင်လဲ မီးလျှံတွေထဲမှာ... တစ်စ တစ်စ ဒုတိယ အကြိမ် သေရတယ်...... နှင်းဆီဖြူ P.S. “ယနေ့ နှင်းဆီဖြူ သေနေသည်.... ” (နှင်းဆီဖြူက ကဗျာတွေ မရေးတတ်ပါဘူး... ခုရေးနေတာတွေကလဲ.. ကာရံလဲ မပါသလို... ကဗျာလဲ မဟုတ်ပါဘူး.. ရင်ဘတ်ထဲက ထွက်လာတဲ့ .. ခံစားချက် အပိုင်းအစလေးတွေ ချရေးတာပါ... ) Labels: ကဗျာ |