|
|
ဆုတောင်းSunday, January 17, 2010 | 1:18 AM |
0 Dancing Queen and Prince Saysနင်... ငါလိုအပ်နေတဲ့ အချိန်တိုင်း အနားမှာရှိပေးပါ.... ငါ့အတွက် အားပေးစကား တစ်ခွန်းတစ်လေကိုမှ ငါ မမက်မောပါဘူး.... နင် အနားမှာ ရှိရုံနဲ့တင် ငါကျေနပ်ပြီ...... နင်... ငါစိတ်ညစ်အားငယ်နေတဲ့ အချိန်တိုင်း အပြုံးတစ်ပွင့် လက်ဆောင်ပေးပါ.... ငါ့အတွက် ပျော်ရွင်စေဖို့ ဟာသပျက်လုံးတွေ မလိုပါဘူး.... နင် ပျော်နေတာမြင်ရရုံနဲ့တင် ငါကျေနပ်ပြီ.... နင်... ငါဝမ်းနည်းနေတဲ့ အချိန်တိုင်း နင့်ရင်ခွင်နွေးနွေး တစ်စုံကို ခဏငှားပေးပါ... ငါ့မျက်ရည်တွေ တိတ်ဖို့ လက်ကိုင်ပဝါ တစ်ထည်ထက် ငါငိုစရာ ရင်ခွင်ရှိရုံနဲ့တင် ငါကျေနပ်ပြီ.... ငါအများကြီး မတောင်းဆိုပါဘူး.... နင် ငါ့ အနားမှာ ထာဝရ ရှိနေဖို့သာ.... ငါဆုတောင်းတယ်.... နှင်းဆီဖြူ Labels: ကဗျာ |