|
|
ဆယ်ကျော်သက်သို့တမ်းခြင်း - 2Tuesday, January 12, 2010 | 9:53 AM |
0 Dancing Queen and Prince Says“ဆယ်ကျော်သက်သို့တမ်းခြင်း” (ဒုတိယပိုင်း) ဆယ်ကျော်သက်ရဲ့ ၇ နှစ်တာ ကာလကို ရန်ကုန်ဆိုတဲ့ မြို့တော်အဟောင်းကြီးမှာ ကုန်လွန်ခဲ့ပြီးတဲ့နောက် ... စင်္ကာပူလို့ခေါ်တဲ့ မြို့လိုလို နိုင်ငံလိုလို ပိစိကွေးဒေသလေးကို ရောက်လာပါတယ်ရှင်...း)... မျက်နှာလေးက လက်သည်းခွံလောက်နဲ့ (ဇီးရွက်ထက် အနည်းငယ် ကြီးပါသည်.. :P) ဟိုငေးဒီငေးပေါ့... ဒါနဲ့ပဲ နီအန်းကျောင်းတော်ကြီးမှာ ဘယ်သူမှ မကြားဖူးတဲ့ ဘာသာရပ်ကြီးကို သုံးနှစ်တိုင်တိုင် သင်ကြားဖို့ ခြေလှမ်းစခဲ့ပါတော့တယ်.... သုံးနှစ်အတွင်းဖြစ်ခဲ့ ပျက်ခဲ့တာတွေလဲ အများကြီးပေါ့... Year 1 ..... စာကို အသားကုန် လုပ်ပါတယ်... နှစ်ဝက်စာမေးပွဲတိုင်းမှာ အေဒီ နှစ်ခု သုံးခုတော့ပါပါတယ်... ဆုတွေဘာတွေတောင် ရလိုက်သေး... ပိုက်ဆံလဲ ချွေချွေတာတာသုံးပါတယ်.... အိမ်အတွက်လိုအပ်တာက လွဲရင် အပိုမသုံးပါဘူး.. သူငယ်ချင်းတွေဘာတွေလဲ သိပ်မရှိတော့ ဘယ်မှ သိပ် မသွားဖြစ်ပါဘူး.... သမီးလိမ္မာလေးပါ... အဟက် Year 2 ..... စာတွေက ခက်လာတာလား လူကိုယ်တိုင်ပဲ တုံးသွားတာလားတော့သိဘူး... အမှတ်တွေက အရင်လောက် မကောင်းတော့ဘူး အေဒီတော့ တစ်ခု နှစ်ခုပါသေးတယ်... မဆိုးပါဘူး...း) .... ဖိနပ်လေးတွေလှရင် ဝယ်လိုက်.. ပိုက်ဆံအိတ်ကလေး ကြိုက်ရင်ဝယ်လိုက်နဲ့ အပိုနဲနဲ သုံးလာပါတယ်... တော်တော်ကြီးကို သုံးဖြစ်တယ်.. ဟီးဟီး.... သူငယ်ချင်းတွေခေါ်ရင် ဟိုသွားဒီသွားဆိုတော့ အဲဒီ နှစ်က ပိုက်ပိုက် အကုန်ဆုံးနှစ်လို့ ခေါ်လို့ရပါတယ်..... Year 3 ..... နောက်ဆုံးနှစ်ကတော့ အချာဆုံးနှစ်ပါပဲ... စာဆိုတာ လုပ်သင့်တဲ့ အရာလို့ကို မထင်တော့တာ... အတန်းထဲမှာလဲ ကိုယ့်လောက်တောင် စာမလုပ်တဲ့သူတွေ.. ရီပေါ့တွေကို ဖြစ်သလိုရေးပြီး အာလုံးထက်အရင်တင်သူတွေက အမှတ်တွေ ဘုန်းဘောလအော ရနေတော့ ... ပိုလီဆိုတာကြီးကို အညင်ကပ်လာပါတယ်.... ပိုက်ပိုက်ကတော့ သိပ်သုံးဖြစ်တော့ပါဘူး... အဆူခံလိုက်ရလို့... ဟီးဟီး.... သူငယ်ချင်းတွေတော့ များမှများ... ဘယ်နားက ပေါ်ပေါ်လာမှန်းမသိ... ဟောတစ်ယောက် ဟောတစ်ယောက်နဲ့ .... ကျောင်းတုန်းက သူငယ်ချင်းတွေလဲ စုံစုံလင်လင် ကလေးဖြစ်လာတော့ .... ပျော်စရာကောင်းလာတယ်... ဟိုနားလေးသွားလိုက် ဒီနားလေးသွားလိုက်... သူငယ်ချင်းတွေ စုပြီး ပေါက်ပေါက်တွေ ဖောက်ကြနဲ့ ပျော်ချာကြီး... ဟီးဟီး... နှင်းဆီဖြူရဲ့ နောက်ဆုံး updated news တွေကတော့.... လောလောဆယ် attachment ဆင်းနေရသောကြောင့် ဘလော့ဂ်တွေ လျှောက်ဖတ်ရင်း ပိုးဝင်သွားကာ... ဘလောဂ့်ဂါ ပိစိကွေးလေး ဖြစ်နေပါကြောင်း....... တင်စရာ report တွေလဲ..... ရေးမယ်ကြံလိုက်တာနဲ့ အိပ်ငိုက်သော ရောဂါစွဲကပ်နေပါ သောကြောင့် .... ဒီတိုင်း မသိချင်ယောင်ဆောင် ထားရကြောင်း... NYP ရှိုးကို သူငယ်ချင်းများက မလာရင်သေခန်းပြတ် ဆိုသောကြောင့် သွားကြည့်ဖို့ အစီအစဉ် ရှိပါကြောင်း.... DTM သတင်းဌာနမှ တင်ပြသွားပါတယ်ရှင်..... နှင်းဆီဖြူ စာကြွင်း - DTM အီးကွဲတူ Don't Trust Me ^__^ V "ရယ်သောသူ သွားအအေးပတ်၏... ပေါသောသူ ရုပ်ချော၏" Labels: e-diary |