|
|
ဆယ်ကျော်သက်သို့တမ်းခြင်း - 1Monday, January 11, 2010 | 10:17 AM |
0 Dancing Queen and Prince Says“ဆယ်ကျော်သက်သို့တမ်းခြင်း” သြော်... ပြန်တွေးကြည့်တော့.. ဆယ်ကျော်သက်ဆိုတဲ့ ကာလကြီးကို ဖြတ်သန်းရတာ အကြာကြီးလိုပဲနော်... ငါးတန်းအရွယ်... စားမယ် ဆော့မယ် အိပ်မယ်ဆိုတဲ့ အရွယ်ကနေ စခဲ့တဲ့ ဆယ်ကျော်သက်ဆိုတဲ့ ကာလကြီး... အခုတော့ ကျောင်းပြီးရင် အလုပ်လုပ် ရမယ်ဆိုတဲ့ အရွယ်... ကိုယ့်ကိုယ်ကိုတောင် မသိလိုက်ချိန်မှာ ကုန်ဆုံးသွားပြီပေါ့.... ငါဖြတ်သန်းခဲ့တဲ့ ဆယ်နှစ်ဆိုတာကြီးကို ပြန်ကြည့်လိုက်ရင်... လွမ်းစရာတွေရော.. ငိုစရာတွေရော... ပျော်စရာတွေရော... အများကြီးပေါ့... အခုလောလောဆယ်တော့ ဆယ်ကျော်သက်ရဲ့ ထက်ဝက်ကျော်ကျော်ကို ကုန်လွန်စေခဲ့တဲ့ အ.ထ.က(၂) စမ်းချောင်း ဆိုတဲ့ ကျောင်းတော်ကြီးကို လွမ်းတယ်... မိန်းကလေးတွေချည်း တတ်ခွင့်ရှိတဲ့ ကျောင်းမို့ “ပန်းကောင်းပွင့်တဲ့ စမ်းချောင်း(၂)” ဆိုပြီး ကိုယ့်ကျောင်းဂုဏ်ဖော် တတ်ကြသေးတယ်...း) ... အခုလဲ နှင်းဆီဖြူဆိုတဲ့ ပန်းကလေးပွင့်လာပြီပေါ့...း) ပန်းကောင်းလေးလား ပန်းဆိုးလေးလား ဆိုတာတော့ ကိုယ်ကိုယ်တိုင်တောင်မသိသေးပါဘူး... ^__^ (လောလောဆယ်တော့ ပန်းပေါတောတောလေး ဖြစ်နေပုံရပါတယ်... ဟီးဟီး) အမှန်တော့ လွန်ခဲ့တဲ့ ငါးမိနစ်လောက်က “ငါ အသက် နှစ်ဆယ်ပြည့်ပြီ မပေါတော့ဘူး.. အခုချိန်က စပြီး တည်တည်ကြည်ကြည်ပဲ နေတော့မယ်” လို့ ဆုံးဖြတ်ချက်ကို ဒုန်းဒုန်းချလိုက်တာ (တကယ်တော့ အဲ့လိုကြီး မမြည်ဘူးပေါ့နော်...) ဒါပေမယ့်လဲ ပေါခြင်းဆိုတာ ပါရမီ အရဖြစ်လာတာပေကိုး.... “ပေါတယ်” ဆိုတာကို မသိနားမလည်သူတွေက သာ ပေါတယ်လို့ ပြောတာပါ... အမှန်က “အတိတ်က ကုသိုလ်ကံကြောင့် သူတပါးတွေ ပျော်ရွင်အောင်လုပ်နိုင်တဲ့ ပါရမီ” လိုခေါ်ပါတယ် (ယုံချင်ယုံ မယုံချင်နေ... :P) ပေါတာကို ဒက်ဖနေးရှင်းဖွင့်လိုက်တာ စမ်းချောင်း(၂) ကလေးတောင် ဘယ်နား ရောက်သွားမှန်း မသိဘူး... ဟီးဟီး... ဒါနဲ့ စမ်းချောင်းနှစ်မှ ထွက်သူတိုင်းဝန်ခံ ရမှာလေးတော့ ရှိတယ်... အောက်ပါ အကြောင်းအရာများကတော့ စမ်းချောင်းနှစ်ကျောင်းသူများမှာ တစ်ခုမဟုတ် တစ်ခုရှိတတ်တဲ့ အချက်ကလေးတွေပေါ့ .. ၁. ကျောင်းတတ်တုန်းက ဆော်ထားဖူးခြင်း (မိန်းကလေး အချင်းချင်း ရည်းစားထားခြင်းပါ) ၂. အသေအလဲ ပေါခြင်းပါရမီနှင့် ပြည့်စုံခြင်း ၃. မိန်းမ မှန်ပါလျက် ယောက်ျားစိတ်ဝင်နေခြင်း ၄. အိမ်သာကို ၅မိနစ် တစ်ခါလောက်သွားခြင်း ၅. သူငယ်ချင်း(မိန်းကလေး)များ နှင့်လျှောက်သွားလျှင် လက်ချင်းချိတ်ခြင်း၊ ခါးဖက်ခြင်း၊ ပခုံးဖက်ခြင်းများ ပြုလုပ်တတ်ခြင်း ဒါတွေကတော့ စမ်းချောင်း ၂ သမီးပျိုများရဲ့ ဂုဏ်ပုဒ် ကလေးတွေပါ... နှင်းဆီဖြူလား??? နံပါတ် (၃) အချက် တစ်ခုကလွဲပြီး ကျန်တာ အကုန်လုပ်ဖူးပါတယ်...း) ကွိကွိ... ဆယ်ကျော်သက် အကြောင်းပြောတာ စမ်းချောင်း(၂) က မတက်တော့ဘူး... ကဲ အဲဒီ စမ်းချောင်း(၂) ကြီးအပြီးတော့ ယနေ့ယခု ပညာသင်ကြားနေပါသော နီအန်းကျောင်းတော်ကြီးကို ယောင်လည်လည်နဲ့ ရောက်လာပါတော့တယ်... ဒီကျောင်းကြီး အကြောင်းကတော့ သိပ်များများစားစား မရှိပါဘူး .... A4 paper နဲ့ ၂ရွက်လောက်ပါပဲ ... အဟီး... အဲတော့ကာ... ဆယ်ကျော်သက်သို့တမ်းခြင်း ဒုတိယပိုင်းကို သတင်းများ အပြီးမှာ အဲလေ... နောက်တစ်နေ့ မှာ ဆက်လက် ထုတ်လွှင့်မှာ ဖြစ်ပါတယ်ရှင်... ဗြောင်လိမ် ဗြောင်လိမ်... ဗြောင်လိမ် ဗြောင်လိမ်.. ဗြောင်လိမ် ဗြောင်လိမ်... ဗြောင်..... ဟီးဟီးးး နှင်းဆီဖြူ စာကြွင်း - အထက်ပါ ပိုစ့်တွင် ဖော်ပြထားသော “ဆယ်ကျော်သက်” ဆိုသည်မှာ အသက် ၁၀ နှစ်ပြည့်ပြီးချိန်မှ အသက် ၂၀ နှစ် မပြည့်မီ ဆယ်နှစ်တာကာလကို ဆိုလိုခြင်းဖြစ်ပါကြောင်းနှင့် အဆိုတော် ဟဲလေးနှင့် စိုးစဉ်းမျှ သက်ဆိုင်ခြင်း မရှိပါကြောင်း သတိပေး ကြေညာအပ်ပါသည်... :P Labels: e-diary |