|
|
မိုးစက်ငယ်Tuesday, January 5, 2010 | 5:32 PM |
0 Dancing Queen and Prince Says“မိုးစက်ငယ်” မာနကြီးကြီး လေရိုင်းတစ်ချက်က ငါ့မျက်နှာကို အဖက်မတန်သလို ခပ်ထန်ထန် တိုက်ခတ်သွားတယ်… အင်းပေါ့လေ.. ငါဆိုတာ.. သူကြောင့် ရွေ့လျားနေတဲ့ကောင်ပဲ… သူစေရာ သွားရတော့မှာပေါ့… ဒါပေမဲ့ မိုးတိမ် ဆိုတာ ဖြစ်လာဖို့တော့.. လေပြည်ရဲ့ အကူအညီမလိုပါဘူး… ငါလဲ ငါ့မာနနဲ့ငါ… ငါ့တစ်ကိုယ်လုံး ခိုက်ခိုက်တုန်နေပြီ ချမ်းလိုက်တာကွာ… မကြာခင် ကမ္ဘာမြေပေါ်ကို တစ်ခါပြန် ဆင်းရဦးမှာပေါ့… ဒီလိုပဲ ငါ့ဘဝဆိုတာ တက်လိုက် ကျလိုက်နဲ့… တစ်ခါတစ်လေတော့လည်း အေးစက်ကြမ်းတမ်းတဲ့ ပင်လယ်ကြီးထဲမှာ.. တစ်ခါတစ်လေတော့လည်း နေရောင်ခြည်နွေးနွေးရဲ့ ကြင်နာယုယမှုအောက်မှာ… တကယ်တော့.. ငါဆိုတာ… ဦးတည်ရာမဲ့နေတဲ့ မိုးစက်ပွင့်လေးပေါ့… နှင်းဆီဖြူ Labels: ကဗျာ |