|
|
သူမအကြောင်းMonday, December 21, 2009 | 3:48 PM |
3 Dancing Queen and Prince Says“သူမအကြောင်း” သူမအကြောင်း ပြောပြရရင်တော့ အများကြီးပဲပေါ့ဗျာ… သူမဆိုတာ ဘယ်သူဖြစ်ရမှာလဲ… ကျွန်တော် အရမ်းချစ်ရတဲ့ သူမပေါ့… သူမကို စတွေ့တဲ့နေ့က ကျွန်တော်မနက်စောစော လမ်းလျှောက်ထွက်ဖို့ စိတ်မပါတပါနဲ့ အိမ်ကထွက်လာတာလေ… ဟိုသီချင်းလေးထဲကလိုပေါ့… ဟဲဟဲ… “ကောင်းကင်ပြာပြာကြီးရဲ့အောက်မှာ… ကျွန်တော့်ချစ်သူကို စတွေ့ခဲ့…” … xD သူမအဲ့ဒီနေ့က အရမ်းလှတယ်ဗျာ… သူမဝတ်နေကျ ဆွဲကြိုးအနက်ရောင်ကလေးက သူမရဲ့လည်တိုင်ဖြူဖြူလေးမှာ အထင်းသား… သူမရဲ့ဆံနွယ်ရွှေဝါရောင်လေးတွေက ပြေးလိုက်တိုင်း လေထဲမှာတလွင့်လွင့်နဲ့ ကျွန်တော့်နှလုံးသားနုနုလေးကို ဖမ်းစားသွားလိုက်တာ… ပြောရက်စရာ မရှိအောင်လှတဲ့သူမကို ကျွန်တော့်မှာ နာမည်လေးမေးကြည့်မိဖို့တောင် မဝံ့မရဲနဲ့… အခုဆိုသူမကိုချစ်ခဲ့တာ သုံးလကျော်ကျော် ရှိတော့မယ်… အခုထိ “သူမ” ဆိုတဲ့ နာမ်စားလေးနေရာမှာ အစားထိုးစရာ မရှိသေးဘူး… ကျွန်တော်ညံ့ပါတယ်… သူမရဲ့ စိမ်းဖန့်ဖန့် မျက်ဝန်းဝိုင်းဝိုင်းလေးတွေနဲ့ ကြည့်လိုက်ရင် ကျွန်တော့်မှာ အသက်ရှူတွေတောင် မှားပြီး ခြေမကိုင်မိ လက်မကိုင်မိနဲ့… ကျွန်တော်ကိုက အသုံးမကျတာ… ဒီနေ့တော့ ကျွန်တော်မရ ရအောင်စကားပြောမယ်ဗျာ… ဟီးဟီး… အဲဒါကြောင့် မနက်အိပ်ရာနိုးထဲက ဂနာမငြိမ် ဖြစ်နေတာပေါ့… အိမ်ကလူတွေတောင် သတိထားမိပုံရတယ်… မနက်စာ နွားနို့သောက်ပြီးတာနဲ့ သတင်းစာ သွားကောက်ပြီး ဖတ်တာလဲမဟုတ်ပဲနဲ့… ဟိုယောင်ယောင် ဒီယောင်ယောင်လုပ်နေတာ… သူမလာခါနီး အချိန်လောက် မှန်းပြီး အိမ်ကနေ အပြေးကလေးထွက်လာမိတယ်… ကောင်းကင်ကြီးက ဒီနေ့မှ ပိုလှနေသလိုပဲ… ဒီနေ့တော့ သူမနာမည်လေး မရ ရအောင်မေးရမယ်… သူမလာနေကျ လမ်းကလေးထဲကို ချိုးဝင်လိုက်တယ်… ရင်တွေခုန်လိုက်တာ… သူမ… သူမ… ဟင်… ?!?!?! … သူမအရမ်းရှက်သွားတယ်… မျက်နှာလေးကို ရဲလို့… ကျွန်တော်ကလဲ ကျွန်တော်ပဲ တိုက်တိုက်ဆိုင်ဆိုင် သူမရှူရှူးပေါက်နေတာနဲ့သွားတိုးတယ်… >_< … ကျွန်တော်ပြောချင်တဲ့စကားတွေအကုန် ဘယ်ရောက်သွားမှန်းမသိ ပျောက်ကုန်တယ်… သူမလဲ ရှက်ရှက်နဲ့ သူမသခင်ကို ပြီးပြီ ဆိုတဲ့သဘောနဲ့ ပြောလိုက်တယ် … “ဝုတ်ဝုတ်” တဲ့… သူမရဲ့ စိမ်းဖန့်ဖန့် မျက်ဝန်းဝိုင်းဝိုင်းလေးတွေကလဲ ရှက်ရှက်နဲ့ မျက်လွှာကလေးချလို့… ကျွန်တော် အနားကထွက်သွားတယ်… ဟင်း… ဒီနေ့လဲလွဲ ပြန်ပြီ… တစ်နေ့နေ့တော့ သူမကို ချစ်တဲ့အကြောင်းတွေ သူမ သိအောင်ပြောပြမှာပါဗျာ…… နှင်းဆီဖြူ (ရယ်သောသူ အသက်ရှည်၏တဲ့ ဟီးဟီး… ပေါသောသူ အသက်ပို ရှည်၏ တဲ့ :P ) _______________________________________________________________ Labels: Humor, နှင်းဆီအတွေး |