|
|
“ကံကြမ္မာရဲ့သားကောင်”Tuesday, December 22, 2009 | 3:31 PM |
0 Dancing Queen and Prince Says“ကံကြမ္မာရဲ့သားကောင်” ကော့ညွှတ် ရှည်လျားတဲ့ မျက်တောင်နက်နက်ကြီးတွေနဲ့ အရောင်တစ်လဲ့လဲ့ တောက်နေတဲ့ မျက်ဝန်းတစ်စုံရဲ့ အရှင်သခင်… နှင်းဆီရောင် သန်းနေတဲ့ နှုတ်ခမ်းဖူးဖူးလေးတစ်စုံနဲ့ ကြည်လင်ပြတ်သားပြီး ယုံကြည်မှု အပြည့်ပါတဲ့ စကားသံချိုချိုတို့ရဲ့ အရှင်သခင်… နောက်ဆုံးမှာတော့.. နှောင်း.. ဆိုတဲ့ မာနနတ်သမီးလေးဟာ ဘယ်တော့မှ အရှုံမပေးဘူးဆိုပြီး အားတင်းထားရက်နဲ့ ဒီကံကြမ္မာဆိုတာကြီးကို အလျှော့ပေးလိုက်တော့မှာလားကွာ… တကယ်လဲရှုံးသွားပါပြီ… ဒါပေမဲ့ နှောင်းရယ်… ပျော်ရွှင်မှုဆိုတာထက် မြင့်မြတ်ခြင်းကို တန်ဖိုးထားခဲ့တဲ့ ကိုယ်ကတော့… မင်းလူ့လောကကြီးက ထွက်သွားရတော့မယ်မှန်း သိသိကြီးနဲ့တောင် “နှောင်းကိုချစ်တယ်”လို့ ပြောမထွက်ခဲ့တဲ့ ငမိုက်တစ်ကောင်ရယ်ပါ…… နှင်းဆီဖြူ (ဒီကဗျာလေးကို ဂျူး ရဲ့ နံရံ၏အခြားတစ်ဖက် ဆိုတဲ့ ဝတ္ထုလေးကို ဖတ်လို့အပြီး ရေးထားတာပါ… အရမ်းကောင်းတဲ့ ဝတ္ထုလေးတစ်ပုဒ်ပါ… လောကကြီးရဲ့ မတရားမှုတွေ ဆန်းကြယ်မှုတွေကို ပုံဖော်ထားပါတယ်… ဝတ္ထုလေးက စိတ်ဝင်စားစရာလဲကောင်းပါတယ်… ဝတ္ထုလေးကို ဖတ်ချင်ရင်တော့ ဒီနေရာမှာ download ချနိုင်ပါတယ်…) |