|
|
လွမ်းတယ်Monday, November 16, 2009 | 10:12 AM |
0 Dancing Queen and Prince Says"လွမ်းတယ်" မနက်မိုးလင်းတာနဲ့ ချော့တစ်ခါ ခြောက်တစ်လှည့်နဲ့ နည်းမျိုးစုံ သုံးပြီး နိုးတတ်တဲ့ အမေ့ကို လွမ်းတယ်… မျက်နှာသစ်ပြီးတာနဲ့ ကော်ဖီ ဖျော်ပေးရင်း ကျောင်းမသွားခင် မနက်စာ အတင်းစားခိုင်းတဲ့ အမေ့ကို လွမ်းတယ်… နေမကောင်းလို့ ဆေးမသောက်ချင်တဲ့အခါ နေကောင်းရဲ့သားနဲ့ ဆေးအတူတူ လိုက်သောက်ပေးတဲ့ အမေ့ကို လွမ်းတယ်… အင်္ကျီအကောင်းစား လှလှလေးတွေ့ရင် ငါ့သမီးလေးအတွက် ဆိုပြီး ဝယ်လာတတ်တဲ့ အမေ့ကို လွမ်းတယ်… မိုးတွေရွာတိုင်း ကျောင်းရှေ့မှာ ထီးတစ်ချောင်းနဲ့ လာလာရပ်ဆောင့်နေ တတ်တဲ့ အမေ့ကို လွမ်းတယ်… အမေ့ကို လွမ်းတယ်… အမေ့ကို လွမ်းတယ်… အမေ့ကို လွမ်းတယ်… Labels: ကဗျာ |