|
|
း)Thursday, July 29, 2010 | 8:48 PM |
ဒီနေ့ နဲနဲအားတာနဲ့ သီချင်းဆိုထားတယ်.. ဟိဟိ... စာသိပ်မရေးနိုင်တာ ခွင့်လွှတ်ကြပါလို့... ခေါင်းကတော်တော်ပင်ပန်းနေတာနဲ့ ခေါင်းသုံးတဲ့ အလုပ်မလုပ်ချင်လို့ သီချင်းတွေပဲ လှိမ့်ဆိုနေတာ.. 3 Dancing Queen and Prince Saysဒီသီချင်းလေးကို ကြားဖူးတဲ့သူတွေလဲ ကြားဖူးကြမှာပါ... ဟိုးအရင်တုန်းက နာမည်ကြီးခဲ့တဲ့ သီချင်းလေးပါ... နှင်းဆီဖြူက သီချင်းမျိုးစုံကြိုက်တတ်တော့ ဒီသီချင်းလေးကို တီလုံးမပါပဲ ဆိုထားတာပါ.... သံစဉ်မပါတဲ့သီချင်းလေးတွေက တစ်ခါတစ်လေ သဘာဝပိုကျတယ်လို့ ထင်မိတယ်... ကောင်းကင်ကြီးကို ကြည့်ရင်းညည်းမိလေ့ရှိတဲ့ သီချင်းလေး တစ်ပုဒ်ပေါ့.... သီချင်းလေးရဲ့ စာသားလေးတွေလဲ အရမ်းကောင်းပါတယ်.... မျက်လုံးလေးမှိတ်ပြီး ခံစားလိုက်ရင် သက်တန့်ခုံးခုံးကြီး မျက်စိတစ်ဆုံးရှိနေတဲ့ ကောင်းကင်ပြာပြာကြီးက ငှက်ကလေးတွေ ကိုတွေ့နေရသလိုပဲ..... ဘယ်တော့ နားထောင် နားထောင် မရိုးတဲ့သီချင်းလေးပါ... နားသောက ဆင်သွားကြပါဦး.. နော်.. ကွိကွိ နှင်းဆီဖြူ somewhere over the rainbow | Upload Music Labels: music |