|
|
မိုးနှင့် နှင်းဆီSunday, July 4, 2010 | 12:37 PM |
ဒီရက်ပိုင်း မနက်တိုင်းလိုလိုမိုးရွာပေမယ့်.. ဒီနေ့မနက် မိုးမရွာတော့ မိုးကိုလွမ်းသလိုလိုကြီးဖြစ်နေတယ်.. မိုးအေးအေးလေးနဲ့ သောက်နေကျ ကော်ဖီလေးတောင် အရသာမရှိတော့သလိုပဲ.... 2 Dancing Queen and Prince Saysမိုးအကြောင်းပြောမိတော့ ငယ်ငယ်က မိုးရွာရင် အရမ်းမုန်းခဲ့တာ... ကျောင်းဆင်းခါနီးရင် မိုးကရွာပြီ.. နှင်းဆီဖြူတို့ ကျောင်းက ညနေ ၃နာရီ ၄၅မိနစ်ဆိုဆင်းပါတယ်.. မိုးရာသီ ကျောင်းစဖွင့်ခါစ ၃နာရီခွဲလောက်ဆို မိုးကရွာပြီ.. အချိန်မှန်ရွာတဲ့မိုးကို နှင်းဆီဖြူ မုန်းခဲ့မိတယ်.. ကျူရှင်ကိုကျောင်းကနေ လမ်းလျှောက်သွားရတာကြောင့် ကျူရှင်ရောက်ရင် air con နဲ့ မိုးရေတွေနဲ့ ချမ်းတာရော.. ရေစိုစိုကြီးနဲ့ စာသင်ရတာ မကြိုက်တာရောကြောင့်ပါ..... ခုတော့လဲ အဲဒီအချိန်လေးတွေကိုပြန်သတိရမိတယ်.... မိုးနဲ့ပတ်သတ်ရင်တော့ သတိရစရာတွေ အများကြီးပါပဲ.... မိုးရွာထဲမှာ ငိုခဲ့ရတာတွေလဲရှိတယ်.... ပျော်ခဲ့ရတာတွေလဲ ရှိတယ်... ဆုံတွေ့ခဲ့တာတွေလဲ ရှိသလို ခွဲခွာခဲ့ရတာတွေလဲ ရှိခဲ့ပါတယ်...း)မိုးကိုမုန်းခဲ့တာတွေရှိလို ချစ်ခဲ့တာတွေလဲရှိတယ်.... အခုတော့လဲ အားလုံးပြီးသွားပြီမို့.... ပြတင်းပေါက်ဘောင်ပေါ် တစ်ဖောက်ဖောက်ကျနေတဲ့ မိုးစက်လေးတွေကို ကြည့်ရင်း... ကော်ဖီပူပူလေးသောက်ခွင့်ရတဲ့မိုးကိုပဲ လွမ်းနေမိတယ်...း) ပြောစရာလဲကုန်သွားပြီမို့သူများကို ဒုက္ခပေးပါတော့မယ်.. ပိုးဟပ်လေး. ကိုသော်ဇင်. လမင်းတာယာ နဲ့ candy ကိုအကြိုက်ဆုံးရာသီဥတုလေးနဲ့ ဘာကြောင့်ကြိုက်ရတယ်ဆိုတဲ့ ဘယ်လို လွမ်းစရာလေးတွေရှိခဲ့ဖူးတယ်ဆိုတာရယ် ရေးပေးဖို့ tag လိုက်ပါတယ်... ဒန်တန်တန်... ပိုးဟပ်ကြီးနဲ့ ကိုသော်ဇင်ကို tag ရတာကတော့ စာအသစ်မတင်လို့ပါ... သူများblog ကျ စာရေးပျင်းသလေးဘာလေး လာအော်ပြီ သူတို့လဲ စာမရေးတာကြာပါပြီ... ရေးပေးကြနော်... :) တာ့တာ နှင်းဆီဖြူ Labels: နှင်းဆီအတွေး |